cross

cross

1

2

3

4

Sunday, April 19, 2015

လုံခြုံရေးတပ်တွေရဲ့ ရိုင်းစိုင်းမှု

ရခိုင်ပြည်နယ်_ မောင်တောမြို့နယ်မြောက်ပိုင်း အထက်ပြူးမကျေးရွာမှလုံခြုံရေးတပ်ဖွဲတို့၏တပည့်ဖြစ်သူ ဦးဆွေတာမောက်ကို ၁၅.၀၄.၂၀၁၅ ညအချိန်တွင်အမည်မသိလူတစ်ဦးကဓါးနှင့်ထိုးခဲ့သဖြင့်သေဆုံးခဲ့ပါတယ်။အဲဒီအမှုနဲ့ပတ်သတ်ပြီးဒီကနေ့၁၀:၀၀နာရီခန့်တွင်အမှတ်(၅)နယ်မြေ(ငါးခူရကျးရွာ)မှလုံခြုံရေးတပ်၅၀ခန့်သည်အထက်ပြူးမကျေးရွာသို့ရောက်ရှိလာပြီးဒေသခံရွာသူရွာသားတွေကိုဖမ်းဆီးရိုက်နှက်ခဲ့ပါတယ်။အဆိုပါရဲများကဒေသခံများကိုရိုက်နှက်နေစဉ် ရွာမတွင်နေထိုင်သူ ဦးဒီလူးသည်ဒိုးတန်းကျေးရွာမှာရှိတဲ့သူ့ကန်းပိုင်မှအိမ်ကိုပြန်လာစဉ်ရဲတပ်ဖွဲများကသေနတ်တစ်ချက်ဲပစ်ခဲ့ပါသည်။ကျည်ဆံသည်ပေါင်တွင်ကျခဲ့သောကြောင့်နေရာတွင်ပင်လဲချခဲ့ပါသည်။အဆိုပါ ဦးဒီလူးကိုရဲတပ်ဖွဲများကဆိုင်ကယ်တွင်တင်ပြီး နယ်မြေကိုယူဆောင်သွားခဲ့ကြောင်းသတင်းရရှိပါသည်။

Tuesday, April 14, 2015

Blog မှာ Zawgyi နှင့် Unicode ချီန်းတဲ့ Box ထည့်နည်း

ဒီ code ကိုထည့်ပေးရုံပဲ  
<script type="text/javascript" src="http://yourjavascript.com/10019142125/kp3family.txt.js"></script>

Sunday, April 12, 2015

WordPress ကိုယ်​ပိုင်​ blog တစ်​ခုတည်​​ဆောက်​ခြင်း

WordPress ကိုယ်ပိုင်​ blog တစ်​ခုတည်​​ဆောက်​ခြင်း..ဆိုတဲ့ စာအုပ်​​လေးတင်​​ပေးလိုက်​ပါတယ်

Name - WordPress ကိုယ်​ပိုင်​ blog တစ်​ခုတည်​​ဆောက်​ခြင်း 
ရေးသူ -- လရိပ်
Type -- pdf
Size -- 1.09 mb
         >>DOWNLOAD<<

Saturday, April 11, 2015

♪ ဖုန်းကို တစ်ချိန်လုံး ပလပ်ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသ လား ? ? ?

ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်းသည် မို ဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ် သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲလည်း ဖြစ်သည်။လူ များစုကြီးကား မနက် ဖုန်းဘက်ထရီ အပြည့်နဲ့ အပြင် ထွက်သွားပြီး ည အိမ်ပြန် ရောက်ရင် အားကုန် နေသည့် ဖုန်းကလေးတွေ ပြန်ပါလာ တတ် သည်။ ညအိပ်ရာ ၀င်တော့ ဖုန်းကို ပလပ်ထိုး အားသွင်းပြီး အိပ်လိုက် တော့ သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့် မည်။

ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူး လား ဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်းလျှင် ဘက် ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ညလုံး ပလပ်ဆက် ထိုး ထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များ လည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့်တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိ သည်။
ဖုန်းဘက်ထရီနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေ သည်။ မယုံလျှင် အင်တာနက် ခေါက်ကြည့်ပါ။ တစ်ခုနှင့် တစ်ခု ဆန့်ကျင် ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။ ဘယ်ဟာ အမှန်ဘယ်ဟာ အမှား ခွဲခြားရ ခက်တော့သည်။ အထက်ပါ အ တိုင်း ဘက်ထရီ ပြဿနာ အဖြေရှာရင်း အဖြေ အမျိုးမျိုးကြား မျက်စိလည် နေသူများ အဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံ မေးမြန်း ထားသည့် ဘက်ထရီ ပြဿနာ အဖြေရှာနည်း များကို အောက်တွင် တင်ပြသွား ပါမည်။ ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။
ဖုန်းကို တစ်ညလုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။
တစ်ညလုံး ပလပ်ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက် ပျက်စီး စရာ အကြောင်း မရှိပါဘူး။ နောက်ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ် ကောင်းတယ်။ အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ၀င်နေ တာကို အလို လျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပိုသွင်းမိပြီး ဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။
ဟုတ်တော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထား ရင် ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုတာကော ဟုတ်လား။
Lithium-ion ဘက်ထရီတွေက အပူဒဏ် ကိုတော့ သိပ်မခံနိုင်ဘူး။ ဖုန်းကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ် တယ်။ အဲဒီလိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီလို ပျက်စီးရင် ဘက်ထရီ အလုပ်လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။ ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်း ထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာ တာမျိုး ဖြစ်ခဲ့ ပါတယ်။ ဖုန်းကာဗာ စွပ်ထားတဲ့ လူ တွေ အနေနဲ့ ညအိပ်ရင် ဖုန်းကို ပလပ်ထိုးအိပ်မယ် ဆိုရင် ကာဗာကို ဖြုတ် ထား ဖို့တော့ အကြံပြုလို ပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူတက်လာ တာမျိုး မဖြစ်တော့ ဘူးပေါ့။
ဘယ်လိုမျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။

ဘက်ထရီကို (၅၀) ရာခိုင်နှုန်းနဲ့ (၈၀) ရာခိုင်နှုန်းကြားမှာ ပုံမှန်လေးရှိ နေ အောင် ထိန်းပြီး အားသွင်းပေး ထားတာ အကောင်းဆုံးပဲ။ အဲဒီလို အားသွင်း ထားမယ် ဆိုရင် ဘက်ထရီထဲက အိုင်ယွန်း တွေဟာ အမြဲတမ်း ပုံမှန် လည် ပတ် အလုပ်လုပ် နေနိုင်တဲ့ အတွက် ကျန်းမာရေး ကောင်းတယ်။ အားလုံးဝ ကုန်သွားရင် အိုင်းယွန်းတွေ ဆက်အလုပ် မလုပ်နိုင်ဘူး။ အဲဒီလိုပဲ အား အပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေရဲ့ ပုံမှန် လုပ်ငန်း စဉ် ကို နှောင့်ယှက်ရာ ရောက်တယ်။(၅၀) နဲ့ (၈၀) ကြားမှာ ရှိနေအောင် ထိန်း ပြီး အားသွင်းမယ်ဆိုရင် အစွန်း နှစ်ဖက်လုံးက လွတ်တဲ့ အတွက် ဘက်ထရီ ဟာ ကျန်းမာတယ်။ ဖြစ်နိုင်ရင် ဘက်ထရီကို (၅၀-၈၀) ကြားမှာ ရှိနေအောင် တစ်နေ့လုံး ထိန်းပြီး သွင်းပေး သင့်တယ်။ အကြာကြီး ပလပ်ထိုးထားဖို့ မလို ဘူး။ (၅၀) ရာခိုင်နှုန်းလောက် ရောက်လာပြီဆို ခဏ ပလပ်ထိုးထားလိုက်။ (၈၀) ရာခိုင်နှုန်း လောက် ရောက်ပြီဆို ပြန် ဖြုတ် ထားလိုက်။ ပြန်လျော့ သွားပြီဆို ခဏ ပြန်ထိုးလိုက်နဲ့ လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးပဲ။ ဒါ ပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ ရှုပ်တယ်။ လူအတော်များများ လုပ်နိုင် ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင်တယ် ဆိုရင် အ လုပ်သင့်ဆုံး နည်းလမ်းမို့ လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့ လူတွေ အနေနဲ့လည်း စိတ်ပျက် နေစရာတော့ မလိုပါဘူး။
ဘက်ထရီ မပျက်စီးအောင် ဘာတွေ ဆောင်၊ ဘာတွေ ရှောင်ရမလဲ။
ဘက်ထရီ အကုန်ပြောင်အောင် သုံးပစ်ပြီး တဲ့နောက် အကုန်ပြည့်တဲ့ထိ တစ် လျှောက်တည်း သွင်းပစ် တာမျိုးတော့ လုံးဝ ရှောင်။ သုည ရာခိုင်နှုန်း ကနေ တစ်ရာ ရာခိုင်နှုန်းထိ တစ်ခါတည်း သွင်းပစ် တာမျိုးဟာ ဖုန်းဘက်ထရီကို လည်ပင်း ညှစ်တာပဲ။ ဘက်ထရီတွေဟာ အဲဒီလို သုညကနေ တစ်ရာထိ ကို ဘယ်နှခေါက်သာ ခံနိုင်တယ် ဆိုတာ စထုတ် ကတည်းက သတ်မှတ် ပေး ထားတာ ရှိတယ်။ ကိုယ်က အဲဒီလို ဖုန်းဘက်ထရီကို လည်ပင်းများများ ညှစ်လေ သတ်မှတ်နှုန်း မြန်မြန် ပြည့်ပြီး ဘက်ထရီ မြန်မြန် အသက် ထွက်လေ ပါပဲ။ အဲဒီလို သုည ကနေ တစ်ရာကို အားသွင်းမိတဲ့ အကြိမ် တွေများ လာလေ ဘက်ထရီဟာ စွမ်းဆောင်ရည် ကျဆင်းလာ လေပါပဲ။ ခဏလေးနဲ့ အားကုန် သွားတာ မျိုးကနေ လုံးဝကို သုံးမရ တော့တဲ့ထိ ဖြစ် သွားနိုင် ပါတယ်။
ဖုန်းဘက်ထရီ သက်တမ်း ကြာကြာခံအောင် ဘယ်လို အားသွင်း ပစ္စည်းတွေ သုံးရမလဲ။
ဖုန်းဝယ် ကတည်းက တစ်ခါတည်း တွဲပါလာတဲ့ အော်ရီဂျင်နယ် အားသွင်း ကြိုးတွေ၊ အားသွင်းတုံးတွေကို သုံးတာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ အော်ရီဂျယ်နယ်ဟာ ပျက်သွား ရင်လည်း အော်ရီဂျင်နယ် ကြိုးတွေ၊ အား သွင်းတုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။ အော်ရီဂျင်နယ်တွေ ဈေးသိပ်ကြီး နေတာမျိုးနဲ့ တိုးလို့ မျက်ရည်ကျ ချင်ချင် ဖြစ်လာ ရင်တော့ ဈေးလည်း သက်သာ စိတ်လည်း ချရမှာ မျိုးတွေကို ဒုတိယ အဆင့် အနေနဲ့ စဉ်းစား သင့်တယ်။ ကိုယ့် ဖုန်းအမျိုးအစားမှာ သုံးနိုင်တဲ့ အခြားတံဆိပ်နဲ့ ဘက်ထရီတွေ၊ အားသွင်းကြိုး တွေကို အရင်ဆုံးရွေး။ ပြီးရင် ပါကင် တွေမှာ ရေးထား တာတွေ လိုက်ဖတ်ကြည့်။ စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတဲ့ ပစ္စည်း ဆိုရင် ဘယ်လို စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတယ်၊ စည်းမျဉ်း စည်းကမ်းနဲ့ ဘယ်လို ညီညွတ်တယ်၊ ဘယ်လို ထောက်ခံချက် ရထားတယ် ဆိုတာတွေ ပါတယ်။ အဲဒီလို ဟာမျိုးတွေက အော်ရီဂျင်နယ် လောက် နီးနီး လည်း စိတ်ချရတယ်။ နာမည် ရထားတဲ့ ပစ္စည်းတွေကို ၀ယ်သုံး တာလည်း တစ်မျိုး စိတ်ချ ရတယ်။ နာမည် ရထား ပြီးသား ပစ္စည်းတွေဟာ အရည် အသွေး ကိုလည်း ထိန်းကြတယ်။ ကိုယ့်ဖုန်းနဲ့ အားသွင်းကြိုးနဲ့ ဓာတ်အား လက်ခံနိုင်ပုံချင်း တူရဲ့လားလဲ သေချာ စစ်ဆေးဖို့ လိုတယ်။ ဖုန်းက ၀ပ် ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် လက်ခံနိုင်လဲ သေချာကြည့်။ အား သွင်းကြိုး ကရော ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် ပေးနိုင် တာ လဲ သေချာကြည့်။ နှစ်ခု ကိုက်ညီတယ် ဆိုမှဝယ်။ ဒါဆို အော်ရီဂျင်နယ် မဟုတ်ရင်တောင်မှ တော်တော်လေး စိတ်ချရ ပြီလို့ သတ်မှတ် နိုင်တယ်။

ဈေးပေါတာတွေကို သတိထား။ ဈေးပေါတဲ့ အားသွင်းကြိုးတွေ၊ အားသွင်း တုံး တွေဟာ အရည်အသွေးလည်း ညံ့တာ များတယ်။ စံချိန်စံညွှန်း မီအောင် မလုပ်ဘဲ၊ ပစ္စည်းဖြစ် ပြီးရော ဆိုတာမျိုး ထုတ်ထားတာမျိုးနဲ့ တိုးရင် အန္တ ရာယ်ပါ ကျရောက် နိုင်တယ်။ ဒါပေမဲ့ ဈေးပေါတာတွေ ထဲမှာ တစ်ကယ် ကောင်းတဲ့ ဟာလေး တွေလည်း ပါတတ် ပါတယ်။ အများစု ကတော့ စိတ်မ ချရ ပါဘူး။လန်ဒန် မီးသတ်ဌာနက ထုတ်ပြန်ချက်ကို ကြည့်ပါ။ အရည် အ သွေး မမီတဲ့ အိုင်ဖုန်း အားသွင်းကြိုး အတုတွေကြောင့် ဓာတ်လိုက်တာ၊ လက်မီးလောင်တာ၊ အိမ်ပါ မီးလောင်တာမျိုး တွေပါ ဖြစ်ပွားနေရ သတဲ့။ အားသွင်းကြိုး အသစ် ၀ယ်လာပြီး ပြီဆိုရင် တစ်ညလောက် ဖြစ်ဖြစ် ပလပ် ထိုးထားကြည့် လိုက်ပါ။ ကိုယ်ကလည်း သတိလေး နဲ့တော့ စောင့်အိပ်ပေါ့။ မနက် ရောက်တဲ့ အခါ ဖုန်းလည်း တအား ပူတက်နေတာမျိုး မဖြစ်ဘူး၊ တစ်ခြား ပြဿနာလည်း မပေါ်ဘူးဆိုရင် စိတ်ချရတဲ့ ပစ္စည်းလို့ ယေဘုယျ သတ်မှတ် နိုင်တယ်။ ဖုန်းဘက်ထရီအတွက် အန္တရာယ် အကင်းဆုံး၊ အထိ ရောက်ဆုံး ဖြစ်အောင် မူရင်း အားသွင်းကြိုး၊ အားသွင်းတုံးတွေကိုသာ အ သုံးပြုပါ။ တစ်ခြား တံဆိပ်နဲ့ ၀ယ်မည် ဆိုပါက အာမခံချက် သေချာပေးသော ပစ္စည်းများ ကိုသာ သုံးစွဲပါ။
-ဖုန်း အရမ်းမပူ ပါစေနဲ့။ ညဘက် ပလပ်ထိုး အားသွင်းပြီး အိပ်မည် ဆိုလျှင် ဖုန်း ကာဗာ ကိုတော့ ချွတ်ထားလိုက်ပါ။
-ဖုန်း ဘက်ထရီ အကျန်းမာဆုံး ဖြစ်စေ လိုလျှင် ဘက်ထရီကို (၅၀-၈၀) ရာခိုင်နှုန်း ကြား ရှိနေအောင် ထိန်းပြီး အားသွင်းပေးပါ။
-ဘက်ထရီ လုံးဝ အားကုန်ပြီး ပိတ်သွားသည် အထိ မသုံးပါနဲ့။ ဘက်ထရီ သုည ရာခိုင်နှုန်းမှ တစ်ရာ ရာခိုင်နှုန်းသို့ တောက်လျှောက် အားသွင်းခြင်းမျိုး ကိုလည်း ရှောင်ပါ။

စာအုပ်အမည်... Hacker တို့၏ထိုးဖောက်နည်းများနှင့် HACKER အန္တရာယ်ကာကွယ်နည်းများ


စာရေးသူ.............စာရေးဆရာ.........ရဲမင်းအောင် (RAY-Electronic)
Size....................14.6MB

ဒေါင်းရန်...
https://my.pcloud.com/publink/show?code=XZYPHXZfILCV1sMflXhnwXc4EmpJ7s0ixV7

Battery နှင့် Cell များအကြောင်း


Batteries နှင့် Cells များသည် DC ဗို့အားကို ထောက်ပံ့ပေးသော လျှပ်စစ်ပစ္စည်း များဖြစ်ကြသည်။

ဗို့အား၏ အဓိပါယ်မှာ Potential စွမ်းအားခြားနားခြင်းဖြစ်၇်ျ Batteries နှင့် Cells များကို လျှပ်စစ်စွမ်းအင် ထောက်ပံ့ပေးသော ပင်ရင်းများဖြစ်ကြသည်။ထို့အပြင်ပါဝါ သည်စွမ်း အင်အသုံးပြုသောနှုန်းဖြစ်သဖြင့် ၄င်းပစ္စည်းကိရိယာများကို Power Sources
ဟုလည်း ခေါ်ကြသည်။ လျှပ်ငုတ်နှင့်သင်္ကေတCell တစ်ခုသည် ဓာတုနည်းဖြင့် လျှပ်စစ်ဓာတ်ထုတ်ပေးသောပစ္စည်းကိရိယာ ဖြစ်၇်ျ ကွဲပြားခြားနားသော သတ္တုများဖြင့်ပြုလုပ်ထားသော လျှပ်ငုတ် နှစ်ခုပါရှိပြီး လျှပ်လိုက်ရည်electrolyte ပါရှိသည်။ ဓာတုစွမ်းအင်မှ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးသော အရေအတွက်
(Unit) တစ်ခုကို Cell ဟုခေါ်သည်။

လျှပ်ငုတ်များနှင့် လျှပ်လိုက်ရည်များ၏ ဓါတ်ပြုမှုကြောင့် လျှပ်စစ်ဗို့အားဖြစ်ပေါ်လာရသည်။ဘက်ထရီတစ်ခုတွင် Cell နှစ်ခု (သို့)နှ စ်ခုထက်ပိုသော Cell များကို အတူတကွ ဆက် သွယ်ထားပြီး ယူနစ်တစ်ခုတည်းဖြစ်ရန် ထုပ်ပိုးထားသည်။
လက်တွေ့မှာတော့ ဘက်ထရီတစ်ခုတွင် ဘက်ထရီတစ်ခုတွင်မူ နှစ်ခု (သို့) နှစ်ခုထက် ပိုသော Cell များပါဝင်သောကြောင့်ဘက်ထရီတစ်လုံးသည် Cell တစ်ခုတည်း (သို့)
Cell များ၏ အစုအပေါင်းကိုဆိုလိုပါသည်။

အီလက်ထရောနစ် လေ့လာလိုက်စားတော့မယ်ဆိုရင်အကြမ်းဖျင်း ရှိသင့်တဲ့ အရည် အချင်းတွေပါ

၁။အသက် ၁၅ နှစ်မှ ၄၅ နှစ် အတွင်း သာဖြစ်သင့်ပါတယ်။ပညာရှာအိုသည်မရှိလို့ဆိုသော်လည်း
မှတ်သားလေ့လာ ရန်အတွက် ခရီးရောက်ပေါက်မှုနည်းသွားတတ်ပါတယ်။မျက်စိနဲ့ ကိုယ်ကာယ စွမ်းအင်အသုံးချဖို့ရာ လူငယ်များနဲ့ယှဉ်ရင် အဖက်ဖက်က အားနည်းချက်တွေရှိနိုင်လို့ပါ။
၂။အတန်းပညာအရည်အချင်း အနိမ့်ဆုံး ၅ တန်းခန့်တော့ရှိသင့်ပါတယ်။ဒါမှမဟုတ် English စာ တီးမိခေါက်မိလောက်တော့ရှိရမှာပါ။

၃။အတွေးအခေါ် ပုံမှန်မရှိသူ စိတ်မမှန်သူများအနေနဲ့ မသင်သင့်ပါ။ကျတ်မှတ်တွက်ချက်မှု / မှတ်သားနိုင်မှု/တွေပါဝင်နေလို့ပါ။

၎။မျက်စိ နား နှာခေါင်း အထိအတွေ့ အာရုံခံစားမှုတွေမှာ ထက်ထက်မြက်မြက် ရှိသင့်ပါတယ်။ပြုပြင်တဲ့နေရာမှာ အက်ကွဲခြင်း ကြိုးပြတ်နေခြင်း လွတ်နေခြင်း ခဲဂဟေ လွတ်နေခြင်းကျိုးပဲ့နေခြင်းတွေကို စေ့စပ်သေချာစွာမြင်နိုင်စွမ်းသူဖြစ်သင့်ပါတယ်။အမြင်အာရုံမကောင်းရင် မလွယ်ပါ အခက်အခဲများစွာတွေ့နိုင်ပါတယ်။ပစစ္စည်းတွေကို ပူမှန်းအေးမှန်း စမ်းတဲ့နေရာမှာလိုအပ်ပါတယ်။
၅။နောက်ဆုံးကတော့ အတွေ့အကြုံ ဖြတ်ထိုးညဏ် ပညာ လေ့လာအားထုတ်မှု့ မှန်ကန်တဲ့ဆုံးဖြတ်မှု့တွေပါ။(မျက်စိ/နား/နှာခေါင်း/လျှာ/ကိုယ်/စိတ်)

ELECTRONICS ဖြစ်ပေါ်လာပုံ

Electronics နည်းပညာကို လေ့ လာ လိုက်စားတော့မည် ဆိုလျှင် “Electronics” ဟူသော ဝေါဟာရ ကို အခြေ အ မြစ်ကျကျ သိရှိ Electronics (အီလက်ထရွန်းနစ်) ဟူသော ဝေါဟာရကို အင်္ဂလိပ် မြန်မာ အဘိဓာန်များ၌ ပရမာ အနုမြူနှင့် ဆိုင် သော ရူပဗေဒ ဘာသာရပ် ဟုအဓိပ္ပာယ် ဖွင့်ဆိုထားလေသည်။

Electronics ဟူသော ဝေါဟာရကို (GREEK) ဂရိဘာ သာစကားမှ စတင်ဆင်းသက် ပေါက်ဖွားလာခဲ့ သည်။ ဂရိဘာသာစကားတွင် Electronics ဟူသော ဝေါဟာရ ကို ပယင်းကျောက်တုံးဟု အဓိပ္ပာယ် ရလေ သည်။ စာဖတ်သူများအနေဖြင့် အီလက်ထရွန်းနစ်ပညာကိုလေ့ လာလိုက်စားရာတွင် ဗဟုသုတအနေ ဖြင့် သော်လည်ကောင်း၊ မိမိဝါသနာပါရာ အီလက်ထရွန်းနစ်ပညာ၏ သမိုင်းကြောင်းဆိုင်ရာ သိမှတ်စရာအဖြစ် လည်းကောင်း အထောက်အကူဖြစ်စေခြင်းငှာ အီလက်ထရွန်းနစ်၏ သမိုင်းကြောင်းကို စတင်ပါတော့မယ် ခင်ဗျာ။

လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်လောက်က ပိုးသားဝတ်စုံများကို မြတ်နိုးစွာ ၀တ်ဆင်လေ့ရှိ သော ဂရိလူမျိုးများစွာတို့အနက် လက်အငြိမ်မနေသောတတ်သော ဂရိလူမျိုးတစ်ဦး ရှိလေသည်။ ထိုသူ တွင် လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည့် ပယင်းကျောက်တုံး (AMBER) တစ်လုံးရှိလေသည်။ ထိုသူသည် အားလပ်သော အချိန်တိုင်းတွင် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံး ကလေးကို သူ၏ ပိုးသားဝတ်
ရုံဖြင့် အစဉ်သဖြင့် ပွတ်တိုက်လှုပ်ရှား၍ သာနေသည်။ ထိုသူ၏ အငြိမ်မနေတတ်သော အကျင့်သည် သာမန် အားဖြင့်ဆိုလျှင် မည့်သို့မျှထူးခြား စိတ်ဝင်စားဖွယ် မရှိသော်လည်း ထိုသို့ အငြိမ်မနေတတ်သော ဂရိလူမျိုး တစ်ဦး၏ ပိုးသားဝတ်ရုံစဖြင့် ပယင်းကျောက်တုံးကလေးကို စဉ်ဆက်မပြတ်ပွတ်တိုက် လှုပ်ရှားရာမှ စ၍ ယခုမျက်မှောက်ကာလ ကမ္ဘာနှင့်အ၀ှမ်း အီလက်ထရွန်းနစ်နည်းပညာများ ဖွံဖြိုးတိုးတတ်လာခဲ့သည် ဆို လျှင် ယုံနိုင်ဖွယ်မရှိအောင် အံ့သြကြမည်မှာ မလွှဲပါ။

တစ်နေ့သော်ထိုသူသည် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် စဉ်ဆက်မ ပြတ် ပွတ်တိုက်ရာမှ လက်ထဲမှာ ပူနွေးညောင်းညာလာသဖြင့် ၎င်းပယင်းကျောက်တုံးကလေးကို အနီးရှိ စားပွဲခုံတစ်ခုပေါ် တင်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ပေါ့ပါးသော စက္ကူစများ၊ ငှက်မွှေးများ၊ ဂွမ်းစကဲ့သို့ သော ပေါ့ပါးသော အရာဝတ္တုများသည် ၎င်းပယင်းကျောက်တုံးဆီသို့ အပြေးအလွှား ကပ်ညှိသွားသည်ကို အဲ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။ ထိုသူသည်လွန်စွာ အံ့အားသင့်သွားသည်။

သို့သော် အဘယ်ကြောင့်ထိုသို့ ဖြစ်ရသည်ကိုမူ ၎င်းအနေဖြင့် သိနိုင်စွမ်းမ မရှိခဲ့ပေ။ သို့သော် ထိုသူ သည် ၎င်း၏ ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် ပူနွေးလာစေရန် အဆက်မပြတ် ပွတ်တိုက်၍ လူပုံလယ်တွင် မည့်သည့် အဆက်အသွယ်မှ မရှိဘဲ သံနှင့်သံလိုက် မဟုတ်ပါပဲ အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစ နှင့် စက္ကူစုတ်များကို ပယင်းကျောက်တုံးသို့ ပြေးဝင်ကပ်ညှိအောင် လုပ်နိုင်စွမ်းသူ တစ်ဦးအဖြစ် ဂရိလူမျိုး များစွာတို့၏ အံ့ဩမှုကို ခံယူခဲ့ရလေသည်။

အမှန်စင်စစ် ထိုအချိန်က အရာဝတ္တုတစ်ခုကို အခြားအရာဝတ္တုတစ်ခုနှင့် ပွတ်တိုက်သည့်အခါ (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီ ခေါ်အပူကြောင့်ဖြစ်ပေါ်သော အပူ လျှပ်စီးကြောင်း၏ သဘောတရားကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ သို့သော ပယင်း ကျောက်တုံးကို အ၀တ်စတစ်ခုခုဖြင့် ပွတ်တိုက်ပေးလျှင် အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစနှင့် အခြားပေါပါးသော အရာဝတ္တုများ ပြေးဝင် ကပ်ညှိနိုင်သောသဘောကို အီလက်ထရွန် (သို့မဟုတ်) အီလက်ထရစ် ဟုခေါ်ဆို ကြလေသည်။ ၎င်း၏ အ ဓိပ္ပာယ်မှာ ပယင်းကျောက် ဟု၍ပင်ဖြစ်သည်။

အချိန်ကာလာ အတန်ကြာသိအထိ ပယင်းကျောက်တုံး၏ နိယာမမှာ တိုးတက်ပြောင်းလဲခြင်းမရှိဘဲ နေလာခဲ့ရာ (၁၆) ရာစုသို့ ရောက်သောအခါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ် ဆိုသူ သည် ချိတ်၊ အင်တွဲ၊ ကန့်၊ ဖန် စသောအစိုင်အခဲတို့သည်လည်း အ၀တ်စဖြင့် ပူလာသည်အထိ ကြိမ်ဖန် များစွာ ပွတ်တိုက်ပါက ပယင်းကျောက်တုံးကဲ့သို့ပင် ပေါ့ပါးသော အရာဝတ္တုများကို ဆွဲငင်နိုင်ကြောင်း ထပ်မံစမ်းသပ် တွေ့ရှိလာခဲ့သည်။

ထိုပြင် အီလက်ထရွန်တို့သည် တစ်နေရာမှ တစ်နေရာသို့ ၀ိုင်ယာကြိုးစသည့် တစ်စုံတစ်ခုဆက် သွယ်ခြင်း မရှိပဲ အာကာသ အတွင်းသို့ အလိုအလျှောက် ပျံနှံရောက်ရှိနိုင်ကြောင်း သိရှိခဲ့ရလေသည်။ ထိုပြင် (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီခေါ် အပူကြောင့် အလို အလျှောက် စွမ်းအင်တစ်မျိုး ဖြစ်ပေါ်စေကြောင်းနှင့် ပယင်း၊ ချိတ်၊ ကန့်၊ ဖန်၊ အင်တွဲ၊ ထင်းရူးဆီတို့၌ ငြိမ် ၀ပ်လျှက်ရှိသော စွမ်းအင်များသည် ပွတ်တိုက်မှုကြောင့် ပူနွေးနိုးထလှုပ်ရှားပြီး ရှင်သန်သော စွမ်းအင်များ ပေါ်ထွက်လာနိုင်သည် ဟူ၍၎င်း၊ ထိုသို့ ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင်ကို (FRICTIONAL ELECTRICITY) အပူကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင် (သို့မဟုတ်) ( Static Electricity) စတက်တစ်ခ် အီလက်ထရစ်စီးတီး တည်ငြိမ်မှု နိုးထသော လျှပ်စစ်စွမ်းအင် ဟုခေါ်ဆိုကြလေသည်။

ဤသို့ဖြင့် ၁၈၁၉ ခုနှစ်သို့ ရောက်ရှိလာသောအခါ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်လိုက်သော အခါအပူကြောင့် သံလိုက်ဓာတ်ကဲ့သို့ ဆွဲသင်ယူဆောင်နိုင်သော စက်ကွင်း (သို့မဟုတ်) လျှပ်စီးစွမ်းအင်များ ထွက်ပေါ်လာ သည်။ ထို့အပြင် ၎င်းလျှပ်စီးစွမ်းအင်တို့သည် ရွှေ၊ ငွေ၊ ကြေး၊ အလူမီနီယံ၊ သံ စသော သတ္တုများတွင် စီး ၀င်နိုင်သည်။ ၎င်းသတ္တုတို့တွင် အီလက်ထရွန်များ လွပ်လပ်စွာ တည်ရှိနိုင်မှုကြောင့် လျှပ်ကူးစွမ်းရည်ပို ကောင်းသည်။ မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေးတို့သည် အီလက်ထရွန်သက် ရောက်မှု နည်းပါးသဖြင့် လျှပ်ကူးမှုစွမ်းအင် နည်းပါးပြီး ရောက်ရှိလာသော လျှပ်စီးစွမ်းအားတို့ကို တားဆီး သောသဘောရှိသည်ဟု သိရှိလာသည့်အပြင် ထပ်မံစူးစမ်းလေ့လာသောအခါ ထိုသူသည် အောက်ဖော်ပြ ပါအချက်တို့ကို တွေ့ရှိနိုင်ခဲ့လေသည်။

အရာဝတ္တုတစ်ခုနှင့်တစ်ခု ပွတ်တိုက်သည့်အခါ အပူကြောင့် လျှပ်စီးစွမ်းအားကို ရရှိစေနိုင် သည်။ေ ရွှ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့သည် လျှပ်စစ်စွမ်းအင်ကို လက်ခံဖြတ်သန်းစီးဆင်းစေ နိုင်သည်။
လျှပ်စစ်စွမ်းအင်များသည် ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့ကို ဖြတ်သန်းစီးဆင်းသော အခါ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လျှပ်စစ်သံလိုက်ကွင်းများ ဖြစ်ပေါ်နေသည်။
၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ များကို ကြိုးခွေတစ်ခုသဖွယ် ခွေ၍ထားပါက လျှပ်စစ်သံလိုက်စက် ကွင်းအင်အားများပို၍ ဖြစ်ပေါ်စေသည်။

၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ ကြိုးခွေအတွင်း လျှပ်စစ်စွမ်းအား ဖြတ်သန်းနေစဉ် ၎င်းကြိုးခွေ အ တွင်း၌ သံချောင်းတစ်ခုကို ထားပါက ၎င်းသံချောင်းသည် သံလိုက်ဖြစ်နေပြီး လျှပ်စစ်စွမ်း အား ရပ်ဆိုင်းသွားသည့်အခါ ၎င်းသံလိုက်ချောင်းသည် သံလိုက်ဓာတ် ကွယ်ပျောက်သွား သည်။ မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေး တို့သည် အီလက်ထရွန်ကူးသန်းမှု ကို တားဆီးခုခံနိုင်သည်။ ထိုသို့ တားဆီးခုခံမှု (Resistance) အနည်းအများသည် အရာဝတ္တု တစ်ခု၏ လျှပ်စီးတားဆီးနိုင်မှု ပမာဏအပေါ်မှုတည်၍ တိုင်းတာသိရှိနိုင်သည်။ ထိုခုခံတားဆီးမှု ပမာဏကို (OHM) ဖြင့် တိုင်းတာသတ်မှတ်နိုင်သည်။

(Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အထက်ပါ (၆) မျိုးသော အကြောင်းအ ရာ တို့ကို သာရှာဖွေနိုင်ခဲ့သောလည်း ထိုသူ၏ အကျိုးကျေးဇူးဖြင့် ထရန်စဖော်မာ ၏ အခြေခံဖြစ်သော ကွိုင်၏ သဘောတရာနှင့် လျှပ်စီးခုခံမှု ပမာဏကို တိုင်းတာနိုင်သော ( OHM Law) အုမ်းလော ခေါ် လျှပ်စစ်ခုခံမှုတိုင်း တာသော ဥပဒေများ၏ အခြေခံသဘောတရား များနှင့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် မရှိမဖြစ် အဓိက အ သုံးပြုသော (Resistor) ရီစစ္စတာ ခေါ် အီလက်ထရွန်းနစ် လျှပ်ခံပစ္စည်းပေါ်ပေါက်ရခြင်း၏ အကျိုးကျေးဇူး များ ကို ရရှိခဲ့ရပေသည်။

ဤသို့ဖြင့် ၁၆၃၁ ခုနှစ် သို့ ရောက်သောအခါ မိုက်ကယ်ဖာရာဒေး ( MICHAL FARADAY) ဆိုသူ သည် အထက်ဖော်ပြပါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ်၊ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် တို့၏ ရှာဖွေတွေ့ရှိချက်များအပေါ် မူတည်၍ အဓိကအကျဆုံး လျှပ်စစ်စွမ်း အားထုတ်ယူသုံးစွဲနည်း ပညာများကို တိုက်ရိုက်တီထွင်နိုင်ခဲ့သည်။

ယခင်ပုဂ္ဂိုလ်များသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်းဖြင့် အပူကြောင်း လျှပ်စစ်စွမ်းအင် ရရှိနိုင်သည်ဟု၎င်း၊ ၎င်းလျှပ်စစ်စွမ်းအင်စီးဆင်းရာ ၀န်းကျင်တွင် သံလိုက်စက်ကွင်းဖြစ်ပေါ်စေပြီး သံ ချောင်းကို ပင် သံလိုက်ချောင်းဖြစ်စေနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ သို့သော် မိုက်ကယ်ဖာရာဒေး ကမူ ၎င်းတို့ ရှာဖွေတွေ့ရှိချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော သံလိုက်မှ လျှပ်စစ်စွမ်းအားကို ထုတ်ယူ ပေးနိုင်ခဲ့လေသည်။

မိုက်ကယ်ဖာရာဒေးသည် ကြေးနီဝါယာနန်းကြိုးခွေတစ်ခုအတွင်း၌ သံလိုက်တုံးကို မရပ်အနားလှုပ် ရှားစေခြင်းကြောင့် ကြေးနီဝိုင်ယာကြိုးအတွင်း လျှပ်စစ်ဓာတ်အားကို ဖြစ်ပေါ်စေသည်ကို စမ်းသပ်လေ့လာ တွေ့ရှိခဲ့လေသည်။

မိုက်ကယ်ဖာရာဒေးသည် လျှပ်စစ်စီးအားတစ်ခုသည် ကွိုင်တစ်ခုအတွင်း ဖြတ်သန်းစီးဝင်နေပါက ၎င်း ကွိုင်၏ ပတ်ဝန်ကျင်တွင် လျှပ်စစ်သံလိုက်စက်ကွင်းများ ဖြစ်ပေါ်နေပြီး၊ ၎င်းအနီးတွင် မည်သည့် အဆက်အသွယ်မျှ မရှိဘဲ အခြားကွိုင်တစ်ခုကို ထားရှိပါကလည်း ထိုကွိုင်အတွင်းသို့ လျှပ်စစ်လှိုင်းများ အလိုလျောက် ကူးပြောင်းရောက်ရှိနိုင်ကြောင်းကို ရှာဖွေသိရှိခဲ့လေသည်။

ဤသို့အားဖြင့် မိုက်ကယ်ဖာရာဒေး၏ ကျေးဇူးဖြင့် (၁၈၃၀) ခုနှစ်၊ နှောင်းပိုင်းကာလ သို့မဟုတ် (၁၉) ရာစုနှစ်တွင် လျှပ်စစ်နှင့် ပက်သက်သော အကျိုးတရားများ ဖြစ်ထွန်းခဲ့လေသည်။ မိုက်ကယ်ဖာရာဒေး၏ လေ့လာ စူးစမ်းမှုအပေါ် အခြေပြု၍ (၁၈၃၁) နှစ်နောက်ပိုင်း ကာလတွင် အီလက်ထရွန်(ခေါ်) ပယင်း ကျောက်တုံးကလေးမှ စတင်ခဲ့သော လျှပ်စစ်စွမ်းအင်နှင့် သက်ဆိုင်သော အသိပညာများ၊ လူသား အကျိုးပြု လျှပ်စစ်ကိရိယာများစွာ တိုးတက်ဖွံဖြိုးလာပေသည်။ လျှပ်စစ်ဆိုင်ရာ အတတ်ပညာနှင့် သက်ဆိုင်နှီးနှောသော အတတ်ပညာပိုင်းဆိုင်ရာ အခေါ်အဝေါ်များကို စတင်ဖြစ်ပေါ်ခဲ့ရာ အခြေအမြစ်ဖြစ် သော ပယင်းကျောက်တုံးကိ အစွဲပြု၍ ယနေ့ချိန်ထိ အီလက်ထရွန်၊ အီလက်ထရစ်၊ အီလက်ထရွန်းနစ် စသည်အားဖြင့် ခေါ်ဝေါ် သုံးစွဲကြလေတော့သည်။

အထက်ဖော်ပြပါ အကြောင်းအရာတို့သည် အီလက်ထရွန်းနစ် (Electronics) ဟူဟော ဝေါဟာရ မည်သို့ ဖြစ်ပေါ်လာ သည်ကို ဗဟုသုတ ရရှိစေရန် ဖော်ပြလိုက်ရခြင်း ဖြစ်ပေတော့သည်။ေ က်းဇူးတင္ပါတယ္ခင္ဗ်ာ ။်