cross

cross

1

2

3

4

Monday, November 30, 2015

" အလကားသုံးကြတဲ့....အလုပ်ဖုန်း ... "

တယ်လီဖုန်း ငွေတောင်းခံလွှာ ရောက်လာတဲ့အခါ ပေးဆောင်ရမယ့် ငွေပမာဏက
များလွန်းနေတာမို့ အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသားခမျာ ထိတ်လန့်သွားပါတော့တယ်။

ဒါကြောင့် ညနေပိုင်းမှာ မိသားစု တွေဆုံပြီး ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာ အဖြေရှာဖို့
ကြိုးစားပါတော့တယ်။

အဖေ - "ပေးဆောင်ရမယ့် ငွေပမာဏက မဖြစ်နိုင်လောက်အောင်ကို များနေတယ်။
အိမ်က ကြိုးဖုန်းကို ငါလည်း မသုံးဘူး။ ငါက အလုပ်ကဖုန်းကို သုံးတာ"

အမေ - "ကျွန်မလည်း အတူတူပဲ။ အိမ်က ဖုန်းကို သုံးခဲတယ်။ ကုမ္ပဏီက ဖုန်းကိုပဲ သုံးတာ"

သား - "ကျွန်တော်လည်း ရုံးက လက်ကိုင်ဖုန်းပဲသုံးတာ။ အိမ်ဖုန်းကို တစ်ခါမှတောင် မသုံးဘူး"

မိသားစုသုံးယောက်စလုံးဟာ တစ်ခုခုကို သဘောပေါက်သွားပြီး သူတို့အနားမှာ စိတ်ရှည်ရှည်နဲ့
ထိုင်ပြီး နားထောင်နေတဲ့ အိမ်အကူကို ပြူးကြည့်လိုက်ကြပါတယ်။

အိမ်အကူ - "ဘာဖြစ်လို့လဲ.. ကျွန်မတို့အကုန်လုံး ကိုယ့်အလုပ်ဖုန်းတွေကိုပဲ သုံးကြတာ
မဟုတ်လား"

"အိမ်ထောင်သုံးခါ ကျဖူးသော်လည်း အပျိုစင်ပဲရှိသေးသတဲ့ (ဟာသ) "

အိမ်ထောင် သုံးခါကျဖူးတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ဒါပေမယ့်... သူဟာ ခုချိန်ထိ အပျိုစင်ဘဝမှာပဲ ရှိသေးတယ်တဲ့။ထူးဆန်းနေတာပေါ့....ဒါနဲ့ သတင်းထောက်တစ်ယောက်က သွားပြီး အင်တာဗျူးတယ်... ....

"အမကြီးရယ်.... အိမ်ထောင် သုံးခါကျတာတောင် အပျိုစင်ပဲဆိုတော့ ဘာ့ကြောင့်လဲဆိုတာ သိပါရစေ"
"ဒီလိုပါ... ပထမယူတဲ့ အမျိုးသားက သွေးတိုးရောဂါရှိတယ်၊ မင်္ဂလာဦင်္းညမှာ သူငယ်ချင်းတွေနဲ့ အပျော်လွန်ပြီး မူးလိုက်တာ ဦးနှောက်သွေးကြောပြတ်ပြီး သေပါလေရော"

"အော်.... ဒုတိယအိမ်ထောင်ကျတော့ရော..."
"ဒုတိယယူတဲ့ စစ်ဗိုလ်လေးက မင်္ဂလာဆောင်တဲ့နေ့ပဲ ရှေ့တန်းထွက်သွားတာ၊ ပြန်မလာတော့ဘူးလေ"

"အော်... နောက်ဆုံးတစ်ယောက်ရော... မင်္ဂလာဦးညမှာပဲ ကွဲသွားပြန်တာလား"
"ခုထိ ပေါင်းနေပါသေးတယ် ကွယ်"

"ဒါ... ဒါဆို ဘယ်လိုဖြစ်လို့ ... "
"သူက... ဖေ့စ်ဘုတ်ခရေဇီလေ၊ မင်္ဂလာဆောင်ပြီးကတည်းက ညဘက် ညဘက် မအိပ်တန်း ဖေ့စ်ဘုတ်ထဲချည်းပဲ ဝင်နေတာ၊ ခုထိ မမ အလှည့် မရောက်သေးဘူးကွယ်"

"ဂျာ... ..."

"အကွက်မြင်တဲ့သူ ... "

မြို့ငယ်လေးတစ်မြို့မှာ အမျိုးသားတစ်ဦးဟာ လေမှုတ်တူရိယာဖြစ်တဲ့ ထရမ်းပက်နဲ့ သေနတ်တွေ
ရောင်းတဲ့ ဆိုင်ငယ်လေးတစ်ဆိုင်ကို ဖွင့်လှစ်လိုက်ပါတယ်။
တစ်နေ့မှာတော့ ဆိုင်ရှင်ရဲ့အိမ်နီးချင်းဖြစ်သူ အလည်ရောက်လာပြီး "ခင်ဗျားရဲ့ ထူးဆန်းတဲ့ ဆိုင်က
အခြေအနေဘယ်လိုလဲဗျ"
ဆိုင်ရှင် - "ကျုပ်ဆိုင်က ထူးဆန်းတယ်... ဟုတ်လား။ ခင်ဗျား ဘာကိုပြောချင်တာလဲဗျ"
အိမ်နီးချင်း - "ထရမ်းပက်နဲ့ သေနတ်ကို တွဲရောင်းတာမို့ ပြောတာလေဗျာ"
ဆိုင်ရှင် - "ဒီတော့ ဘာဖြစ်လဲဗျ"
အိမ်နီးချင်း - "ဘာမှမဖြစ်ပါဘူးဗျာ။ ခင်ဗျားဆိုင်မှာ ထရမ်းပက်နဲ့ သေနတ် ဘယ်ပစ္စည်း
ပိုရောင်းရလဲဆိုတာပဲ ကျုပ်ကို ပြောပြစမ်းပါ"
ဆိုင်ရှင် - "ရောင်းရတဲ့ အရေအတွက်က မျှတယ်ဗျ။ တစ်ယောက်ယောက်က ထရမ်းပက်တစ်ခု
ဝယ်သွားပြီဆိုတာနဲ့ သူ့အိမ်နီးချင်း တစ်ယောက်ယောက်က သေနတ်တစ်လက်
လာဝယ်တော့တာပဲ"

" မိဘတွေ သဘောမတူဘူးဆိုရင် အထုပ်ပြင်ပေတော့...မနှေးစေနှင့် " (ဟိဟိ)

ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့ သမီးလေးတစ်ယောက်ရှိသတဲ့...

သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ.....

ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....

ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့.....

ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့....

အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ.....

အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့......

ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ....

ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့..... ပျင်းတာကိုး နော်...

ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း .....

သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော...

မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့....

ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ.....

မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့.....
တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်တွေ ပိုလာကြပါရောတဲ့.......

သိပ်မကြာပါဘူး သူဋ္ဌေးကြီးက အဲဒီအကြောင်းကို သိသွားပါလေရော....

သိ သိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံ ခုနစ်ဆင့် မြင့်တဲ့ အထပ်ကို ပို့လိုက်ပါရောတဲ့

အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ မတွေ့ကြရတော့ဘူးတဲ့....

မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့....

ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို ရောက်ဖို့အကြံထုတ်ရတော့တာပေါ့

ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ....

သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့...

ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင်.....

ဒီသစ်ပင်လေးဟာ နေချင်းညချင်း ကြီးလာပါစေဆိုပြီး ဆုတောင်းသတဲ့.....

သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက်ကြာတဲ့အချိန်မှာပဲ ဘုံ ငါးဆင့်ကို ရောက်သတဲ့...

ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်း....

ဒီတော့ သစ်ပင်လေးဟာ ထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့...

မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့......

ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီး.....ဆုထပ်တောင်းဖို့ အလုပ်မှာပဲ.......

.......

...............

...........................

စည်ပင်က ဓာတ်ကြိုးနဲ့ မလွတ်လို့ ဆိုပြီး လာခုတ်သွားပါလေရောတဲ့ကွယ်......

ပုံပြင်လေးကတော့ဒါပါပဲကွယ်......

သားသား မီးမီးတို့လည်း အချစ်ကြီးရင် နှစ်ဦးနှစ်ဖက် ကျိုးစားကြပေါ့ကွယ်... ဘုံခြောက်ဆင့် ရောက်ရင် ကောင်မလေးက
ပြူတင်းပေါက်ကနေ အိပ်ယာခင်းကို ဆုတ်ပြီး ကြိုးလုပ်ပြီး ဆင်းလာရင် သစ်ပင်ပေါ်ရောက်မှာပဲ မဟုတ်လား.. ကောင်
လေး ဘက်ကချည်း ကျိုးစားနေရတော့ အချိန်တွေကုန်ပြီး ဖြစ်သင့်တာ မဖြစ်ရတော့ဘူး...
မီးမီးတို့လည်း ကောင်လေးက အလုပ်အကိုင်ရှိနေရင် ကိုယ့်အပေါ်ချစ်ပြီး ဂရုတစိုက်နှင့် ယောက်ျားကောင်းပီသဲ့သူဆိုရင် သူ့ဘက်က စကားစတာနှင့် ကိုယ်က မိဘတွေကို ဖွင့်ပြောဖို့လုပ်တော့ မရှက်နေနှင့်.. မိဘတွေ သဘောမတူဘူးဆိုရင် အထုပ်ပြင်ပေတော့...မနှေးစေနှင့်.... အတိုင်အဖောက်ညီစေနော်...

''အကောင်းမမှတ်နဲ့''

ရုံးတစ်ရုံးမှာ မိတ္တူကူးစက်ပျက်လို့ Service Center ကို လှမ်းခေါ်တော့ စက်ပြင်ဆရာရောက်လာတယ်။ တောင်ကြည့်မြောက်ကြည့်လုပ်ပြီးတော့ သူကပြောတယ်……

“ဖုံနည်းနည်းဝင်သွားလို့ ဂျမ်းဖြစ်သွားတာပါ၊ ဒီအဖုံးလေးကို ဆွဲဖြုတ်ပြီး အတွင်းက ဖုန်တွေကို ကိုယ့်ဘာသာကိုယ် သုတ်လိုက်ရင် ကောင်းသွားပါလိမ့်မယ်၊ ကျနော်တို့လုပ်ပေးရင် ဒေါ်လာ ၅၀ ယူပါတယ်”
“အိုကေလေ… ဒါဆို ကိုယ်ဘာသာကိုယ်ပဲ လုပ်လိုက်ပါမယ်”

“ဟုတ်ကဲ့… သွားပြီနော၊ နောက်လိုတာရှိရင် ခေါ်လိုက်”
“ဒါနဲ့ နေပါအုံးဗျ၊ ခင်ဗျား အဲလိုအကြံပေးလိုက်လို့ ကျနော်တို့ ကိုယ့်ဟာကိုယ် လုပ်လိုက်တော့ ခင်ဗျားတို့ ကုမ္မဏီက ပြင်ဆင်ခ မရတော့ဘူးပေါ့၊ ကုမ္မဏီသူဌေးသိရင်တော့ ခင်ဗျားကို ဆူတော့မှာပဲ”
“မဆူပါဘူး၊ ဒါမျိုးပြောဖို့ သူက ခိုင်းထားတာပါ”
“ဟင်… ဟုတ်လား၊ ဘာလို့လဲဗျ” “အဲလို ဘာမသိညာမသိနဲ့ ကိုယ်တိုင်လျှောက်လုပ်တော့မှ စက်က ပိုပြီးပျက်မှာလေ၊အဲဒီတော့ ပြင်ဆင်ခ စိတ်ကြိုက်တောင်းလို့ ရပြီပေါ့”
“ဂျာ…”

Saturday, November 28, 2015

သင်မသိတဲ့ Facebook မှာ ပြုလုပ်နိုင်တဲ့ အရာများ


Facebook Messages မှ “ Seen “ ကို ပိတ်ခြင်း။
သင် စာမပြန်ချင်တဲ့ လူတစ်ယောက်က သင့်ထံ Message ပေးပို့လိုက်တဲ့အခါမှာ အဲဒီ Message ကို သင်ဖတ်လိုက်ပြီးတဲ့နောက်မှာ ပေးပို့သူက သင် ဖတ်ပြီးကြောင်း “ Seen” Read Receipts ကို ရရှိမှာ ဖြစ်ပါတယ်။ သင်ဖတ်ပြီးကြောင်းကို တစ်ဖက်လူက မသိစေချင် Browser Extension များကို အသုံးပြုပြီး Disable လုပ်နိုင်ပါတယ်။ Facebook Unseen Chrome Extension ၊ Firefox နဲ့ Internet Explorer တို့အတွက် Chat Undetected တို့ကို အသုံးပြုနိုင်ပါတယ်။
သူငယ်ချင်းများရဲ့ မွေးနေ့ကို Google Calendar , iCal , Outlook တို့မှာ ထည့်သွင်းခြင်း။
သင့် သူငယ်ချင်းများရဲ့ မွေးနေ့ကို သတိမေ့နေတာမျိုး မဖြစ်ရလေအောင် Calendar များမှာ ထည့်သွင်းထားနိုင်ပါတယ်။ ဘယ်ဘက် Sidebar မှ Events Page ထဲသွားပြီး Upcoming Events နဲ့ Birthdays ထဲမှ လင့် တစ်ခုကို ကော်ပီလုပ်ပါ။
Google Calendar ကို ဖွင့်ပြီး Others Calendars ဘေးမှ မျှားကို နှိပ်ပါ။ Add by URL ကို နှိပ်ပြီး URL ကို Paste လုပ်ပါ။
iCal မှာ Calendar> Subscribe ထဲသွားပြီး URL ကို ထည့်ပေးပါ။
Outlook မှာ Tools> Account Settings> Internet Calendars ထဲသွားပါ။
Facebook Messages မှ “ Other “ Inbox ကို ကြည့်ရှုပါ။
သင့်မှာ Facebook Messages များအတွက် Inbox နှစ်ခုရှိပါတယ်။ “ Other” Inbox ထဲမှာတော့ သင့် သူငယ်ချင်းမဟုတ်သူများက ပေးပို့ထားတဲ့ စာများကို တွေ့ရမှာ ဖြစ်ပါတယ်။ သင့်သူငယ်ချင်းမဟုတ်သူများက သင့်ရဲ့ အဓိက Inbox ထံ တိုက်ရိုက် စာပေးပို့ချင်ရင်တော့ Facebook ကို အခကြေးငွေပေးရမှာ ဖြစ်ပါတယ်။ နာမည်ကျော်များအနေနဲ့ သူတို့ရဲ့ Fans များမှ ပေးပို့တဲ့ စာများကို “ Other” မှာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
ပို့စ်တစ်ခုကို ရှာဖွေပါ။
Facebook Search ဟာ သင့်သူငယ်ချင်းများက သင်နဲ့ မျှဝေထားတဲ့ ပို့စ်များကို ရှာဖွေရာမှာ အလွန်အစွမ်းထက်လာပါပြီ။ သူငယ်ချင်းတစ်ယောက် တင်ထားတဲ့ ပို့စ်ကို ရှာချင်ရင် သူ့ရဲ့ နာမည်ကို အရှေ့မှာ ရိုက်ထည့်ပြီး အနောက်မှာတော့ ပို့စ်မှာ ပါတဲ့ Keyword စကားလုံးကို ရိုက်ထည့်ပေးပြီး ရှာဖွေရင် လွယ်ကူပြီး ထိရောက်မှာပါ။
GIF များ တင်ပါ။
Facebook မှာ GIF များတင်လို့ ရပါပြီ။ GIF ရဲ့ လင့်ကို ကော်ပီကူးပြီး Status Box မှာ Paste လုပ်ပါ။ Preview ပေါ်လာရင် လင့်ကို ဖျက်နိုင်ပါတယ်။
သင့်ရဲ့ Friends List ကို ဖွက်ထားပါ။
Friends Tab ထဲသွားပြီး ညာဘက်မှ Edit Privacy ကို နှိပ်ပါ။ Only Me ပြောင်းပေးရင် သင့်ရဲ့ Timeline ထဲဝင်ကြည့်သူများက သင့်ရဲ့ Friends List ကို မမြင်နိုင်တော့ပါဘူး။
သင့်ရဲ့ ပို့စ်ကို မမြင်စေချင်သူများကို သတ်မှတ်ပါ။
သင့်ရဲ့ သူဌေးမမြင်စေချင်တဲ့ ပို့စ်တစ်ခုကို တင်တော့မယ်ဆိုရင် Privacy Settings ကို နှိပ်ပြီး Custom ကို ရွေးပေးပါ။ “ Don’t share this with” မှာ သင့်သူဌေး အမည်ကို ရိုက်ထည့်ပြီး ရွေးပေးပါ။
News Feed မှ Auto-Play Video များကို ကြိုတင်ပိတ်ထားပါ။
Facebook က News Feed မှာ ဗီဒီယိုများ အလိုအလျှောက် ပြသဖို့ ပြုလုပ်နေပါတယ်။ အချို့နိုင်ငံများမှာတော့ Auto-Play Video များကို မြင်တွေ့နေရပါပြီ။ ဒီလို Auto-Play Video များကို ကြိုတင်ကာကွယ်ထားချင်ရင် Facebook App>App Settings> Videos and Photos > Auto-Play ထဲသွားပြီး Smart Auto-Play ကို Disable လုပ်ပါ။ User WiFi Only ကို ရွေးပေးပါ။
အခြားဖုန်းများမှာတော့ Facebook App> App Settings> Videos play automatically မှာ Off လုပ်ပေးပါ။
Game Requests များကို ပိတ်ပါ။
Facebook App ကနေ More> App Settings> Notifications> Mobile Push ထဲသွားပြီး Application Requests မှာ အမှန်ခြစ်ကို ဖြုတ်ပါ။ အခြားဖုန်းများမှာ More> App Settings> Notifications > Application requests မှာ Off လုပ်ပေးပါ။
Relationship Status ကို အခြားသူများ မသိအောင် ပြောင်းပါ။
သင့်ရဲ့ Relatiionship Status ကို အခြားသူများ မသိအောင် ပြောင်းချင်ရင် Timeline ကနေ About Tab ထဲသွားပါ။ Family and relationships မှ Privacy Settings မှာ Only Me ပြောင်းပေးပြီး Relationship Status မှာ နှစ်သက်ရာကို ပြောင်းပါ။ Save Changes ကို နှိပ်ပါ။
ပို့စ်များကို သိမ်းဆည်းပါ။
Facebook မှာ နေ့စဉ် မျှဝေကြတဲ့ သတင်းများ၊ဆောင်းပါးများစွာ ရှိပါတယ်။ ဖတ်ဖို့ အချိန်မရလို့ နောက်မှ ဖတ်ဖို့ သိမ်းဆည်းထားချင်ရင် ပို့စ်ရဲ့ ညာဘက်မှ Drop-Down Arrow ကို နှိပ်ပြီး Save link ကို နှိပ်ပါ။ သိမ်းထားတာတွေကို ဒတ်စတော့မှာ ညာဘက် Sidebar မှ Saved ကဏ္ဍနဲ့ မိုဘိုင်းဖုန်းမှာ More> Saved ကဏ္ဍတို့မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။


နှစ်ပေါင်း (၁၄၀၀)ကျော်ကြာမှ တွေ့ရှိသည့် သုတေသနတွေ့ရှိချက် {{ဖိရ်အောင်ဘုရင် (ဝါ) ဖာရိုဘုရင်}}

Your browser doesn't support the video tag






့"ကျွန်ပ်အစ္စလာမ်ကိုယုံပါပြီ ကျွန်ပ်ကု၇်အာန်ကိုယုံပါပြီ"
အလ္လာဟ်အသျှင်မြတ်မှအပ အခြားကိုးကွယ်၇ာအသျှင်မ၇ှိပါ။ တမန်တော်မိုဟမဒ်သည်၎င်း၏စေတမန်
တော်တစ်ပါးဖြစ်ကြေင့််ကျွန်ပ်ယုံကြည်ပါ၏"။
ထိုသို့ အံသြခြင်းများစွာ နဲ ထိပ်လန့် တကြားနှင့် အစ္စလာမ် သာသနာကို လက်ခလိုက်သူက ပြင်သစ်သိပ္ပံပညာအကယ်ဒမီ၏ ဥက္ကဌ ကြီးမှာပေ၇ာ်ဖက်ဆာဒေါက်တာ မော၇စ်ဘူကိုင်း ပင်ဖြစ်ပါသည်။
အချိန်မှာကား ၁၉၈၁ ခုနှစ်
ပြင်သစ်သမတကြီး ဖ၇န်စစ်စကိုမစ်တ၇ာ အုပ်ချုပ်စဉ် ပြင်သစ်နိုင်ငံတွင်ဖြစ်သည်။အီဂျစ်အစိုး၇၏သဘောတူ
ခွင့်ပြုချက်ဖြင့် ဖာရိုဘု၇င်၇ာမ်စစ် (၂) ၏ရုပ်အလောင်းအား သမိုင်းကြောင်းအဆိုအ၇ ကမ္ဘာ့အကြမ်းတမ်းဆုံး၊
အ၇က်စက်ဆုံး၊ခေါင်းအမာဆုံးအီဂျစ်
ဘု၇င်အား ခောတ်မှီဓာတ်ခွဲစမ်းသပ်မှုများ(မျိုးရိုးဗီဇ DNA သေဆုံးခြင်းဇစ်မြစ် နှင့် သေဆုံးခြင်း Date ရှေးခောတ်မာမ်မီပညာ၇ပ်၊မျက်နှာပြုပြင်မွမ်းမံမှု) ပြုလုပ်၇န်၇ည်
၇ွယ်ချက်တို့ဖြင့် ပြင်သစ်အစိုး၇မှကမ်းလှမ်းခဲ့ပါသည်။
ပြင်သစ်လေဆိပ်သို့ေ၇ာက်လျှင်ေ၇ာက်ခြင်းပင် ပြင်
သစ်သမတ နှင့်တစ်ကွ ၄င်း၏အတွင်းဝန် ၀န်ကြီးများမှ နိုင်ငံတော်အခမ်းအနားနှင့်တကွ အလေးပြုကြိုဆိုမှု
ကိုပြုလုပ်ခဲ့ပါသည်။ ကြိုဆိုဂုဏ်ပြုပွဲပြီးလျှင်ပြီးချင်းပင် ဖါရိုဘု၇င်၏အလောင်းအား စူးစမ်းရှာဖွေစမ်းသပ်မှု
များပြုလုပ်၇န်ပြင်သစ်နိုင်ငံ၏အထူး မန္နုဿဗေဒ ဓါတ်ခွဲခန်းမကြီးဆီသို့သယ်ဆောင်လာခဲ့ကြပါသည်။
ပထမဦးဆုံး Cutting Edge Technology ဖြင့်သမိုင်းကြောင်းနှင့် ခန္ဓာဗေဒ စစ်ဆေးမှုများပြုလုပ်၇န်၇ည်
၇ွယ်ခဲ့ပါသည်။
ထိုအချိန်က ပြင်သစ်သိပ္ပံပညာအကယ်ဒမီ၏ ဥက္ကဌ ကြီးမှာပေ၇ာ်ဖက်ဆာဒေါက်တာ မော၇စ်ဘူကိုင်း ဖြစ်ပြီး၎င်းကိုယ်တိုင်ပင်ဦးစီးကာ ဖါရိုရုပ်ကလပ်ကြီးအား စူးစမ်းလေ့လာစမ်းသပ်ခွင့်၇ရှိခဲ့ပါ
သည်။
ပေ၇ာ်ဖက်ဆာဒေါက်တာ မော၇စ်ဘူကိုင်း က ဆေးသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ခ၇စ်ယာန်ဘာသာဝင်တစ်ဦးပီပီ သမိုင်း ကျမ်း စာပေအထောက်အထားများမှတဆင့်ရှေ့ခောတ်အီဂျစ် မင်းဆက်များနှင့် ဖါရိုဘု၇င်အကြောင်း၊
၎င်းမင်းဆက်များအကြောင်းကောင်းစွာသိရှိသောပါမောက္ခတစ်ဦး ဖါရိုဘု၇င်(၇ာမ်ဆိးစ် ၂) ရုပ်အလောင်းရှေ့တွင်အလုပ်ရှုပ်လျှက် ရှိနေပါတော့သည်။
အိုး....တစ်ကယ်ဘဲလားဗျာ......ဘယ်လိုဖြစ်တာပါလဲဗျာ... ခင်ဗျားတို့မွတ်ဆလင်တွေယုံကြည်တဲ့ ဒီကု၇်အာန်ကျမ်းတော်မြတ်က ဖါရိုဘု၇င်ေ၇နစ်ပြီး
သေတဲ့အကြောင်းနှင့် ၄င်း၏ရုပ်ခန္ဓာကိုယ်ကိုနောင်လာနောက်သားတွေ သတိသံဝေဂ၇စေ၇န် ဤကမ္ဘာပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်ဆိုတာလေ ဗျာ......ကျွန်တော့် နားတောင်ကျွန်တော်မယုံနိုင်စ၇ာဘဲ....ဘယ်လိုလုပ်ပြီး ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကဘဲဒီအကြောင်းကိုဖေါ်ပြထား၇ပါလိမ့်...ဒီမာမ်မီခန္ဓာကိုယ်ကြီးတွေ့ရှိခဲ့တာမှ ဖြင့်လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်လောက်ကမှ.... ဒီခန္ဓာကြီးကို အဲဒီကြားထဲ ဘယ်သူများထိန်းသိမ်းထားခဲ့ပါလိမ့်။ အား..မေးစ၇ာ
မေးခွန်းတွေကတော့ အများကြီးဘဲ။ တကယ်ဘဲ ယခုကျွန်တော့ရှေ့မှ မာမ်မီဖါရို အလောင်းကြီးဟာ ဟိုးတမန်တော် မိုးဆက်(မူဆာ) ကိုပင်လယ်နီကမ်းခြေထိလိုက်ခဲ့တဲ့ ဖါရိုဘု၇င်ကြီးပင်လား....
အစ္စလာမ်တွေယုံကြည်နေတဲ့ ဒီတမန်တော်မိုဟမဒ်ဟာ ဒီဖါရိုဘု၇င်အကြောင်းနှင့် ဒီခန္ဓာကြီးတည်ရှိနေတာ
ဘယ်လိုလုပ်များသိခဲ့ပါလိမ့်။
ပါမောက္ခကြီးဒေါက်တာမော၇စ် တစ်ယောက်ဘယ်လိုမှကြိုးစားပြီးအိပ်သော်လည်း အိပ်လို့
မပျော်တော့ပါ။ သူ့၇ဲ့ ရှေ့းသမာကျမ်းတော်ကို လှန်၇င်း" ဟော တွေ့ပြန်ပြီ ဒီဖါရိုး "ှ"ပင်လယ်ကြီးသည်ဖါရိုဘု၇င်နဲ့၎င်း၏ကြီးမားလှသော စစ်တပ်ကြီးကိုဝါးမြိုခဲ့သည်။ တစ်ဦးတစ်ယောက်မျှ အသက်မရှင်ခဲ့" ထွက်မြောက်၇ာကျမ်း(၁၄း၂၈)
သူမကျေနပ်သေး
ဘာလို့ဒီဓမဟောင်း ငါတို့၇ဲ့သမာကျမ်းစာက ဒီသူ့ခန္ဓာ ဤကမ္ဘာပေါ်မှာရှိနေသေးကြောင်း ဘာလို့မပြော
တာဘာလိမ့်....သူကားစိတ်မကျေနပ်.... ထပ်ပြီးထပ်ပြီးအဖြေများလိုအပ်နေသေးပေ၏။
ခေတ်သစ်ဆေးသိပ္ပံပညာရှင်ကြီးတစ်ဦးလည်းဖြစ်၊လက်ရှိဖါရိုဘု၇င်မွမ်းမံစစ်ကြောေ၇း
အဖွဲ့၏ ဥက္ကဋ္ဌကြီးလည်းဖြစ်သော ပါမောက္ခကြီးမော၇စ် တစ်ယောက်သူ့ေ၇ာင်း၇င်းလုပ်ဖေါ်ကိုင်ဖက်ဆေးနှင့်
မျိုးရိုးဗီဇ ၊မန္နုသဗေဒ၊ခန္ဓာဗေဒ ပေ၇ာ်ဖက်ဆာများ၊ဘူမိဗေဒ စပါယ်ရှယ်လစ်များနှင့်အတူ ခောတ်မှီနည်းပ
ညာ cutting edge စမ်းသပ်စစ်ဆေးေ၇းကိ၇ိယာများနှင့် ဓာတ်ခွဲခန်းထဲတွင် အလုပ်ရှုပ်နေသူ၏ ပြင်းပြသော
သိလိုစိတ်မှာ "ဘယ်လိုများဒီမာမ်မီ (ဖာရို) အလောင်းဟာကွယ်လွန်ခဲ့ပါလိမ့် "အနုစိတ်(Autopsy) စမ်းသပ်၍နေပါတော့သည်။
ညဦးယံဘက် ပညာရှင်အသီးသီး သက်ဆိုင်၇ာကဏ္ဍများကိုအသီးသီးစစ်ဆေးပြီး သကာလ နောက်
ဆုံး final report ကိုတင်ပြနေကြပြီဖြစ်ပါတယ်။ ပေ၇ာ်ဖက်ဆာအသီးသီး၏ ကောက်ချက်အ၇ ဤမာမ်မီ(ဖာရို) ရုပ်အလောင်းမှာပင်လယ်တွင်ေ၇နစ်သေဆုံးခဲ့ကြောင်း များမကြာမီအချိန်တိုအတွင်းတွင်ပင် ပင်လယ်မှဆယ်ယူခြင်းကိုခံခဲ့၇ပြီး (၀ါ) ပင်လယ်ထဲတွင်အချိန်ကြာမြင့်စွာ မရှိခဲ့ကြောင်း
ခန္ဓာကိုယ်တွင်းမှဆားဓာတ်အထောက်ထားနှင့် ပင်လယ်နီရွံ့စေး အထောက်ထားများမှ
သက်သေခံလျှက်ရှိကြောင်းတို့ကို နောက်ဆုံးအစီ၇င်ခံစာကြီး တွင်တင်ပြလာကြသောအခါ.. ၄င်းအဖွဲ့
ကိုဦးဆောင်နေသော ပေ၇ာ်ဖက်ဆာဒေါက်တာမော၇စ် တစ်ယောက်
ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေ၇ပါတော့သည်။
" အား...မဟုတ်နိုင်သေးပါဘူးေ၇ထဲမှာသေခဲ့တဲ့ ဒီမာမ်မီအလောင်းကြီးဟာ ဘာလို့များဒီလောက်
ပုံပန်းမပျက်ပဲ အခြားမာမ်မီများထက်ပင်လတ်ဆတ် လန်းဆန်းပကတိပုံအတိုင်း ဒီအချိန်ထိတည်ရှိနေ၇ပါ
လိမ့်."..ဆေးသိပ္ပံနှင့် ခန္ဓာဗေဒအကြောင်းကောင်းကောင်းနားလည်ထားသော ပါမောက္ခကြီး၊ လူသေရုပ်
လောင်းပေါင်းများစွာနှင့် ငယ်ငယ်ကတည်းကပင် မစိမ်းသောဆ၇ာဝန်တစ်ဦးအဖိှု့ဇဝေဇ၀ါနှင့် စဉ်းစား၍အ
တွေးများထူနေပါတော့သည်။ (Confirmation test) ပြန်လှန်စစ်ဆေးမှုများအကြိမ်ကြိမ်ပြုလုပ်ပြီး အားမ၇ဖြစ်
နေသော ပါမောက္ခကြီး၏ပုံစံကို စာဖတ်သူများပင်မြင်ယောင်မိမည်ထင်ပါသည်။
ဒီနှစ်ပေါင်းသုံးထောင်ကျော်ပြီဖြစ်တဲ့ ရုပ်အလောင်းကြီး၊ ရုပ်ကြွင်းမပျက်စီးသေးတဲ့မာမီကောင်ကြီး၊သူ
တို့အပြောအ၇ အီဂျစ်နိုင်ငံပင်လယ်နီကမ်းခြေရှိ ဂျဘလီယမ်း အ၇ပ်မှာတွေ့ရှိခဲ့တယ်ဆိုတဲ့ဒီအလောင်းကြီး၊
ယခုလက်ရှိအီဂျစ်သမိုင်းပြတိုက်ထဲမှာ ပြသထားတဲ့ဒီဖါရိုကြီး၊ မွတ်ဆလင်တွေကု၇်အာန်က တိတိပပပြောဆို
ဖေါ်ပြထားတဲ့ဒီဖါရိုဘု၇င်ကြီး၊ ကျွန်ပ်တော့ဗျာခောတ်မှီဆန်သစ်တဲ့ Technology အကူအညီမပါဘဲ ဒီအ
ကောင်ကြီးကိုသမိုင်းကြောင်းအ၇ စစ်ဆေးမယ်ဆို၇င်တော့ ယုံကြည်မှာမဟုတ်ဘူးဗျာ။ယခုလိုတိုးတက်တဲ့
စက်ကိ၇ိယာ Cutting Edge နည်းပညာ၊ဆေးသိပ္ပံပညာတွေ၇ဲ့ အကူအညီအ၇သာယုံ၇တာဗျာ ဟုခေါင်းခါ
လျှက်တတွတ်တွတ်ပြောကြားလျှက်သာရှိပါတော့သည်။ ဘယ်လိုလုပ်ပြီးဒီမွတ်ဆလင်တွေပြောတဲ့ ကျမ်းစာ
တော်ထဲမှာ ဒီဖါရိုအကြောင်းတိတိပပ ပါရှိနေ၇တာလဲ? သူ့၇ဲ့ကိုယ်ခန္ဓာကိုလည်းကမ္ဘာပေါ်မှာထိန်းသိမ်းထား
တယ်လို့လဲပါသေးတယ်ဆိုတော့ ဘယ်လိုများပါလိမ့်။
သူကားစစ်ဆေးမှုအထပ်ထပ်ပြုလုပ်ပြီး နောက်ဆုံးသံပြိုင်အဖြေ၇ရှိသော်လည်း မကျေနပ်နိုင်သေး၊
မာမ်မီကြီးမှာကား အီဂျစ်ပြည်သို့သာ တကြောပြန်ေ၇ာက်သွားပ်ါတော့သည်။
ဒေါက်တာမော၇စ် တစ်ယောက်
အိပ်မပျော်အခဲမကျေနိုင်သေးပါ။နောက်ဆုံး ၄င်းဖါရိုဘု၇င်ရှိ၇ာ အီဂျစ်ပြည်သို့ခ၇ီးဆက်၇န်သာဆုံးဖြတ်လိုက်
လေပါတော့သည်။အီဂျစ်နိုင်ငံသို့ေ၇ာက်လာပြီး သက်ဆိုင်၇ာ ဘူမိဗေဒ ရှေးဟောင်းသမိုင်းပညာရှင်
များ၊ဆေးပညာ ပညာရှင်များ၊မွတ်ဆလင်ပညာရှင်( စကော်လာ)များနှင့် ဆွေးနွေးမှုများပြုလုပ်လျှက်ရှိကာ အဖြေများကို
ရှာဖွေလျှက်ရှိပါသည်။ ကိုင်ရိုမြို့တနေ၇ာတွင် ၄င်း၏တွေ့ရှိချက်များကို နှီးနှောရှင်းလင်းမှုတစ်၇ပ်ပြုလုပ်နေစဉ်
မွတ်ဆလင်ဆေးသိပ္ပံပညာရှင်တစ်ဦးမှ မတ်တပ်၇ပ်ပြီး ခင်ဗျားကျွန်ပ်တို့ကျမ်းလာဒီပါဒတော်ကို ပြန်နားထောင်ပါ
ဟုဆိုကာ တည်တည်ငြိမ်ငြိမ်ဖြင့်....
" ငါအသျှင်မြတ်သည် အစ္စ၇ာအီလ် အမျိုးသားတို့ကိုပင်လယ်တစ်ဘက်ကမ်းသို့ ယူဆောင်တော်မူ၏။
ဖါေ၇ာမင်းသည် မိမိ၏စစ်သည်များနှင့်သူတို့ကိုမတ၇ားကျုးလွန် ခြားနားခြင်းဖြင့် မီအောင်လိုက်ကြ၏။သို့
သော်ေ၇နစ်မြှုပ်ဘေးထိသောအခါ သူသည်အစ္စ၇ာအီလ်အမျိုးသားတို့ယုံကြည်သော အသျှင်မှတပါးအခြား
အသျှင်သခင်မရှိဟုကျွန်ပ်ယုံကြည်ပါ၏။ကျွန်ပ်သည်အလ္လာအသျှင်မြတ်အား ယုံကြည်ကျိုးနွံသူတို့ဘောင်တွင်
ပါဝင်ပါ၏ဟုကြွေးကြော်၏။ "
ကု၇်အာန် ( ၁၀း၉၀ )
ဘာလဲ ယခုမှသင်ယုံကြည်သလော၊ ယခုတိုင်အောင်နင်သည်ထောင်ထားခြားနား၍ မတ၇ားပြုကျင့်
သူတို့ဘောင်တွင်ပါဝင်ပြီးမှ။
ကု၇်အာန် ( ၁၀း၉၁ )
သို့သော်နင်သည် နောင်လာနောက်သားတို့အဘို့ သက်သေသာဓကတော်တပါးဖြစ်စေ၇န် နင်၏
ကိုယ်ခန္ဓာကို ယခုငါအသျှင်မြတ်ကယ်တင်တော်မူ၏။ကြည့်ကြလော့ များစွာသောသူတို့သည် ငါ၏သက်သေ
သာဓကတော်များကိုသတိမမူကြချေ။
ကု၇်အာန် ( ၁၀း၉၂ )
အေးဆေးငြိမ်သက်စွာ ဂရုတစိုက်နားထောင်နေသော ပေ၇ာ်ဖက်ဆာကြီးတစ်ယောက် တိတ်ဆိတ်
ငြိမ်သက်သွားကာ"ပ၇မတ္ထ သစ္စာတ၇ား" မှန်ကန်မှုနှင့် တိကျသေချာသောအဖြေကို ၄င်း၏ နှလုံးသည်းပွတ်ကြားထဲမှ ထုတ်လိုက်လေတော့သည်။ လူအုပ်ကြားထဲသို့၎င်း၏ ဟစ်အော်ချက်မှာကား
"ကျွန်ပ်အစ္စလာမ်ကိုယုံပါပြီ....ကျွန်ပ်ကု၇်အာန်ကိုယုံပါပြီ.."
" ငါသည်ဤကျမ်းမြတ်ကု၇်အာန်ကို တောင်တခုခုပေါ်တွင် ပစ်တင်ထားတော်မူခဲ့လျှင်၊ အကယ်စင်စစ်ထို
တောင်သည် အလ္လာဟ်အားကြောက်ရွံ့တုံလှုပ်ခြင်းကြောင့် နှိမ့်ချသောသဘောဖြင့် ၀ပ်စင်း၍ အစိတ်စိတ်
အမွှာမွှာ ဖြစ်သွားသည်ကို သင်တမန်တော် မျက်ဝါးထင်ထင် မြင်ခဲ့၇လတံ့၊ ငါသည် ဤဥပမာများကို လူသား
တို့ဆင်ခြင်စဉ်းစားဘို့၇ာ ဆောင်တော်မူ၏။ " ကု၇်အာန် ( ၅၉း၂၁ )
"အလွန့်အလွန်သနားကြင်နာတော်မူသောမဟာဂရုဏာတော်သခင်အလ္လာဟ်အသျှင်မြတ်သည် အမှန်တ၇ားမြတ်နိုးသူတို့၏နှလုံးသားတံခါးများကို အမှန်ပင်ဖွင့်ပေးလေပြီတကား။"
ကု၇်အာန် ( ၂၈း၅၆ )

ယနေ့ တိုးတတ်ပါတယ်ဆိုတဲ့ ခောတ်သစ်သိပံ္ပပညာ၏အကူအညီဖြင့် စမ်းသပ် အဖြေထုတ်၍မ၇နိုင်သော သဘာဝလွန်အံ့သြဆန်းကြယ်မှုများမှာ ဤကမ္ဘာပေါ်တွင်
၇ှိလျှက်၇ှိနေသေးသည်ကို မည်သူမျှမငြင်းနိုင်ပေ။ ထိုဆန်းကြယ်မှုဖြစ်၇ပ်ဆန်းများ၏ လျှို.၀ှက်ချက်များ ကို သိလိုသည့် သဘောတ၇ားများသည် လူသားအများစုတွင်၇ှိတတ်ကြသည်မှာဓမတာပင်ဖြစ်သည်။
အချို့ကမူသဘောတ၇ားမပါသောလက်တွေ့ထက် သဘောတ၇ားနှင့်အနှစ်သာ၇ပါ၇ှိသော လက်တွေ့ခွဲခြမ်းစိတ်ဖြာမှုများကိုပြုကြပြီးမှ နောက်ဆုံးတွင် ၄င်းလေ့လာစမ်းစစ်ကြသည့် ထာ၀၇မှန်ကန်လျှက်၇ှိသော
သစ္စာတ၇ားအောက်၌ ဒူးထောက်ကြရသည်သာဖြစ်ပါသည်……………