cross

cross

Monday, December 26, 2016

အလုပ် လုပ်ကိုင်သူတိုင်းသတိထားရမည့်အချက်များ

လုပ်ငန်းတစ်ခုကိုအောင်မြင်စွာလုပ်ဆောင်တော့မယ်ဆိုရင်
တစ်ဦးတစ်ယောက်တည်းနဲ့အလုပ်မဖြစ်မြှောက်နိုင်ပါဘူး
သာတူညီမျှလက်တွဲလုပ်ဆောင်နိုင်မည့် Teamwork ဆိုတဲ့
အဖွဲ့အစည်းကောင်းရှိဖို့ နဲ့ Teamwork စိတ်ဓာတ်ရှိနေဖို့ လိုအပ်ပါတယ်
ဒါမှလည်းအခက်ခဲတွေကို အောင်မြင်စွာဖြတ်ကျော်နိုင်ပါလိမ့်မယ်
အကယ်၍ Teamwork တစ်ခုအနေနဲ့စတင်ပြီးလုပ်ဆောင်မယ်ဆိုရင်တော့
အောက်ပါအချက်လေးတွေကို သတိထားစေချင်ပါတယ်

#ကိုယ်ကျိုးမကြည့်ပါနဲ့
++++++++++++++++
သင့် အနေနဲ့ အဖွဲ့အစည်းလိုက်လုပ်ဆောင်ရမယ်ဆိုတဲ့လုပ်ငန်းတွေမှာ
ကိုယ်ကအမြင့်ကိုရောက်စေလိုသောဆန္ဒ/ သူတစ်ပါးထက်သာလွန်စေသော
ဆန္ဒတွေမထားပါနဲ့ ဒီစိတ်ကလေးတွေရှိနေမယ်ဆိုရင်တော့
သင်ပာာ ကိုယ့်ကိုယ်ကျိုးအတွက်သာအရေးထားတက်တဲ့သူပါပဲ
ဘယ်အချိန်မဆို သူတစ်ပါးကိုနင်းပြီးအမြင့်ကိုလျှောက်ဖို့ ဝန်မလေးတဲ့သူ
ဖြစ်တဲ့အတွက် အဖွဲ့အစည်းကို ကျဆုံးအောင်နင်းချေတတ်တဲ့သူဖြစ်နေပါလိမ့်မယ်

#ယုံကြည်မှုရှိပါစေ
+++++++++++++
အဖွဲ့အစည်းဖြစ်တဲ့အတွက် တစ်ဦးနဲ့တစ်ဦးယုံကြည်မှုက အရမ်းအရေးကြီးပါတယ်။ သာမန်အားဖြင့် ဘောလုံးအသင်းတစ်သင်းလိုပေါ့
သူတို့ ပာာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုသာရှိမနေဘူးဆိုရင်
ဘယ်တော့မှအောင်မြင်တဲ့  ဂိုး ကောင်းတွေကို သွင်းနိုင်မှာမပာုတ်ပါဘူး
ဘာ့ကြောင့်လဲဆိုတော့ ဂိုးရှေ့ရောက်တဲ့အထိ ဆွဲတတ်လာတဲ့ တိုက်စစ်မှူးတစ်ယောက်ပာာ တစ်ခြားဂိုးသွင်းဖို့ လူလွတ်နေတဲ့တစ်ယောက်ကို
သူမသွင်းနိုင်ပါဘူးဆိုတဲ့အတွေးနဲ့ မပေးပဲ တစ်ကိုယ်ကောင်းဆန်စွာ နဲ့ ဖြစ်သလိုကန်သွင်းမယ်ဆိုရင် ဘယ်တော့မှ ဂိုးကောင်းသွင်းနိုင်မှာမပာုတ်ပါဘူး
စီးပွားရေးမှာလည်းဒီလိုပါပဲ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိမနေပဲ
အတူလုပ်ဆောင်နေမယ်ဆိုရင်ဘယ်တော့မှအောင်မြင်ကိုရရှိနေမှာမပာုတ်ပါဘူး

#ဖေးမကူညီစိတ်ရှိဖို့ လိုတယ်
++++++++++++++++++++
အလုပ်တစ်ခုတည်းမှာ အတူလုပ်နေတာချင်းအတူတူ ကလေးမဆန်ပါနဲ့
ကလေးဘဝမှာ မုန့် စားသလိုပေါ့ တစ်ယောက်တစ်ဝက်ပိုင်းလိုက်တယ်
ကိုယ်ပာာကိုယ်စားသဘောနဲ့ခွဲဝေခဲ့ကြသလိုပေါ့။ အလုပ်လုပ်တဲ့အခါမှာ
လည်းအရေးကြီးတာတစ်ခုရှိတယ် လူကအများတဲ့ဆိုတော့ ကျွမ်းကျင်တဲ့သူ
လည်းပါမယ် မကျွမ်းကျင်တာလည်းပါမယ် အလုပ်ကို ခွဲတမ်းမျှဝေပြီး ကိုယ်ပြီးကိုယ်နားဆိုတဲ့အတွေးရှိတဲ့သူ/ ကိုယ်အရင်ပြီးရင် သူများကို ကူညီရမှာ
ဆိုလို့ အလုပ်ကို အီးလေးဆွဲပြီး လုပ်တဲ့သူတွေ Teamwork နဲ့ ဘယ်တော့မှကိုက်ညီနိုင်မှာမပာုတ်ပါဘူး။

#ခေါင်းဆောင်စိတ်ထားပါ
++++++++++++++++++
အလုပ်ဆိုတာလုပ်ယုံနဲ့မပြီးသေးဘူး။ စိတ်ဓါတ်ကောင်းရှိဖို့ လိုတယ်
အလုပ်တစ်ခုကို စပြီး ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်းသိတယ်
တကယ်လည်းလုပ်တတ်တယ်။ ဒါပေမယ့်မလုပ်ဘူး အမိန့် ပေးတဲ့သူကို
အမြဲစောင့်နေတယ် ခိုင်းမှလုပ်တယ်ဆိုတာ "နွား" နဲ့တူတယ်
တစ်ခါတစ်လေတော့လည်း ခေါင်းဆောင်တွေကိုစောင့်နေစရာမလိုပါဘူး
ကိုယ်လုပ်လို့ ရတဲ့အပိုင်းတွေကို စပြီးလုပ်ဆောင်ထားတော့လည်း
အလုပ်မြန်မြန်ပြီးတာပေါ့ ။ အဲ့ဒီလိုစိတ်ဓါတ်ရှိမနေရင် လည်း ထိုလူက
Teamwork မှာ အရေးပါနေမှာမပာုတ်ပါဘူး။

#ခံယူချက်ပြင်းထန်ရမယ်
++++++++++++++++++
အဖွဲ့အစည်းနဲ့ လုပ်တဲ့ဘယ်အလုပ်မဆို အစမှာတော့ အားငယ်စိတ်ရှိနေမှာပဲ
ဘာ့ကြောင့်လဲဆိုတော့ လူအစုံ စရိုက်အစုံရှိနေလို့ ပါပဲ ။ တစ်ချို့က ခံယူချက်မရှိ
ဘူး အလုပ်ဆိုလို့ သာ ဝင်လုပ်နေပဲရှိနေတာ ။ တကယ်တမ်း သိထားရမှာက
ကိုယ်လုပ်ရမယ့် project တိုင်းကိုအောင်မြင်အောင်လုပ်ဆောင်ဖို့ အတွက်
ဘယ်လိုသင်ယူပြီး ဘယ်လို လုပ်ဆောင်ရမလဲဆိုတဲ့အချက်သာ ဂရုစိုက်သင့်တာပါ။ ဒီလိုခံယူချက်မရှိတဲ့သူတွေဆိုရင်တော့ အလုပ်လုပ်နေလဲ
အလကားလအားအင်ကုန်ခမ်းတာပဲ ရှိနေပါလိမ့်မယ် ။ အကျိုးသက်ရောက်မှု
ကောင်းတွေတော့ ရှိလာနိုင်မှာမပာုတ်ပါဘူး။

#ဘော်လီဘောမပုတ်ပါနဲ့
++++++++++++++++++
ဒီအချက်လည်းသတိထားစေချင်ပါတယ် လုပ်ငန်းတစ်ခုမှာ နေ့ စဉ်နဲ့အမျှ
အခက်ခဲတွေ ပြဿနာတွေဆိုတာ ရှိစမြဲပါ ။ ဒါကို ခေါင်းရှောင်နေရင်
ပြဿနာတွေငြိမ်းသွားမှာမပာုတ်ပါဘူး ပိုကြီးလာဖို့ ပဲရှိတယ် ။
ခေါင်းရှောင်တယ်ဆိုတာ တစ်ယောက်ကိုယောက် တာဝန်တွေဆင့်ကဲလွှဲပေး
နေတဲ့အဖြစ်မျိုးပါပဲ ။ ဖြစ်သင့်တာက ကိုယ်တိုင်ရှင်းလို့ ရမယ်ဆိုရှင်းလိုက်
မရဘူးဆိုရင် အဖွဲ့အစည်းနဲ့ တိုင်ပင်ပြီး ရှင်းလိုက်ပေါ့ ။ အဲ့လိုမှမပာုတ်ပဲ
တစ်ဦးနဲ့တစ်ဦးပြဿနာကို ဘော်လီဘောလို ပုတ်နေရင်တော့ ဒီ Teamwork
ပာာကြာရင် ပြဿနာတွေကြားမှာ ပျက်ဆီးသွားပါလိမ့်မယ်။

#ကုန်းတိုက် အပြစ်မမြင်ပါနဲ့
+++++++++++++++++++
Teamwork အဖွဲ့အစည်းတစ်ခုမှာ သိပ်ကို အရေးကြီးပါတယ်
ဒီအချက်သာ ရှိနေရင် အားလုံး ကျဆုံးဖို့ ကအလွယ်လေးပဲ
ဘယ်လောက်အောင်မြင်တဲ့ လုပ်ငန်းကြီးပဲဖြစ်နေပါစေ
ကုန်းတိုက်သွေးကွဲစကားတွေများလာမယ်ဆိုရင်တော့
ဒီလုပ်ငန်းစုပာာ ကျဆုံးဖို့  ၅၀ % လောက်သေချာနေပါပြီး
ဒီအချက်တွေဖြစ်လာဖို့ အတွက် မပြောပလောက်တဲ့ အနာအစာလေးတွေ
ကို အကျယ်တစ်ဝန်း ချဲ့ထွင်ပြောဆိုခြင်းတွေက တစ်ဆင့် ဖြစ်လာတာပါပဲ
နောက်ပိုင်းမှာတော့ သူ့ အကြောင်းငါပြော ငါ့အကြောင့်သူပြောကနေ
ပြဿနာတွေကို ဖန်တီးပြီးပျက်ဆီးဖို့ အချိန်ကျလာပါလိမ့်မယ်
ဒါ့ကြောင့် ဒီအချက် တွေရှိနေရင် အဖွဲ့အစည်းတစ်ခုပာာဘယ်တော့မှ
အောင်မြင်မှုကို တည်မြဲစွာပိုင်ဆိုင်နိုင်မှာမပာုတ်ပါဘူး။

#သင့် အနေနဲ့ Teamwork တစ်ခုနဲ့ လက်တွဲလုပ်ဆောင်ချင်တယ်ဆိုရင်
#ဒီအချက်တွေကို သတိပြုရှောင်ရှားစေခြင်းဖြင့် မိမိလုပ်ငန်းကို
#ဆထက် တန်ခိုးတိုးပြီးအောင်မြင်စွာနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေ

0 comments:

Post a Comment