cross

cross

1

2

3

4

Saturday, December 31, 2016

ရခိုင် ဘယ်သူလဲ

ဒီနေ့ မြန်မာ တစ်ပြည် လုံးက ရခိုင် ဆိုတာ မြန်မာနဲ့ မဆိုင် သီးခြား လူမျိုး တစ်မျိုး ရယ်လို့ ခံစား သိမှတ် နေကြ တယ်။ ရ ခိုင် တွေဘက် ကလည်း သူတို့ဟာ မြန်မာ(ဗမာ)နဲ့ မဆိုင် ဘဲ- အိန္ဒိယ ဘက်က ဆင်းသက် လာတဲ့ လူမျိုး လို့ ခိုင်ခိုင် မာ မာ ယုံကြည် ပါတယ်။ တရုတ် ဘက်က ဆင်းသက် လာပါ တယ် ဆိုတဲ့ မွန်ဂိုလီးယား မျိုးနွယ်ဗမာနဲ့ အိန္ဒိယဘက်က ဆင်း သက် လာပါတယ်ဆိုတဲ့အင်ဒိုအာရီယံသို့မဟုတ်ဒြာဗီဒီယံ မျိုးနွယ်ဟာ ဘယ်လိုမှ တူညီစရာ အကြောင်း မရှိ ပါ။ ဒါဆို- ဒီနေ့ ရခိုင် ခံ ယူသူများ ဒါပေမယ့် လက်ရှိ ရခိုင် လူမျိုး ဆိုတာနဲ့ ဗမာများ ဘာတွေများ ကွာခြား နေပါသလဲ။ ဘာသာ စကား တူညီတယ် (အသံ ကွဲယုံပဲ ရှိတယ်)။ စာပေ- တူညီတယ်၊ ရုပ်ရည် တူညီ တယ်။ ဓလေ့ တူညီတယ်။ ယဉ်ကျေးမှု တူညီတယ်။ ဒီလို ပြန် လည် သုံးသပ်ရင် လက်တွေ့နဲ့ အပြော အတော့ကို ကမောက် ကမ ဖြစ်လို့ နေပါတယ်။

ဒီလို လွဲချော် နေတာကို ပြန်လည် သုံးသပ် ဘို့ရာ မွန်တွေ ကလည်း သူတို့ဟာ အိန္ဒိယ- တေလေဂူ လူမျိုး က ဆင်းသက် လာသလို ပြောဆို တာတွေ ရှိတယ်။ အခု အချိန်ထိ မွန်တွေရဲ့ ပါးစပ် ရာဇ၀င် ပုံပြင် တွေမှာ အခိုင် အမာ ပြောဆို နေဆဲပါ။ ဒါကြောင့် သူတို့ကို တလိုင်း (တေလေဂူ က ဆင်းသက်တဲ့ စကားလုံး) နဲ့ သတ်မှတ် ခဲ့ခြင်း ဖြစ်တယ်။ ဒီမှာလည်း မွန်စစ်စစ် တို့ရဲ့ ရုပ်ရည်နဲ့ တေလေဂူ လူမျိုး တို့ရဲ့ ရုပ်ရည်ဟာ ဘယ်လိုမှ မဆီမဆိုင် ကွာ ခြားလွန်း နေပါတယ်။ လက်တွေ့ မြင်ယောင် ကြည့်လိုက်ရင် ရနိုင် ပါတယ်။

တစ်ကယ်တော့ လက်ရှိ မြန်မာ့သမိုင်း ဆိုတဲ့ သမိုင်း တွေရဲ့ ကွင်းဆက်ပြတ်မှု ကြောင့်သာ ဒီလို ကမောက် ကမတွေဖြစ်သွား ရခြင်းပါ။ တစ်ကယ်တော့မြန်မာ နိုင်ငံထဲကို မွန်လူမျိုးတွေ မ၀င်လာမှီက အိန္ဒိယ တောင် ပိုင်းသား ရက္ခလူမျိုးတွေ သထုံ ဒေသမှာ ထီးနန်းစိုက် နေထိုင် ခဲ့ပါတယ်။ ၀င်ရောက် လာတဲ့ မွန်လူ မျိုး တွေဟာ ဆူနာမီ လှိုင်းလုံးကြီးလို ဝေါကနဲ့ တစ်ပြိုင်နက် ၀င်ရောက် လာခြင်း မဟုတ်ခဲ့ပါ။ အသုတ်လိုက် အသုတ် လိုက်သာ ၀င်ရောက် လာခဲ့ခြင်း ဖြစ်ပြီး- အစပိုင်း ၀င်လာ သူများ ထဲက အချို့ဟာ ရက္ခ တွေ နဲ့ သွေးနှော သွားခဲ့ ပါတယ်။ ဒါကြောင့် သူတို့ကိုယ် သူတို့ တလိုင်း လူမျိုးလို့ ခေါ်ဆို ခဲ့ပြီး-၊ သူတို့ရဲ့ ဘဘိုး ဘေဘီဟာ အိန္ဒိယ အဆက် ဖြစ် တယ်လို့ ပြောဆို ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းဝင် မွန်လူမျိုး တွေထက် ရက္ခ သွေးနှောတဲ့ တလိုင်း တွေက အသားပိုပြီး ညိုတယ်၊ မျက်ခုံးပိုပြီး ကောင်းတယ်။ မျက်ပေါက် ပိုပြီး ကျယ်တယ်။ နှခမ်းပိုပြီး ထူတယ် ဆိုတာကို တွေ့နေ ရတာပါ။ (ကျွန်တော် တင်ပြ ခဲ့တဲ့ ရက္ခပူရ ဘယ်မှာလဲ ဆိုတာကို ပြန်ဖတ် ကြည့်ပါ။)

ရခိုင်-။ ရခိုင် ဆိုတဲ့ စကားလုံးကို စာမှာ ရေးတော့ ရခိုင်ပဲ ရေးပြီး ဗမာများက ယခိုင် လို့ ခေါ်ပါတယ်။ ရခိုင် လူမျိုး တွေကို ကျွန် အဖြစ်၊ ဘုရား ကျောင်းတွေမှာ ဝေယျာဝစ္စ လုပ်ပေးတဲ့ ဒကာတွေ အဖြစ်ပဲ ဖေါ်ပြ ပါတယ်။ (ကျောက်စာ ဓါတ်ပုံ ၃၅/၂၇)။ အသံပဲ ကွဲပြီး ဗမာ စကားကို ပြောတဲ့ ထားဝယ် လူမျိုး များကို သီးခြား လူမျိုး အဖြစ် မပြောဘဲ-၊ ရခိုင်ကို သီးခြား လူမျိုး အဖြစ် သတ်မှတ်ခြင်း အပေါ် ပုဂံခေတ်က ဖေါ်ပြ ခဲ့တဲ့ ရခိုင် ဆိုတာ ဘာလူမျိုးလဲ ဆိုတာ စဉ်းစား စရာ ဖြစ်လာ ပါတယ်။

စဉ်းစား ရမယ့် အခြေခံ အချက် ထဲမှာ ပုဂံခေတ်နဲ့ ခေတ်ပြိုင် သို့မဟုတ် ဒီထက်ပို ရှေးကျတဲ့ နှစ်များက ရခိုင် ဒေသရဲ့ဘာသာ စကားဟာ ဒီနေ့ ရိုဟင်ဂျာတွေ ပြောဆို နေတဲ့ ဘာဠီစကား (ပါဠိစကား) ဖြစ်ကြောင်း စာရေး ဆရာ ဒေါက်တာ တဂုန်ရေး ရာဇ၀င် ထဲမှာ ပုဏ္ဏား ဆိုတဲ့ စာအုပ် မှာ ဖေါ်ပြပါတယ်။ သမိုင်း ပါမောက္ခ ဒေါက်တာ သန်းထွန်း ကလည်း သူပြုစုတဲ့ The Royal Orders of Burma, A.D. 1598-1885 စာအုပ် စာမျက်နှာ ၂၁၉ မှာ ရခိုင်က ကုလား လူမျိုးနွယ် အဖြစ် သတ်မှတ်ကြောင်း ဖေါ်ပြ ထားပါတယ်။

ကျောက်စာ တွေအရ ခိုင်ခန့်တဲ့ အဆောက် အဦ တွေကို ကုလာက္လောင် (ကုလားကျောင်း) ကုလာတိုက် လို့ ခေါ်ကြောင်း မှတ်တမ်းတွေ ခိုင်လုံစွာ ရှိနေပြီး-၊ မြန်မာ စကားမှာ ခိုင်ခန့်တဲ့ အိမ်ကြီးကို အိမ်ကြီး ရခိုင် လို့ခေါ်တာ ကို တွေ့ရ ပြန်ပါတယ်။ တစ်ကယ်လို့ ရခိုင် = ကုလား မဟုတ် ခဲ့ရင် ဒီလို တိုက်ဆိုင်ဘို့ မလွယ် ကူနိုင်ပါ။ အိမ် ကြီးဗမာ၊ အိမ်ကြီး ကရင် ဆိုတဲ့ အသုံး မရှိပါ။ အိမ်ကြီး ရခိုင် ဆိုတဲ့ စကား လုံးဟာ ကုလား လူမျိုး တွေရဲ့ နည်း ပညာနဲ့ ဆောက်လုပ်တဲ့ အိမ်ဆိုတာ ထင်ရှား နေပါတယ်။

ပိုမို ထင်ရှားတဲ့ အချက် တစ်ခုက ရာဇကုရ်မာ ကျောက်စာပါ။ အဲ့ဒီ ကျောက်စာကို ပါဠိ (သက္ကရိုက်)၊ ပျူ၊ မွန်၊ မြန်မာ ဘာသာ လေးမျိုးနဲ့ မှတ်တမ်း တင်တဲ့ ဆိုတဲ့ အချက်ပါပဲ။ တစ်ကယ်လို့ တိုင်းပြည် ထဲမှာ အဲ့ဒီလူမျိုး လေး မျိုး မရှိခဲ့ရင် အဲ့ဒီ ဘာသာ စကား လေးမျိုးနဲ့ မှတ်တမ်း တင်စရာ အကြောင်း မရှိပါ။ ဗုဒ္ဓဘာသာကို ထိုးချ ရအောင် လည်း- တိုင်းပြည် ထဲမှာ ရှိနေတဲ့ မည်သည့် လူမျိုး ဗုဒ္ဓဘာသာ ၀င်ကမှ ပါဠိ စကားကို ပြောခဲ့တဲ့ သမိုင်း မရှိပါ။ တိုင်းပြည် ထဲက မည်သည့် ဗုဒ္ဓဘာသာ ဘုန်းကြီး မှလည်း ပါဠိ စကား ပြောခဲ့တဲ့ သမိုင်းစဉ် မရှိပါ။ စာပေ ကျမ်းဂန် အဖြစ် မြန်မာ မှုပြု အသံ ထွက်မျှသာ ဂါထာ အဖြစ် ကျက်မှတ် နေတာပဲ ရှိပါတယ်။ သေချာတဲ့ အချက်က ရာဇ ကုရ်မာ ကျောက်စာကို မှတ်တမ်း တင်စဉ် ကာလမှာ တိုင်းပြည် အတွင်း ပျူစကား ပြောသူ၊ ပါဠိ စကား ပြောသူ လူမျိုး ရှိနေတယ် ဆိုတဲ့ အချက်ပါ။ ပါဠိ စကား ပြောတဲ့ လူမျိုး ဆိုတာ ရခိုင် အပါ အ၀င် ကုလား လူမျိုးပဲ ဖြစ်ပါ တယ်။

အခု ရခိုင်လို့ ခံယူ သူတွေက သူတို့ရဲ့ မူလ စာလို့ ပြန်ဖေါ်တဲ့ နာဂရီ စာနဲ့ ရခိုင်ကို ရေးသား တာက ရခိုင် လူမျိုး စစ်စစ် ဆိုတာ ဘယ်သူတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ပေါ်လွှင် စေဘို့ အင်အား တစ်ရပ် ဖြစ်လာ ပြန် ပါ တယ်။ သူတို့က ရှေးဟောင်း ရခိုင်စာလို့ ပြန်ဖေါ်တဲ့ စာနဲ့ ရခိုင်ကို ရေးတာမှာ ခကွေး အက္ခရာ အဖြစ် သုံးတဲ့ ह သို့မဟုတ် খ တဲ့ စာလုံးဟာ ခ အသံကို တိုက်ရိုက် မပေးဘဲ ဟ အသံဘက်ကို ယိမ်းတဲ့ အက္ခရာ ဖြစ်ပါတယ်။ (နာဂရီ စာကို အမှန် တစ်ကယ် တတ်တဲ့ လူတိုင်း ဆီမှာ အသံ ထွက်ကို ဆည်း ပူး နိုင် ပါတယ်။ ဓည၀တီ စကား၊ ရိုဟင်ဂျာ စကား နဲ့ ထမင်းစား ဘတ်ခိုက်ယ်း ကို ရေးတဲ့ အခါ အသံ အ မှန် ဘတ်ဟိုက်ယ် လို့ထွက် ပါတယ်။) ဒါကြောင့် သူတို့ ပြောတဲ့ ရခိုင်စာနဲ့ ရခိုင်ကို ရေးတဲ့ အသံ အမှန်က ရဟိုင် လို့ ဖြစ်နေ ပါတယ်။

၁၈၅၂ ခုနှစ်မှာ ပုံနှိပ်တဲ့ An Account of the Burman Empire စာမျက်နှာ ၆၆ မှာ ရခိုင်ကို The Moguls know this country by the name of Rakhang (ရခ်ဟမ်း) လို့ ဖြစ်ပါတယ်။ အဲ့ဒီ မှာ တစ်ဆက်တည်း မဟာမေဒင် ရိုဟမ်ဂ (ရိုဟင်ဂျာ = ရဟမ်းသား) တွေဟာ ဒေသရဲ့ မူလဘူတ လူမျိုးတွေ ဖြစ်ပြီး-၊ မွန်ဂိုလီးယား မျိုးနွယ် စကားပြော မော့ဂ် (ဒီနေ့ ရခိုင်ခံ ယူသူများ) ရခိုင် ဒေသရဲ့ မူလ လူမျိုး ဖြစ်ကြောင်း အထောက် အထား မရှိ ဘူးလို့ မှတ်တမ်း တင်ထား ပါတယ်။

ဒီမှာ သေချာတဲ့ အချက်က မြန်မာစာနဲ့ ရခိုင် လူမျိုးလို့ မှတ်တမ်း တင်ထားတဲ့ ရဟမ်း လူမျိုး (ရဟမ်ဂျာ- သို့မဟုတ် ရိုဟင်ဂျာ) တွေဟာ ပုဂံကို ရောက်နေ သလို-၊ ပုဂံပြည်က ဗမာတွေ ကလည်း ရဟမ်း (ရခိုင်) ကို ရောက်လာတယ် ဆိုတဲ့ အချက်ပါပဲ။ ဒီနေ့ ရခိုင်လို့ ခံယူသူများ ပြောနေတဲ့ စကားတွေ ဟာ ရှေးဟောင်း ပုဂံ ခေတ်ကျောက် စာပါ စကားတွေနဲ့ အသံ တူနေတာကို အတော် အတန် တွေ့နေ ရပါတယ်။ ဗမာ မျိုးရိုး ဖြစ်တဲ့ ဘုရင့် နောင်ရဲ့ သားစဉ် မြေးဆက် ဗိုလ်ထောင် အုပ်ချုပ်တဲ့ လူ့အဖွဲ့ အစည်း ဒီနေ့ထိ ဘင်္ဂ လား ဒေ့ရှ် နိုင်ငံမှာ ရှိနေပြီး သူတို့ ပြောတဲ့ ဗမာ စကားဟာ ဒီနေ့ ရခိုင်တွေ ပြောတဲ့ စကားနဲ့ တူညီ နေ တဲ့ အချက် ကလည်း- ဒီနေ့ ရခိုင် စကား သည် ရှေးဟောင်း ဗမာ စကားသာ ဖြစ်ကြောင်း ခိုင်လုံ တဲ့ သက်သေ ဖြစ်စေ ပါတယ်။ ရဟမ်းသား၊ ရဟမ်းမူလ လူမျိုး (ရိုဟင်ဂျာ) တွေ ပြောတဲ့ စကားက ဘာဠီစ ကား ဖြစ်ကြောင်း- ရိုဟင်ဂျာ အချင်းချင်း စကားပြောရင်- မင်း ဘာဠီ စကား ပြောတတ် သလား ဆို တာ ကို မေးလေ့ ရှိတာက သက်သေ ဖြစ်သလို၊ လက်ရှိ ပါဠိလို့ သတ်မှတ် နေတဲ့ စကားနဲ့ အနည်းဆုံး ၆၀ ရာနှုန်းတူ နေသေး တာက သက်သေ ဖြစ်နေ ပါတယ်။

ဒါကြောင့် ပုဂံခေတ်မှာ မှတ်တမ်း တင်တဲ့ ရခိုင် လူမျိုး ဆိုတာ ဒီနေ့ မိမိကိုယ် မိမိ ရခိုင်လို့ ခံယူ နေသူများ မဟုတ် ဘဲ- ရဟမ်း ဒေသသား (ရိုဟင်ဂျာ) များသာ ဖြစ်ကြောင်း ထင်ရှား နေပါတယ်။ ရခိုင် လူမျိုး တွေကို ကျွန် အဖြစ်၊ ဘုရား ကျောင်းတွေမှာ ဝေယျာဝစ္စ လုပ်ပေးတဲ့ ဒကာတွေ အဖြစ် (ကျောက်စာ ဓါတ်ပုံ ၃၅/၂၇) ဖေါ်ပြတဲ့ ကျောက် စာနဲ့-၊ မြန်မာ သမိုင်း စကားစဉ်လာ -မြင်း အုန်းခွံ၊ ကျွန်ကုလား၊ မယား တော သူ- ကို ဆက်စပ် ကြည့်ရင်လည်း လွဲနိုင်မယ် ထင်ပါ။ (မြန်မာ ဘုရင်များ ခေတ်က ကျွန် ဆိုတဲ့ အသုံးဟာ- မင်းမှုထမ်းများ၊ ခိုင်းစေ ရာမှာ ပေါ့ပေါး နာခံတဲ့ လူများကို ဆိုလို ပါတယ်။)

ဒါကြောင့် ပုဂံခေတ်က မှတ်တမ်း တင်ခဲ့တဲ့ ရခိုင် လူမျိုး ဆိုတာ ရိုဟင်ဂျာ များသာ ဖြစ်ပြီး၊ ဗမာ- ဗမာချင်း အသံ စကားပြော လေသံ အနည်းငယ် ကွဲပြား ယုံမျှနဲ့ သီးခြား လူမျိုး တစ်မျိုး အဖြစ် မှတ်တမ်း တင်စရာ အကြောင်း မရှိ သလို-၊ ဗမာ- ဗမာချင်း စကားပြော လေသံ အနည်းငယ် ကွဲပြား ယုံမျှနဲ့ ကုလား လူမျိုး စာရင်းမှာ ထည့်သွင်း စရာ လည်း အကြောင်း မရှိပါ။

မှတ်ချက်-

မြန်မာကို မွန်တို့က မိရ်မ (မြန်မာ ကျောက်စာ ပေါင်းချုပ် တွဲ ၃၊ အပိုင်း ၁၊၁၁ ခ/၄၂-) လို့ မှတ်တမ်း တင်သလို၊ အေဒီ ၁၁၉၀ မှာ မြန်မာ ဆိုတဲ့ စကားလုံးနဲ့ ဗမာတွေက စတင် မှတ်တမ်း တင်ခဲ့ပါ တယ်။ (ကျောက်စာ ဓါတ်ပုံ ၁၀ က/၂၀) အေဒီ ၁၃၃၂ ခန့်မှာ မြံမာ လို့ရေးသား ခဲ့ပြန် ပါတယ် (ပုံ ၄၄၆ ခ)။ အလားတူပဲ ရခိုင် ဆိုတဲ့ စကားလုံး ကို နာဂရီလို ရဟိုင် လို့ရေးပြီး- ရိုဟင်ဂျာ တစ်ချို့က ၀ိုဟံဂ လို့ မှတ် တမ်း ကိုလည်း တွေ့ရ ပါတယ်။ (တောင်ပိုင်း သား မြောက်ပိုင်းသား အသံကွဲ နိုင်ပါတယ်။)

ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

Thursday, December 29, 2016

ကျန်းမာရေးအတွက် ကြက်မောက်သီး ရဲ့ အကျိုးပြုပုံများ

ယခုရာသီမှာ ပေါပေါများများတွေ့ရတဲ့ အသီးတွေထဲမှာ ကြက်မောက်သီးလည်း အပါအဝင် ဖြစ်ပါတယ်။ ကိုယ်စားသုံးတဲ့အရာဟာ ကိုယ်အတွက် ဘယ်လို အာနိသင်ကောင်းတွေ ပေးတယ်ဆိုတာကို လူတိုင်း သိထားသင့်ပါတယ်။ ဒါမှသာ အစားအစာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးနိုင်မှာ ဖြစ်ပါတယ်။

သွေးတိုးရောဂါ ဝေဒနာသည်များ အနေနဲ့ တစ်နေ ကို ကြက်မောက်သီး ၈-လုံးကနေ ၁ဝ-လုံးခန့် စားပေးသင့်ပါတယ်။ အစေ့ထဲတွင် hypoglycemic ဓာတ်ပါရှိခြင်းကြောင့် လည်း သွေးထဲရှိသကြားပမာဏကိုကျဆင်းစေပါတယ်။ ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားသုံးသောအခါ၊ တစ်နေ့တာ လိုအပ်သည့် ဖော့စ်ဖရပ်စ် ၄.၃% ကို ရရှိစေသည့် အတွက်၊ ကျောက်ကပ်ကို ကောင်းစွာအလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးပါတယ်။

ကျောက်ကပ်ကိုလည်းသန့် စင်စေပါတယ်။ ကယ်လ်စီယမ်ဓာတ် ပါရှိခြင်းကြောင့် သွားနှင့်အရိုးများကိုခိုင်ခန့် စေပါတယ်။ ကြက်မောက်သီးကို စားပေးခြင်းဖြင့် အူလမ်းကြောင်းရှိ ကပ်ပါးကောင်များကို သေစေနိုင်သည့်ပြင် ၊ ဝမ်းလျှော/ဝမ်းပျက်ခြင်း ဝေဒနာတို့  ကိုလည်း သက်သာစေပါတယ်။

ကြက်မောက်သီးအစေ့ကို သူ့ ချည်းဘဲ အစိမ်းလိုက်ဝါးစားနိုင်သလို၊ ကြိတ်ချေပြီးအခြားအစားအစာတို့ နဲ့  တွဲဘက်စားပေးခြင်ဖြင့် ခန္ဓာကိုယ်အဆီများကို ထိထိရောက်ရောက် ချပေးနိုင်ပါတယ်။ ထို့ ပြင် အသားအရည်ကိုကျန်းမာစေပြီး အထူးသဖြင့် မျက်နှာ အသားအရည်ကို နူးညံ့ချောမွေ့ စေပါတယ်။ (လူအချို့ ကတော့ ကြက်မောက်သီးအစေ့နှင့် မွေးရာပါ ဓာတ်မတည့်မှုများရှိတတ်သဖြင့် သတိပြု၍ စားသုံးသင့်ပါသည်)။

ကြက်မောက်ပင်အရွက်ကိုထောင်းထု၍ အနာအုံဆေး အဖြစ်လည်ကောင်း၊ အသားအရေခြောက်သွေ့ ခြင်းအတွက် lotion အဖြစ်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ ခေါင်းကိုက်သောအခါတွင် ကြက်မောက်ပင်အရွက်ကို နားထင်ပတ်လည်တွင် ထောင်းအုံပေးခြင်းဖြင့်လဲ ဝေဒနာများ သက်သာလာစေနိုင်ပါတယ်။ ထို့ ပြင် ကြက်မောက်သီးအရွက်ကိုသန့် စင်အောင်ဆေးကြောပြီး၊ ရေအနဲငယ်ထဲ့၍ ကြိတ်ချေပါ။ ထိုအနှစ်ကို အဝတ်သန့် သန့် ဖြင့် ထုပ်ကာညှစ်ပြီးရလာသည့် အရွက်သတ္တုရည်ကို ဦးရေးပြားအနှံ့  မှန်မှန်လိမ်းပေးခြင်းဖြင့် ဆံပင်သားများသန်စွမ်းနက်မှောင်လာစေပါမည်။

ဆံပင်ဆိုးဆေးအဖြစ်လည်းအသုံးပြုနိုင်ပါတယ်။ ကြက်မောက်သီးအခွံကို ခပ်ပါးပါးလှီးပြီး၊ ရေ ၃-ခွက်တစ်ခွက်တင်ကြို၍ အအေးခံကာ တစ်နေ့ ၂-ကြိမ်သောက်သုံးပေးခြင်းဖြင့် ဝမ်းကိုက်ရောဂါ ကို ပျောက်ကင်းစေနိုင်ပါတယ်။ ကြက်မောက်သီးအစေ့ ၅-လုံးကိုလှော်၍ ကျိတ်ချေပါ။ ပြီးရင် ရေအေးအေးတစ်ခွက်ဖြင့် ထိုနည်းအတိုင်း တစ်နေ့ ၂-ကြိမ် သောက်သုံးပေးပါက၊ ဆီးချိုရောဂါ ကို သက်သာလာစေနိုင်ပါတယ်။ ကြက်မောက်သီး အခွံခြောက် ၁၅-ဂရမ် ခန့် ကို ရေ ၃-ခွက်စာပမာဏဖြင့်ရော၍ ၁၅-မိနစ်လောက် ဆူအောင်တည်ပါ။ အအေးခံပြီးနောက် ထိုပြုတ်ရေကို တစ်နေ့  ၃-ကြိမ် သောက်ပေးခြင်းဖြင့် ဖျားနာရောဂါများ ယူပစ်သလို ပျောက်ကင်းစေနိုင်ပါတယ်။

ပင်စည်သားကိုပြုတ်၍ မှက္ခရုနာ များကို လိမ်းကျံပေးခြင်းဖြင့် ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ ကြက်မောက်ပင်၏ အမြစ်ကိုပြုတ်၍ သန်ချဆေးအဖြစ် သောက်သုံးနိုင်သည့်အပြင် ကြက်မောက်သီး အခွံခြောက်များကို ဖျားနာခြင်းဝေဒနာအမျိုးမျိုးတို့ ကို ကုသရန်အတွက် အသုံးပြုနိုင်ပါတယ်။


No automatic alt text available.

စဉ်းစားတတ်ရင်အမှန်မြင်ပါတယ်ဗျာ

ရိုဟင်ဂျာ အကြောင်း ဗမာစစ်တပ်က ထုတ်ဝေသော မြ၀တီ မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြချက်(မြဝတီမဂ္ဂဇင်း ၁၉၆၀ ဇူလိုင် အတွဲ ၈၊အမှတ် ၉ စာမျက်နှာ ရ၁-ရ၄ မှကူးယူဖော်ပြပါသည်)။
" ရခိုင်ကုလား သို.မဟုတ် ရိုးဝန်ညှာလူမျိုးများ" ဆောင်းပါးရှင်-မောင်သံလွင်
ရခိုင်ရာဇဝင်ကိုလေ့လာလျှင်ဗုဒ္ဓဘာသာဝင်ရခိုင်ဘုရင်အချို့သည် မူစလင်ဘွဲ.အမည်များအသုံးပြု ကြောင်းတွေ.ရလေသည်မှာအံ့သြရမလိုဖြစ်လေသည်။သို.ရာတွင်ကုလားပြည်နှင့်နယ်ချင်းစပ်လျှက်ကူးလူးဆက်ဆံမှုထူပြောလှသည်ကိုထောက်လျှင်၊မဂိုဘုရင်တို.၏အာဏာစက်အောက်ရောက်ခဲ့ဘူးသည်ကိုထောက်လျှင်အံ့သြဘွယ်မလိုတော့ချေ။သို.သော်ထိုသို.သော ကုလားရခိုင်ဆက်ဆံမှုနှင့်ပက်သက်ပြီးနောက်ပေါ်ပေါက်လာရသောဘာသာရေး၊နိုင်ငံရေး၊လူမျိုးရေးဆိုင်ရာတို.ကိုမူကားသဘောပေါက်ရုံမျှပင်ဖြစ်စေသိရှိဖွယ်ကောင်းလှပေသည်။အထူးသဖြင့်အဘယ်အကြောင်းကြောင့်မူစလင်ဘွဲ.အမည်ကိုခံယူကြကြောင်းနှင့်ရခိုင်ကုလားမျိုးပေါ်ထွန်းလာရပုံအကြောင်းကားအမှန်သိကောင်းဘွယ်ပင်ဖြစ်တော့သည်။
ရခိုင်ပြည်တွင်နရမိတ်လှဘုရင်လက်ထက်မှစ၍မူစလင်လူမျိုးများအားဝန်ကြီးများရာထူးတွင်၎င်း၊စစ်တပ်နှင့်ရေတပ်ဗိုလ်မှုးများ ရာထူး၌၎င်း ခန်.အပ်ခြင်းပြုခဲ့၏။ရခိုင်ပြည်မှနာမည်ကျော်မူစလင်စာဆိုတော်ဆရက်ရှားအလာဝါလ်၏အဆိုအရ စန္ဒသုဓမ္မာ ဘုရင်၏နန်းရင်းဝန် မာဂန် မှာမူစလင်လူမျိုးပင်ဖြစ်သည်ဟုဆိုလေသည်။ ၁ရရာစုနှစ်က ဆရက်မူဆာ၊ မူဂျာလစ်(စ)ဆူလေမန် တို.မှာ ရခိုင်နန်းတော်တွင်း၌ဝန်ကြီးများဖြစ်ခဲ့ကြလျက် အရှရက်ခန်မှာ စန္ဒသုဓမ္မာဘုရင်၏ စစ်သူကြီးဖြစ်ခဲ့ကြောင်းဖြင့် အမ်၊ကေ၊ရာမန်က ၎င်းရေးသားသော `ရခိုင်နှင့်မြန်မာပြည်ရှိမူစလင်လူမျိုးများရာဇဝင်အကျဉ်းချုပ် ခေါ်စာအုပ်၌ ထည့်သွင်းဖော်ပြထားလေသည်။ရခိုင်ဘုရင် သင်္ဂသူ ကွယ်လွန်ပြီးနောက် ခရစ် ၁၄၀၄ ခုနှစ်တွင်ရာဇသူ၏သား(သင်င်္ဂသူ၏တူ)နရမိတ်လှသည် လောင်းကျက်ထီးနန်းကို ဆက်ခံခဲ့သည်။၎င်းသည် ဒါးလက်မြို.စားဘုရင်ခံ အနန္ဒသိန်၏နှမတော် ရုပ်ရည်ချောမောလှပ၍မြောက်သားကြင်ဘက်ရှိသူစောပုညိုအား ၎င်း၏ကြင်ဘက်တော်ကိုအတင်းအဓ္ဓမ ကွာခိုင်းလျက်သီမ်းပိုက်လက်ထက်ယူခဲ့လေသည်။ ထိုအခါ နန္ဒသိန်သည် များစွာအမျက်ထွက်၍ နရမိတ်လှ အားပုန်ကန်ခြားနားကာအင်းဝဘုရင်မင်းဆွေ(မင်းခေါင်)ထံ၌အကူအညီသွားရောက်တောင်းခံလေရာ သားတော်မင်းရဲကျော်စွာအား စေလွတ်ကူညီတိုက်ခိုက်စေသည်တွင် နရမိတ်လှ သည်ထီးနန်းကိုစွန်.၍ ဘင်္ဂလားပြည်သို.တိမ်းရှောင်ထွက်ပြေးကာဂေါဘုရင်အာမက်ရှား ထံ၌ခိုလှုံနေထိုင်ခဲ့လေသည်။ ဤသို.ခိုလှုံနေထိုင်လျက်ရှိစဉ်ဘင်္ဂလားပြည်အားဂျန်ပူဘုရင် စူရတန်အီဘရာဟင်က လာရောက်တိုက်ခိုက်သည်တွင် နရမိတ်လှသည် အစွမ်းကုန်ခုခံ ကာကွယ်ပေးလေသည်... အာမက်ရှားကများစွာနှစ်သက်အားရလှသဖြင့်ရခိုင်ပြည်ရှိထီးနန်းကိုပြန်လည်တိုက်ခိုက်သိမ်းယူပေးမည်ဟုနရမိတ်လှအားကတိပြုခဲ့လေသည်။ကွယ်ခုခံ၍ပြန်လည်တိုက်ခိုက်နှိမ်နှင်းနိုင်ခဲ့လေသည်။ထိုကြောင့် ၁၄၂၆ ခုနှစ်တွင် အာမက်ရှား၏ထီးနန်းကို၆ချက်ပါရှိကတိပြုချက်ကိုတောင်းဆိုသောကြောင့်သဘောတူကတိပေးခဲ့နေရနမိတ်လှအားအကူအညီပေးရန်အတွက်အချက်ပာရှိသည်။ဆက်ခံသည့်သားဖြစ်သူ နဇီရှားက ၎င်းအချက် ၆ချက်အနက် မိမိတို.နာမည်များနှင့် တွဲဘက်၍မူစလင်ဘွဲ.ထူးဂုဏ်ထူးများကိုပါထည့်သွင်းခေါ်ဆိုပါမည်ဆိုသောအချက်တရပ်လည်းပါရှိခဲ့လေသည်။
၁၄၃၀ ခုနှစ်တွင်နရမိတ်လှသည် ဘင်္ဂလားပြည်၏အကူအညီဖြင့်ထီးနန်းကိုပြန်လည်သိမ်းပိုက်ယူနိုင်လျက်မဟာမေဒင်(မူစလင်)ဘုရင်၏လက်အောက်ခံအဖြစ်နေထိုင်ခဲ့လေသည်။၎င်းသည်မြို.ဟောင်းကိုထီးနန်းစိုက်ရာမြို.တော်အဖြစ်ဖြင့် တည်ထောင်ခဲ့၍ ၎င်း၏နောက်ပါမဟာမေဒင်လူမျိုးများကထိုမြို.၌ဗလီဝတ်ကျောင်းတော်တခုတည် ဆောက်ခဲ့ကြလေသည်။ ထိုအချိန်မှစ၍ရခိုင်ဘုရင်မားသည်ဗုဒ္ဓဘာသာဝင်များပင်ဖြစ်လင့်ကစား၊ ၎င်းတို.၏နာမည်များနှင့်တွဲဘက်၍မဟာမေဒင်ဘွဲ.ထူးဂုဏ်ထူးများကိုအသုံးပြုခဲ့ကြလေသည်။ ရခိုင်ပြည်သို.မဟာမေဒင်(သို.)မွတ်စလင်လူမျိုးများစတင်ရောက်လာခဲ့ပုံမှာလည်းစိတ်ဝင်စားဘွယ် ပင်ဖြစ်သည် ။ ပထမ မူစလင်လူမျိုးများသည် ရခိုင်ပြည်တွင်းသို.ပင်လယ်ကမ်းခြေဘက်မှ၎င်း၊တောင်ကြားလမ်းမှ၎င်းဝင်ရောက်လာခဲ့ကြသည်။၎င်းတို.အားလုံးပင် အာရေဗျနှင့်အိန္ဒိယပြည်များမှစစ်မှုရေးရာကျွမ်းကျင်သောလူမျိုးများသာဖြစ်ကြလေသည်။၎င်းတို.သည် ကုန်ကူးသန်းရောင်းဝယ်သူများ၊ သာသနာပြုဆရာများ၊စစ်တိုက်ခိုက်သူများနှင့်စစ်ပြေးဒုက္ခသည်များအ ဖြစ်ဖြင့်ရခိုင်ပြည်တွင်းသို.ဝင်ရောက်လာကြခြင်းဖြစ်၏။၎င်းတို.သည်ရိုးသားဖြောင့်မှန်ခြင်း၊သစ္စာရှိခြင်း၊ရဲရင့်ခြင်းနှင့်ကောင်းမွန်စွာအမှုထမ်းရွက်တက်ကြခြင်းများကြောင့်ရခိုင်ဘုရင်များကနှစ်သက်သဘောကျကြသဖြင့်လက်ခံကြိုဆိုကာကောင်းစွာပြုစုစောင့်ရှောက်ထားခဲ့ကြလေသည်။အာရပ်လူမျိုးများသည်အနောက်တိုင်းပင်လယ်များ၍၎င်း၊အရှေ.တိုင်းပင်လယ်များကို၎င်းကျွမ်းကျင်စွာသွားလာနိုင်ကြသူများ ဖြစ်၍ ရခိုင်ပြည်အားအဖက်ဖက်၌ပင်သင့်လျော်သောဒေသဖြစ်ကြောင်းတွေ.ရှိခဲ့ကြလေသည်။ရခိုင်ပြည်သည်စီးပွါးရေးအားဖြင့်တိုးတက်မှုရှိနေသည့်အတိုင်းအာရပ်ကုန်သည်များနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကိုထိရောက်စွာဆက်သွယ်လုပ်ကိုင်လာခဲ့ကြလေသည်။ဤအချက်ကိုထင်ရှားစေသောဘဒါမာကန်ခေါ်ရာဇဝင်ဆိုင်ရာအဆောက်အဦးများမှာယခုတိုင်အောင်ပင်တည်ရှိနေသည်ကိုတွေ.နိုင်လေသည်။ရခိုင်ပြည်အားနိုင်ငံခြားသားများက အာရကန်(Arakan) ဟုခေါ်ရာ၊၎င်းမှာအာရေဗျဘာသာ အဲလ်ရီကွန် (Alrecon) (စည်းကမ်းသေဝပ်ခြင်း)ဆိုသောစကားမှ ဆင်းသက်လာသည်ဟုအဆိုရှိလေသည်။ အာရေဗျပြည်၏စတုတ္တမြောက်ဘာသာရေးခေါင်းဆောင်ဂိုဏ်းချုပ်ကြီး ဟာဇရက်အလီကွယ်လွန်ပြီးနောက်၎င်း၏သား အီမာန်ဟူဆိန်နှင့်ဟာဇရက်မာဘီယာ၏သား ယာဇစ်တို.မှာခေါင်းဆောင်ရာထူးအတွက်အလုအယက်ယှဉ်ပြိုင်ဘက်ဖြစ်ခဲ့ကြလေသည်။ဤယှဉ်ပြိုင်မှု၌ယာဇစ်ကအနိုင်ရရှိသွားလျက်အီမာန်ဟူစိန်၏အကိုအီမာန်ဟာဆန်အားအဆိပ်ခပ်၍သတ်ပြီးနောက် ခရစ် ၆၈၀ တွင်ကာဘလာအရပ်၌ဖြစ်ပွါးခဲ့သောစစ်အပွဲ၌အီမာန်ဟူဆိန်အားကွပ်မျက်၍အဆုံးစီရင်ခဲ့လေသည်။ဤသတင်းကိုဟာဇရက်အလီ၏အခြားဇနီးတဦးမှသားဖြစ်သူမိုဟာမက်ဟာနစ်မှကြားသိရသည်တွင် ယာဇစ်အားစစ်ကြေငြာ၍ တိုက်ခိုက်လေသည်။သို.သော်ဟာနစ်ပင်စစ်ရှုံးခဲ့ရသဖြင့်မိမိနောက်ပါများနှင့်အတူအရှေ.တိုင်းများသို.ထွက်ထွက်ခွာလာခဲ့သည်။နောက်ဆုံးတွင်ဟာနစ်သည်ရခိုင်ပြည်သို.ရောက်ရှိလာလျက်မြို.တော်ဖြစ်သောဝေသာလီမြို.တွင်ခိုလှုံနေထိုင်လာခဲ့လေသည်။နောင်တွင်ဟာနစ်သည် တောတောင်ထူထပ်သောဒေသများ၌နေထိုင်ကြသည့်လူသားစားလူမျိုးမျာ၏ဘုရင်မ ကိုယာပူရီ နှင့်ရခိုင်မြောက်ပိုင်းမောင်းတောအရပ်၌စစ်ပွဲများပြင်းထန်စွာယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရလေသည်။အချိန်အတန်ကြာသောအခါတွင်ဘုရင်မနှင့်တကွ ၎င်း၏နောက်လိုက်လူမျိုးများပါ ဟာနစ်၏လက်အောက်ခံဖြစ်လာကြလျက်၎င်းတို.အားအစ္စလာမ်ဘာသာသို.သွတ်သွင်းခဲ့ပြီးနောက် ဟာနစ်သည် ဘုရင်မနှင့်လက်ထက်ကာ မောင်းတောနှင့်ဗူးသီးတောင်နယ်ခြားရှိ မေယုတောင်တန်းတွင် အသက်ထက်ဆုံးနေထိုင်သွားသည်ဟု အဆိုရှိလေသည်။ဗြိတိသျှဘားမားဂေဇက်တီးယား အတွဲ-၂နှင့် ဘားမားဂေဇက်တီးယား၊ရခိုင်တိုင်းအတွဲ (က)များတွင် ခရစ်နှစ် ရ၈၈ တွင်ဝေသာလီပြည်၌မဟာတိုင်းချန္ဒရာဘုရင်နန်းတက်၍ယခင်ရာမာဝတီမြို.ဟောင်းနေရာ၌မြို.တော်သစ်ကိုတည်ထောင်ပြီးနောက် ၂၂ နှစ်တိုင်စိုးစံပြီးမှကွယ်လွန်သည်။၎င်းစိုးစံချိန်အတွင်းရမ်းဗြဲကျွန်းတွင်ကုန်သင်္ဘောပေါင်းများစွာပျက်စီးခဲ့ရဘူးလျက် အာရပ်(သို.)မူး လူမျိုးများဆိုသောသင်္ဘောသားများအားဝေသာလီပြည်ဖြစ်သည့်ရခိုင်ပြည်မသို.ပို.ဆောင်ပေးခဲ့လေ သည်။
ရခိုင်ဘုရင်သည်၎င်းတို.အားအဘက်ဘက်၌ပင်ကြည့်ရှုစောင့်ရှောက်၍ထားခဲ့၏။၎င်းတို.သည် ကူးသန်းရောင်းဝယ်ရေး၌ကျွမ်းကျင်သူများဖြစ်ကြလျက်သာမန်လှေကလေးများနှင့်ပင်တနေရာမှတနေရာသို.လွယ်လင့်တကူ ကူးသန်းသွားလာနိုင်ကြသည်။ရခိုင်ပြည်သည်မြေသြဇာကောင်းမွန်သောလယ်ယာစိုက်ပျိုးရေးတိုင်းပြည်ဖြစ်သည့်အတိုင်း၎င်းတို.၏နေရင်းဒေသ အာရေဗျသို့ မပြန်တော့ပဲ ရခိုင်ဒေသ၌ပင်လုပ်ကိုင်စားသောက်နေထိုင်လာကြလေသည်။၎င်းတို.သည်တိုင်းရင်းသူများနှင့်လက်ထက်ပေါင်းသင်းကြလျက်၎င်းတိုင်းရင်းသူများမှာမွတ်စလင်ဘာသာသို.ကူးပြောင်းဝင်ရောက်လာကြလေသည်။၎င်းတို.ကိုယ်တိုင်မှာလည်းဇနီးသည်များ၏ရိုးရာလူမျိုးအဖြစ်ကိုရယူကာမိမိတို.ပိုင်ပစ္စည်းအရပ်ရပ်အားဇနီးသည်များကိုလွဲပြောင်းပေးအပ်ကြလေသည်။ပင်လယ်ခရီးသွားလာရေးလုပ်ငန်းကိုစွန်.လွှတ်လိုက်ကြလျက် လယ်ယာစိုက်ပျိုးရေးကိုကူးပြောင်းလုပ်ကိုင်စားသောက်ခဲ့ကြ၏။၎င်းတို.၏ဗလီဝတ်ကျောင်းများကိုတည်ဆောက်ကြလျက်သာသနာပြုလုပ်ငန်းများကိုစတင်လုပ်ကိုင်ခဲ့ကြသည်။ထိုအချိန်မှစ၍အစ္စလာမ်ဘာသာမှာရခိုင်ပြည်၌အခြေစိုက်ကာထွန်းကားလာခဲ့လေသည်။မြန်မာပြည်တွင်၎င်းအာရပ်လူမျိုးများထက်ရှေးကျသောမူစလင်များနေထိုင်ရာဒေသဟူ၍မတွေ.နိုင်တော့ချေ။အာရပ်လူမျိုးများမှဆင်းသက်လာသည့်၎င်းရခိုင်မွတ်စလင်များအား ရိုးဝန်းညှာ ဟုခေါ်ရာ၎င်းမှာ အခွင့်အရေးပေးခြင်း(သို.)သနားသက်ညှာခြင်းဟူ၍အဓိပ္ပါယ်ရပါသည်။ရခိုင်ပြည်တွင်မူစလင်များသြဇာညောင်းလာသည်နှင့်အမျှအစ္စလာမ်ဘာသာလည်းထွန်းကားလာခဲ့လေသည်။ရခိုင်အမျိုးသမီးများမှာ ပါရ်ဒါ ခေါ်အီမ်တွင်းပုန်းခြင်းဓလေ့ကို လိုက်နာခဲ့ကြလျက်၊ဒင်္ဂါးများနှင့်တံဆိပ်လည်ဆွဲများတွင် ပါရှင်းဘာသာစာတမ်းများ ထည့်သွင်းထုတ်ဝေခဲ့လေသည်။ရခိုင်ဘုရင်များသည်၎င်းတို.အမည်များနှင့်တွဲဘက်၍ မူစလင်ဘွဲ.ထူး ဂုဏ်ထူးများကိုပါပူးတွဲဖော်ပြကြလျက် ရခိုင်ဘုရင့်နန်းတော်တွင်း၌ အိန္ဒိယမွတ်စလင်အခေါ်အဝေါ်များကို ထည့်သွင်းသုံးစွဲလာခဲ့ကြလေသည်။ရှေးခေတ်မြန်မာပြည် ခေါ်စာအုပ်၌ ဦးမျိုးမင်းကဖော်ပြထားရာတွင်ရခိုင်ဘုရင်များသည်ဘွဲ.ထူး-ဂုဏ်ထူးများ၌သာလျှင် မဂိုဘုရင်တို.ကိုတုပကာအိန္ဒိယဘွဲ.အမည်များကိုခေါ်ဝေါ်သုံးစွဲခဲ့သည်မဟုတ်သေး၊နန်းတွင်းဆိုင်ရာပွဲလမ်းသဘင်အခမ်းအနားများ၌လည်း မဂိုဘုရင်များ၏ ဟန်အမူအရာအတိုင်း တုပ ပြုလုပ်ခဲ့ကြလျက် နန်းတွင်းဆိုင်ရာအခေါ်အဝေါ်များကိုပါအိန္ဒိယပုံစံအတိုင်းသတ်မှတ်ခေါ်ဆိုခဲ့ကြသည်ဟု ဟုဖော်ပြထားပါသည်။၁၄၀၄ ခုနှစ်မှ ၁၃၆၇ ခုနှစ်အတွင်း မူစလင်ဘွဲ.ထူးဂုဏ်ထူးများဖြင့်တွဲဘက်ခေါ်ဆိုခဲ့ကြသောရခိုင်ဘုရင်အချို.မှာအောက်ပါအတိုင်းဖြစ်လေသည်။(ကွင်းပိတ်ဘော်ပြထားသည်မှာမူစလင်ဘွဲ.ထူးအမည်ပင်ဖြစ်သည်)။
၁။နရမိတ်လှ(ဆမွန်း)၊၂။နရနု(အလီခန်)၊၃။ဘစောဖြူ(ကလီမာရှား)၊၄။မင်းဘင်ခေါ်မင်းပါကြီး (ဇဘက်ရှား-စူရတန်)၊၅။မင်းပလောင်း(စီကန္ဒာရှား)၊၆။မင်းရာဇာကြီး(ဆလင်းရှား)၊ရ။မင်းခမောင်း(ဟူစိန်ရှား)၊၈။သီရိသုဓမ္မ(ဆလင်းရှား-၂)တို.ပင်ဖြစ်ပါသည်။၁၅ရ၆ ခုနှစ်-ဇူလိုင်လ ၁၀ ရက်နေ.တွင်ဘင်္ဂလားပြည်၏နောက်ဆုံးဘုရင်ဖြစ်သူ ဒေါ့(ဒါအုဒ်)အား မဂိုဘုရင်အက္ကဘား၏စစ်သူကြီး ခန်ဂျာဟန်းက ဖမ်းဆီးကာဦးခေါင်းကိုဖြတ်၍ကွက်မျက်လိုက်ချိန်တွင်ပထန်လူမျိုးအမြောက်အများပင်ရခိုင်ပြည်တွင်းသို.ထွက်ပြေးဝင်ရောက်ခိုလှုံနေခဲ့ကြလေသည်။ရာဇဝင်ဆရာ ဂျဒူနတ်ဆားရ်ကား ကလည်းရခိုင်ပြည်၌နေထိုင်ခဲ့ကြသော မဂိုနှင့်ပထန်လူမျိုးပေါင်းများစွာတို.သည် ရှားရှူဂျာဘုရင်ကို လိုလားကြသည်ဟု ဖော်ပြထားခဲ့၏။ရခိုင်ဘုရင်များသည်ဘင်္ဂလားပြည်မှမြို.ပေါင်း ၁၂ မြို.ကိုနှစ်ပေါင်းများစွာသီမ်းပိုက်ထားခဲ့လျက်၎င်းတို.ကိုယ်တိုင်မှာလည်းမူစလင်ဂေါ ဘုရင်များလက်အောက်၌နှစ်ပေါင်းတရာကျော်မျှနေထိုင်ခဲ့ကြလေသည်။စစ်တကောင်းပြည်နယ်အား ၁၄၅၉ ခုမှ ၁၆၆၆ အထိနှစ်ပေါင်း ၂၀ရ နှစ်တိုင်တိုင်ရခိုင်ဘုရင်များကအုပ်စိုးခဲ့သည်။ထိုအချိန်ပိုင်းတလျှောက်တွင်နှစ်ပြည်ထောင်မှလူများသည်အပြန်အလှန်ကူးသန်းသွားလာခဲ့ကြလျက်အထူးသဖြင့်ရခိုင်လူမျိုးများနှင့်ရင်းနှီးခင်မင်ကြသောမူစလင်လူမျိုးများက ရခိုင်ပြည်တွင်းသို.ကူးပြောင်းဝင်ရောက်နေထိုင်လာခဲ့ကြလေသည်။၁၆၆၆ ခုနှစ်တွင်ဘင်္ဂလားပြည်ဘုရင်ခံချုပ် ရှေးစတားခန်၏စစ်သူကြီး အူမိဒ်ခန်သည် စစ်တကောင်းကိုဝင်ရောက်တိုက်ခိုက်၍ ရာမူးပန်းဝါကိုသိမ်းယူလိုက်သည်တွင် ရခိုင်လူမျိုးများသည်မြောံဘက်မှတောင်ဘက်သို.ရွေ.ပြောင်းထွက်ပြေးခဲ့ကြ၏။ထိုအချိန်မှစ၍ရခိုင်ပြည်မြောက်ပိုင်းသို.မူစလင်လူမျိုးအမြောက်အများဝင်ရောက်နေထိုင်လာခဲ့ကြသည်။၁၆၆၆ ခုနှစ် ရခိုင်မဂိုစစ်ပွဲကြောင့် ရခိုင်ပြည်မြောအဆိုရှိခဲ့သည်။ ပထန်လူမျိုးများနှင့်ဘင်္ဂလားပြည်မှဝင်ရောက်လာသူများမှာက်ပိုင်းတွင်လူဦးရေယုတ်လျော့ရသည်ဟု အာရပ်အနွယ်ဖြစ်သော ရိုးဝန်ညှာ လူမျိုးများနှင့်ပေါင်းသင်းနေထိုင်ခဲ့ကြသည်တွင် ရိုးဝန်ဂျာ ခေါ်လူမျိုးများဖြစ်ပေါ်လာခဲ့လေသည်။နှစ်ပေါင်းကြာရှည်လာသောအခါအာရပ်အနွယ်များမှာ ရိုးဝန်ဂျာများနှင့်ခွဲခြား၍မရလောက်အောင်ရောနှောသွားခဲ့လေသည်။ရိုးဝန်ဂျာ ဆိုသောအမည်မှာ ရခိုင်စကားရင်းဖြစ်ရာ ရွာဟောင်းကကျား ဟုအဓိပ္ပါယ်ရလေသည်။၎င်းမှာ သတ္တိရှိသည်၊ရဲရင့်သည်ဟုဆိုလိုသည်ဖြစ်ရာ အကြောင်းရင်းမှာ ရခိုင်လူမျိုးများက တိုက်၍မနိုင်သောတလိုင်းလူမျိုးများကို ပထန်လူမျိုးများကတိုက်ထုတ်ပစ်နိုင်ကြသောကြောင့်ပင်ဖြစ်သည်ဟုဆိုကြောင်း။။။။။။။ မြဝတီမဂ္ဂဇင်း ၁၉၆၀ ဇူလိုင် အတွဲ ၈၊အမှတ် ၉ စာမျက်နှာ ရ၁-ရ၄ မှကူးယူဖော်ပြပါသည်။

အခြေခံသမားများအတွက်သာ

1.    Let me know your name.   ( or )
       May I know your name?
       နာမည်လေး သိပါရစေ။

2.    Let me introduce myself.            ( or )
       May I introduce myself ?            ( or )
       Allow me to introduce myself.     ( or )
       I would like to introduce myself.
       ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ပေးပါရစေ။

3.    My name is U Thike Htoon.    ( or )
       I'm U Thike Htoon.
       ကျွန်တော့်နာမည်က ဦးသိုက်ထွန်း ပါခင်ဗျာ။

4.    Please come in.
       ဝင်လာပါခင်ဗျာ။

5.    Please come here.
       ဒီနားကို လာပါခင်ဗျာ။

6.    Please come with me.
       ကျွန်တော်နဲ့လိုက်ခဲ့ပါခင်ဗျာ။

7.    Please come to my home.
       ကျွန်တော့်အိမ်ကို လာပါခင်ဗျာ။

8.    Please come at once.
       အခုလာပါခင်ဗျာ။

9.    Please come next Sunday.
       နောက် တနင်္ဂနွေနေ့ လာပါခင်ဗျာ။

10.   Be sure to come!
       လာဖြစ်အောင်လာပါ။

11.   Please listen to me.
       ကျွန်တော်ပြောတာ နားထောင်ပါခင်ဗျာ။

12.   Let me see.
       ကျွန်တော် ကြည့်ပါရစေ။

13.   Let me take a look.      ( or )
        May I have a look?
        တစ်ချက်လောက် ကြည့်ပါရစေ။

14.   Will you introduce me to her?
        ကျွန်တော့်ကို သူမနဲ့ မိတ်ဆက်ပေးပါလား။

15.   Please tell her to call me up.
       ကျွန်တော့်ဆီ ဖုန်းဆက်ဖို့ သူမကို ပြောပေးပါနော်။

16.   Please tell her.
        သူမကို ပြောပြပါခင်ဗျာ။

17.    Don't be angry with me.
        စိတ်မဆိုးပါနဲ့ခင်ဗျာ။

18.   Don't cry.
        မငိုပါနဲ့ခင်ဗျာ။

19.   Please go back as soon as you can.
        မြန်မြန်ပြန်သွားပါခင်ဗျာ။

20.   Please walk slowly.
        ဖြေးဖြေးလျှောက်ပါခင်ဗျာ။

21.   Have a cup of tea,please.
        လက်ဖက်ရည်သောက်ပါခင်ဗျာ။

22.   Please dine with me here.
        ဒီမှာပဲ ထမင်းစားပါ။

23.    If you have time, drop in again please.
        အားရင် ထပ်လာပါဦးခင်ဗျာ။

24.   Please remember to wake me up.
        ကျွန်တော့်ကို အိပ်ယာနှိုးဖို့ မမေ့ပါနဲ့ခင်ဗျာ။

25.    Don't make it dirty.
         မပေပါစေနဲ့။

26.    Please do forgive me.
        ကျွန်တော့်ကို ခွင့်လွှတ်ပါခင်ဗျာ။
        (လေးနက်ချင်လို့ do ထည့်ပေးထားတာပါ။)

Wednesday, December 28, 2016

သင့်စိတ်ထဲမှာအမှိုက်လာသွန်ခြင်း

သိပ်ဖတ်လို့ ကောင်းတယ်။ အချိန် တစ်မိနစ်ပဲပေးပါ။ စိတ်ထဲ အမှိုက်လာသွန်မခံကြရပါစေနဲ့။

တစ်နေ့မှာ လူတစ်ယောက်ဟာ အထုပ်ကြီးတခုကို ပုခုံးမှာထမ်းပြီး အိမ်ထဲဝင်လာတယ်။.ပြီးတော့ ဘာမပြော ညာမပြောနဲ့ အထုပ်ကြီးထဲက ပစ္စည်းတွေကို ညေ့်ခန်ကကြမ်းပြင်ပေါ်ကို သွန်ချလိုက်တယ်။ ထွက်ကျလာတာတွေက ဘာတွေလဲဆိုတော့ အမှိုက်သရိုက်တွေပါ။ ဒီတော့ သင်ဘာလုပ်မလဲ။

"ဟေ့ လူ ဒါဘာလုပ်တာလဲ။ အဲဒီအမှိုက်တွေကို ချက်ခြင်းပြန်ကောက်လိုက်။ မကောက်ဘူးဆိုရင်တော့ မင်းကိုငါ သတ်ပစ်မယ်"ဆိုပြီး ဓါးဖြစ်ဖြစ် သေနတ်ဖြစ်ဖြစ် သွားယူပါလိမ့်မယ်။

အဲဒီလူကလဲ ချက်ခြင်းပဲ အမှိုက်တွေကို အိပ်ထဲပြန်ထဲ့တယ်။ အမှိုက်တစ မကျန်အောင် သေချာကောက်ပြီးထဲ့တယ်။ ဒါတင် မကသေးပဲ သူ့ဘောင်းဘီအိပ်ထဲက အဝတ်စတခုကို ဆွဲထုတ်ပြီး ကြမ်းကို သေချာပြောင်အောင် ပြန်သုတ်ပေးလိုက်တယ်။ ပြီးတော့ ဘာစကားမှ မပြောပဲ အိမ်ပြင်ကို သူ့အမှိုက်ထုပ်ကြီးတမ်းပြီး ပြန်ထွက်သွားတယ်။ ကြမ်းပေါ်မှာအမှိုက်သရိုက် အစအနလေး တစက်တောင်မကျန်ခဲ့ဘူး။

ကြမ်းဟာ အရင်အတိုင်း ပြန်ဖြစ်သွားပေမဲ့ သင့်ရဲ့စိတ်အခြေအနေကတော့ အရင်လိုမဟုတ်တော့ပါဘူး။ ဒီအကြောင်းကို တနူံ့နူံ့နဲ့ ပြန်စဉ်းစားပြီး ဒေါသထွက်နေလိမ့်မယ်။

နောက်တစ်နေ့မှာ သင့်ရဲ့သူငယ်ချင်းတွေကို အရူးတစ်ယောက်ဟာ သင့်အိမ်ထဲ ဝင်လာပြီး အမှိုက်တွေ သွန်ချသွားတယ်ဆိုတာ အတန်ကြာအောင် ပြောပြနေပါလိမ့်မယ်။

ဒီအဖြစ်မျိုးကြုံဖူးသလားလို့ မေးရင် အားလုံးကမကြုံဖူးပါဘူးလို့ ဖြေကြပါလိမ့်မယ်။ မှန်ပါတယ်။ သင့်အိမ်ထဲ အမှိုက်လာပုံသွားတာ မကြုံဖူးကြပေမဲ့ သင့်စိတ်ထဲကို နေ့စဉ်အမှိုက်လာသွန်နေတာတွေကိုတော့ သင်သတိထားမိမှာ မဟုတ်ပါဘူး။

ဘယ်လို အမှိုက်မျိုးတွေလဲ။ သင့်ကို သူများအကြောင်း အတင်းအဖျင်းတွေ၊ အရေမရအဖတ်မရ အကျိုမဲ့တဲ့စကားတွေ လာပြောကြလိမ့်မယ်။ သင်လဲ အကျိုးမဲ့တဲ့စာတွေဖတ်မယ်။ ညစ်ညမ်းပြီး မကြည့်သင့်မကြည့်အပ်တာတွေကြည့်မယ်။

ဒါတွေဟာ သင့်စိတ်ထဲမှာ နေ့စဉ်လာပုံနေတဲ့အမှိုက်တွေပါ။
ဒါပေမဲ့ စိတ်ထဲမှာအမှိုက်လာသွန်တာဟာ အိမ်ထဲမှာ အမှိုက်လာသွန်တာနဲ့ မတူပါဘူး။ ပိုဆိုးပါတယ်။ အိမ်ထဲလာသွန်လိုက်တဲ့ အမှိုက်ကို သေချာပြန်ကောက်ထဲ့ပြီး သန့်ရှင်းရေးလုပ်ပေးလိုက်ရင် ကြမ်းဟာ ပြောင်သွားပေမဲ့ သင့်စိတ်ထဲက အမှိုက်ကတော့ ပြန်ရှင်းဖို့မလွယ်တော့ဘူး။

ဘာကြောင့်လဲ။
သင့်ကို လူတယောက်က တခြားလူတယောက်ရဲ့မကောင်းကြောင်းတွေ လာပြောတယ်။ သင်လဲ နားထောင်လိုက်တယ်။ အဲဒီလူလဲ ပြောပြီး ပြန်သွားတယ်။ ဒါပေမဲ့ သူထားခဲ့တဲ့အမှိုက်ဟာ သင့်ခေါင်းထဲမှာကျန်ခဲ့ပြီ။

ဘယ်လိုကျန်ခဲ့သလဲ။ အဲဒီလူပြန်သွားပေမဲ့ သင့်စိတ်ထဲမှာဆက်တွေးနေမိလိမ့်မယ်။ သူပြောတာ ဟုတ်မှာပဲ။ သူပြောလဲ ပြောစရာပဲ။ အဲဒီလူက သိတ်မိုက်တာကိုး။.

သူ့မိန်းမနဲ့ကလေးတွေတော့ ဒုက္ခရောက်တော့မှာပဲစသဖြင့် သင့်စိတ်က ဆင့်ကဲဆင့်ကဲဆက်တွေးနေတော့မယ်။ ဒါက တကြိမ်ပဲ ရှိသေးတယ်။ နေ့စဉ် ဒီလိုသာ ကြုံနေရင် သင့်စိတ်မှာ အမှိုက်တွေ တောင်လိုပုံနေလောက်ပြီ။

ဒီတော့ စိတ်ထဲမှာ အမှိုက်ပုံကြီးနဲ့ပြည့်နေတဲ့ လူတယောက်ရဲ့စိတ်ဟာ ကြည်လင်ပါအုံးမလား။ အကြံသစ်ဉာဏ်သစ်တွေ ထွက်နိုင်ပါ့အုံးမလား။ အလုပ်ထဲမှာရော စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်လုပ်လို့ရပါ့မလား။ သင့်မိသားစုနဲ့ကော ပျော်ပျော်ရွှင်နေနိုင်ပါ့မလား။ ကျောင်းက စာတွေကိုကော အာရုံစူးစိုက် သင်ယူနိုင်ပါ့မလား။

သေချာစဉ်းစားကြည့်ပါ။
ဒါတွေမဖြစ်ချင်ဘူးဆိုရင် သင့်စိတ်ထဲကို အမှိုက်လာသွန်တာတွေကို လက်မခံပါနဲ့။ အမှိုက်သွန်မဲ့လူတွေကို ဝေးဝေးရှောင်ပါ။

အချိန်ပြည့် ဖေ့ဘုတ်ကို ပွတ်ပြီး လူတွေစိတ်ကူးပေါ်သလို ရေးချင်ရာတွေ ရေးထားတာကို ဖတ်နေတာလဲ မိမိစိတ်ထဲကို အမှိုက်တွေထဲ့နေတယ်ဆိုတာကိုလဲ သဘောပေါက်စေချင်ပါတယ်။

(ဗဟုသုတရအောင်၊ သတင်းသိရအောင် ဖတ်တာကိုမဆိုလိုပါ)။

Monday, December 26, 2016

အလုပ် လုပ်ကိုင်သူတိုင်းသတိထားရမည့်အချက်များ

လုပ်ငန်းတစ်ခုကိုအောင်မြင်စွာလုပ်ဆောင်တော့မယ်ဆိုရင်
တစ်ဦးတစ်ယောက်တည်းနဲ့အလုပ်မဖြစ်မြှောက်နိုင်ပါဘူး
သာတူညီမျှလက်တွဲလုပ်ဆောင်နိုင်မည့် Teamwork ဆိုတဲ့
အဖွဲ့အစည်းကောင်းရှိဖို့ နဲ့ Teamwork စိတ်ဓာတ်ရှိနေဖို့ လိုအပ်ပါတယ်
ဒါမှလည်းအခက်ခဲတွေကို အောင်မြင်စွာဖြတ်ကျော်နိုင်ပါလိမ့်မယ်
အကယ်၍ Teamwork တစ်ခုအနေနဲ့စတင်ပြီးလုပ်ဆောင်မယ်ဆိုရင်တော့
အောက်ပါအချက်လေးတွေကို သတိထားစေချင်ပါတယ်

#ကိုယ်ကျိုးမကြည့်ပါနဲ့
++++++++++++++++
သင့် အနေနဲ့ အဖွဲ့အစည်းလိုက်လုပ်ဆောင်ရမယ်ဆိုတဲ့လုပ်ငန်းတွေမှာ
ကိုယ်ကအမြင့်ကိုရောက်စေလိုသောဆန္ဒ/ သူတစ်ပါးထက်သာလွန်စေသော
ဆန္ဒတွေမထားပါနဲ့ ဒီစိတ်ကလေးတွေရှိနေမယ်ဆိုရင်တော့
သင်ပာာ ကိုယ့်ကိုယ်ကျိုးအတွက်သာအရေးထားတက်တဲ့သူပါပဲ
ဘယ်အချိန်မဆို သူတစ်ပါးကိုနင်းပြီးအမြင့်ကိုလျှောက်ဖို့ ဝန်မလေးတဲ့သူ
ဖြစ်တဲ့အတွက် အဖွဲ့အစည်းကို ကျဆုံးအောင်နင်းချေတတ်တဲ့သူဖြစ်နေပါလိမ့်မယ်

#ယုံကြည်မှုရှိပါစေ
+++++++++++++
အဖွဲ့အစည်းဖြစ်တဲ့အတွက် တစ်ဦးနဲ့တစ်ဦးယုံကြည်မှုက အရမ်းအရေးကြီးပါတယ်။ သာမန်အားဖြင့် ဘောလုံးအသင်းတစ်သင်းလိုပေါ့
သူတို့ ပာာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုသာရှိမနေဘူးဆိုရင်
ဘယ်တော့မှအောင်မြင်တဲ့  ဂိုး ကောင်းတွေကို သွင်းနိုင်မှာမပာုတ်ပါဘူး
ဘာ့ကြောင့်လဲဆိုတော့ ဂိုးရှေ့ရောက်တဲ့အထိ ဆွဲတတ်လာတဲ့ တိုက်စစ်မှူးတစ်ယောက်ပာာ တစ်ခြားဂိုးသွင်းဖို့ လူလွတ်နေတဲ့တစ်ယောက်ကို
သူမသွင်းနိုင်ပါဘူးဆိုတဲ့အတွေးနဲ့ မပေးပဲ တစ်ကိုယ်ကောင်းဆန်စွာ နဲ့ ဖြစ်သလိုကန်သွင်းမယ်ဆိုရင် ဘယ်တော့မှ ဂိုးကောင်းသွင်းနိုင်မှာမပာုတ်ပါဘူး
စီးပွားရေးမှာလည်းဒီလိုပါပဲ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိမနေပဲ
အတူလုပ်ဆောင်နေမယ်ဆိုရင်ဘယ်တော့မှအောင်မြင်ကိုရရှိနေမှာမပာုတ်ပါဘူး

#ဖေးမကူညီစိတ်ရှိဖို့ လိုတယ်
++++++++++++++++++++
အလုပ်တစ်ခုတည်းမှာ အတူလုပ်နေတာချင်းအတူတူ ကလေးမဆန်ပါနဲ့
ကလေးဘဝမှာ မုန့် စားသလိုပေါ့ တစ်ယောက်တစ်ဝက်ပိုင်းလိုက်တယ်
ကိုယ်ပာာကိုယ်စားသဘောနဲ့ခွဲဝေခဲ့ကြသလိုပေါ့။ အလုပ်လုပ်တဲ့အခါမှာ
လည်းအရေးကြီးတာတစ်ခုရှိတယ် လူကအများတဲ့ဆိုတော့ ကျွမ်းကျင်တဲ့သူ
လည်းပါမယ် မကျွမ်းကျင်တာလည်းပါမယ် အလုပ်ကို ခွဲတမ်းမျှဝေပြီး ကိုယ်ပြီးကိုယ်နားဆိုတဲ့အတွေးရှိတဲ့သူ/ ကိုယ်အရင်ပြီးရင် သူများကို ကူညီရမှာ
ဆိုလို့ အလုပ်ကို အီးလေးဆွဲပြီး လုပ်တဲ့သူတွေ Teamwork နဲ့ ဘယ်တော့မှကိုက်ညီနိုင်မှာမပာုတ်ပါဘူး။

#ခေါင်းဆောင်စိတ်ထားပါ
++++++++++++++++++
အလုပ်ဆိုတာလုပ်ယုံနဲ့မပြီးသေးဘူး။ စိတ်ဓါတ်ကောင်းရှိဖို့ လိုတယ်
အလုပ်တစ်ခုကို စပြီး ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်းသိတယ်
တကယ်လည်းလုပ်တတ်တယ်။ ဒါပေမယ့်မလုပ်ဘူး အမိန့် ပေးတဲ့သူကို
အမြဲစောင့်နေတယ် ခိုင်းမှလုပ်တယ်ဆိုတာ "နွား" နဲ့တူတယ်
တစ်ခါတစ်လေတော့လည်း ခေါင်းဆောင်တွေကိုစောင့်နေစရာမလိုပါဘူး
ကိုယ်လုပ်လို့ ရတဲ့အပိုင်းတွေကို စပြီးလုပ်ဆောင်ထားတော့လည်း
အလုပ်မြန်မြန်ပြီးတာပေါ့ ။ အဲ့ဒီလိုစိတ်ဓါတ်ရှိမနေရင် လည်း ထိုလူက
Teamwork မှာ အရေးပါနေမှာမပာုတ်ပါဘူး။

#ခံယူချက်ပြင်းထန်ရမယ်
++++++++++++++++++
အဖွဲ့အစည်းနဲ့ လုပ်တဲ့ဘယ်အလုပ်မဆို အစမှာတော့ အားငယ်စိတ်ရှိနေမှာပဲ
ဘာ့ကြောင့်လဲဆိုတော့ လူအစုံ စရိုက်အစုံရှိနေလို့ ပါပဲ ။ တစ်ချို့က ခံယူချက်မရှိ
ဘူး အလုပ်ဆိုလို့ သာ ဝင်လုပ်နေပဲရှိနေတာ ။ တကယ်တမ်း သိထားရမှာက
ကိုယ်လုပ်ရမယ့် project တိုင်းကိုအောင်မြင်အောင်လုပ်ဆောင်ဖို့ အတွက်
ဘယ်လိုသင်ယူပြီး ဘယ်လို လုပ်ဆောင်ရမလဲဆိုတဲ့အချက်သာ ဂရုစိုက်သင့်တာပါ။ ဒီလိုခံယူချက်မရှိတဲ့သူတွေဆိုရင်တော့ အလုပ်လုပ်နေလဲ
အလကားလအားအင်ကုန်ခမ်းတာပဲ ရှိနေပါလိမ့်မယ် ။ အကျိုးသက်ရောက်မှု
ကောင်းတွေတော့ ရှိလာနိုင်မှာမပာုတ်ပါဘူး။

#ဘော်လီဘောမပုတ်ပါနဲ့
++++++++++++++++++
ဒီအချက်လည်းသတိထားစေချင်ပါတယ် လုပ်ငန်းတစ်ခုမှာ နေ့ စဉ်နဲ့အမျှ
အခက်ခဲတွေ ပြဿနာတွေဆိုတာ ရှိစမြဲပါ ။ ဒါကို ခေါင်းရှောင်နေရင်
ပြဿနာတွေငြိမ်းသွားမှာမပာုတ်ပါဘူး ပိုကြီးလာဖို့ ပဲရှိတယ် ။
ခေါင်းရှောင်တယ်ဆိုတာ တစ်ယောက်ကိုယောက် တာဝန်တွေဆင့်ကဲလွှဲပေး
နေတဲ့အဖြစ်မျိုးပါပဲ ။ ဖြစ်သင့်တာက ကိုယ်တိုင်ရှင်းလို့ ရမယ်ဆိုရှင်းလိုက်
မရဘူးဆိုရင် အဖွဲ့အစည်းနဲ့ တိုင်ပင်ပြီး ရှင်းလိုက်ပေါ့ ။ အဲ့လိုမှမပာုတ်ပဲ
တစ်ဦးနဲ့တစ်ဦးပြဿနာကို ဘော်လီဘောလို ပုတ်နေရင်တော့ ဒီ Teamwork
ပာာကြာရင် ပြဿနာတွေကြားမှာ ပျက်ဆီးသွားပါလိမ့်မယ်။

#ကုန်းတိုက် အပြစ်မမြင်ပါနဲ့
+++++++++++++++++++
Teamwork အဖွဲ့အစည်းတစ်ခုမှာ သိပ်ကို အရေးကြီးပါတယ်
ဒီအချက်သာ ရှိနေရင် အားလုံး ကျဆုံးဖို့ ကအလွယ်လေးပဲ
ဘယ်လောက်အောင်မြင်တဲ့ လုပ်ငန်းကြီးပဲဖြစ်နေပါစေ
ကုန်းတိုက်သွေးကွဲစကားတွေများလာမယ်ဆိုရင်တော့
ဒီလုပ်ငန်းစုပာာ ကျဆုံးဖို့  ၅၀ % လောက်သေချာနေပါပြီး
ဒီအချက်တွေဖြစ်လာဖို့ အတွက် မပြောပလောက်တဲ့ အနာအစာလေးတွေ
ကို အကျယ်တစ်ဝန်း ချဲ့ထွင်ပြောဆိုခြင်းတွေက တစ်ဆင့် ဖြစ်လာတာပါပဲ
နောက်ပိုင်းမှာတော့ သူ့ အကြောင်းငါပြော ငါ့အကြောင့်သူပြောကနေ
ပြဿနာတွေကို ဖန်တီးပြီးပျက်ဆီးဖို့ အချိန်ကျလာပါလိမ့်မယ်
ဒါ့ကြောင့် ဒီအချက် တွေရှိနေရင် အဖွဲ့အစည်းတစ်ခုပာာဘယ်တော့မှ
အောင်မြင်မှုကို တည်မြဲစွာပိုင်ဆိုင်နိုင်မှာမပာုတ်ပါဘူး။

#သင့် အနေနဲ့ Teamwork တစ်ခုနဲ့ လက်တွဲလုပ်ဆောင်ချင်တယ်ဆိုရင်
#ဒီအချက်တွေကို သတိပြုရှောင်ရှားစေခြင်းဖြင့် မိမိလုပ်ငန်းကို
#ဆထက် တန်ခိုးတိုးပြီးအောင်မြင်စွာနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေ