cross

cross

1

2

3

4

Wednesday, February 24, 2016

ဇနီးမယားအား ရိုက်နက်ခြင်းနှင့်အစ္စလာမ့်အမြင်

လင်နှင့်မယားလျာနှင့်သွားဆိုသည့်အလား

အကြင်လင်မယားနှစ်ဦးအကြား ဘဝခရီးဖြတ်သန်း

ရာတွင် တစ်ဦးနှင့်တစ်ဦး စိတ်သဘောထားခြင်း

မတိုက်ဆိုင်မူများ/နားလည်မူလွဲတတ်ကြမူများ

သည် ရှိစမြဲပင်ဖြစ်၏။ထိုသို့သော်အခြေအနေများ၌

အချို့သော အမျိုးသားများသည် မိမိတို့၏ ဇနီးသည်

များအား ရိုက်ပုတ်တတ်ကြည်သည်မှားလည်း

အလွန်လူမဆန်သော လုပ်ရပ်တစ်ခုပင်ဖြစ်သည်။

လင်နှင့်မယားခိုက်ရန်ဖြစ်ပွားချိန်၌ဇနီးမယားအား

ရိုက်နက်သောအမျိုးသားသည် အောက်ပါအစ္စ

လာမ်သာသနာတော်မှ ပြဌာန်းထားသောမယား

ဝတ္တရားများချိုးဖောက်သူပင်ဖြစ်ပေသည်။

၁-ကုရ်အာန်ကျမ်းတော်မြတ်၌ အလ္လာဟ်အရှင်

မြတ်သည် "ဇနီးမယားများအား ကောင်းမွန်စွာ

ဆက်ဆံမူထားကြရမည်"ဟုသော ကုရ်အာန်ကျမ်း

လာ စူရဟ်နိစာအ်(အာယသ်နံပါတ်( ၁၉)ကို

ဖီဆန်ရာရောက်ပေသည်။

၂-ဇနီးမယားအား ရိုက်နက်ခြင်းသည် သူမအား

မတရားညုင်းပန်းရာရောက်သည်။ဟဒီးဆ်တော်

တွင် မတရားမူမပြုရဟုအောက်ပါအတိုင်းပြဌာန်း

ထားပေသည်။

أبي ذر رضي الله عنه عن النبي صلى الله عليه وسلم فيما روى عن الله تبارك وتعالى أنه قال : ( يَا عِبَادِي إِنِّي حَرَّمْتُ الظُّلْمَ عَلَى نَفْسِي وَجَعَلْتُهُ بَيْنَكُمْ مُحَرَّمًا فَلَا تَظَالَمُوا ) .

رواه مسلم ( 2577 )
တမန်တော်မြတ်သည် အလ္လာ့ဟ်၏မိန့်ကြားချက်ကို

ဤသို့ပြောပြတော်မူသည်။အလ္လာဟ်အရှင်မြတ်က

မိန့်ကြားတော်မူသည်မှာ"အို-ငါ၏ကျေးကျွှန်

အပေါင်းတို့ ငါအရှင်မြတ်သည် ဇွလ်မ်မတရားမူကို

ငါအရှင်မြတ်အပေါ်ဟရာမ်ပြုထားပြီးဖြစ်၏။

ထို့ပြင်အသင်တို့အချင်းချင်းကြားဝယ်လည်း

ထိုမတရားမူကို ဟရာမ်ပြုထားချေပြီး။သို့ရှိရာ

အသင်တို့သည် တစ်ဦးကိုတစ်ဦး မတရားမပြု

ကြလေနှင့်။(မွတ်စ်လင်မ်ကျမ်းဟဒီးဆ်နံပါတ်

(2577) ဟဒီးဆ်ကွဒ်စီတော်ဖြစ်ပါသည်။

၃- ဇနီးမယားသည် လင်အမိန့်ကိုဖီဆန်ခြင်း

ကြောင့်သော်လည်းကောင်း/အလ္လာဟ်နှင့်ရစူလ်

၏ အမိန့်ကိုဖီဆန်ခြင်းကြောင့်သော်လည်းကောင်း

သူမအား မဖြစ်မနေရိုက်နက်၍ဆုံးမရမည်ဆိုပါက

သွေးထွက်သံယိုဖြစ်အောင်နှင့်ဒဏ်ရာဖြစ်အောင်

ရိုက်နက်ခြင်းမပြုရဟူသော အလ္လာဟ်နှင့်ရစူလ်၏

အောက်ပါအမိန့်တော်ကို ဆန့်ကျင်ရာရောက်၏။

ن جابر رضي الله عنه عن النبي صلى الله عليه وسلم أنه قال في حجة الوداع : ( اتَّقُوا اللَّهَ في النِّسَاءِ فَإِنَّكُمْ أَخَذْتُمُوهُنَّ بِأَمَانِ اللَّهِ وَاسْتَحْلَلْتُمْ فُرُوجَهُنَّ بِكَلِمَةِ اللَّهِ وَلَكُمْ عَلَيْهِنَّ أَنْ لَا يُوطِئْنَ فُرُشَكُمْ أَحَدًا تَكْرَهُونَهُ فَإِنْ فَعَلْنَ ذلك فَاضْرِبُوهُنَّ ضَرْبًا غير مُبَرِّحٍ وَلَهُنَّ عَلَيْكُمْ رِزْقُهُنَّ وَكِسْوَتُهُنَّ بِالْمَعْرُوفِ ) .
رواه مسلم ( 1218 ) .
တမန်တော်မြတ်ကြီးသည် မိမိ၏နောက်ဆုံးဟဂ်ျ၌

အောက်ပါအတိုင်းမိန့်ကြားထားတော်မူသည်။

"အမျိုးသမီးများနှင့်ပတ်သက်၍ အသင်တို့

အလ္လာ့ဟ်ကို အကြောက်တရားထားကြလေကုန်။

အသင်တို့သည်သူမတို့အား အလ္လာ့ဟ်၏အမာနသ်

အဖြစ်ရယူထားကြခြင်းဖြစ်ပြီး အလ္လာ့ဟ်၏

ကလိမဟ်တော်ဖြင့် သူမတို့၏ အရှက်များအား

ဟလာလ်အဖြစ် ပြုလုပ်ထားပေးခြင်းဖြစ်ပေသည်။

သူမတို့နှင့်ပတ်သက်၍ အသင်တို့၏ တာဝန်သည်

ကား အသင်တို့နှစ်သက်ခြင်းမရှိသူများအား

အသင်တို့၏ အိပ်ယာခင်း၌ လာရောက်အိပ်စက်

(အိမ်ထောင်ရေးဖောက်ပြန်)ခြက်းမရှိစေရပေ။

ထိုသူမတို့သည်(အိမ်ထောင်ရေးဖောက်ပြန်)

လာပါက သူမတို့အား ဒဏ်ရာမပေါ်အောင်

ရိုက်နက်ကြပါ။ သူမတို့နှင့်ပတ်သက်၍ ကောင်းမွန်

စွာ ကျွှေးမွေးစောင့်ရှောက်ရန်နှင့်ကောင်းမွန်စွာ

ဝတ်စားဆင်ယင်ပေးရန်အသင်တို့အပေါ်၌တာဝန်

ရှိပေသည်။

(မွတ်စ်လင်မ်ကျမ်း ဟဒီးဆ်နံပါတ်( 1218)

ထိုသို့အိမ်ထောင်ရေးဖောက်ပြန်သည်ဟုယူဆရ

ပါက ဇနီးမယားအား ပြုပြင်ပေးရန်အနေဖြင့်သာ

ရိုက်နက်ခြင်းဖြစ်သဖြင့်သူမ၏ကိုခန္ဓာဒဏ်ရာ

ဖြစ်လောက်အောင် ဘဝပျက်သည်အထိရိုက်နက်

ခြင်း မပြုရပေ။ထိုသို့အခြေအနေမျိုးတွင်လည်း

(၁၀)ချက်ထက်ပို၍ ရိုက်နက်ခွင့်မရှိပေ။

တမန်တော်မြတ်က မိန့်တော်မူသည်မှာ-

؛ لحديث : ( لا يجلد أحدٌ فوق عشرة أسواطٍ إلاّ في حدّ من حدود اللّه ) .

"အလ္လာ့ဟ်၏ စည်းမျည်းဥပဒေများအားချိုးဖောက်

ခြင်းမှတပါး မည်သူကိုမှ (၁၀)ချက်ထက်ပို၍

ပြစ်ဒဏ်မပေးရပေ။

4- ဇနီးမယားအား အကြောင်းမဲ့ရိုက်နက်သော

ခင်ပွန်းသည် ကိယာမသ်နေ့၌ ပြန်လည်ရိုက်နက်

ခြင်းခံရမည်ဟု သောအောက်ပါဟဒီးဆ်တော်ကို

သတိမမူရာရောက်သည်။

عن أبي هريرة رضي الله عنه قال : قال رسول الله صلى الله عليه وسلم : ( مَنْ ضَرَبَ سَوْطاً ظُلْماً اقتُصَّ مِنْهُ يَوْمَ القِيَامَة ) .

قال الهيثمي – رحمه الله - :

رواه البزار والطبراني في " الأوسط " ، وإسنادهما حسن .

" مجمع الزوائد " ( 10 / 353 ) .

وهو في الطبراني في " الكبير " ، وحسَّنه المنذري ، وصححه الألباني ، انظر " صحيح الترغيب والترهيب " ( 2291 ) .

တမန်တော်မြတ်က မိန့်ကြားတော်မူသည်မှာ-

"အကြင်သူသည် တစ်ဦးတစ်ယောက်အား

မတရားတစ်ချက်ရိုက်နက်ပါက ထိုသူသည်

ကိယာမသ်နေ့၌ အစားပြန်ရိုက်နက်ခြင်းခံရမည်

ဖြစ်ပေသည်။

ကြည့်-(အတ်တ်သရ်ဂီးဗ်ဝတ်သ်သရ်ဟီးဗ်ကျမ်း

ဟဒီးဆ်နံပါတ် (2291)

ဟဒီးဆ် အဆင့် ဆွဟီးဟ်

5-မဖြစ်မနေဇနီးမယားအား အခြေအနေအရ

ရိုက်နက်၍ဆုံးမရမည်ဖြစ်ပါက သူမ၏မျက်နာအား

ရိုက်နက်ခြင်းမပြုရဟူသော နဗီအမိန့်ကို ဆန့်ကျင်

ရာရောက်သည်။
وعن جَابِرٍ رضي الله عنه قال : نهى رسول اللَّهِ صلى الله عليه وسلم عن الضَّرْبِ في الْوَجْهِ.

رواه مسلم ( 2116
သာဝကကြီးဂျာဗိရ်(ရသွိ)ကဆင့်ပြန်ပြောပြသည်

မှာ"တမန်တော်မြတ်ကြီးသည် မျက်နာအား

ရိုက်ပုတ်၍(ဆုံးမခြင်းအား)တားမြစ်ထားတော်မူ

သည်။ကြည့်*(မွတ်စ်လင်မ်ကျမ်းဟဒီးဆ်နံပါတ်

(2116)

အိမာမ်နဝဝီက အထက်ပါဟဒီးဆ်အားရှင်းလင်း

ချက်ရေးသားသည်မှာ-
قال النَّوَوِيُّ - رحمه الله - :

وأما الضرب في الوجه : فمنهيٌّ عنه في كل الحيوان المحترم ، مِن الآدمي ، والحمير ، والخيل ، والإبل ، والبغال ، والغنم ، وغيرها ، لكنه في الآدمي أشد ؛ لأنه مجمع المحاسن ، مع أنه لطيف ؛ لأنه يَظهر فيه أثر الضرب ، وربما شانه ، وربما آذى بعض الحواس
"မျက်အားရိုက်နက်ခြင်းသည်

လူသားဖြစ်စေ/မြင့်မြတ်သော တိရိစ္ဆာန်များဖြစ်

သည့် မြင်း/ကုလားအုတ်/မြည်း/ဆိတ်အစရှိသည့်

သတ္တဝါများဖြစ်စေ မျက်နာအားရိုက်နက်ခြင်းကို

တားမြစ်ထားပေသည်။လူသားဖြစ်ပါကပို၍ပင်

ပြင်းထန်စွာတားမြစ်ထားပေသည်။အဘယ်ကြောင့်

ဆိုသော မျက်နာသည် လှပမူအပေါင်း၏ စုဝေး

ရာနေရာလည်းဖြစ်ပြီး အလွန်နူးညံ့သောနေရာ

လည်းဖြစ်၏။ ရိုက်သည်နှင့်အရာထင်သွားတတ်

ပေသည်။ တစ်ခါတစ်ရံညိုကိုင်းသွားတတ်ပေသည်။

ထို့ပြင်တစ်ခါတစ်ရံအာရုံကြောကိုပါထိခိုက်စေ

တတ်ပါသည်"ထို့အတွက်ကြောင့်မျက်နာအား

လုံးဝရိုက်နက်ခြင်းမပြုရဟု မဟာတမန်တော်မြတ်

ကြီးက တားမြစ်ထားခြင်းဖြစ်ပေသည်။

5-ဇနီးမယားအားဆုံးမရာ၌ ကုရ်အာန်ကျမ်းတော်

မြတ်တွင်အဆင့်ကြီးသုံးဆင့်သတ်မှတ်ထားပြီး

စကားများရန်ဖြစ်တာနဲ့ရိုက်နက်၍ဆုံးမသူသည်

ကုရ်အာန်၏ အမိန့်ကို ချိုးဖောက်ရာရောက်သည်။

ကုရ်အာန်ကျမ်းတော်မြတ်တွင် ဇနီးမယားအား

ဆုံးမရန်အောက်ပါအတိုင်းအဆင့်ကြီးသုံးဆင့်

ပြဌာန်းထားပေသည်။

ပထမအဆင့်-ကောင်းသောတရားစကားများ

ပြော၍ ဆုံးမခြင်း

ဒုတိယအဆင့်-အိပ်ယာခွဲအိပ်ခြင်း

တတိယအဆင့်-သွေးထွက်သံယိုမဖြစ်အောင်

ရိုက်နက်၍ဆုံးမခြင်း ပင်ဖြစ်သည်။

ကြည့်-(ကုရ်အာန်- စူရဟ်နိစာအ်အာယသ်နံပါတ်

(34)

6-ဇနီးမယားအား ရိုက်နက်ခြင်းဖြင့် သားသမီး

များ၏ စိတ်ဓာနှင့်အကျင့်စာရိတ္တကို ဖျက်ဆီးပစ်

ရာရောက်သည်။၎င်းတို့၏မိခင်အား၎င်းတို့

ရှေ့မှောက်၌ သွေးထွက်သံယိုဖြစ်အောင်ရိုက်နက်

နေသောဖခင်သည် မိမိ၏သားသမီးများအား

အဘယ်ကဲ့သို့ ပြုစုပျိုးထောင်ပါမည်နည်း?

မိခင်အားရိုက်နက်သော ဖခင်ကို သားသမီးများ

သည် အဘယ်ကဲ့သို့ အချစ်ထားကြပါမည်နည်း?

တမန်တော်မြတ်သည် မိမိသက်တမ်း၌ မည်သည့်

လူသားတစ်ဦးတစ်ယောက်ကိုမှအလ္လာဟ့်အမိန့်

ချိုးဖောက်သည်မှတပါး မိမိအတွက်ရိုက်နက်ခဲ့

ခြင်းမရှိကြောင်း မိခင်မွန်ကြီးအာအိရှဟ်(ရသွိ)

က ဆင့်ပြန်ပြောပြထားပေသည်။

ကြည့်(မွတ်စ်လင်မ်ကျမ်းဟဒီးဆ်နံပါတ်2328)

----------------------------------------------------------

အို-မွတ်စ်လင်မ်အမျိုးသားအပေါင်းတို့

အသင်တို့သည် တမန်တော်မူဟမ္မဒ်(ဆွ)၏

နောက်လိုက်ဖြစ်ပါက မိမိတို့၏ ဇနီးသည်ညီအမ

များအား ကောင်းမွန်စွာဆက်ဆွကြလေကုန်။

"အသင်တို့အနက် အကောင်းဆုံးသောသူသည်

မိမိ၏ဇနီးသည်အပေါ် အကောင်းဆုံးသော

သူပင်ဖြစ်ပေသည်။ငါတမန်တော်သည်ကား

ငါ၏ဇနီးသည်များအပေါ် အကောင်းဆုံးသော

သူပင်ဖြစ်ချေသည်။(တမန်တော်မူဟမ္မဒ်)

ကျွှန်တော်အပါအဝင် အိမ်ထောင်သည်အမျိုးသား

အားလုံး ဇနီးသည်များအပေါ် အကောင်းဆုံးသော

သူများဖြစ်နိုင်ကြပါစေ။


Monday, February 22, 2016

" ♪ မောင်လှမျိုး (ချင်းချောင်းခြံ) စာအုပ်များ (စာအုပ်ပေါင်း၃၀) ♫ "

မောင်လှမျိုး (ချင်းချောင်းခြံ) ရဲ့ နာမည်ကြီးပြီးလူကြိုက်တဲ့ စာအုပ်လေးတွေကိုစုစည်းပြီးဖော်ပြပေးလိုက် ပါတယ်ဗျာ။ အောက်မှာ မိမိကြိုက်နှစ်သက်တဲ့ စာအုပ်တွေကိုတစ်ခုခြင်းစီ ရွေးချယ်ပြီးဒေါင်းယူနိုင်ပါ တယ်ဗျာ။

Credit to ==> Books Share - စာအုပ်စင်လေး

၁။ခွေးကျင့်ခွေးကြံနှင့်ရင်တွင်းဖွဲ့ ရသဝေဒနာများ
https://yadi.sk/i/giGTbT9ukynhN

၂။မျက်ဝန်းရေဆူအမှတ် ၁၅၀၀
https://yadi.sk/i/Vgvsf1TUkynfi

၃။ချစ်ခြင်းသို့ဆက်သွင်းသော
https://yadi.sk/i/yeIpKtZgkynfB

၎။ချစ်သူနဲ့ဝေးရတဲ့...ကံ
https://yadi.sk/i/tN-r0d5AkynfG

၅၊ထပ်ဆင့်အလွမ်းနှင့်ရင်တွင်းဖွဲ့ဝေဒနာများ
https://yadi.sk/i/a_8hBjqHkynfQ

၆။မနက်ဖြန်စစ်တမ်း
https://yadi.sk/i/aB_DWQ-DkynfT

၇။မနာတတ်တဲ့ အသဲ
https://yadi.sk/i/1YMS8_-akynfV

၈။မုသားဖြင့် ချော့မြှူသောနှုတ်ခမ်း
https://yadi.sk/i/1emxJYh3kynfc

၉။မျက်ရည်ဥတဲ့ည
https://yadi.sk/i/pky8BcAckynfg

၁၀။ပြန်လည်နိုးထစေလိုသော အချစ်၏ မျက်နှာ
https://yadi.sk/i/DUMiGMapkynfk

၁၁။လွမ်းခွင့်မရှိ
https://yadi.sk/i/-FeOsbVCkynfu

၁၂။လူ့ပြည်ကအပ်နှစ်စင်း
https://yadi.sk/i/r6EgryRpkynfz

၁၃။သင်နှင့်မသက်ဆိုင်တော့သည့်
https://yadi.sk/i/znbx6-9Ukyng7

၁၄။သစ္စာတိုင်ရတုကို သံပြိုင်သီဆိုခဲ့ပါလျှက်
https://yadi.sk/i/JVEOvHX-kyngG

၁၅။သံယောဇဉ် လက်ကျန်ရှင်းတမ်း
https://yadi.sk/i/cAdMon7TkyngN

၁၆။အချစ်စကားလုံး...အသစ်
https://yadi.sk/i/l6AZOplmkyngY

၁၇။အချစ်သီဆိုရာသီချင်း
https://yadi.sk/i/nqQD8rijkynge

၁၈။အညာသွေး ရန်ကုန်သား
https://yadi.sk/i/umeiJjQFkyngi

၁၉။အကြင်နာရွှေလက်
https://yadi.sk/i/DWfNM1-qkyngm

၂၀။အလွမ်းဖြင့်နိဂုံးချုပ်လိုက်သည်
https://yadi.sk/i/BEvH3Xlekyngt
၂၁။အလွမ်းဖြင့်သီကုံးသည့်အချစ်၏ကျောက်စာဟောင်း
https://yadi.sk/i/76cauGj3kyngw

၂၂။အလွမ်းလက်တစ်ဆစ်
https://yadi.sk/i/epJL5vI5kyngx

၂၃၊အသဲကွဲပန်းပွင့်၏ နိယာမ ကောက်ကြောင်း
https://yadi.sk/i/n22BGVsVkyngy

၂၄။အသဲကွဲမင်းသား
https://yadi.sk/i/y18nVSSNkynh4

၂၅။အသဲနှလုံး၏ ဘယ်လက်ရုံး
https://yadi.sk/i/IbGePp0Qkynh8

၂၆၊အသဲနှလုံး၏ ကြေညာစာတမ်း
https://yadi.sk/i/eIdB7BEqkynhG

၂၇။ဒေါက်တာနတ်အိုးကွဲ
https://yadi.sk/i/JqMlkH7qkynhS

၂၈။နှလုံးသား၏နောက်ဆုံးထုတ်ပုံသဏ္ဍာန်သစ်
https://yadi.sk/i/-IzDt4FgkynhZ

၂၉။နှလုံးသားအစားထိုး ကုသနည်း
https://yadi.sk/i/nPMttWTOkynhc

၃၀။ U-G 18
https://yadi.sk/d/9zHAl1OTkynf7

:-DOWNLOAD လုပ်နည်း

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


❝ပျော်တယ်ဆိုတာ တကူးတက လုပ်ယူလိုက်ရတာ မဟုတ်ပဲ ပျော်မှ တကယ်ပျော်ရတာ....❞

အဖေက ဒီစကားကို မကြာမကြာပြောပြီး ရိုးရိုးလေးပျော်လို့ရတဲ့နည်းလေးတွေကို အမျိုးမျိုး ပြောပြ တယ်။ အရင်ကတော့ ထင်တာပေါ့...။ ပျော်တယ်ဆိုတာ  ပျော်ရအောင် သေသေချာချာ စီစဉ်  တစ်နေရာရာသွား တဝါးဝါးတဟားဟားနဲ့ နေရအောင် တစ်ခုခုလုပ်မှလို့။

အဲဒါ ထင်တာပါနော်။ အထင်ပါ။ သေချာ လေ့လာစုံစမ်း ကြည့်ပါ...။ ပျော်ဖို့ကို ကြိုးစားပမ်းစား လုပ်တဲ့ သူတွေဟာ ကြာတော့ မပျော်ဆုံးလူတွေဖြစ်လာတယ်။ ဟုတ်တယ်....။ ပျော်ဖို့ကို သိပ်အလေးမထားပဲ ကိုယ်ချစ်တာကိုယ်ဝါသနာပါတာ တစ်ခုခုကို စိတ်ပါလက်ပါလေး လုပ်နေ... တစ်နေ့ထက်တစ်နေ့ ပိုစိတ်ချမ်းသာလာတယ်။

အလကားနေရင်းကို ပျော်နေတယ် ဆိုတဲ့သူတွေလည်း ရှိတယ်နော်....။ တကယ်တော့ အဲဒါလည်း ကိုယ့်အထင်။ ကိုယ်က သူတို့ အလကားနေရင်း ပျော်နေတယ်လို့ ထင်တာ။ အမှန်မှာ သူတို့က သူတို့ရဲ့အရည်အချင်းတစ်မျိုးမျိုး ထွက်အောင် လုပ်နေတာ... သူတို့ကိုယ်သူတို့ လူမသိသူမသိ အရည်အချင်းမြှင့်နေတာ။ အဲဒါ ထမင်းဟင်းချက်တာကို ပိုပိုပြီးကျွမ်းကျင်လာတာ ဖြစ်ချင်ဖြစ်မယ်။  မုန့်ဖုတ်နည်း တစ်ခုခုကို ပိုကောင်းအောင်တီထွင်နေတာ ဖြစ်ချင်ဖြစ်မယ်...။ ဘာသာ စကား အသစ် တစ်ခုခုကို တိုးတိုးပြီး သိလာတာ ဖြစ်ချင်ဖြစ်မယ်။ ခက်တဲ့စာအုပ်တစ်အုပ်ကို နားလည်ဖို့ကြိုးစားပြီး ဖတ်နေတာ ဖြစ်ချင်ဖြစ်မယ်။

သူတို့က သူတို့အရည်အချင်းတွေ တိုးလာနေတယ်ဆိုတာ သိနေရတယ် ခံစားနေရတယ်...။ ကျေနပ် နေတယ်...။ ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုအပြည့်ရနေတယ် ဆိုတဲ့ ခံစားမှုက စိတ်ချမ်းသာမှုထဲမှာ နံပါတ် တစ်ပဲ။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုမရရင် ကျန်တာ ဘာတွေရရ ဘာမှအဓိပ္ပာယ်ရှိတယ်လို့ မခံစား ရတော့ဘူး။

တချို့ပညာရှင်ကြီးတွေ သူတို့ဓာတ်ခွဲခန်းထဲမှာ ရက်ပေါင်းများစွာ နေ့ရောညရော အလုပ်လုပ် နေကြ တယ်။ သူတို့ပညာနဲ့သူတို့ ပျော်နေတာပါပဲ။ ❝ပျော်ဖို့ လုပ်ရအုံးမယ်❞ လို့ တွေးမိမယ်တောင် မထင်ပါဘူး။

တချို့လည်း ပင်ကိုယ်စိတ်ထားရိုးတော့ ရိုးရိုးနေပြီး သူတို့ရဲ့ စိတ်ထားကောင်းလေးတွေကြောင့် ပျော်နေကြတဲ့သူတွေလည်း တွေ့ရတယ်။ ကောင်းတာပဲ လုပ်ဖို့ စိတ်ကူးတယ်။ ကောင်းတဲ့ စကားပဲ ပြောတယ်။ သူတစ်ပါး အကြောင်းမပြောဘူး အတင်းအဖျင်းဆို လုံးဝ မပြောဘူး။ သူတို့လည်း သူတို့ နည်း သူတို့ဟန်နဲ့ ပျော်ရွှင်တဲ့စိတ်နှလုံးရှိကြလိမ့်မယ်လို့ ထင်ပါတယ်။

တချို့ကျတော့ သူတစ်ပါးကို အကျိုးပြုလိုက်ရမှ ပျော်တယ်။ ကိုယ်လုပ်တဲ့အလုပ်က လူတွေကို အကျိုး ပြုတယ်။ ❝လူတွေမှာ အကျိုးအများကြီးရှိသွားတယ်❞ ဆိုတဲ့အလုပ်ကို လုပ်ချင်တယ်။ အဲလိုလုပ်ရမှ စိတ်မှာ နေသာထိုင်သာရှိတယ်။ ကိုယ့်အလုပ်က ပိုက်ဆံတွေတော့ အများကြီးရပါရဲ့ လူတွေကိုတော့ အကျိုးမပြုဘူးဆိုရင် မလုပ်ချင်ဘူး။ အဲဒီအလုပ်ကိုစွန့်ပြီး ပိုက်ဆံရတာ နည်းချင်နည်းပစေ လူတွေ အကျိုးရှိမယ့်ဟာပဲ ရွေးလိုက်တယ်။ ဒီလိုလူတွေ စာအုပ်ထဲမှာတော့ တွေ့ရတယ်။

လူတစ်ယောက်ကိုဖြစ်စေ လူအများကြီးကိုဖြစ်စေ သူတို့ အကျိုးဖြစ်ထွန်းသွားအောင် လုပ်လိုက်ရတယ် ဆိုတာ အင်မတန်မှ ထူးခြားတဲ့အဖြစ်ပါနော်။ ဒီပီတိကို ခံစားတတ်တာလည်း အင်မတန် အဆင့်မြင့် လို့ပါ။ စိတ်ထဲမှာ ပျော်နေတယ် စိတ်ချမ်းသာတယ် ဆိုတာ ဖြစ်ဖို့ကလည်း short cut နည်းမရှိဘူး။ ဖြတ်လမ်းမရှိဘူး။

တကူးတက လုပ်ယူလိုက်ရတာ မဟုတ်တဲ့ ပျော်စရာလေးတွေနဲ့ နေ့စဉ် ကြည်ကြည်လင်လင် နေသွားကြတဲ့သူတွေကို တွေ့ရရင် အတော့်ကို မှတ်သားစရာကောင်းတဲ့သူတွေပဲ ဆိုပြီး လေ့လာရတယ်....။  ဘာလို့လဲဆိုတော့ ပျော်တယ်ဆိုတာ အဲသလို  ရိုးရိုးလေးပျော်ရမှ  အမြဲပျော် ရတာ...။ နေ့တိုင်းပျော်ရတာနော်...။

စိတ်ချမ်းသာအောင်နေတတ်တဲ့သူတွေကို လေ့လာရမယ်ဆိုရင် ထိပ်ဆုံးကပါတာကတော့ ငှက်ကလေးတွေပဲ။ ဒီလို ဇန္နဝါရီ ဖေဖော်ဝါရီလောက်ဆို မနက်အစောကြီး မိုးမလင်းခင် ထ သီချင်းဆိုတဲ့ သပိတ်လွယ်ငှက်လေးတွေအသံနဲ့ မြိုင်ဆိုင်နေတာပဲ။
          
အနက်နဲ့အဖြူကြားလေးနဲ့ ဒီ magpie-robin လို့ခေါ်တဲ့ ငှက်ကလေးတွေဟာ ချစ်ဖို့ သိပ်ကောင်း တယ်...။ အသံလေးက တက်ကြွနေတာပဲ...။ ရွှင်လန်းနေတာပဲ...။ မနက် လင်းသလိုလိုလေးရှိပြီ ဆိုတာနဲ့ ထသီချင်းဆိုနေပြီ...။ သာသာယာယာလေး သီချင်းဆိုတယ်...။ တကယ်ကို သာယာ နာပျော်ဖွယ် အသံလေး တေးသွားလေးတွေကိုလည်း ပြောင်းပြောင်းဆိုတယ်။ မနေ့ကထက် ဒီနေ့ ပိုကောင်းအောင်ဆိုတယ်...။

သူတို့ဆိုတာကလည်း ကိုယ့်နားထဲတော့ ❝ထတော့လေ... အလင်းရောင်လေးလာနေပြီ... ဒီမနက် ကလေ ထူးထူးခြားခြားလှနေတာ... လေထဲအနံ့လေးကလည်း လတ်ဆတ်နေတာပဲ... သစ်ရွက်နု လေးတွေ လည်း ထွက်လို့...  ထတော့လေ ထတော့လေ❞ လို့ပြောနေသလိုပဲ။ အိပ်ယာထဲမှာကို ဆက်မနေချင်တော့လောက်အောင် သူတို့ရဲ့ ပျော်ရွှင်နေတဲ့တေးသွားလေးတွေက ဆွဲဆောင်အား ကောင်းတယ်။ ❝အေးပါကွာ အေးပါကွာ နိုးပါပြီ ထပါပြီ❞ လို့ပြန်ပြောရင်း အိပ်ယာထဲက ထရတော့ တာပဲ။
        
သူတို့က ❝အရင်နေ့တွေအတိုင်းပဲ ရွှင်ရွှင်လန်းလန်းလေး စိတ်ကြည်ကြည်လင်လင် ငြိမ်းငြိမ်းချမ်းချမ်း လေး နေကြစို့နော်... နေကြစို့နော်....❞ လို့ ပြောပြန်ရော....။ မပြုံးပဲ မနေနိုင်တော့ဘူး။

သူတို့က ကိုယ့်ကို ဘဝနေနည်း သင်ပြနေသလိုပဲ။ စိတ်ထဲမှာ တစ်ခါတလေ အလိုမကျတာ စိတ် မကြည် တာ စိတ်တိုတာ ဖြစ်နေရင်တောင် ငှက်သံလေးကြားရင် စိတ်ကပြောင်းသွားတယ်။ ဘာတွေ ဘယ်လောက်အရေးကြီးလို့လဲ ... ... စိတ်ချမ်းသာအောင်နေပါ ... နောက်ဆုံးမှာ စိတ်ချမ်းသာ နေတဲ့ သူက အမှန်တကယ် အောင်မြင်သူပါ ... စိတ်ချမ်းသာမှု မရှိတော့ရင် တခြားဘာတွေရှိရှိ ရှုံးနေတဲ့သူ ပါပဲနော်...။
                  
မနက်စောစော နေလုံးကြီး တဖြေးဖြေးထွက်လာတာ ကြည့်ပြီး အံ့သြစရာကြီးပါလား ဆိုတဲ့စိတ် ဖြစ်တယ်...။ တိမ်တွေ ကောင်းကင်မှာ တလွင့်လွင့်သွားနေတာ အင်မတန် ကြည့်လို့ ကောင်းတာပဲ...။ သစ်ပင်တွေက ရွက်ခြောက်တွေ ကြွေပြီး  ရွက်အနုလေးတွေထွက်တာ မြင်ရတာကို ကြည်နူး နေတာ...။ ဒီရာသီ ဆောင်းကုန်ခါနီးက ပန်းတွေ သိပ်ပွင့်တာပဲ။ ငုပင်ကြီးဆို တစ်ပင်လုံး  ရိုးတံကြီး တွေထဲက ပန်းခိုင်တွေထွက်လာပြီး တစ်ပင်လုံးပန်းချည်းပဲ။ ငုပွင့်ကို သေချာကြည့်ဖူးလား။ ရိုးရိုးလေးနဲ့ သိပ်မဟာဆန်တယ်နော်။
       
ပန်းလေးတွေ ပွင့်နေတာ တွေ့ရတာလည်း ပျော်စရာ.... ဂျိုးလေးတွေ ကူသံ ငှက်ကလေး သီချင်းဆိုသံ သေသေချာချာ နားထောင်နေရတာ ပျော်စရာ ...  စိတ်အင်မတန် ငြိမ်းချမ်းတာ... ညနေစောင်း နေဝင်ခါနီး နေလုံးကြီးက ချိုချဉ်သကြားလုံးကြီးလိုပဲ .... အင်မတန်လှတယ် ...  တဖြေးဖြေး ဝင်သွားနေတာ...။ နေလုံးကြီးဝင်သွားနေတာ သတိလေးကပ်ပြီး ကြည့်နေရင်းနဲ့ စိတ်ထဲမှာတစ်မျိုး တည်ငြိမ်ရင့်ကျတ်နေတယ်...။  ကြည့်ရတာလည်း စိတ်ထဲ သာယာနေတယ်...။ ကြည့်ရင်းနဲ့ ပျော်နေ တယ်... စိတ်မှာဖြစ်သမျှကိုလည်း သိနေတယ်။ စိတ်က ပိုပြီး လေးနက်လာတယ်။ အဲဒီလေးနက်တဲ့ စိတ်က အားကြီးတဲ့စိတ်တစ်မျိုးပဲ။ လေးနက်တဲ့စိတ်ထဲမှာ ဘယ်သူမှ မမြင်နိုင်တဲ့ ချမ်းသာခြင်း အစစ်ရှိတယ်။ သတိထားကြည့် ကိုယ်စိတ်ထဲမှာ လေးနက်မှုရှိနေရင် ငြိမ်းချမ်းတဲ့သဘောပါ ရှိနေတယ်။ လူကငြိမ်နေတယ် ...။ သိတဲ့စိတ် သတိကလည်း သိနေတယ် ...။ သိနေတယ် ငြိမ်းချမ်း နေတယ် ဆိုတာကိုလည်း ပြန်သိနေတယ်...။ သတိနှစ်ထပ် ဖြစ်နေတယ်...။  စိတ်က တည်ကြည် လေးနက်နေတယ် ဆိုတာလည်း ထင်ထင်ရှားရှားခံစားလို့ရတယ်...။ အဲဒါ ခံစားလို့ သိပ်အရသာ ရှိတာပဲ။ အဲလို ခံစားတတ်တဲ့သူဆိုရင် ဝူးဝူးဝါးဝါးပျော်ရတာကို လိုတောင်မလိုချင်တော့ဘူး။ သူ့အတွက်က မလိုတော့ဘူးလေ။ သူ့စိတ်က သူ့အတွက် အင်မတန်ကောင်းတဲ့ ချမ်းသာအစစ်ကို ရတဲ့နေရာဖြစ်နေပြီလေ။
                
အဖေက ရိုးရိုးလေး ပျော်တတ်ဖို့ အမြဲသင်ပြတယ်။ ပျော်စရာကို မရမကလုပ်ယူနေရတယ်ဆိုရင် အဲဒီပျော်စရာက တစ်နေ့ ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်လိမ့်မယ်တဲ့။

Credit:  https://m.facebook.com/story.php?story_fbid=956157904462177&substory_index=0&id=742127669198536


A to Z အတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်

always - အမြဲတမ်း
be - နေပါ
cool - အေးဆေး

Always be cool - အေးဆေးစွာ နေတတ်ပါ။
----------
don't have - မရှိပါနှင့်
ego with - အတ္တကြီးခြင်းနှင့်အတူ
friends&family - သူငယ်ချင်းနဲ့မိသားစု

Don't have ego with friends & families - သူငယ်ချင်းနဲ့ မိသားစုတွေ အပေါ်မှာ အတ္တမကြီးပါနှင့်။
----------
give up - စွန့်လွှတ်
hurting - တိုက်ခိုက်ခြင်း
individuals - လူသားတစ်ယောက်စီ

Give up hurting individuals - လူတွေကို တိုက်ခိုက်တဲ့ အကျင့် ဖျောက်ပါ။
----------
just - ရုံသာ
keep - ထိန်းသိမ်းပါ
loving mankind - လူသားတို့အား ချစ်သည်။

Just keep loving mankind - လူသားတို့အား ချစ်မြဲချစ်နေ ကြပါ။
----------
never - မလုပ်ပါနဲ့
omit - ဖယ်ထုတ်ခြင်း
prayers - ဆုတောင်းခြင်းအမှု

Never omit prayers - ဆုတောင်ခြင်းအမှုကို မဖယ်ထုတ်ပစ်ပါနဲ့။
----------
quietly - ငြိမ်သက်စွာ
remember god - ဘုရားသခင်အား အောင့်မေ့သည်။

Quietly remember God - ဘုရားသခင်အား ငြိမ်သက်စွာ အောက်မေ့ပါ။
----------
speak - ပြောသည်
truth - အမှန်စကား

Speak truth - အမှန်စကားကို ပြောပါ။
----------
use - သုံးသည်
valid - ဆီလျော်သော
words - စကားများ

Use valid words - ဆီလျော်သော စကားကို သုံးပါ။
----------
xpress - ဖော်ပြပါ
your - သင့်ရဲ့
zeal - အားမာန်

Xpress your Zeal = သင့်ရဲ့ အားမာန်ကို ဖော်ပြပါ။