cross

cross

Wednesday, December 21, 2016

Fb ငကြောင်

Fb ပေါ်မှာတော့ ဝလီ
အပြင်မှာတော့ ဂေါ်လီ

Fb ပေါ်မှာသာ နိကာဗ် ဟိဂျာဗ်
အပြင်မှာတော့ ဟိုကျပ်ဒီကျပ် ဘေအီဇသ်

တကယ်လည်း နိကာဗ် ဟိဂျာဗ်ခြုံလိုက်ကြ
Fbရဲ့ Like Ment အတွက်သာ အသုံးချ
အလ္လာဟ်ကပြစားတာ မနှစ်သက်ဘူးဆိုတာ သိပုံမရ

Fb Profile ကတော့ အာရဗ်
တကယ်တန်းအပြင်မှာတော့ ချဉ်ပတ် 😄

Fbပေါ်မှာ မုဂျာဟိဒ်
အပြင်ဆိုရင် စောင်ခြုံဝှစ်

Fb ပေါ်မှာတော့ အေဇသ်ရှင်ကြီးတွေလုပ်ပြ
အပြင်မှာတော့ ဇေနာ နွံထဲက ထွက်လို့မရ

Fbပေါ်မှာ ဆင်ဖမ်းမယ် ကျားဖမ်းမယ်
အပြင်မှာတော့ စော်ဖမ်းမယ် ဇေနာလုပ်မယ်

Fb ပေါ်တတ်ပီး လင်ငယ်ကြ
သူတို့ကလေးတွေ နို့မဝတဲ့ ဘဝ

Official အကောက်မှာဖြူစင်ပြ
Fake အကောက်မှာ ငြားနေကြ

ပတ်ဝန်းကျင်အမြင်မှာ ဗိုင်းကောင်းကျောက် ပိ
Fb ပေါ်မှာ လေးငါးယောက် ငြိ

Fb ပေါ်မှာ လူစွမ်းကောင်းတွေလုပ်ပြ
လက်တွေ့ဘဝမှာတော့ သုံးစားလို့မရ

Fbမှာဘဲ ဒိုအာတွေစွတ် လုပ်
အပြင်မှာတော့ နမားဇ်ပါလွတ် သူ့အလုပ်သူရှုပ်

Fbပေါ်မှာဖြစ်နေတဲ့သောကက အာခိရသ်
အပြင်မှာဖြစ်နေတာတော့ ဒွန္နယာအေ မုဆွီဗသ်

FB မှာ သတိရနေတာ အလ္လာဟ်ပါ
နမားဇ်ဖတ်တဲ့အချိန် အာရုံရောက်နေတာ Fbပါ
အဖြစ်အပျက်က ဆန့်ကျင်ဘက်သာ

Fbပေါ်မှာ ဖဂျရ်ဖတ်
အပြင်မှာတော့ ဖျာပေါ်မှာ နှပ်

Fbပေါ်မှာ စလာမ်တွေပေး
အပြင်မှာတော့ မသိချင်ယောင်ဆောင် ပြေးး

Fbပေါ်မှာ အချင်းချင်း ချစ်ချင်ယောင်ဆောင်ပြ
အပြင်မှာတော့ ပိုက်ဆံအတွက်နဲ့ ရန်ဖြစ်ကြ

Fbပေါ်မှာ ရမ်ဇာန် မုဘာရက်
အပြင်မှာတော့ ခိုဂျာဘိုင်ဆဗ် 😝

Fbပေါ်မှာလုပ်တာ ဂျူမုအဟ် မုဘာရက်ပါ
အပြင်မှာ လက်သည်းခြေသည်း မညှပ်ရသေးတာ

ဂျူမုအဟ်အချိန်လည်းနီးလာကာ
ဆိုင်ရောင်းကောင်းလို့မပြီးသေးပါ

အနားကပ်မှ အမြန်ပြေးတော့
ခွဒ်ဗာနားထောင်ဖို့တောင် မေ့ပီပေါ့ !!!

အဲဒါတွေအားလုံးကိုခြုံပီးကြည့်လိုက်ပါလားး
Fb ငကြောင်များသာ ဖြစ်စေသားးးးး !!

          ဂါးးးဂါးးးးးဂါးးးး

အားလုံးဘဲ လက်တွေ့ဘဝမှာ အကောင်းတကာ့အကောင်းဆုံးဖြစ်အောင်နေနိုင်ကြပါစေ :)
လေးစားလျှက် !!!

0 comments:

Post a Comment