cross

cross

1

2

3

4

Thursday, October 22, 2020

သိန်းငှက်ပေါ်ကို တက်ပြီး ကိုက်ရဲတာ ကျီးကန်းဘဲ ရှိတယ်။

(ကြိုက်လို့ ယူပြီး ပြန်တင်တာပါ။)

သိန်းငှက်ပေါ်ကို တက်ပြီး ကိုက်ရဲတာ 
ကျီးကန်းဘဲ ရှိတယ်။

အဲဒီလို ဖြစ်လာရင် သိန်းငှက်ဟာ 
သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီး
ကျီးကန်းကို ပြန်မတိုက်ခိုက်ဘူးတဲ့..

အတောင်ပံကို ဖြန့်ပြီး 
အမြင့်သထက် မြင့်အောင် 
အပေါ်ကို ရောက်အောင် ထပ်ပျံတယ်။

အမြင့် ရောက်သွားတဲ့အခါ 
အောက်စီဂျင် နည်းသွားတဲ့ ကျီးကန်းဟာ 
သူ့ဟာသူ ပြုတ်ကျ သွားတယ်လို့ ဆိုတယ်။

သိန်းငှက်ဆီက သင်ခန်းစာ ယူပါ။
ကျီးကန်နဲ့ ရန်မဖြစ်ပါနဲ့။
အမြင့်ကိုသာ ဆက်တက်ပါ

ကိုယ့်ကို လာ တိုက်ခိုက်သူတွေကို
 ပြန် မတိုက်ခိုက်ပါနဲ့
အမြင့်ဆုံးသာ တက်လှမ်းပါ
သူ့ဟာသူ ပြုတ်ကျ ကျန်လိမ့်မယ်။

သတိပြုရမှာက ကိုယ်တိုင်က
သိန်းငှက်လိုမျိုး အမြင့်ပျံနိုင်တဲ့
အရည်အချင်းရှိအောင် ဖြည့်ဖို့လိုပါတယ်

မူရင်း တင်သူ Credit ပါ

Tuesday, October 13, 2020

ပိုက်ဆံရှာပါ....

ပိုက်ဆံရှိမှဖြစ်တော့မယ်လို့တွေးမိတဲ့အချိန်ဟာ
ခရီးတစ်ခုကိုစတင်ဖို့လက်မှတ်စဝယ်တာနဲ့တူပါတယ်။
လောကမှာပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်...။

💵
မိသားစုထဲမှာကြည့်ပါ။
ပိုက်ဆံရှာနိုင်တဲ့သူကပိုအရေးပါအရာရောက်ပါတယ်...။

💵
အပေါင်းအသင်းတွေကြားထဲကြည့်ပါ။
ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်..။

💵
လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါ။
ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်...။

💵
ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ...။

💵
ဘယ်နည်းနဲ့ကြည့်ကြည့်သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်..။

💵
သင်ပိုက်ဆံရှိမှ
သင်ချစ်တဲ့သူတွေအတွက်
သင်လုပ်ချင်တဲ့အရာတွေအတွက်
သင်ပြောချင်တဲ့စကားတွေအတွက်
သင်လိုချင်တဲ့အရာတွေအတွက်
အားလုံးမဟုတ်ရင်တောင်
တော်တော်များများလုပ်လို့ရမှာပါ...။

💵
"#ခင်မင်မှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့ လူတော်တော်များများကတော့ ငွေရှိရင် ပိုခင်ကြပါတယ်...။

💵
"#ရိုးသားမှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့ လူအများစုကတော့ မရိုးသားရင်တောင်ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး...။

💵
"#ပညာကပိုအရေးကြီးတယ်"
ဟုတ်ကဲ့ ငွေရှိမှပညာသင်လို့ရတဲ့ခေတ်မှာ
ပညာရွှေအိုးက ငွေရှိမှဝယ်လို့ရတာပါ...။

💵
"#ကိုယ်ကျင့်တရားကအရေးအကြီးဆုံး"
ဟုတ်ကဲ့ ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေငွေရှိလာရင် အမှန်တရားကရောက်လာဖို့ခြေလှမ်းသိပ်နှေးလွန်းပါတယ်...။

💵
"#အချစ်ကအရေးကြီးတယ်"
ဟုတ်ကဲ့ ရယ်စရာအကောင်းဆုံးပြက်လုံးပါ။
လူအားလုံးလိုလိုကတော့..
ငွေမရှိရင် ရုပ်ဆိုးတယ်လို့မြင်တယ်
ငွေမရှိရင် နံတယ်လို့ထင်တယ်
ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်
ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး...။

💵
ဒါပါဘဲ
ဘယ်နည်းနဲ့တွေးတွေး
ဘယ်ဖက်ကတွေးတွေး
ငွေရှိမှ အရာအားလုံးလိုလိုအဆင်ပြေနိုင်ပါမယ်...။

💵
တသောင်း ဆယ်ခါဖြုန်းရင် တသိန်းပါ။
တသိန်း ဆယ်ခါဆို ၁၀သိန်းပါ...။

💵
ကျွန်တော်တို့ အများကြီးဖြုန်းခဲ့ပြီးပါပြီ...။

💵
မလိုတာတွေဝယ်ခဲ့ဖူးတယ်..။

💵
မတန်တာတွေ စားခဲ့ဖူးတယ်။

💵
မတန်တာတွေ ဝယ်ဝတ်ခဲ့ဖူးတယ်..။

💵
မရှိရင်လည်း ချေးငှားပြီးပျော်ခဲ့ဖူးတယ်..။

💵
သဒ္ဓါမပါဘဲ ကြွားဝါပြီးလှူခဲ့ကြဖူးတယ်..။

💵
အားနာပြီး ကုန်ခဲ့ကြဖူးတယ်..။

💵
အချိန်တန်တော့
ကျွန်တော်တို့ဆီမှာ ဘာမှအဖက်တင်မကျန်ခဲ့ဘူး..။

💵
အသုံးနိုင်ဆုံးဆုလည်းမရခဲ့ဘူး..။

💵
အစားနိုင်ဆုံး ဆုလည်းမရခဲ့ပါဘူး..။

💵
အဝတ်နိုင်ဆုံးဆိုပြီးလည်းကမ္ဘာမကျော် နိုင်ငံမကျော်ခဲ့ပါဘူး..။

💵
သူ့နေရာနဲ့သူ သုံးသင့်တဲ့နေရာသုံး မဖြုန်းသင့်တဲ့နေရာ မဖြုန်းဘဲ
စနစ်တကျစုဆောင်းသွားတဲ့သူတွေ အလုပ်လုပ်သွားတဲ့သူတွေကသာ
သူဌေးဖြစ်ပြီး နာမည်ကျော်သွားတာပါ..။

💵
ကျွန်တော်တို့ဖြုန်းခဲ့တဲ့အတွက်
ဘာရလိုက်သလဲ...?

💵
ဒါ့ကြောင့်...
ကျွန်တော်တို့ သိပ်နောက်မကျခင်ငွေစစုကြရအောင်လား..

Credit: မူရင်းရေးသားသူ။

Monday, August 17, 2020

တန်ဖိုးနှင့်နေရာ

ဖခင်တစ်ဦးက သူ့သမီးကို ဂိုဒေါင်ထဲမှာ ရပ်ထားတဲ့ ကားတစ်စီးကို ပြကာ ခုလိုပြောပါတယ်။ သမီးကျောင်းပြီးသွားလို့ ဂုဏ်ပြုလက်ဆောက်အဖြစ် ဒီကားကို ပေးမယ်။ သမီးမမွေးခင်ကတည်းက သမီးအတွက်ဆိုပြီး ဝယ်ထားခဲ့တာ။ တခါမှမသုံးပဲ သိမ်းပေးထါးတယ်လို့ ဆိုပါတယ်

ဖခင်က သမီးရေ ကားကို အပိုင်မပေးခင် ဒီကားဘယ်လောက်တန်လဲ သိရအောင် တစ်ပတ်နွမ်းကားစျေးတန်းမှာ သွားပြကြည့်ပါ။ သူ့သမီးက တစ်ပတ်နွမ်းကားစျေးတန်းမှာ သွားပြပြီး အဖေရေ သူတို့က ဒေါ်လာ တစ်ထောင်ပေးမယ် လို့ပြောကြပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ကားက နည်းနည်းဟောင်းနေလို့တဲ့။

 ဒါနဲ့သူ့အဖေက သမီးရေ အပေါင်ဆိုင်ကို သွားပြကြည့်ပါအုံးလို့ ခိုင်းပြန်ပါတယ်။ သမီးက အပေါင်ဆိုင်ကိုသွားပြခဲ့ပြီး အဖေရေ သူတို့က ဒေါ်လာတစ်ရာပေးမယ်လို့ပြောကြတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ကားကအိုနေလို့တဲ့။

ဖခင်က သမီးရေ ဒီတစ်ခါတော့ ကားပြပွဲ အသင်းများဆီကို ယူသွားကြည့်ပါလို့ ဆိုပြန်ပါတယ်။ ကားပြပွဲအသင်းဆီကို ကားကိုပြပြီး သမီးက စိတ်လှုပ်ရှားစွာ ပြန်လာတယ်။ အဖေ အဖေ သူတို့က ကားကို ဒေါ်လာ တစ်သိန်းပေးမယ်ဆိုကြတယ်။ ဘာလို့လဲဆိုတော့ ဒီကားက Nissan Skyline R34 ရောင်းရအကောင်းဆုံးနဲ့ ခုဆိုရှားပါးကားဖြစ်တယ် လို့ ဆိုကြတယ်တဲ့။ 

ဖခင်က ''သမီးရေ မှန်ကန်တဲ့နေရာမှာသာ မှန်ကန်တဲ့ တန်ဖိုးထားမှုခံရတယ်။ မိမိအား တန်ဖိုးမထားကြရင် ဝမ်းမနည်းပါနဲ့ စိတ်မဆိုးပါနဲ့။ ဘာလို့လဲ ဆိုတော့ အဲ့ဒီနေရာက ကိုယ့်အတွက် နေရာမှန်မဟုတ်လို့ပါ။ သင့်ကိုတန်ဖိုးထားတဲ့ နေရာသည် သင်၏တန်ဖိုးကိုအသိအမှတ်ပြုတဲ့နေရာဖြစ်သည်။ သင်၏တန်ဖိုးကို မသိနားမလည်တဲ့ နေရာမှာကြာကြာ မနေပါနဲ့''.. . ဟု ဆိုပါတယ်


Friday, July 24, 2020

သူငယ်ချင်း (၈) မျိုး

👑(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း  

✅  သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီ အားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစား လို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြား ဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်း ဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေ ပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူ ဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်း ဖြစ်တယ်။

👑(၂) ဖေးမကူညီတဲ့သူငယ်ချင်း 

✅  သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်း စကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ" ဆိုတဲ့ အချင်းချင်း ကူညီအားပေးတဲ့သူ ဖြစ်တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲ တွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေ ဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေး ဖြစ်တယ်။
 
👑(၃) စိတ်တူကိုယ်တူတဲ့သူငယ်ချင်း 

✅  သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်း ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်း တူတယ်။ ဒါကို "နားလည်မှု" လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီး ကျတယ်။ စိတ်ချင်း ကူညီအားပေးတဲ့ ခံစားမှုမျိုး ကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစား နိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည် ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်း စေပါတယ်။
   
👑(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း 

✅  ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစား ဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေ ဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။
    
👑(၅) အားပေးဖော် သူငယ်ချင်း 

✅   ဒီလိုလူမျိုးက သင့်ကိုပေါ့ပါး လန်းဆန်းစေတဲ့ သူငယ်ချင်း ဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီး ပြီးတာနဲ့ သင့်ကို တခြား စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်ဆက် ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေ ဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံး နားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့ အရာတွေကို ထွက်ပေါက်ပေး စေတယ်။ သင့်ရဲ့ တည်ငြိမ် အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။   

👑(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း  

✅  သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့ အခွင့်အရေးတွေကို တွေ့မြင်စေတဲ့ သူငယ်ချင်း ဖြစ်တယ် ။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့ မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်" ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်း ဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့ စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်း ကြည့်တတ်ဖို့ သင်ပေးသူတွေ ဖြစ်တယ်။  

👑(၇) လမ်းပြသူ သူငယ်ချင်း 

✅ သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်း ကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုး ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစား ဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့ အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့ မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါ ကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါ ပဲဖြစ်ဖြစ် သူတို့ကို သင် ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီ သန့်ရှင်းပေးပြီး ကြည်လင်တဲ့ ဖက်ကို လမ်းညွှန်ပေးတယ်။
      
👑(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း  

 ✅ ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူ ရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက် ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထား ရှိတယ်။ သူတို့ကို သင်ဘယ်အချိန် သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကို နွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်း ဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကား များများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ် ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်း စေပါတယ်။
   
✅ သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထား မြတ်နိုးလိုက်ပါ။   
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
True War
သူငယ်ချင်း (၈) မျိုး
 🇲🇲🇲🇲🇲🇲🇲🇲🇲🇲 




 

   

    




👑(၇) လမ်းပြသူ သူငယ်ချင်း 

      

   
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
True War

Saturday, June 13, 2020

မ‌ကောင်းမမြင်ပါနဲ့

လူတစ်ယောက်ကို
သေချာမကြည့်ပဲ မသိပဲ
မကောင်း မမြင်ပါနဲ့..... 

ဒီပုံကိုကြည့်တဲ့သူကပထမဆုံးကြည့်
ကြည့်ချင်းမျဉ်းတွေစောင်းနေတယ်လို့
ပြောမှာပါ.

ဒါပေမယ့်မျဉ်းတစ်ကြောင်းချင်းကို
သေချာပြန်ကြည့်မယ်ဆိုမျဉ်းတွေကတည့်မတ်စွာရှိနေတာကိုတွေ့
ရပါလိမ့်မယ်.

ဒီပုံကလူတွေကိုပထမဆုံးအကြည့်
တစ်ချက်ထဲနဲ့မကောင်းမြင်တတ်ကြ
သူတွေအတွက်ပါ...!

အမှန်တော့ရှေ့ကလူကအကောင်းပါ
ချွတ်ယွင်းချက်ကကြည့်တဲ့သူရဲ့
မျက်စိမှာဖြစ်နေတာပါ..!

တစ်ခြားသူတစ်ယောက်ကို
မှတ်ချက်ပေးတာ
မစောဖို့လိုပါတယ်......

သေသေချာချာမသိပဲ
မကြည့်ပဲ အမြင် မစောင်းပါနဲ့....

Saturday, May 23, 2020

ဟာသ

ဒေါ်လာဘီလီယံပေါင်းများစွာ ချမ်းသာတဲ့ 
သူဌေးကြီးတစ်ယောက်ဟာ သူဝါသနာပါလို့ မွေးမြူထားတဲ့ မိချောင်းတွေထားတဲ့ကန်အလယ်ကအဆောက်အဦးပေါ်မှာ 
သူ့ရဲ့မွေးနေ့ပါတီပွဲကျင်းပနေပါတယ်

လူတွေက သူမွေးထားတဲ့မိချောင်းတွေကို အဆောက်အဦးပေါ်ကနေ တအံ့တဩအထိတ်တလန့်နဲ့ ကြည့်နေကြတာပေါ့

အဲဒီအချိန်မှာ သူဌေးက အစီအစဉ်တခုကို ရုတ်တရက်ကြေငြာလိုက်ပါတယ်

မိတ်ဆွေများခင်ဗျား
ယခုရောက်ရှိနေတဲ့နေရာကနေ ကန်ထဲကိုခုန်ချပီး ကန်ဘောင်ပေါ်ကိုရောက်အောင်သွားနိုင်တဲ့သူကို ဆုအဖြစ် ဒေါ်လာနှစ်သန်းပေးမှာဖြစ်ပီး
ကန်ဘောင်ကိုရောက်အောင်မသွားနိုင်ပဲ မိချောင်းအကိုက်ခံရလို့ အသက်ဆုံးရှူံးသွားမယ်ဆိုရင်တော့ ကျန်ရစ်တဲ့မိသားစုကို ထောက်ပံ့ကြေးအဖြစ် ဒေါ်လာတသန်း ပေးအပ်မှာဖြစ်ပါတယ် စိတ်ဝင်စားသူများအစီအစဉ်မှာ ပါဝင်စွန့်စားနိုင်ကြပါတယ်ခင်ဗျား..

သူဌေးရဲ့စကားအဆုံးမှာပဲ လူတယောက်ဟာရေထဲကို ဝုန်း ကနဲခုန်ချပီး ကန်ဘောင်ကိုရောက်ဖို့ အသဲအသန်ကူးခတ်နေပါတယ်

ကံအားလျော်စွာပဲ အဲဒီလူဟာ ကန်ဘောင်ပေါ်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်

အခမ်းအနားတက်ရောက်လာသူတွေက သူ့ရဲ့ ရဲရင့်စွာစွန့်စားတဲ့သတ္တိကို ချီးကျူးဂုဏ်ပြုဩဘာပေးနေကြသလို
သူဌေးကလဲ သူ့ဂတိအတိုင်း ဒေါ်လာနှစ်သန်းတန် ချက်လက်မှတ်ရေးပီး ဂုဏ်ပြုလိုက်ပါတယ်

အဲဒီလူဟာ ဒေါ်လာနှစ်သန်းတန်ချက်လက်မှတ်ကို ကတုန်ကယင် ကိုင်ထားပီး ပရိတ်သတ်ဖက်ကိုကြည့်ကာ အသံတုန်ကြီးနဲ့ မေးလိုက်ပါတယ်

...ကျနော့်ကိုအနောက်ကတွန်းချလိုက်တာဘယ်သူလဲ...😖

အဲဒီအခါ သူ့လက်ထဲက ချက်လက်မှတ်ကိုလာယူပီးတော့ ဆလင်းဘတ်အိပ်ထဲထည့်ရင်း အမျိုးသမီးတယောက်ကပြောလိုက်ပါတယ်

ရှင့်ကိုတွန်းချလိုက်တာ ကျမပဲ...တဲ့😱

အဲဒီအမျိုးသမီးဟာအဲဒီလူရဲ့မိန်းမပဲဖြစ်ပါတယ်

အဲဒီဖြစ်စဉ်ကိုမြင်တွေ့လိုက်ရတဲ့ပရိတ်သတ်တွေကတော့...☝

အောင်မြင်တဲ့ယောင်္ကျားတယောက်ရဲ့နောက်ကွယ်မှာ
တွန်းအားပေးနိုင်တဲ့မိန်းမတယောက် ရှိနေဖို့လိုတယ်ဆိုတာကို အကြွင်းမဲ့လက်ခံသွားပါတော့တယ်ဗျာ😁

😁😁😁
#credit

Friday, May 22, 2020

မျောက်ကုန်သည်

"မျောက်ကုန်သည်"
။။။။။။။။။။။။။။။။။။။။။။

တစ်ရံရောအခါက ရွာတစ်ရွာတွင် လူတစ်ယောက်ရောက်လာပြီး
မျောက်တစ်ကောင် ငွေ ၅၀၀၀ နှင့် ဝယ်မည်ဟု ကြေငြာသည်။

ရွာသားများလည်း မျောက်ပေါသည့်နယ်ဖြစ်သဖြင့်
တောထဲသွားပြီး မျောက်ဖမ်းကြသည်။

ထိုလူလည်း မျောက်ကောင်ရေ ထောင်ချီပြီး 
တစ်ကောင် ၅၀၀၀ နှုန်းဖြင့် ဝယ်လိုက်သည်။ 

မျောက်များ 
အလွယ်တကူ ဖမ်းမရတော့ချိန်တွင် ရွာသားများလည်း 
ဆက်မဖမ်းတော့ပေ။

ထို့နောက် ထိုလူပင် ထပ်ကြေငြာသည်။

 မျောက်တစ်ကောင် 
၁၀,၀၀၀ ဖြင့်ဝယ်မည်ဟု

 ရွာသားများလည်း မျောက်များကို 
ခဲရာခဲဆစ် ဖမ်းရောင်းကြပြန်သည်။

 မျောက်တွေ တော်တော်ကြီး 
ရှားသွားတော့မှ ရွာသားများ လက်လျှော့သည်။

ထိုလူလည်း ဆက်ဝယ်မည်ဆို၏။ 

စျေးက တစ်ကောင် ၁၅,၀၀၀ ပေးမည်။ မျောက်များရှားသွားလိုက်သည်မှာ 
ဖမ်းဖို့ မပြောနှင့် မြင်ရဖို့တောင် အနိုင်နိုင်ဖြစ်သွားသည်။

နောက်ဆုံး ထိုလူ ထပ်ကြေငြာသည်။

မျောက်တစ်ကောင် ၅၀,၀၀၀ ပေးမည်တဲ့။

သို့သော် သူ ခရီးသွားစရာရှိသဖြင့် အရောင်းအဝယ်ကိစ္စကို 
သူ့လက်ထောက်နှင့်လုပ်ရန် မှာသွားသည်။

ထိုလူသွားသော် လက်ထောက်က ရွာသားများကိုပြောသည်။

"ဒီလိုလုပ် ခင်ဗျားတို့ မျောက်လည်းရှာမတွေ့တော့ဘူးဆိုတော့ 
ကျွန်တော် ဂွင်တစ်ခုပေးမယ်။

 ကျွန်တော့် ဆရာဝယ်ထားတဲ့
မျောက်တွေ တွေ့တယ်မဟုတ်လား။

 ကျွန်တော် ခင်ဗျားတို့ကို 
တစ်ကောင် ၃၀,၀၀၀ နဲ့ ပြန်ရောင်းပေးမယ်။

 ဆရာပြန်လာမှ 
သူ့ကို ခင်ဗျားတို့ ၅၀,၀၀၀ နဲ့ရောင်းပေါ့။ 
၂၀,၀၀၀ တောင်မှမြတ်မှာနော်။ 
ခင်ဗျားတို့ကို စေတနာရှိလို့ အကြံပေးတာပါ။"

ရွာသားများလည်း ရှိသမျှပိုက်ဆံထုတ်ပြီး တိုးဝှေ့ဝယ်ကြရာ
မျောက်တစ်ကောင်တောင် မကျန်ချေ။

ထိုနေ့မှစ၍ ရွာသားများလည်း ဆရာနှင့် လက်ထောက်ကို 
ထပ်မတွေ့ရတော့ပဲ 
"ဘယ်နေရာကြည့်ကြည့် တွေ့ရသည်မှာ
မျောက်များသာဖြစ်လေသည်။"

(Chilly Chan - Chilly's Joke Corner)

********************************************************

“လူတစ်ယောက်ဟာ မရသင့်တဲ့ ပစ္စည်းကိုလောဘကပ်နေပြီဆိုရင် 
ထိုသူ အလိမ်ခံရဖို့ နီးစပ်နေပါပြီ ။ 

သတိသာ ထားဖို့ပြင်ပေတော့ ။ 
ဘာလို့လဲဆိုရင် လူလိမ်တွေက လောဘနဲ့မျှားပြီး 
ကတုံးပေါ် ထိပ်ကွက်တတ်လို့ပါပဲ ။”
Crd Aung Kyaw Moe

#ခရီးသည်

Friday, May 15, 2020

မင်းဟာ အမြင့်မှာနေရင် လေတိုက်ခံရမယ်အနိမ့်မှာနေရင် လှံစိုက်ခံရမယ်။

မင်းဟာ အမြင့်မှာနေရင် လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ်။

အလယ်မှာနေရင် မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်
ဘေးထွက်နေရင် မကောင်းပြောကြလိမ့်မယ်။

မင်းကမနေနိုင်လို့လုပ်ပေးတော့ 
အရူးထနေတာလို့ပြောကြမယ်
မင်းဘာမှမလုပ်ပဲနေတော့ 
မင်းကို ငပျင်းလို့ပြောကြလိမ့်မယ် ။

ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က 
ချီးမွန်းတဲ့စကားထက် မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မှားကွက်ကို စောင့်နေကြတယ် ။
မင်းအောင်မြင်နေတဲ့အချိန် မင်းကိုကပ်ဖားပြီး
မင်းကျရှုံးတဲ့အချိန် မင်းကိုနှာခေါင်းရှုံ့ကြလိမ့်မယ် ။ ။

မျက်နှာဖုံးစွပ်တွေများတဲ့လောကကြီးထဲမှာ
မိတ်ဆွေကောင်း အင်မတန်ရှားပါးတယ် ။ 

မင်းမှန်တယ်ထင်ရင် တကယ်လည်းမှန်နေရင်
ပတ်ဝန်းကျင်ကို မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။

မင်းစားနေတဲ့ထမင်းလုပ်အတွက်
မင်းကိုယ်တိုင် ကိုယ့်ဒူးကိုယ်ချွန်နေတာမို့
မင်းမှာ အဲ့လောက်တော့ မာန ရှိသင့်တယ် ။ ။

အထီးကျန်နေရလို့လည်း စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့ ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက ပိုကောင်းပါတယ် ။ ။

ရုန်းကန်လှုပ်ရှားရအကောင်းဆုံးအရွယ်မှာ
ဇိမ်ခံသက်သာတဲ့လမ်းကို မင်းမရွေးပါနဲ့
တစ်သက်လုံး ရေလိုက်ငါးလိုက်နေသွားဖို့က
လွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ 
မင်းအတွက်ခက်ခဲသွားလိမ့်မယ် ။ ။

Mahatma Gandhi ရဲ့အဆိုအမိန့်တစ်ခုရှိတယ်

" The future depends on what you do today "

" မင်းရဲ့အနာဂါတ်ဟာ 
မင်းဒီနေ့လုပ်ရပ်အပေါ်မှာပဲမူတည်ပါတယ် " တဲ့

ပြဿနာတိုင်းကို အပြုံးလေးနဲ့ဖြေရှင်းလိုက်
ပြုံးနေခြင်းက မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့် မဲ့ပြုံးတော့မဖြစ်စေနဲ့ပေါ့ ။ ။

မင်းပတ်ဝန်းကျင်ကလူတွေကြောင့် စိတ်မညစ်နဲ့
လူတိုင်းက ကိုယ်နဲ့ ထပ်တူမကျနိုင်ဘူးဆိုတာ
မင်းမမေ့နဲ့
မင်းရင့်ကျက်လာတာနဲ့အမျှ 
မင်းပတ်ဝန်းကျင်က မင်းကိုမုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာပြုသွားနိုင်မှာပါ.....။
credit#
photo crd#

Monday, February 17, 2020

ဆောရီး Sorry

ကောင်လေးနဲ့ကောင်မလေးက ငယ်ငယ်လေးတည်းက အတူကြီးပြင်းလာကြသူတွေဖြစ်တယ်။
ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး ရွာပြင်ဖက်ကချောင်းစပ်မှာ ငါးသွားဖမ်းလေ့ရှိတယ်။
ငါးဖမ်းပြန်တိုင်း ကောင်လေးရဲ့ပလိုင်းထဲမှာ ငါးတွေကအပြည့်… ကောင်မလေးမှာတော့ လက်ဗလာနဲ့ ပြန်ခဲ့ရတာချည်းပဲ။ငါးမရခဲ့တဲ့ ကောင်မလေးက မျက်ရည်အဝဲသားနဲ့ အိမ်ပြန်ရောက်တဲ့အထိ မပျော်ရွှင်ခဲ့ဘူး။

ညစာစားခါနီး အိမ်ရှေ့တံခါးခေါက်သံကြားတော့ ကောင်မလေးက တံခါးဖွင့်ကြည့်တယ်။
တံခါးရှေ့မှာရပ်နေတဲ့ ကောင်လေးကိုတွေ့တော့ နှုတ်ခမ်းစူပြီး လှည့်ထွက်မယ်လုပ်တော့
ကောင်လေးက ကပျာကယာရှေ့တက်ပြီး “နင့်ငါးတွေ ငါဖမ်းပစ်လိုက်တာ ဆောရီးနော်. ရော့ ဒါနင့်အတွက်”လို့တောင်းပန်ပြီး ငါးတွေထည့်ထားတဲ့ ဖန်ငါးကန်လေးကို ကောင်မလေးဆီလှမ်းပေးတယ်။
စူနေတဲ့ကောင်မလေးရဲ့ နှုတ်ခမ်းလေးပြေလျော့သွားပြီး အပြုံးပန်းတစ်ပွင့် ဖူးပွင့်လာတယ်။
ရိုးသားဖြူစင်တဲ့ ကလေးဘဝကို အဲဒီလို အပြစ်ကင်းကင်း သူတို့ဖြတ်သန်းရင်း တဖြေးဖြေး ကြီးပြင်းလာခဲ့ကြတယ်။

★ အဲဒီ “ဆောရီး” က ရိုးသားဖြူစင်တဲ့ဆောရီးဖြစ်ပါတယ်။ ★
ကောင်လေးက ကောင်မလေးကို အမြဲစနောက်တတ်တယ်။
ကောင်မလေးငိုတဲ့အထိ သူအစသန်ခဲ့သလို ကောင်မလေးရယ်တဲ့အထိ သူချော့တတ်ခဲ့တယ်။
ကောင်လေးက ကောင်မလေးရဲ့စက်ဘီးကို အမြဲလေခိုးလျှော့ပြီး တစ်နေရာမှာပုန်းနေတတ်တယ်။
ခြေမကိုင်မီ၊ လက်မကိုင်မီဖြစ်နေတဲ့ ကောင်မလေးကို ချောင်းကြည့်ရင်း သူ့ဆီဆက်လာမယ့်
ကောင်မလေးရဲ့ဖုန်းကို သူစောင့်နေတတ်တယ်။ ပြီးတော့ ကောင်မလေးဆီက လေခိုးလျှော့တဲ့သူခိုးကို
ဆူပူကြိမ်းမောင်းသံတွေ နားထောင်ပြီး သူသဘောကျနေတတ်တယ်။
ဘာကြောင့်မှန်းမသိ ကောင်မလေးရဲ့ အဲဒီလိုအပြုအမူကို သူအရမ်းနှစ်ခြိုက်ခဲ့တယ်။

ချောင်းကြည့်ရာကနေ ကောင်လေးထွက်လာပြီး အဝေးကနေ အခုမှရောက်လာဟန်နဲ့
လေမရှိတဲ့စက်ဘီးကို ကူတွန်းပေးတတ်တယ်။ ဘေးက ပွစိပွစိရေရွတ်နေတဲ့ ကောင်မလေးကိုကြည့်ပြီး
သူ ခိုးရယ်တတ်တယ်။ ပြီးမှ စိတ်မကောင်းဟန်နဲ့ “ဆောရီး…. ငါမှားသွားတယ်”လို့ တောင်းပန်တတ်တယ်။
ကျိန်ဆဲနေတဲ့ ကောင်မလေးနှုတ်ခမ်းတွေ ပျော့ပျောင်းသွားပြီ နောက်တစ်ကြိမ်ဒီလိုမလုပ်ဖို့
ကောင်လေးကို ဆုံးမတတ်တယ်။ ကောင်မလေးရဲ့ အဆုံးအမအောက်မှာ ကောင်လေးက ခေါင်းငုံ့လို့
နေ့ရက်တွေကို ရယ်မောခြင်းနဲ့ သူတို့အဆုံးသတ်ခဲ့ကြတယ်။

★ အဲဒီ “ဆောရီး” က ပျော်ရွှင်တဲ့ဆောရီးဖြစ်ပါတယ်။ ★
ဒီလိုနဲ့ ကျောင်းပြီးတော့ ကောင်လေးနဲ့ကောင်မလေး ကိုယ်စီအလုပ်ဝင်ကြတယ်။
ကောင်လေးကအလုပ်များပြီး နားရက်တွေ သိပ်မရှိခဲ့ဘူး။ ကောင်မလေးက သူ့ကိုဂရုမစိုက်ဘူးဆိုပြီး
ကောင်လေးကို အပြစ်တင်တယ်။ နောက်တော့ ပထမဆုံးအကြိမ် သူတို့ရန်ဖြစ်ခဲ့ကြတယ်။
ကောင်မလေးငိုတော့ ကောင်လေးက “ဒါ ငါ့အလုပ်အတွက်” လို့ ဖြေရှင်းတယ်။

ဒီလိုသွေးအေးစစ်ပွဲက ရက်တော်တော်ကြာသွားတယ်။
နောက်တော့လည်း ကောင်မလေးက မနေနိုင်ပါဘူး။
ကောင်လေးကို ပြန်ခေါ်ပြီး စစ်ပြေငြိမ်းကြောင်း လက်နက်ချတယ်။
နောက်ပိုင်းမှာ သူတို့မကြာခဏ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက် လုပ်ခဲ့ကြတယ်။
ရန်ဖြစ်တိုင်းလည်း ကောင်မလေးဘက်ကစပြီး ပြေငြိမ်းတာချည်းပဲ။

အဲဒီနှစ်က ကောင်မလေးရဲ့မွေးနေ့မှာ ရိုမန်တစ်ဆန်ဆန် မွေးနေ့ပွဲလုပ်ပေးမယ်လို့
ကောင်လေးက ကောင်မလေးကို ကတိပေးတယ်။ မွေးနေ့မှာ ကောင်လေးအလာကို
ကောင်မလေးစောင့်နေခဲ့တယ်။ ညဉ့်နက်သန်းခေါင်အထိ၊ မိုးလင်းတဲ့အထိ စောင့်နေခဲ့တယ်။
မနက်နိုးလာတဲ့ ကောင်မလေးရဲ့ပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်းရာတွေ စွန်းထင်းလို့….
ကောင်လေးရောက်လာတော့ ကောင်မလေးရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း
“ဆောရီးနော်… နင့်ကို ငါလက်ထပ်ပါရစေ” ဆိုပြီး လက်စွပ်တစ်ကွင်းထုတ်ပေးတယ်။

★ အဲဒီ “ဆောရီး” က တစ်ဘဝစာကို တာဝန်ယူရဲတဲ့ဆောရီးဖြစ်ပါတယ်။ ★
မင်္ဂလာဆောင် အတူနေပြီးတဲ့နောက် ကောင်လေးရဲ့အလုပ်အကိုင်တွေ ပိုတိုးတက်အောင်မြင်ခဲ့တယ်။
ကောင်မလေးက ကောင်လေးအတွက် နေ့တိုင်းချက်ပြုတ်၊ လျှော်ဖွပ်နဲ့ ကျွမ်းကျင်တဲ့ အိမ်ထောင်ရှင်မတစ်ဦးဖြစ်ခဲ့တယ်။
ကောင်မလေးက ဈေးသွားတိုင်း ငါးလေးတွေဝယ်လာပြီး ကန်လေးထဲမှာ မွေးထားတတ်တယ်။
“ဘာကြောင့်လဲ” လို့ ကောင်လေးမေးခဲ့ရင် ဘာမှပြန်မဖြေဘဲ သူပြုံးနေခဲ့တတ်တယ်။

တဖြေးဖြေး ကောင်လေးအိမ်ပြန်နောက်ကျလာတယ်။
ပြန်လာတိုင်းလည်း ရေမွှေးနံ့တစ်မျိုးမျိုးက ကောင်လေးကိုယ်မှာ ကပ်ငြိလာတတ်တယ်။
ဒါကို ကောင်မလေးမမေးခင် အကြောင်းအမျိုးမျိုးပြပြီး ကောင်လေးဖြေရှင်းတတ်တယ်။
အဲဒီကစ ကောင်မလေး စကားသိပ်မပြောတော့ဘူး။ အရင်ကလိုလည်း မသွက်လက်တော့ဘူး။
ဘယ်မှလည်း သိပ်မသွားတော့ဘဲ မရွှင်မပျနဲ့ အိမ်ထဲမှာပဲ အောင်းနေခဲ့တော့တယ်။
ခံစားချက်များတဲ့ ကိုရီးယားကားတွေကြည့်ပြီး ကောင်မလေးငိုနေတတ်တယ်။
နောက်ပိုင်း ကောင်လေးနောက်ကျပြန်လာတိုင်း သူ့ကိုယ်ပေါ်မှာ ရေမွှေးနံ့တစ်မျိုးပဲ ရတတ်တော့တယ်။
ကောင်မလေးဘာမှ မမေးခဲ့ပါဘူး။ ဒါကိုကောင်လေးက မလုံသလိုနဲ့
“ဆောရီး…ဒီနေ့ အလုပ်မှာ စားပွဲသောက်ပွဲရှိပြန်တယ်” လို့ ပြောတတ်တယ်။

★ အဲဒီ “ဆောရီး” က လိမ်ညာခြင်းအစရဲ့ဆောရီးဖြစ်ပါတယ်။ ★
တဖြေးဖြေး အလုပ်အကြောင်းပြပြီး ကောင်လေး အိမ်မပြန်လာခဲ့တော့ဘူး။
အလုပ်အကိုင်ကောင်းလေ၊ ဘေးက မြှောက်ပင့်တဲ့လူများလေနဲ့ ကောင်လေးရဲ့
နေ့ရက်တွေက မြှောက်ပင့်သံတွေကြားထဲမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကုန်ဆုံးခဲ့တယ်။
ကောင်မလေးကတော့ အိမ်ထဲအိမ်ပြင်တောင် အထွက်နည်းခဲ့တယ်။
ကိုယ့်ကိုယ်ကို အိမ်ထဲမှာ ပိတ်လှောင်ပြီးနေခဲ့တယ်။
အရင်တုန်းက ကောင်လေးနဲ့ပြောမကုန်နိုင်တဲ့ တီတီတာတာစကားလေးတွေ ရှိခဲ့ပေမယ့်
အခုချိန်မှာတော့ ကောင်မလေးက တစ်ယောက်တည်းအဖော်မဲ့လို့ အထီးကျန်နေခဲ့ရတယ်။

ကောင်လေးကို “ဘယ်အချိန် ပြန်လာမလဲ?” လို့မေးတိုင်း ကောင်လေးက
အစာနင်သွားတဲ့အသံနဲ့ “ဆောရီး… ငါအလုပ်များနေတယ်” လို့ ပြန်ဖြေတတ်တယ်။
ဖုန်းခွက်ကို မသာမယာချရင်း ကောင်မလေး စိတ်မကောင်းဖြစ်ခဲ့တယ်။
အဲဒီနောက်မှာတော့ ကောင်လေးဘယ်အချိန် အိမ်ပြန်လာမလဲဆိုတာကို သူမမေးခဲ့တော့ဘူး။

★ အဲဒီ “ဆောရီး”က ဝတ်ကျေတမ်းကျေပြောတဲ့ ဆောရီးဖြစ်ပါတယ်။ ★
ရုပ်ရှင်တွေထဲကလိုမျိုး ကောင်မလေးက သူ့ကိုယ်သူ အလှစပြင်ခဲ့တယ်။
ကောင်လေးအိမ်မပြန်တာဟာ တစ်နေ့တစ်နေ့ အိုစာသွားတဲ့ သူ့ရုပ်ရည်ကြောင့်ဖြစ်မယ်ဆိုပြီ
အလှတွေသူစပြင်ခဲ့တယ်။ ကိုယ်ရဲ့ပျော်ရွှင်ခြင်းကို ကိုယ်ကိုယ်တိုင် လုပ်ဆောင်မှရနိုင်မယ်၊
တွန့်ဆုတ်နေလို့မဖြစ်မှန်း သူသိလိုက်တယ်။

အဲဒီနေ့က ကောင်မလေးအလှတွေပြင်ပြီး ကောင်လေးဆီကို သွားခဲ့တယ်။
ဒါဟာ ကောင်လေးရဲ့အလုပ်ဆီ ပထမဆုံးအကြိမ် သူသွားခဲ့တာဖြစ်သလို
နောက်ဆုံးအကြိမ်လည်းဟုတ်ခဲ့တယ်။ ဓာတ်လှေကားခလုတ်ကိုနှိပ်ပြီး
ကောင်လေးအမြဲပြောတဲ့ “အလုပ်များတယ်” ဆိုတဲ့နေရာကို သူရောက်လာခဲ့တယ်။
ခမ်းခမ်းနားနားပြင်ထားတဲ့ ကုမ္ပဏီထောင့်တိုင်းကို သူလိုက်ကြည့်ခဲ့တယ်။
နေရာတိုင်းက လှပလို့နေတယ်။ ဝရန်တာကိုဖြတ်ပြီး ကောင်လေးရဲ့ရုံးခန်းဆီ သူရောက်လာခဲ့တယ်။
ရုံးခန်းတံခါးကို သူသာသာလေး တွန်းဖွင့်ကြည့်လိုက်တဲ့ တခဏ သူအံ့သြမင်သက်သွားမိတယ်။

သူ့မျက်စိရှေ့မှာ တွေ့ရတဲ့သူက သူ့ခင်ပွန်းမဟုတ်ခဲ့ဘူး…
သူ့စက်ဘီးကို လေအမြဲခိုးလျော့တဲ့ နောက်တောက်တောက်ကောင်လေး မဟုတ်ခဲ့ဘူး…
ငါးတွေဖမ်းပြီး ကန်ထဲထည့်ခဲ့တဲ့ ကောင်လေးလည်း မဟုတ်ခဲ့ဘူး….
တခြားမိန်းမတစ်ယောက်နဲ့ အကြည်ဆိုက်နေတဲ့ ယောက်ျား၊
သွေးသားတွေ ဆာလောင်နေတဲ့ အရိုင်းတိရစ္ဆာန်ဖြစ်နေခဲ့တယ်။

ကောင်မလေးကိုတွေ့တော့ ကောင်လေးက ကပျာကယာ ဖြေရှင်းဖို့လုပ်တယ်။
နေရာကနေ ကောင်မလေး ချက်ချင်းလှည့်ထွက်တော့ နောက်ကနေ ကောင်လေးအပြေးလိုက်တယ်။
အဲဒီညက မိုးတွေသည်းသည်းမည်းမည်း ရွာလို့………
ကောင်လေးရဲ့အော်သံတွေကို ကောင်မလေး ဂရုမစိုက်ခဲ့တော့ဘူး။
“ဆောရီးပဲ…. နင့်ကိုပဲ ငါချစ်ပါတယ်ကွာ… နင့်ကိုပဲ ငါတကယ်ချစ်တာပါ” တဲ့။
ကောင်လေးရဲ့အော်သံတွေ မိုးသံနဲ့အတူ ရောထွေးလို့ ကောင်မလေးမကြားခဲ့ပါဘူး။

★ အဲဒီ “ဆောရီး” က လူကိုထိခိုက်နာကျင်စေတဲ့ဆောရီး ဖြစ်ပါတယ်။ ★
ကောင်မလေးကို ကောင်လေးရှာမတွေ့ခဲ့တော့ဘူး။
ကောင်မလေးပျောက်နေခဲ့တယ်။ ကောင်မလေးမရှိတော့
ကောင်လေးရဲ့ကမ္ဘာက မှောင်မည်းလို့… အလုပ်လုပ်ချင်စိတ်လဲ မရှိတော့ဘူး။
နေ့ရက်တွေကို အရက်နဲ့ဖြတ်သန်းခဲ့တယ်။ ကောင်မလေးကို လိုက်ရှာချင်ပေမယ့်
သူငယ်ချင်းမရှိတဲ့ ကောင်မလေးကို ဘယ်သွားရှာရမှန်း မသိခဲ့ဘူး။
ကောင်မလေးရဲ့တစ်ဦးတည်းသောသူငယ်ချင်းက သူပဲရှိခဲ့တာမို့ ဖုန်းအလာကို စောင့်နေဖို့ပဲ
ကောင်လေးတတ်နိုင်ခဲ့တယ်။ ကောင်မလေးရဲ့ ဖုန်းတွေလွတ်သွားမှာစိုးလို့ ဖုန်းကို
(၂၄)နာရီလုံး ဖွင့်ပြီး သူစောင့်နေခဲ့တယ်။

ကောင်လေးရဲ့ ဒီလိုစောင့်မျှော်ခြင်းက နှစ်ဝက်အထိကြာသွားခဲ့တယ်။
တစ်နေ့မှာ စာတိုက်ကနေ ဗူးလေးတစ်လုံး ရောက်လာခဲ့တယ်။
ဗူးထဲမှာ ချောင်းငါးလေးတွေရဲ့ နမူနာရုပ်ကြွလေးတွေပါတယ်။
ငါးတချို့က သစ်ရွက်လေးဘေးမှာ၊ တချို့က မြက်တွေကြားထဲမှာ ပုံစံအမျိုးအမျိုးနဲ့ ရှိနေခဲ့တယ်။
ဗူးထဲမှာ စာတစ်စောင်လည်းပါပြီး စာထဲမှာ ဒီလိုရေးထားပါတယ်။

“နင့်ကိုတွေ့ဖို့ ငါ့မှာ သတ္တိမရှိခဲ့ဘူး။
ငါပျော့ညံ့လွန်းလို့ဖြစ်မယ် ဒါမှမဟုတ် နင့်ကိုငါ လုံးဝမတွေ့ချင်လို့လည်းဖြစ်မယ်။
ငါ နေကောင်းတယ်။ နင့်ကိုခွဲပြီး ဘယ်လိုရှင်သန်ရမယ်ဆိုတာကို ငါသိခဲ့တယ်။
ငါ့ကိုယ်ငါ ဂရုစိုက်ကျွေးမွေးနိုင်ခဲ့တယ်။ နင့်အပြန်ကို ငါနေ့တိုင်း စောင့်စရာမလိုတော့ဘူး။
ဟင်းတွေ ပူပူနွေးနွေးချက်ပြီး အေးစက်သွားတဲ့အထိ ငါစောင့်စရာ မလိုခဲ့တော့ဘူး။
ဖုန်းလည်း ငါမသုံးတော့ဘူး။ နင့်အတွက်နဲ့ (၂၄)နာရီလုံး
ဖုန်းကို ငါဖွင့်ထားစရာလည်း မလိုတော့ဘူး။

ငါ့ကိုယ်ငါ ဘယ်လိုကြင်နာရမယ်ဆိုတာကို ငါနားလည်သွားပြီ။
လှပတဲ့နေ့ရက်တွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာကို ငါသိသွားပြီ။
နင့်ကို ဘယ်လိုချစ်ရမယ်ဆိုတာကို ငါမေ့လိုက်နိုင်ခဲ့ပြီ။
ဘာဖြစ်လို့လဲဆိုတော့ ငါ့အချစ်တွေကို အနာတရဖြစ်အောင် နင်ဆော့ကစားခဲ့လို့ပါပဲ။
ကွာရှင်းစာချုပ်ကို ငါးကန်အောက်မှာ ငါဖိထားခဲ့တယ်။ နင်လက်မှတ်ထိုးပြီးရင်
ဒီလိပ်စာအတိုင်း ငါ့ကိုပို့ပေးခဲ့ပါ။

★ ဆောရီးပဲ…. ငါစိတ်တွေ ပင်ပန်းနွမ်းနယ်သွားခဲ့ပါပြီ” ★
လိပ်စာအတိုင်း ကောင်မလေးကို ကောင်လေးသွားရှာခဲ့တယ်။
ရင်ထဲမှာ မျှော်လင့်ချက်အပြည့်နဲ့ ကောင်မလေးဆီက ခွင့်လွှတ်ခြင်းတွေယူပြီး
ကောင်မလေးမရှိရင် သူ့ဘဝ မရှင်သန်ရဲတဲ့အကြောင်းပြောဖို့ ကောင်လေးလိုက်သွားခဲ့တယ်။
ဒါပေမယ့် အိမ်တံခါးဖွင့်ပေးတဲ့သူက ကောင်မလေးကိုယ်တိုင် မဟုတ်ခဲ့ဘူး။
ကောင်လေးဆီက စာရေးပြီးတဲ့နောက် သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်လို့
ကောင်မလေးအဖေက စိတ်မကောင်းစွာပြောတယ်။
ကောင်လေးအသိတွေ ချာချာလည်ကုန်တယ်။
နောင်တတွေက တပွေ့တပိုက်နဲ့ သူ့တစ်သက်စာတောင် ထမ်းပိုးလို့ မနိုင်ခဲ့ပါဘူး။

★ တချို့ “ဆောရီး” က အဲဒီလိုနည်းနဲ့ အဆုံးသတ်ခဲ့ကြတယ်။ ★
ဘဝတစ်လျှောက်မှာ ကိုယ့်ကို တစ်သက်တာ
တန်ဖိုးထားမြတ်နိုးသူတစ်ယောက်ကိုတော့ လူတိုင်းကြုံကြရမှာပဲ။
အဲဒီလို ကိုယ့်ကိုတန်ဖိုးထားသူကို မြတ်နိုးတတ်ပါစေ။
“ဆောရီး”ဆိုတဲ့ တောင်းပန်မှုတိုင်းက
“ကိစ္စမရှိပါဘူး”ဆိုတဲ့စကားနဲ့ လဲလှယ်လို့မရနိုင်ခဲ့ပါဘူး။
ကိုယ်ချစ်တဲ့သူကို မမြင်နိုင်တဲ့ အနာတရနဲ့ဒဏ်ရာတွေ မပေးမိပါစေနဲ့။
ဒါဟာ နှစ်ဦးနှစ်ဖက်လုံးကို ထိခိုက်နာကျင်စေပါတယ်။

“အချစ်”ဆိုတာကို ခံစားစေပြီး “ဆောရီး”ကို အလွယ်တကူ မပြောမိဖို့ သူတို့နားလည်တတ်ပါစေ….။

    

Saturday, February 15, 2020

Pain ဆိုတဲ့ နာကျင်မှုအ​ကြောင်း...

ကျွန်တော်တို့ရဲ့ဘဝမှာ 
နာကျင်မှုဆိုတာကတော့
လူတိုင်း ကြုံတွေ့ရပါတယ်....

အလုပ်ထွက်လိုက်ရတာ...
စာမေးပွဲကျတာ...
ချစ်သူနဲ့ လမ်းခွဲရတာ...
အိမ်ထောင်ရေး အဆင်မပြေတာ...
ကိုယ်ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတာ...
မျိုးစုံပါပဲ နာကျင်မှုကို ခံစားရပါတယ်...

လူတွေက 
နာကျင်မှုကို ခံစားရတယ်ဆိုတာ
အထူးအဆန်း မဟုတ်ပေမယ့်
အဲဒီနာကျင်မှုအပေါ်မှာ
ဘယ်လိုမျိုး တုန့်ပြန်သလဲဆိုတာကတော့
တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး...

တချို့ကတော့ နာကျင်မှုကို အသုံးချကြတယ်...
တချို့က နာကျင်မှုရဲ့ အသုံးချတာကို ခံကြရတယ်...

ဆားတစ်ဇွန်းကို ယူပြီး
ကော်ဖီတစ်ခွက်ထဲကို ထည့်လိုက်မယ်
ဒါဆိုရင် ကော်ဖီဟာ အရမ်းငန်နေမယ်...

အဲ့လိုမဟုတ်ပဲ ဆားတစ်ဇွန်းကိုပဲ
ရေအပြည့်ထည့်ထားတဲ့ စည်ပိုင်းထဲကို
ထည့်လိုက်မယ်ဆိုရင် ဆားရဲ့အရသာဟာ 
ပေါ်လွင်တော့မှာ မဟုတ်ပါဘူး..

နာကျင်မှုကလည်း အဲ့လိုပါပဲ... 
ကျွန်တော်တို့ ဘာနဲ့ခံယူသလဲဆိုတဲ့အပေါ်မှာ
အများကြီး မူတည်ပါတယ်...

တချို့ဟာ စာမေးပွဲကျတယ်
ဒီစာမေးပွဲကျတဲ့အထဲမှာမှ
တချို့ကတော့ မခံချင်စိတ်နဲ့ ကြိုးစားပြီးတော့ 
သူ့ဘဝမှာ အများကြီးဖြစ်ထွန်းသွားတာ ရှိကြတယ်...

တချို့က ဒီစာမေးပွဲကျတာဟာ
ဘဝရဲ့ ရှုံးနိမ်မှုအကြီးကြီးလို့ ခံယူပစ်တယ်
ဘဝကို အရှုံးပေးပြီးတော့ 
ပေတေလေလွှင့်သွားတဲ့သူတွေ 
အများကြီး ရှိတယ်...

နာကျင်မှုကတော့ အတူတူပါပဲ
ကိုယ်ဘယ်လို ခံယူသလဲဆိုတဲ့အပေါ်မှာ
မူတည်သွားပါတယ်...

ဘဝမှာ နာကျင်မှုတွေ ကြုံလာခဲ့မယ်ဆိုရင်
ကိုယ်က နာကျင်မှုကို အသုံးချတဲ့သူဖြစ်အောင် 
လုပ်မလား...?
ဒါမှမဟုတ်
နာကျင်မှုက ကိုယ့်ကို အသုံးချသွားတဲ့သူဖြစ်အောင် လုပ်မလား....?
စဥ်းစားဖို့ လိုပါတယ်....

Credit