cross

cross

1

2

3

4

Saturday, May 23, 2020

ဟာသ

ဒေါ်လာဘီလီယံပေါင်းများစွာ ချမ်းသာတဲ့ 
သူဌေးကြီးတစ်ယောက်ဟာ သူဝါသနာပါလို့ မွေးမြူထားတဲ့ မိချောင်းတွေထားတဲ့ကန်အလယ်ကအဆောက်အဦးပေါ်မှာ 
သူ့ရဲ့မွေးနေ့ပါတီပွဲကျင်းပနေပါတယ်

လူတွေက သူမွေးထားတဲ့မိချောင်းတွေကို အဆောက်အဦးပေါ်ကနေ တအံ့တဩအထိတ်တလန့်နဲ့ ကြည့်နေကြတာပေါ့

အဲဒီအချိန်မှာ သူဌေးက အစီအစဉ်တခုကို ရုတ်တရက်ကြေငြာလိုက်ပါတယ်

မိတ်ဆွေများခင်ဗျား
ယခုရောက်ရှိနေတဲ့နေရာကနေ ကန်ထဲကိုခုန်ချပီး ကန်ဘောင်ပေါ်ကိုရောက်အောင်သွားနိုင်တဲ့သူကို ဆုအဖြစ် ဒေါ်လာနှစ်သန်းပေးမှာဖြစ်ပီး
ကန်ဘောင်ကိုရောက်အောင်မသွားနိုင်ပဲ မိချောင်းအကိုက်ခံရလို့ အသက်ဆုံးရှူံးသွားမယ်ဆိုရင်တော့ ကျန်ရစ်တဲ့မိသားစုကို ထောက်ပံ့ကြေးအဖြစ် ဒေါ်လာတသန်း ပေးအပ်မှာဖြစ်ပါတယ် စိတ်ဝင်စားသူများအစီအစဉ်မှာ ပါဝင်စွန့်စားနိုင်ကြပါတယ်ခင်ဗျား..

သူဌေးရဲ့စကားအဆုံးမှာပဲ လူတယောက်ဟာရေထဲကို ဝုန်း ကနဲခုန်ချပီး ကန်ဘောင်ကိုရောက်ဖို့ အသဲအသန်ကူးခတ်နေပါတယ်

ကံအားလျော်စွာပဲ အဲဒီလူဟာ ကန်ဘောင်ပေါ်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်

အခမ်းအနားတက်ရောက်လာသူတွေက သူ့ရဲ့ ရဲရင့်စွာစွန့်စားတဲ့သတ္တိကို ချီးကျူးဂုဏ်ပြုဩဘာပေးနေကြသလို
သူဌေးကလဲ သူ့ဂတိအတိုင်း ဒေါ်လာနှစ်သန်းတန် ချက်လက်မှတ်ရေးပီး ဂုဏ်ပြုလိုက်ပါတယ်

အဲဒီလူဟာ ဒေါ်လာနှစ်သန်းတန်ချက်လက်မှတ်ကို ကတုန်ကယင် ကိုင်ထားပီး ပရိတ်သတ်ဖက်ကိုကြည့်ကာ အသံတုန်ကြီးနဲ့ မေးလိုက်ပါတယ်

...ကျနော့်ကိုအနောက်ကတွန်းချလိုက်တာဘယ်သူလဲ...😖

အဲဒီအခါ သူ့လက်ထဲက ချက်လက်မှတ်ကိုလာယူပီးတော့ ဆလင်းဘတ်အိပ်ထဲထည့်ရင်း အမျိုးသမီးတယောက်ကပြောလိုက်ပါတယ်

ရှင့်ကိုတွန်းချလိုက်တာ ကျမပဲ...တဲ့😱

အဲဒီအမျိုးသမီးဟာအဲဒီလူရဲ့မိန်းမပဲဖြစ်ပါတယ်

အဲဒီဖြစ်စဉ်ကိုမြင်တွေ့လိုက်ရတဲ့ပရိတ်သတ်တွေကတော့...☝

အောင်မြင်တဲ့ယောင်္ကျားတယောက်ရဲ့နောက်ကွယ်မှာ
တွန်းအားပေးနိုင်တဲ့မိန်းမတယောက် ရှိနေဖို့လိုတယ်ဆိုတာကို အကြွင်းမဲ့လက်ခံသွားပါတော့တယ်ဗျာ😁

😁😁😁
#credit

Friday, May 22, 2020

မျောက်ကုန်သည်

"မျောက်ကုန်သည်"
။။။။။။။။။။။။။။။။။။။။။။

တစ်ရံရောအခါက ရွာတစ်ရွာတွင် လူတစ်ယောက်ရောက်လာပြီး
မျောက်တစ်ကောင် ငွေ ၅၀၀၀ နှင့် ဝယ်မည်ဟု ကြေငြာသည်။

ရွာသားများလည်း မျောက်ပေါသည့်နယ်ဖြစ်သဖြင့်
တောထဲသွားပြီး မျောက်ဖမ်းကြသည်။

ထိုလူလည်း မျောက်ကောင်ရေ ထောင်ချီပြီး 
တစ်ကောင် ၅၀၀၀ နှုန်းဖြင့် ဝယ်လိုက်သည်။ 

မျောက်များ 
အလွယ်တကူ ဖမ်းမရတော့ချိန်တွင် ရွာသားများလည်း 
ဆက်မဖမ်းတော့ပေ။

ထို့နောက် ထိုလူပင် ထပ်ကြေငြာသည်။

 မျောက်တစ်ကောင် 
၁၀,၀၀၀ ဖြင့်ဝယ်မည်ဟု

 ရွာသားများလည်း မျောက်များကို 
ခဲရာခဲဆစ် ဖမ်းရောင်းကြပြန်သည်။

 မျောက်တွေ တော်တော်ကြီး 
ရှားသွားတော့မှ ရွာသားများ လက်လျှော့သည်။

ထိုလူလည်း ဆက်ဝယ်မည်ဆို၏။ 

စျေးက တစ်ကောင် ၁၅,၀၀၀ ပေးမည်။ မျောက်များရှားသွားလိုက်သည်မှာ 
ဖမ်းဖို့ မပြောနှင့် မြင်ရဖို့တောင် အနိုင်နိုင်ဖြစ်သွားသည်။

နောက်ဆုံး ထိုလူ ထပ်ကြေငြာသည်။

မျောက်တစ်ကောင် ၅၀,၀၀၀ ပေးမည်တဲ့။

သို့သော် သူ ခရီးသွားစရာရှိသဖြင့် အရောင်းအဝယ်ကိစ္စကို 
သူ့လက်ထောက်နှင့်လုပ်ရန် မှာသွားသည်။

ထိုလူသွားသော် လက်ထောက်က ရွာသားများကိုပြောသည်။

"ဒီလိုလုပ် ခင်ဗျားတို့ မျောက်လည်းရှာမတွေ့တော့ဘူးဆိုတော့ 
ကျွန်တော် ဂွင်တစ်ခုပေးမယ်။

 ကျွန်တော့် ဆရာဝယ်ထားတဲ့
မျောက်တွေ တွေ့တယ်မဟုတ်လား။

 ကျွန်တော် ခင်ဗျားတို့ကို 
တစ်ကောင် ၃၀,၀၀၀ နဲ့ ပြန်ရောင်းပေးမယ်။

 ဆရာပြန်လာမှ 
သူ့ကို ခင်ဗျားတို့ ၅၀,၀၀၀ နဲ့ရောင်းပေါ့။ 
၂၀,၀၀၀ တောင်မှမြတ်မှာနော်။ 
ခင်ဗျားတို့ကို စေတနာရှိလို့ အကြံပေးတာပါ။"

ရွာသားများလည်း ရှိသမျှပိုက်ဆံထုတ်ပြီး တိုးဝှေ့ဝယ်ကြရာ
မျောက်တစ်ကောင်တောင် မကျန်ချေ။

ထိုနေ့မှစ၍ ရွာသားများလည်း ဆရာနှင့် လက်ထောက်ကို 
ထပ်မတွေ့ရတော့ပဲ 
"ဘယ်နေရာကြည့်ကြည့် တွေ့ရသည်မှာ
မျောက်များသာဖြစ်လေသည်။"

(Chilly Chan - Chilly's Joke Corner)

********************************************************

“လူတစ်ယောက်ဟာ မရသင့်တဲ့ ပစ္စည်းကိုလောဘကပ်နေပြီဆိုရင် 
ထိုသူ အလိမ်ခံရဖို့ နီးစပ်နေပါပြီ ။ 

သတိသာ ထားဖို့ပြင်ပေတော့ ။ 
ဘာလို့လဲဆိုရင် လူလိမ်တွေက လောဘနဲ့မျှားပြီး 
ကတုံးပေါ် ထိပ်ကွက်တတ်လို့ပါပဲ ။”
Crd Aung Kyaw Moe

#ခရီးသည်

Friday, May 15, 2020

မင်းဟာ အမြင့်မှာနေရင် လေတိုက်ခံရမယ်အနိမ့်မှာနေရင် လှံစိုက်ခံရမယ်။

မင်းဟာ အမြင့်မှာနေရင် လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ်။

အလယ်မှာနေရင် မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်
ဘေးထွက်နေရင် မကောင်းပြောကြလိမ့်မယ်။

မင်းကမနေနိုင်လို့လုပ်ပေးတော့ 
အရူးထနေတာလို့ပြောကြမယ်
မင်းဘာမှမလုပ်ပဲနေတော့ 
မင်းကို ငပျင်းလို့ပြောကြလိမ့်မယ် ။

ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က 
ချီးမွန်းတဲ့စကားထက် မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မှားကွက်ကို စောင့်နေကြတယ် ။
မင်းအောင်မြင်နေတဲ့အချိန် မင်းကိုကပ်ဖားပြီး
မင်းကျရှုံးတဲ့အချိန် မင်းကိုနှာခေါင်းရှုံ့ကြလိမ့်မယ် ။ ။

မျက်နှာဖုံးစွပ်တွေများတဲ့လောကကြီးထဲမှာ
မိတ်ဆွေကောင်း အင်မတန်ရှားပါးတယ် ။ 

မင်းမှန်တယ်ထင်ရင် တကယ်လည်းမှန်နေရင်
ပတ်ဝန်းကျင်ကို မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။

မင်းစားနေတဲ့ထမင်းလုပ်အတွက်
မင်းကိုယ်တိုင် ကိုယ့်ဒူးကိုယ်ချွန်နေတာမို့
မင်းမှာ အဲ့လောက်တော့ မာန ရှိသင့်တယ် ။ ။

အထီးကျန်နေရလို့လည်း စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့ ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက ပိုကောင်းပါတယ် ။ ။

ရုန်းကန်လှုပ်ရှားရအကောင်းဆုံးအရွယ်မှာ
ဇိမ်ခံသက်သာတဲ့လမ်းကို မင်းမရွေးပါနဲ့
တစ်သက်လုံး ရေလိုက်ငါးလိုက်နေသွားဖို့က
လွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ 
မင်းအတွက်ခက်ခဲသွားလိမ့်မယ် ။ ။

Mahatma Gandhi ရဲ့အဆိုအမိန့်တစ်ခုရှိတယ်

" The future depends on what you do today "

" မင်းရဲ့အနာဂါတ်ဟာ 
မင်းဒီနေ့လုပ်ရပ်အပေါ်မှာပဲမူတည်ပါတယ် " တဲ့

ပြဿနာတိုင်းကို အပြုံးလေးနဲ့ဖြေရှင်းလိုက်
ပြုံးနေခြင်းက မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့် မဲ့ပြုံးတော့မဖြစ်စေနဲ့ပေါ့ ။ ။

မင်းပတ်ဝန်းကျင်ကလူတွေကြောင့် စိတ်မညစ်နဲ့
လူတိုင်းက ကိုယ်နဲ့ ထပ်တူမကျနိုင်ဘူးဆိုတာ
မင်းမမေ့နဲ့
မင်းရင့်ကျက်လာတာနဲ့အမျှ 
မင်းပတ်ဝန်းကျင်က မင်းကိုမုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာပြုသွားနိုင်မှာပါ.....။
credit#
photo crd#