cross

cross

1

2

3

4

Saturday, January 28, 2017

လိင်မှုဘ၀သာယာရေးအတွက် Testosterone တိုးမြင့်စေမည့် နည်းလမ်းများ (18+)

 ကျန်းမာရေးစာစုများအတွက် Testosterone ဆိုတာကတော့ အမျိုးသားတွေအတွက် အရေးကြီးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ အမျိုးသားလိင်အင်္ဂါပစ္စည်းတွေ ဖွံ့ဖြိုးဖို့အတွက်ရော ကြွက်သားနဲ့ အရိုးကြီးထွာဖို့၊ ခန္ဓာကိုယ်အမွှေးအမျှင်တွေ ပေါက်ဖို့အတွက်တို့ကိုပါ အရေးကြီးပါတယ်။ အထူးသဖြင့်တော့ လိင်မှုကိစ္စစွမ်းဆောင်ရည်အတွက် သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်ရဲ့ Testosterone ပမာဏကို သဘာဝအတိုင်း တိုးတက်များပြားလာပြီး ခန္ဓာကိုယ်တောင့်တင်းမှုနဲ့ အိပ်ရာအတွင်းစွမ်းဆောင်ရည်ကောင်းလာစေဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝသည့် စားစရာများ များများစားပါ။ အခုခေတ်အမျိုးသား (၃)ယောက်မှာ (၁)ယောက်က သွေးဖိအားများတဲ့ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။ ဒီပြဿနာက သင့်ရဲ့နှလုံးကို ဆိုးကျိုးပေးပြီး သွေးလည်ပတ်စီးဆင်းမှုကို ချို့ယွင်းစေနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားလိင်အင်္ဂါထောင်မတ်မှုကို အားနည်းစေနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပိုတက်ဆီယမ်ဓာတ်က ကူညီပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်ပါရှိတဲ့ စားသောက်စရာတွေ မှီဝဲပေးခြင်းအားဖြင့် သင့်ရဲ့သွေးဖိအားကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ပမာဏမှာ ရှိနေစေပါတယ်။ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ စားသောက်စရာတွေကတော့ အာလူး၊ ဟင်းနုနွယ်၊ သခွားမွှေး၊ ခရမ်းချဉ်သီး၊ သစ်တော်သီး၊ ငှက်ပျောသီး၊ ကီဝီသီးနဲ့ ဒိန်ချဉ်တို့ ဖြစ်ပါတယ်။ အငံစားသုံးမှုကို လျှော့ချပါ။ အငံဓာတ်၊ ဆိုဒီယမ်ဟာ ခန္ဓာကိုယ်အတွင်း ရေနဲ့အတူလှည့်ပတ်ပါတယ်။ ဆားငံတာတွေ များများစားရင် သွေးကြောတွေတလျှောက် ခန္ဓာကိုယ်အနှံ့ကို ရောက်ရှိသွားပြီး သွေးဖိအားကိုတိုးစေပါတယ်။ သွေးဖိအားများခြင်းက လိင်တံထောင်မတ်မှုကို အားနည်းစေပါတယ်။ ဒါ့ကြောင့် သွေးဖိအား ပုံမှန်ဖြစ်ဖို့အတွက် တစ်နေ့ကို ဆိုဒီယမ်ပမာဏ (၂၃၀၀)မီလီဂရမ်ထက်မပိုအောင် စားပေးဖို့ လိုပါတယ်။ ကြာရှည်ခံဖို့အတွက် ပြုပြင်ထားတဲ့အသားတွေမှာနဲ့ စားသောက်စရာတွေမှာ ဆိုဒီယမ်ဓာတ်တွေ များစွာပါဝင်တာကြောင့် သတိပြုပါ။ ဒါ့အပြင် ပဲငါးပိနဲ့ ဒိန်ခဲစားသောက်မှုကလည်း ဆိုဒီယမ်ပမာဏကို သိသာစွာမြင့်တက်စေနိုင်တာကြောင့် သတိနဲ့စားသုံးသင့်ပါတယ်။ ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ဖြတ်ခြင်းအားဖြင့် သင့်ရဲ့နှလုံးသွေးကြောကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး မကြာခင်မှာပဲ ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကောင်းမွန်လာမှာဖြစ်ပါတယ်။ သုက်ပိုးအထောက်အကူပြု အာဟာရဓာတ်များ ဗီတာမင် E စွမ်းအားပြည့်ဝတဲ့ ဓာတ်တိုးဆန့်ကျင် ဗီတာမင်တစ်ခုဖြစ်ပါတယ်။ နေကြာဆီ၊ နှံစားသီးနှံနဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ အများဆုံးပါဝင်ပါတယ်။ ဒါပေမယ့် တစ်နေ့ကို (၁၀၀၀)မီလီဂရမ်ထက် ပိုမစားသင့်ပါဘူး။ ဗီတာမင် B12 အရေပြားမပါတဲ့ ကြက်သား၊ ဘဲသား၊ အမဲသား၊ အဆီနည်းနို့ထွက်ကုန်ပစ္စည်းတွေနဲ့ ဥအမျိုးမျိုးတို့မှာ ဗီတာမင် B12 ကို ပေါများစွာတွေ့ရပါတယ်။ ဗီတာမင် B12 ဟာ အမျိုးသားတွေမှာ သုက်ပိုးအရေအတွက် တိုးပွားလာအောင် အထောက်အကူဖြစ်စေပါတယ်။ ဇင့်နဲ့ ဗီတာမင် C ဗီတာမင် C နဲ့ ဇင့်ဓာတ်ချို့တဲ့ခြင်းဟာ သုက်ပိုးတွေကို အားနည်းသေဆုံးစေပါတယ်။ သံပုရာသီးမျိုးနွယ်ဝင် အသီးအနှံတွေ၊ ဘယ်ရီသီးတွေနဲ့ ပန်းငရုတ်နီတို့ကနေ ဗီတာမင် C ဓာတ်ကို ကြွယ်ဝစွာ ရရှိနိုင်ပြီး ဇင့်ဓာတ်ကိုတော့ နို့ထွက်ကုန်တွေ၊ စီရီရယ်နဲ့ အနီရောင်အသားတွေ၊ ကြက်သားဘဲသားနဲ့ ပဲအမျိုးမျိုးကနေ ရရှိနိုင်ပါတယ်။ အိပ်ပျော်ဖို့အတွက် စားသုံးပါ။ ညစဉ်ညတိုင်း အိပ်စက်ချိန်ပုံမှန်ရရှိခြင်းက ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ ဟော်မုန်းပမာဏ မှန်ကန်ခြင်းနဲ့ လေ့ကျင့်ခန်းကြောင့် ကြွက်သားပျက်စီးမှုတွေ ပြန်လည်ကောင်းမွန်ခြင်းတို့အတွက် အရေးကြီးပါတယ်။ အိပ်ပျော်နေချိန်မှာ ကြွက်သားတွေက အနားယူနေပြီး နှလုံးနဲ့ နှလုံးသွေးကြောစနစ်တို့ အနားယူဖို့အတွက် သွေးဖိအားက နည်းပါးနေပါတယ်။ ဒါ့ကြောင့် ပုံမှန်အိပ်စက်ချိန်မရှိသူတွေမှာဆိုရင် testosterone ဟော်မုန်းပမာဏ နည်းပါးသွးတတ်ပါတယ်။ ဒါ့ကြောင့် ကောင်းကောင်းအိပ်စက်နိုင်ဖို့ လိုပါတယ်။ Tryptophane ဓာတ်ကြွယ်ဝတဲ့ စားစရာတွေ စားပါ။ Tryptophan ဟာ အသားဓာတ်ကြွယ်ဝတဲ့စားစရာတွေ တွေ့ရတဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ Tryptophan ကြွယ်ဝတဲ့အစားအစာတွေကို ကစီဓာတ်နဲ့ တွဲဖက်သုံးဆောင်မယ်ဆိုရင် ကြွက်သားတွေထဲကို အမိုင်နိုအက်ဆစ်ဓာတ်ပိုမိုရရှိစေပြီး Tryptophan ဓာတ်ကိုတော့ ဦးနှောက်ဆီကိုပေးပို့ပြီး serotonin ဓာတ်ပစ္စည်းကို ထုတ်ပေးပါတယ်။ Serotonin ဓာတ်ပစ္စည်းကြောင့် စိတ်အေးချမ်းတည်ငြိမ်မှုကို ရရှိစေနိုင်ပါတယ်။ ကဖိန်းဓာတ်ကို ထိန်းချုပ်ပါ။ ကော်ဖီ၊ လဘက်ရည်၊ ဆိုဒါနဲ့ စွမ်းအားဖြည့်အချိုရည်တွေက သင့်ကို အချိန်ခြောက်နာရီထက်မနည်း လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ ဒါ့ကြောင့် ကဖိန်းဓာတ်ပါဝင်တဲ့ သောက်စရာတွေကို မနက်ပိုင်းမှာပဲ သောက်သုံးပါ။ ဒါမှမဟုတ် လုံးဝမသောက်ပါနဲ့။ အိပ်ရာမ၀င်ခင် အစားများများ မစားပါနဲ့။ အိပ်ရာဝင်ခါနီးမှာ အစားများများစားတာက သင့်ကိုအိပ်ပျော်စေနိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ အိပ်ရာဝင်ခါနီးမှာ ဗိုက်အရမ်းဆာလာရင်လည်း အသီးအနှံအနည်းငယ်လောက်ကိုပဲ အစာပြေအဖြစ် စားသုံးပါ။ ဂန္ဓမာပန်းကို သုံးကြည့်ပါ။ ဂန္ဓမာပန်းရွက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းသောက်တာက အိပ်စက်ခြင်းကို အားပေးပါတယ်။ ဒါပေမယ့် အိပ်ခါနီးမှာတော့ မသောက်ပါနဲ့။ ဆီးအသွားများပြီး ကောင်းကောင်းအိပ်ရမှာမဟုတ်ပါဘူး။ Choline ဗီတာမင် အုပ်စုထဲမှာအပါအ၀င်ဖြစ်တဲ့ Choline ဓာတ်ဟာလည်း အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေပါတယ်။ ဒီဓာတ်ပစ္စည်းကို ခန္ဓာကိုယ်က အနည်းငယ်သာထုတ်ပေးနိုင်တဲ့အတွက် နွားနို့၊ မြေပဲ၊ သစ်ကြားသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုတ်သေးနဲ့ ဥအမျိုးမျိုးတို့ကနေ ရရှိနိုင်ပါတယ်။ Testosterone နဲ့ ဇီဝကမ္မဖြစ်စဉ် အ၀လွန်ခြင်း ဒါမှမဟုတ် ကိုယ်အလေးချိန်တိုးလာခြင်းက ခန္ဓာကိုယ်အတွင်း ဟော်မုန်းမညီမျှမှုကို ဖြစ်စေပြီး မျိုးပွားမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်က ကယ်လိုရီအပိုတွေ လောင်ကျွမ်းသွားပြီး ဟော်မုန်းပမာဏကို ထိန်းသိမ်းနိုင်ဖို့အတွက် အစားအသောက်ကို ဂရုစိုက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို ထိန်းသိမ်းနိုင်ဖို့အတွက် နည်းလမ်း (၅)ခုရှိပါတယ်။ နေ့တိုင်း နံနက်စာစားပါ။ ခန္ဓာကိုယ်အတွင်း ဇီဝကမ္မဖြစ်စဉ်တွေက အိပ်ပျော်နေချိန်မှာ နှေးကွေးပါတယ်။ ဒါ့ကြောင့် မနက်အိပ်ရာက ထထခြင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နံနက်စာသုံးဆောင်ခြင်းက ကယ်လိုရီလောင်ကျွမ်းမှုကို ကောင်းမွန်စေပြီး နေ့လည်စာမတန်တဆစားခြင်းကို လျှော့ချပေးနိုင်ပါတယ်။ အစားမစားပဲ အချိန်(၄)နာရီထက် မနေပါနဲ့။ အချိန်အနည်းငယ်ကြာတိုင်းမှာ အစားစားသုံးပေးခြင်းက သင့်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ ခန့်မှန်းချေအားဖြင့် စားသုံးလိုက်တဲ့ ကယ်လိုရီပမာဏရဲ့ (၁၀)ရာခိုင်နှုန်းကို အစာချေဖျက်တဲ့ ဖြစ်စဉ်မျာ သုံးရပါတယ်။ ဒါ့ကြောင့် အစားမစားပဲနေခြင်းက သင့်ရဲ့Testosterone ဟော်မုန်းပမာဏကို လျော့ကျစေပါတယ်။ နေ့စဉ်နေ့တိုင်း ကယ်လိုရီပမာဏ (၁၀၀၀)ထက်နည်း စားသုံးပါ။ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ကယ်လိုရီပမာဏကို လျှော့ချရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကယ်လိုရီပမာဏနည်းပါးလွန်းရင်း ဇီဝကမ္မဖြစ်စဉ်ကိုလည်း နှေးကွေးစေပါတယ်။ ဇီဝကမ္မဖြစ်စဉ်နှေးကွေးရင် Testestorone ပမာဏကို လျော့ကျစေတာကြောင့် လိင်မှုဘ၀ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အလေးမတာနဲ့ နှလုံးအားကောင်းစေမယ့်လေ့ကျင့်ခန်းများကို မျှတပါစေ။ အေရိုးဗစ်လိုမျိုး ကိုယ်ခန္ဓာသန်စွမ်းစေတဲ့လေ့ကျင့်ခန်းတွေက ဇီဝကမ္မဖြစ်စဉ်ကို နိုးကြားစေပါတယ်။ ဒါပေမယ့် အလေးမအားကစားနည်းတွေလောက် ကြာရှည်အောင် အားမပေးနိုင်ပါဘူး။ ဒါ့ကြောင့် နှစ်ခုလုံးကို ညီမျှနေဖို့ လိုပါတယ်။ အစားစားတိုင်းမှာ ပရိုတန်းအသားဓာတ်ပါဝင်အောင် စားသုံးပါ။ သင်ခန္ဓာကိုယ်က အစာကိုချေဖျက်ချိန်မှာ အပူထုတ်လုပ်ပေးပါတယ်။ ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေမှာ အပူထုတ်ပေးနိုင်တဲ့ စွမ်းရည်ပါဝင်ပါတယ်။ ဒါပေမယ့် ကြက်သား၊ ဘဲသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အဆီနည်း နို့ထွက်ကုန်တွေလိုမျိုး အသားဓာတ်ကြွယ်ဝတဲ့ စားစရာတွေက သင့်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အကောင်းဆုံး အထောက်အကူဖြစ်စေပါတယ်။ 

Monday, January 23, 2017

ယောက်ျားတွေပဲ ဖတ်...။ နှိပ်ကြည့်လိုက်..။



ယောက်ျားတစ်ယောက် သူ့အဝတ်သူလျှော်နေတာတွေ့ရင် လူတွေက "မိန်းမယူလိုက်ပါလား၊ ကိုယ့်ဘာသာကိုယ် မလျှော်ရတော့ဘူးပေါ့" လို့ပြောမယ်။ ယောက်ျားတစ်ယောက် ထမင်းဟင်းချက်နေတာမြင်ရင် လူတွေက "မိန်းမယူလိုက်ပါလား၊ ကိုယ့်ဘာသာကိုယ် မချက်ရတော့ဘူးပေါ့" လို့ပြောမယ်။ အသက် ၃၅ နှစ်အရွယ် ယောက်ျားတစ်ယောက် သူ့အတွင်းခံသူမလျှော်တတ်၊ သူ့ကော်ဖီသူဖျော်ဖို့ ရေနွေးတောင်မတည်တတ်၊ သူ့အိပ်ယာသူတောင်မပြင်တတ်၊ သူစားပြီးသားပန်းကန်တောင် သူ့ဘာသာမဆေးတတ်တဲ့အခါ သူ့အမေက "မင်း အခြေကျဖို့လိုပြီ၊ မင်းကိုဂရုစိုက်ပြုစုဖို့ မိန်းမယူတော့" လို့ပြောမယ်။ ဘယ်လိုဖြစ်တာလဲ?? ဒါတွေကို တခြားတဖက်ကနားလည်ရရင် လူတွေရဲ့စိတ်ထဲကနေ မသိမသာနဲ့ "မိန်းမယူတာ ဒီအလုပ်တွေလုပ်ဖို့ ဖြစ်တယ်" လို့ပြောသလိုဖြစ်နေတယ်။ သန့်ရှင်းရေးလုပ်၊ ချက်ပြုတ်၊ လျှော်ဖွတ်၊ ကလေးမွေးဖို့အတွက်သာမိန်းမယူကြပါလို့ ပြောနေသလိုဖြစ်နေတယ်။ (များသောအားဖြင့် မိန်းမတွေဟာ သူတို့ချစ်တဲ့ယောက်ျား၊ သူတို့ချစ်တဲ့သားသမီးအတွက် ဒါတွေကိုလုပ်ပေးချင်ပါတယ်။) ဒါပေမယ့် လူတွေက အဲဒီလိုတွေပဲမြင်နေ ပြောနေတဲ့အခါ အဲဒီလိုယောက်ျားတွေဟာ "အိမ်ထောင်ဖက်" လိုတာလား? အိမ်ထောင်ဖက်အမည်ခံ "အိမ်ဖော်" ကိုလိုတာလားလို့ ဝေခွဲမရဖြစ်လာတယ်။ မိန်းမတွေဟာ သူတို့ရှိရင်းစွဲအသက်ထက် ၃ ဆပိုပြီးရုပ်ရင့်နေကြတာဟာ စိတ်ဖိစီးမှုများပြီး ပင်ပန်းကြရလို့ပါ။ ယောက်ျားက TV ကြည့်ရင်း ဖုန်းသုံးနေတဲ့အချိန်မှာ မိန်းမက အိမ်အလုပ်တွေမနားတမ်းလုပ်နေရမယ်ဆိုရင် ဖြစ်သင့်ပါ့မလား? ယောက်ျားတွေ ကိုယ့်ပန်းကန်ကိုယ်ဆေးတာမှားတယ်လို့ ဘယ်သူပြောလဲ? ယောက်ျားတွေ ကိုယ့်အဝတ်ကိုယ်လျှော်တာမှားတယ်လို့ ဘယ်သူပြောလဲ? ယောက်ျားတွေ အိပ်ယာခင်းလဲတာ၊ စောင်ခေါက်တာတွေကမှားတယ်လို့ကော ဘယ်သူပြောလဲ? ကိုယ်လက်ထပ်ယူထားတဲ့အမျိုးသမီး၊ ကိုယ်နဲ့အတူနေနေတဲ့ချစ်သူကို ကူညီပေးဖို့အတွက် ဘာတွေများ အများကြီးစဉ်းစားဦးမှာလဲ? ကလေးတစ်ယောက်လို အပြုစုအယုယခံချင်ရင် အိမ်ထောင်ပြုဖို့အစား သူများမွေးစားတာခံလိုက်ဖို့သာသင့်ပါတယ်။

အပြစ်မကင်းတဲ့ မိန်းမသားတို့ဘ၀..အပြည့်အစုံကြည့်ရန် နှိပ်ပါ။



စိတ်က မိဘအတွက်...ကိုယ်ခန္ဓာက လင်ယောကျာ်းအတွက်...အချိန်တွေက သားသမီးအတွက်... ကိုယ့်အတွက် မျက်နှာပေါ်က အရေးအကြောင်းတွေရယ်ပင်ပန်းနွမ်းနယ်မှုတွေပဲ ကျန်ခဲ့တယ်...-လှပလွန်းရင် အန္တရာယ်များတယ်...ရုပ်ဆိုးပြန်တော့လည်း ဘယ်သူမှအဖက်မလုပ်ချင်... ပွင့်လင်းလွန်းတော့ အပေါစားထင်မယ်...စကားနည်းတော့ ပေါင်းသင်းရခက်တယ်... တကိုယ်တည်းနေမယ်ဆိုတော့ လိုချင်တဲ့သူမရှိလို့တဲ့...အိမ်ထောင်ပြုတော့လည်း လွတ်လပ်မှု ဆုံးရှုံးပြန်ကော...လင်ယောကျာ်းကခန့်ညားလွန်းတော့လည်းသူများအတွက်အလွယ်တကူဖြစ်နိုင်တယ်... မချောတော့လည်း ကိုယ့်အမြင်က နှိမ့်ကျတယ်ဖြစ်မယ်... ကလေးမယူချင်တော့လည်း မိန်းမ မပီသဘူးကဲ့ရဲ့ကြမယ်...ယူပြန်တော့လည်း ပင်ပန်းရတာကိုယ်ပဲ... အပြင်မှာအလုပ်ထွက်လုပ်တော့လည်း အိမ်မှုကိစ္စ မပိုင်နိုင်ဘူး အပြင်ပဲထွက်ချင်တယ် ပြောမယ်.. .ငွေမရှာပြန်တော့လည်း အရည်အချင်းမရှိဘူး ယောကျာ်းကိုပဲ အားကိုးနေတယ်ပြောဦးမယ်...-အလှပြင်တော့လည်း ပဲများတယ်ပြောမယ်...မပြင်ပြန်တော့လည်း မိန်းမဖြစ်ပြီး သပ်ရပ်မှုမရှိ အပျင်းကြီးတယ်ပြောမယ်...သူငယ်ချင်းမရှိတော့ စိတ်ညစ်တဲ့အခါ ရင်ဖွင့်စရာမရှိပြန်... သူငယ်ချင်းများပြန်တော့လည်း ရှုပ်ရှုပ်ရှက်ရှက်နဲ့ အတည်တကျမရှိဘူး ပြောကြမယ်...လောကကြီးမှာ မိန်းမဖြစ်ရတာ ကိုယ်ပိုင်တဲ့အချိန်ဆိုတာ မရှိဘူး...မိန်းမလုပ်ရတာ ယောကျာ်းလုပ်ရတာထက် ခက်ပြီးရင်းခက်နေတာ့တာပဲ...-မိန်းမဖြစ်ရတာ အယူဝါဒအရ မမြတ်ရင်သာနေမယ်...   ယောကျာ်းတွေထက်နိမ့်တာ မရှိဘူး...ကိုယ်ခန္ဓာဖွဲ့စည်းပုံအရ အားနွဲ့တယ်ထင်ရပေမယ့် ဆင်းရဲဒုက္ခတွေကို ယောကျာ်းတွေထက် ပိုခံနိုင်တယ်...-ယောကျာ်းတွေ မခံစားရတဲ့ နာကျဉ်မှုဝေဒနာကို ဘဝရဲ့ ၃ပုံ၂ပုံလောက် လစဉ်လတိုင်း အံကြိတ်ခံစား ဖြတ်တန်းခဲ့ရတယ်... အိမ်ထောင်ပြုပြီးလင်ယောကျာ်းမကောင်းလို့ ဘဝပျက်ရတဲ့အမျိုးသမီးများပေမယ့်...အပျိုကြီးလုပ်လို့ အားကိုးရာမဲ့လို့ဆိုပြီးဘဝပျက်ခဲ့ရတဲ့သူရှားတယ်...ဒီလောက်အပင်ပန်းခံဆင်းရဲဒုက္ခခံလာရပြီး မှတော့ယောကျာ်းတစ်ယောက်အတွက်နဲ့ ကိုယ့်ဘဝကို ကိုယ်အပျက်မခံပါနဲ့...-ကိုယ့်ကိုယ်ကိုမှ တန်ဖိုးမထားရင် ဘယ်သူကမှ တန်ဖိုးထားမှာ မဟုတ်ပါဘူး...ကိုယ့်ကိုယ်တိုင်က ကျားတစ်ကောင်အဖြစ် မနေရင် အဆင့်အတန်းမရှိတဲ့ ကျားတစ်ချို့ရဲ့ သားကောင်အဖြစ်ကို အလွယ်တကူရောက်သွားနိုင်တယ်...-ကျားကို နွားတစ်ကောင်လို မခိုင်းစားနိုင်ရင်တောင်ဘယ်တော့မှ အလွယ်တကူ အစားခံရမယ့်သားကောင်အဖြစ်မခံပါနဲ့... ကိုယ့်ကိုယ်ကိုသာ အားကိုးပါ...-ကိုယ်က မွေးကတည်းက သေတဲ့အထိ ဒုက္ခဆင်းရဲတွေကို အံတုပြီးကျော်ဖြတ်ခဲ့ရတယ်ဆိုတာ အမှတ်ရပါ...-ကိုယ်အားကိုးမယ့်သူက ကိုယ့်လောက်တောင် ဒုက္ခတွေကို ခံစားဖူးတဲ့ အတွေ့အကြုံမရှိနိုင်ပါဘူး...သူကကိုယ့်အတွက် စစ်မှန်တဲ့ ချစ်ခြင်းတရားကို မပေးနိုင်ရင် သူ့ဆီကဘာမှ မျှော်လင့်မနေပါနဲ့တော့... သူတို့အတွက် ကိုယ့်ဘဝကို ရင်းနှီးရတာ မတန်လို့ပါ...။

မိန်းမတွေ ယောကျာင်္းယူပြီးရင် ဘာကြောင့် ပိုလှလာသလဲ..နှိပ်ကြည့်လိုက်နော်..

၁။ ခင်ပွန်းသည်က စိတ်ချမ်းသာအောင်ထားလို့ တစ်ချို့ အမျိုးသမီးတွေ အိမ်  ထောင်ကျပြီးမှ ပိုပိုလှလာတာကို တွေ့ကြမှာပါ။ အဲဒါ ဘာကြောင့် လှပလာရသလဲ ဆိုတဲ့ အကြောင်းများစွာ ထဲမှာမှ ခင်ပွန်းသည်က စိတ်ချမ်းသာအောင် ထားတဲ့ အချက်လည်း ပါဝင်နေတယ်ဆိုတာကို မမေ့ပါနဲ့။ 
၂။ အိမ်ထောင်ရေး သာယာလို့ အိမ်ထောင်ရေး မသာယာတဲ့ အမျိုးသမီး တစ်ယောက် အနေနဲ့ အလွန် စိတ်ညစ်ရပါလိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာ ဆိုတာ စိတ်ပိုင်း ဆိုင်ရာနဲ့ ဆက်စပ်နေတဲ့ အတွက် အိမ်ထောင်ရေး သာယာလို့ ပျော်ရွှင်ရတဲ့ အမျိုးသမီး တစ်ယောက် အတွက်က စိတ်ပျိုလို့ ကိုယ်ပါနုလာတဲ့ သဘောပါ။
 ၃။ ချစ်ခြင်း မေတ္တာ မေတ္တာ တရားဆိုတာ တိုင်းတာလို့မရ အစွမ်းသတ္တိ ဘယ်လောက် ရှိသလဲ ဆိုတာကို မသိနိုင်ပေမယ့် လူတစ်ယောက်နုပျို လာဖို့အတွက်တော့ ဖြစ်နိုင်ပါတယ်။ ခင်ပွန်သည်နှင့် ဇနီးသည် အပြန်အလှန် မေတ္တာထားခြင်းဖြင့်လည်း စိတ်နဲ့ ရုပ်အတွက် နုပျိုစေတဲ့ ဆေးတစ်ခွက်ပါ။
 ၄။ သားသမီးတွေကြောင့်လည်းပါတယ် အိမ်ထောင် တစ်ခုမှာ သားတွေ သမီးတွေ ရှိလို့ မိခင်ဟာ နေ့စဉ် စိတ်ညစ်နေရတယ် ဆိုရင် သူမအနေနဲ့ လှပဖို့ မဖြစ်နိုင်ပါ။ ဒါကြောင့် လိမ္မာတဲ့ သားသမီးတွေ ကြောင့်လည်း မိခင်ဟာ လှပပျိုနုနိုင်ပါတယ်။
 ၅။ သူမ ကိုယ်တိုင်ကြောင့် အစစ အရာရာ အားလုံး အဆင်ပြေနေပါသော်လည်း သူမကိုယ်တိုင် စိတ်ချမ်းသာအောင် မနေရင်တော့ စိတ်မပျော်ရွှင်နိုင်ပါ။ သူမကိုယ်တိုင်ကလည်း လှပစွာ နေတယ် ပျော်ရွှင်အောင် နေမယ် ဆိုရင် သူမဟာ အားလုံးက သဘောကျတဲ့ အိမ်ထောင်ကျပြီး လှပတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်လာပါလိမ့်မယ်။



Friday, January 20, 2017

ကွန်ပြုတာကနေ ကမ္ဘာ တခုလုံး မြေပုံကို အနီးကပ် ဆွဲ ကြည့်နိုင် တဲ့ ဆော့ဝဲလ် လေးဖြစ်ပါတယ်


Google Earth ကတော့ တကယ်ကို လန်းပါတယ်ဗျာ။ မသုံးဖူးတဲ့သူသုံးကြည့် လိုက်ပါ။ အရမ်းကို ခိုက် သွားမှာ အသေခြာပဲ။ Google Earth ကနေ ကိုကြည့်ချင်တဲ့ နေရာကို လိပ်စာရိုက်ပြီးရှာလိုက်တာနဲ့ တန်းရောက်သွားတယ်။ တကယ်ကို 3D ရုပ်ပြနဲ့ ဖြစ်ပါတယ်။ အောက်မှာ Screenshoot နဲ့ပြထားပါတယ်။ အသေခြာလေး ကြည့်ကြည့်လိုက်ပါ။
နောက်တခုက Satellite ကနေ တိုက်ရိုက်ဆွဲ ကြည့်လို့ရတဲ့နေရာတွေ ရှိပါသေးတယ်။ အိမ်ရှေ့ တံခါးပေါက်ထိ ကြည်လင်စွာ ဆွဲကြည့်နိုင်ပါတယ်။ Zoom ဆွဲတဲ့ အကွက်ပေါ်က လူ ပုံနဲ့ ရှိပါတယ်။ အဲကောင်ကို ကို လိုချင်တဲ့ နေရာမှာ ချပေးလိုက်တာနဲ့ အိမ်ဆိုရင် အိမ်ရှေ့ ထိ။ လမ်းမှာဆိုရင်လည်း လမ်းမကြီး ကို ပြတ်သားရှင်းလင်းစွာ မြင်ရပါတယ်။ 

ကွန်ပြူတာ သုံးသူတိုင်း တကယ်ဆောင်ထားသင့်တယ်နော်။ Full  Version သုံးရအောင် Patch ဖိုင်ပါ တွဲတင်ပေး ထားပါတယ်။ Setup.exe ကို Install ပြီးတာနဲ့ ဆော့ဝဲလ်ကို မဖွင့်ပဲ Patch ဖိုင်ကို ၂ ချက်ကလစ်လိုက်ပြီးရင် အလယ်က စာကို အလစ်လိုက်၊ ဘယ်ဘက်အောက်မှာ OK ပေါ်လာရင် Actrivated ဖြစ်ပါပြီ။

စိတ်ဝင်စားရင် အောက်မှာ ဒေါင်းယူနိုင်ပါပြီနော်။




App Screenshots


အားလုံးအဆင်ပြေပါစေ.......။

Monday, January 16, 2017

ဖုန်းကနေ Google Search by Image ဘယ်လိုသုံးမလဲ

Google ရဲ့ Search by Image ဆိုတာ ကိုယ့်မှာရှိပြီးသားပုံတစ်ပုံကို Image Search မှာ တင်ပြီး၊ ဆင်တူတဲ့ပုံတွေကို အင်တာနက်မှာ ပြန်ရှာလို့ရတဲ့ feature တစ်ခုဖြစ်ပါတယ်။အင်တာနက်ပေါ်က သတင်းအရင်းအမြစ်မသေချာတဲ့ပုံတွေဆို ဒီနည်းနဲ့ရှာပြီး၊ အမှန်လား/လုပ်ကြံဖန်တီးထားတာလား သိရှိနိုင်ပါတယ်။ ဓာတ်ပုံဆရာတွေဆိုရင်လည်း ကိုယ်ရိုက်ထားတဲ့ပုံကို ဘယ်သူတွေက ခွင့်မတောင်းဘဲ ယူသုံးနေလဲဆိုတာ ရှာကြည့်နိုင်မယ့် အသုံးဝင်တဲ့ feature တစ်ခုပါ။
ကံမကောင်းတာတစ်ခုက ဒီ feature ကို ကွန်ပြူတာကနေပဲ အသုံးပြုနိုင်ပြီး၊ မိုဘိုင်းဖုန်းနဲ့ ဆိုရင်တော့ Chrome အပါအ၀င် ဘယ်ဘရောက်ဆာမှာမှ သုံးလို့မရပါဘူး။
ဒါပေမယ့်၊ အောက်ပါနည်းလမ်းလေးကို အသုံးပြုပြီး Google ရဲ့ Search by Image ကို Android ကော iPhone တွေမှာပါ အလွယ်တကူအသုံးပြုနိုင်ပါတယ်။ ဖုန်းထဲကို App တစ်ခု ထပ်သွင်းစရာမလိုပါဘူး။
အဆင့် (၁) – ပထမဦးဆုံး သင့်ရဲ့မိုဘိုင်းဖုန်းဘရောက်ဆာကနေ ctrlq.org/google/images/ ၀က်ဘ်ကို သွားလိုက်ပါ။
အဆင့် (၂) – ၀က်ဘ်ဆိုဒ်ထဲ ၀င်ဝင်ချင်းမှာ Upload Picture ဆိုတဲ့ခလုတ်ကို မြင်ရမှာဖြစ်ပြီး၊ အဆိုပါ ခလုတ်ကိုနှိပ်လိုက်တာနဲ့၊ ဖုန်းကင်မရာနဲ့ဓာတ်ပုံရိုက်ပြီး ရှာမလား ဒါမှမဟုတ် ဖုန်းထဲကပုံနဲ့ ရှာမလား ရွေးခိုင်းပါလိမ့်မယ်။
အဆင့် (၃) – ကိုယ်ရှာချင်တဲ့ပုံကို upload လုပ်ပြီးသွားပြီဆိုရင်၊ “Show Matching Images” ဆိုတာ ပေါ်လာပါလိမ့်မယ်။ နှိပ်လိုက်ပါ။
အဆင့် (၄) – ဒီအခါ Google Search by Image ဆီရောက်သွားမှာဖြစ်ပြီး၊ သင်ရှာထားတဲ့ပုံနဲ့ ဆင်တူတွေ ပေါ်လာတာကို တွေ့ရပါမယ်။
ဒီနည်းနဲ့ သင်ရိုက်ပြီး၊ အွန်လိုင်းမှာတင်ထားတဲ့ပုံတွေကို ဘယ်သူတွေ ယူသုံးနေလဲ၊ ပုံက ဘယ် source ကလဲ ဆိုတာ အလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ်။

Windows 10 မှာ Desktop Gadget တွေ ပြန်သုံးလို့ရအောင် ဘယ်လိုလုပ်မလဲ

Windows Vista ကနေစပြီး ပါဝင်လာတဲ့ Windows Gadget လေးတွေကို Windows ကွန်ပြူတာအသုံးပြုသူတော်တော်များများ သုံးဖူးကြမှာပါ။CPU Meter တို့ ၊ Clock တို့လို သတင်းအချက်အလက်ဖော်ပြပေးတဲ့ gadgets လေးတွေက ကွန်ပြူတာအတွက် တော်တော်အသုံးဝင်ပြီး၊ အပျင်းပြေဂိမ်းတွေဆော့ကစားနိုင်တဲ့ gadget လေးတွေလည်း ရှိပါတယ်။
ဒါပေမယ့် စိတ်မကောင်းစွာပဲ၊ Microsoft ဟာ Desktop Gadgets တွေကို  Windows 8 မှာကတည်းက လုံခြုံရေးပိုင်းဆိုင်ရာအကြောင်းပြချက်နဲ့ ဖြုတ်ပစ်ခဲ့ပါတယ်။
ဒါဆိုအရင်လို Desktop Gadgets လေးတွေကို Windows 8 တို့ 10 တို့မှာ ပြန်သုံးချင်ရင် ဘယ်လိုလုပ်မလဲ။ ဒီပြဿနာအတွက် အဖြေကို developer တော်တော်များများက ပေးအပ်ထားပြီး၊ ဒီထဲကမှ အကောင်းဆုံးအခမဲ့နှစ်ခုကို ရွေးပေးလိုက်ပါတယ်။

နည်းလမ်း (၁) – Windows Desktop Gadgets

Windows Desktop Gadgets ဟာ သင့်ရဲ့ Windows 10 မှာ 7 တုန်းက gadget တွေကို ပြန်ခေါ်ပေးမယ့်ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး၊ ဒီနေရာကနေ အခမဲ့ဒေါင်းလုဒ်ရယူနိုင်ပါတယ်။
Install လုပ်ရတာက မြန်ဆန်လွယ်ကူမှုရှိပြီး၊ စခရင်မှာပေါ်လာတဲ့ လမ်းညွှန်ချက်လေးတွေအတိုင်း လိုက်လုပ်ရုံပါပဲ။
Install လုပ်ပြီးသွားရင်တော့၊ သင့် desktop မှာ Right-Click နှိပ်လိုက်ရုံနဲ့ အရင်လို Gadgets ဆိုတာလေး တွေ့ရမှာဖြစ်ပြီး၊ Control Panel ထဲက Appearance and Personalization ကနေလည်း သွားရောက်အသုံးပြုနိုင်ပါတယ်။
အခုချိန်ကစပြီး သင့်ကွန်ပြူတာမှာ Windows အသုံးပြုသူတွေရဲ့ အသည်းစွဲ gadget လေးတွေကို ပြန်ထည့်ထားနိုင်ပါပြီ။ တကယ်လို့ ပါပြီးသား gadget တွေအပြင်၊ နောက်ထပ်ထပ်လိုချင်တယ်ဆိုရင်လည်း Get more gadges online ကို နှိပ်ပြီး ရယူနိုင်သလို၊ ဒီနေရာကနေလည်း ရယူနိုင်ပါတယ်။

နည်းလမ်း (၂) – 8GadgetPack

နောက်ထပ်တစ်ခုကတော့ 8GadgetPack ပါ။ သူ့ကိုတော့ Windows 8 အတွက် စတင်ပြုလုပ်ခဲ့တာဖြစ်ပေမယ့်၊ အခုထိ Windows 10 မှာ သုံးလို့ရသေးတာတွေ့ရပါတယ်။
ဒေါင်းလုဒ်လုပ်ပြီးရင် ကွန်ပြူတာမှာ install  လုပ်ပါ။ လမ်းညွှန်ချက်အတိုင်း လိုက်လုပ်ရုံပဲဖြစ်ပြီး၊ မခက်ပါဘူး။
8GadgetPack ရဲ့ အားသာချက်တစ်ခုကတော့ gadget အများအပြား တပါတည်းပါဝင်လာတာဖြစ်ပြီး၊ အခုငါးဆယ်ကျော်လောက် ပါတာတွေ့ရပါတယ်။
bring-desktop-gadgets-windows-10.w1456
Desktop ပေါ်မှာ Right-Click နှိပ်ပြီး၊ Context menu ကနေလည်း ခေါ်သုံးနိုင်သလို၊ Control Panel ထဲကနေလည်း ဝင်သုံးနိုင်ပါတယ်။
နောက်ထပ်မိုက်တဲ့တစ်ချက်ကတော့၊ 8GadgetPack မှာ Configuration ပါတာဖြစ်ပါတယ်။ ဒီကနေ ကိုယ်မလိုချင်တဲ့ Gadgets တွေကို uninstall လုပ်နိုင်သလို၊ တခြား gadget တွေကိုလည်း .gadget ဖိုင်သုံးပြီး ထည့်သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒီ custom gadget တွေ သုံးတဲ့အခါ၊ ကိုယ်ယူတဲ့ဆိုက်ကိုသတိထားဖို့လိုပြီး၊ မလိုလားအပ်တဲ့ malware တွေ မဝင်စေဖို့ ဂရုစိုက်ပါ။
1
Microsoft အနေနဲ့ desktop gadget တွေကို ပြန်ထည့်ပေးဖို့ဆိုတာက လုံးဝမဖြစ်နိုင်သလောက်ရှိတာကြောင့်၊ Gadget သုံးချင်တယ်ဆိုရင် ယခုနည်းလမ်းတွေအတိုင်းပဲ သုံးနိုင်မှာဖြစ်ပါတယ်။

Android ဖုန်းမှာ GIF ဖိုင်တစ်ခုကို ဖုန်း Wallpaper အဖြစ် ဘယ်လိုထားမလဲ

၁၉၈၇ ခုနှစ်မှာ GIF ဖိုင်တွေကို စတင်မိတ်ဆက်ခဲ့ပြီးကတည်းက၊ အင်တာနက်လောကမှာ GIF ဖိုင်တွေဟာ အဓိကနေရာတစ်ခုကနေ ပါဝင်ခဲ့တယ်ဆိုတာ လူတိုင်းသိကြမှာပါ။ အခုဆို Facebook မှာလည်း GIF ဖိုင်တွေကို တိုက်ရိုက်ကြည့်နိုင်အောင် လုပ်ပေးထားပြီးပြီဆိုတော့၊ ရယ်စရာ GIF လေးတွေ၊ ထူးထူးဆန်းဆန်း GIF လေးတွေကို ကျနော်တို့ နေ့စဉ်တွေ့နေရပါတယ်။ဒါဆို ဒီထဲကမှ ကိုယ်ကြိုက်တဲ့ GIF ဖိုင်လေးတစ်ခုကို ဖုန်း wallpaper အဖြစ်ထားချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ပုံမှန်အရ ဖုန်း Wallpaper ကို ဗီဒီယိုနဲ့ GIF တွေ ထားလို့မရပါဘူး။ ဒါပေမယ့် Android စနစ်ရဲ့ လွတ်လပ်တဲ့သဘောသဘာဝကြောင့်  app တစ်ခု အကူအညီနဲ့ ဖုန်း wallpaper ကို GIF တင်ထားလို့ရပါတယ်။
တစ်ခုသတိပြုရမှာက၊ ဒီ app ဟာ ပုံမှန်ထက် သင့်ဘက်ထရီကို အနည်းငယ်ပိုအကုန်မြန်စေမှာဖြစ်ပါတယ်။ ဖုန်းမှာ ကိုယ့်စိတ်ကြိုက် GIF ကို wallpaper တင်ထားချင်သူတွေအတွက်ဖြစ်ပြီး၊ ကိုယ့်ဖုန်းကို သူများနဲ့မတူ၊တစ်မူထူးချင်သူတွေ အကြိုက်တွေ့မယ့် app ဖြစ်ပါတယ်။

အဆင့် (၁) ပထမဦးဆုံး App တစ်ခုအကူအညီယူရပါမယ်

စိတ်အချရဆုံးနဲ့ အခမဲ့ရနိုင်တဲ့ app ကတော့ AnimGIF Live Wallpaper 2 Lite ဖြစ်ပါတယ်။ Google Play Store ကနေ သွားရောက်ရယူနိုင်ပါတယ်။

အဆင့် (၂) – GIF ရှာမယ်

ဒီအဆင့်မှာတော့ ကိုယ့်ဖုန်းနဲ့ လိုက်မယ့်၊ ကိုယ့်စိတ်ကြိုက် GIF ဖိုင်တစ်ခုကို အင်တာနက်က ရှာပါ။ GIF အစုံအလင်ရှိတဲ့ Giphy ကနေ ရှာနိုင်သလို၊ Google ကနေလည်း ရှာနိုင်ပါတယ်။ ဖုန်း resolution နဲ့ ညီတဲ့ GIF ဖိုင်မျိုးဆို အကောင်းဆုံးဖြစ်ပြီး၊ အနည်းငယ် resolution နည်းတဲ့ဖိုင်တွေလည်း အလုပ်ဖြစ်ပါတယ်။ GIF ဖိုင်တွေ့ရင် ဒေါင်းလုဒ်ဆွဲပြီး၊ ဖုန်းထဲ save လိုက်ပါ။

အဆင့် (၃) – App စသုံးမယ်

  • AnimGIF Live Wallpaper 2 Lite ကို install လုပ်ပြီးပြီဆိုရင်၊ အထဲဝင်လိုက်ပါ
  • အပေါ်ဆုံးက AnimGIF LWP 2 ကို နှိပ်လိုက်ပါ
13
  • စခရင် ဘယ်ဘက်အပေါ်ထောင့်က Settings ခလုတ်ကို နှိပ်ပြီး၊ ‘Settings’ ထဲဝင်ပါ။
  • Select GIF files ကို ရွေးလိုက်ပါ။
14
  • မိမိဖုန်းထဲက ကိုယ် wallpaper ထားချင်တဲ့ GIF နေရာကို ရှာပြီး၊ ရွေးပေးလိုက်ပါ။
  • ပြီးရင် back ခလုတ်နဲ့ ပြန်ထွက်ပြီး၊ အောက်နားက ‘Set’ ကို နှိပ်ပေးလိုက်တာနဲ့ Home Screen မှာပဲ ထားမှာလား၊ Lock Screen မှာကော ထားမှာလား ဆိုတာရွေးခိုင်းပါလိမ့်မယ်။ ကိုယ်ကြိုက်ရာရွေးလိုက်ပါ။ Home screen မှာတစ်မျိုး၊ Lock စခရင်မှာလည်း GIF တစ်မျိုး ထားနိုင်ပါတယ်။
  • ဘက်ထရီအကုန်မြန်နိုင်တာကြောင့် မသုံးချင်တဲ့အရာ ရိုးရိုး wallpaper ပြန်ပြောင်းထားနိုင်ပါတယ်။

Windows 10 မှာ အင်တာနက်ဒေတာသုံးစွဲမှု အရမ်းများနေတာကို ဘယ်လိုလျှော့ချမလဲ

Microsoft ဟာ Windows 10 ကို စတင်ရေးဆွဲကတည်းက အင်တာနက်နဲ့အမြဲချိတ်ဆက်နေပြီး၊ အမြဲ update ဖြစ်နေမယ့် Operating System တစ်ခုအဖြစ် ဦးတည်ရေးဆွဲခဲ့တာဖြစ်ပြီး၊၊ Windows OS တွေအထဲမှာ ဒေတာအစားဆုံး OS တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒီလို အင်တာနက်ဒေတာအရမ်းသုံးတဲ့အချက်ကြောင့်လည်း အင်တာနက်ကွန်နက်ရှင်အခက်အခဲရှိတဲ့လူတွေအနေနဲ့ Windows 10 OS ကို သုံးကြည့်ချင်ရဲ့သားနဲ့ မသုံးဖြစ်ကြဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် စိတ်မပူပါနဲ့။ Microsoft ရဲ့ နောက်ဆုံး OS ကို ဒေတာအရမ်းမကုန်ဘဲ စိတ်ချလက်ချသုံးနိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။

(၁) ပထမဆုံး Windows 10 ရဲ့ လုပ်ဆောင်ချက်အသစ်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

ဒါကတော့ ကျနော်တို့ လက်ရှိသုံးနေတဲ့စမတ်ဖုန်းတွေလိုမျိုး Data Usage စစ်ကြည့်နိုင်တဲ့ tool လေးဖြစ်ပါတယ်။Windows key နှိပ်ပြီး Data Usage overview လို့ ရိုက်ရှာနိုင်သလို၊ Start > Settings > Data Usage ကနေလည်း ဝင်နိုင်ပါတယ်။
Data Usage overview မှာ ရက် ၃၀ (တစ်လအတွင်း) Wi-Fi နဲ့ ကြိုးအင်တာနက်လိုင်းကနေ အင်တာနက်ဒေတာ ဘယ်လောက်သုံးထားတဲ့ဆိုတာ ခြုံငုံဖော်ပြထားမှာဖြစ်ပြီး၊ အသေးစိတ်သိချင်ရင် အောက်က Usage details ဆိုတာကို နှိပ်ပြီးကြည့်နိုင်ပါတယ်။
1
Usage Details မှာတော့ ဘယ်ဆော့ဖ်ဝဲက အင်တာနက်ဒေတာ ဘယ်လောက်တောင်ဆွဲထားလဲဆိုတာ မြင်နိုင်မှာပါ။ ဒီနေရာကနေ မလိုအပ်တဲ့ ဆော့ဖ်ဝဲတွေကို uninstall လုပ်ခြင်း၊ ပိတ်ပစ်ခြင်း၊ startup မှာ (ကွန်ပြူတာစတက်လာတဲ့အချိန်) run မနေအောင် disable လုပ်ခြင်းတို့ကို Task Manager ကနေ လုပ်ထားနိုင်မှာဖြစ်ပါတယ်။
2

(၂) Automatic Windows Updates တွေ ပိတ်ပါ။

ဒါကတော့ ကျနော်တို့ အရင် Windows တွေကတည်းက လူတိုင်းနီးပါးလုပ်နေတဲ့နည်းလမ်းဖြစ်ပြီး၊ အခု Windows 10 မှာလည်း  ပြန်သုံးနိုင်ပါတယ်။
Windows 10 မှာ automatic update ပိတ်မယ့်နည်းကတော့
ပထမဆုံး Start (Windows ပုံ) ကို နှိပ်ပြီး၊ Settings ထဲဝင်၊ ပြီးရင် Network & Internet ကို ထပ်ဝင်လိုက်ပါ။ ယခုအခါ Wi-Fi ၊ Airplane mode စတာတွေကို မြင်တွေ့ရပါမယ်။
ဒီနေရာကနေ ကျနော်တို့ လက်ရှိသုံးနေတဲ့ နက်ဝေါ့ခ်ကို ‘metered connection’ အဖြစ် သတ်မှတ်ခိုင်းပါမယ်။ ဆိုလိုတာကတော့ ယခုချိတ်နေတဲ့လိုင်းဟာ data plan အကန့်အသတ်နဲ့ဖြစ်တာကြောင့် Windows automatic download တွေမလုပ်ဖို့ တားမြစ်လိုက်ခြင်းဖြစ်ပါတယ်။
3
ကံဆိုးတာတစ်ခုက Wi-Fi ကွန်နက်ရှင်တွေကိုပဲ ‘metered’ လုပ်နိုင်ပြီး၊ Ethernet လိုင်းဆိုရင်တော့ မလုပ်နိုင်ပါဘူး။ (နောက်ပိုင်းမှာ Ethernet လိုင်းကို metered လိုင်းသတ်မှတ်ပုံဖော်ပြပေးပါမယ်။)
‘Metered connection’ လုပ်နည်းကတော့ Wi-Fi ထဲက Advanced Options ထဲဝင်လိုက်ပါ။ နောက်ထပ် စာမျက်နှာတစ်ခုပေါ်လာရင် အောက်ကိုအနည်းငယ်ဆွဲချပြီး၊ Metered connection ဆိုတာကို ဖွင့်ပေးလိုက်ပါ။ (ပုံမှန်ဆို ပိတ်နေမှာဖြစ်ပါတယ်။)

(၃) Automatic Peer-to-Peer Update Sharing လုပ်တာပိတ်မယ်

Windows 10 စနစ်ရဲ့ အားသာချက်လို့ ခေါ်ရမလား၊ အားနည်းချက်လို့ဆိုရမလား စွမ်းဆောင်ရည်တစ်ခုကတော့ ကိုယ့်ကွန်ပြူတာက updates တွေကို တခြား Windows 10 ကွန်ပြူတာတွေဆီ အလိုလိုမျှပေးနိုင်တာဖြစ်ပါတယ်။
BitTorrent ပုံစံ ဖိုင်မျှဝေရေးစနစ်တစ်ခုဖြစ်ပြီး၊ မတူတဲ့တစ်ချက်က ဒီလို နောက်ကွယ်မှာ update လုပ်နေတာကို Windows က သင့်ကို သတိပေးမှာမဟုတ်ပါဘူး။ ကိုယ့်လိုင်းကို ‘metered connection’ လုပ်ထားရင် ဒီဖန်ရှင်က အလိုလိုပိတ်နေမှာဖြစ်ပေမယ့်၊ metered မလုပ်ထားဘူးဆိုလည်း အောက်ပါနည်းအတိုင်း သီးသန့်သွားပိတ်ထားနိုင်ပါတယ်။
အရင်အတိုင်း Settings ထဲဝင်၊ Update & Security ကိုသွား၊ Windows Update ကိုရွေး၊ ‘Advanced Options” ကို ထပ်နှိပ်လိုက်ပါ။ “Choose How Updates are Delivered” ကို ရွေးပြီး၊  “PCs on My Local Network”  ကိုထားချင်ထား ဒါမှမဟုတ် လုံးဝ ပိတ်ပစ်လိုက်ပါ။
4

(၄) Live Tiles update တွေနဲ့ App Updates တွေပိတ်ပါ။

Windows 8 မှာ စပါလာတဲ့ Live Tiles တွေဟာ အင်တာနက်လိုင်းအကန့်အသတ်မရှိ၊ ကောင်းကောင်းသုံးနိုင်တဲ့လူတွေအတွက် အသုံးဝင်တဲ့လူတွေ ကောင်းပေမယ့်၊ မလိုတဲ့လူတွေအတွက်တော့ ဘေလ်ကုန်မယ့်အရာတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က ဒေတာအများကြီးတော့ ဆွဲလေ့မရှိပါဘူး။ ပိတ်ထားမယ်ဆိုရင် Windows ကီးကိုနှိပ်၊ ကိုယ်ပိတ်ချင်တဲ့ Live Tile အကွက်မှာ Right-click ထောက်ပြီး၊ Turn live title off လို့ ရွေးပေးလိုက်ပါ။
6
Apps update တွေ ပိတ်ထားချင်တယ်ဆိုရင်တော့ Windows ကီးနှိပ်ပြီး၊ Store လို့ ရိုက်ဝင် (ဒါမှမဟုတ်) Wndows ကီးနှိပ်လို့ ပေါ်လာတဲ့ ဘေးအကွက်တွေထဲက Store app ထဲဝင်ပါ။ ပြီးရင် Search box ဘေးနားက လူပုံလေးကို နှိပ်ပြီး၊ Settings ထဲထပ်ဝင်ပါ။ ဒီနေရာမှာ အလိုအလျောက် Apps update လုပ်မလားဆိုတာကို ပိတ်ပစ်လိုက်ပါ။
5
Windows 10 စနစ်မှာ ဒေတာအများဆုံးသုံးတာက automatic updates တွေနဲ့ automatic uploading တွေ ဖြစ်ပါတယ်။ ဒါကို ပိတ်ထားပြီးပြီဆိုရင်တော့ ကျန်တဲ့ services တွေက သိပ်မပြောပလောက်ပါဘူး။ အင်တာနက်သုံးနေတဲ့ Service တွေကိုပါ ထပ်ပိတ်မယ်ဆိုရင်တော့ Task Manager ခေါ်ပြီး၊ ကိုယ်မလိုအပ်တဲ့ Services တွေ (ဥပမာ- Adobe Reader Updates တွေ) ကို ရွေးချယ်ပိတ်ထားနိုင်ပါတယ်။
မလိုအပ်တဲ့ services တွေကနေ အင်တာနက်ဒေတာမသုံးအောင်လုပ်နည်းကိုတော့ နောက်မှဆက်လက်ဖော်ပြပေးသွားပါမယ်။

Play Store က မဟုတ်တဲ့ Android apps တွေကို အလွယ်ကူဆုံးနည်းနဲ့ update ဘယ်လိုလုပ်မလဲ


Google Play Store ကနေ မဟုတ်ဘဲ၊ ပြင်ပအက်ပ်စတိုးကနေ ဒေါင်းလုဒ်ယူထားတဲ့ Apps တွေကို update ဘယ်လိုလုပ်ရမလဲ မသိဖြစ်နေပါသလား။
တစ်ချို့ Apps တွေဟာ အစောပိုင်းဗားရှင်းတွေမှာ အမှားအယွင်းလေးတွေရှိတတ်တာကြောင့်၊ ပိုကောင်းမွန်တဲ့ဗားရှင်းကို ရဖို့အတွက် update လုပ်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီအတွက် အဆင်ပြေစေမယ့်နည်းလမ်းလေးရှိပါတယ်။
Android developer တစ်ဦးဖြစ်သူ rumboalla ဖန်တီးထားတဲ့ ယခု App အသစ်ဟာ သင့်ဖုန်းမှာသွင်းထားတဲ့ Apps အကုန်လုံးကို update ရှိ၊မရှိ စစ်ဆေးပေးမှာဖြစ်ပြီး၊ update ရှိတယ်ဆိုတာနဲ့ ချက်ချင်းအသိပေးသွားမှာဖြစ်ပါတယ်။
Updates တွေကို APKMirror ၊ APKPure ဆိုက်တွေက ရယူပေးတဲ့အပြင် Play Store ကနေပါ update လှမ်းယူပေးနိုင်တာကြောင့် Clash of Clans တို့လို မြန်မာနိုင်ငံက တရားဝင်မရတဲ့ဂိမ်းတွေကိုလည်း အလွယ်တကူ update လုပ်နိုင်မှာပါ။ လုပ်နည်းအဆင့်ဆင့်ကတော့

အဆင့် (၁) – ပထမဆုံး APKUpdater ကို ဒေါင်းလုဒ်ဆွဲပေးပါ။

အောက်မှာပေးထားတဲ့လင့်ခ်ကနေ APKUpdater ဆိုတဲ့ app လေးကို ဒေါင်းလုဒ်ဆွဲပေးပြီး၊ ဖုန်းမှာ “Install” လုပ်ပေးပါ။

အဆင့် (၂) – လိုအပ်တာကို ပြင်ဆင်ပါ။

APKUpdater ရဲ့ ညာဘက်ထောင့် Settings ထဲကနေ ကိုယ်လိုအပ်တာကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ Alpha နဲ့ Beta app ဗားရှင်းတွေကို ဒေါင်းလုဒ်မဆွဲစေချင်ဘူးဆိုရင် အပေါ်ဆုံးက “Skip experimental builds” ဘောက်စ်ကို အမှန်ခြစ်ထားလိုက်ပါ။
“Check for updates” ဘောက်စ်မှာတော့ တစ်ရက်တစ်ခါ (သို့) တစ်ပတ်တစ်ခါ update စစ်မလားဆိုတာ ရွေးထားနိုင်ပါတယ်။
အောက်ဆုံးနေရာမှာတော့ ဘယ်ဆိုက်တွေကနေ update ယူမလဲဆိုတာ ရွေးထားနိုင်ပါတယ်။

အဆင့် (၃) Unknown sources ကသွင်းထားတဲ့ Apps တွေကို update လုပ်မယ်

Settings အားလုံးချိန်ပြီးသွားပြီးဆိုရင်တော့ ကျန်တဲ့အဆင့်အကုန်လုံးကို APKUpdater ကနေပဲ ဆက်လုပ်သွားမှာပါ။ APKUpdater ကနေ update အသစ်တွေ့ပြီဆိုရင် ဖုန်းမှာ နိုတီတစ်ခုဝင်လာမှာဖြစ်ပြီး၊ အဆိုပါနိုတီကို နှိပ်လိုက်တာနဲ့ Update ရှိတဲ့ Apps တွေ ပေါ်လာမှာဖြစ်ပါတယ်။
Update လုပ်ဖို့အတွက်ကတော့ APK အသစ်ရှိတဲ့ ဆိုက်ထဲကို တဆင့်ရောက်သွားမှာဖြစ်ပြီး၊ အဆိုပါဆိုက်ကနေမှ ဒေါင်းလုဒ်လုပ်ရမှာပါ။
ဒီ App ဟာ အက်ပ်စတိုးတစ်ခုထက်စာရင် တရားမဝင်မဟုတ်တဲ့ Android apps တွေကို update စစ်ပေးတဲ့ app တစ်ခုဖြစ်ပြီး၊ မိမိကိုယ်တိုင်ဝက်ဘ်ပေါ်မှာ update ရှိ၊မရှိ လိုက်ရှာနေစရာလိုမှာမဟုတ်တော့ပါဘူး။


သင့် Android Device မှာ နေရာလွတ်များရစေမယ့် နည်းလမ်းများ



သင့် Android Phone မှာ နေရာလွတ် မရှိတော့လို့ App များ အင်စတောလုပ်လို့ မရဘူးလို့ ပြောရင် စိတ်ပျက်စရာပါ။ ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ မသုံးတဲ့ Apps များကို ရှင်းလင်းခြင်း၊ ဓါတ်ပုံများကို Cloud မှာ သိမ်းခြင်း၊ Cache များ ရှင်းလင်းခြင်း ၊ Offline Maps များကို ဖျက်ခြင်း စတဲ့ နည်းလမ်းများကို အသုံးပြုလို့ ရပါတယ်။

၁။ Cache များ ရှင်းလင်းပါ။ 
%e1%81%82
Settings ထဲမှ Apps or Manager Apps ထဲသွားပြီး တစ်ခုချင်းစီကို နှိပ်ကြည့်ရင် Cache ကဏ္ဍကို တွေ့နိုင်ပါတယ်။ Cache များဟာ အမှိုက်ဖိုင်တွေဖြစ်ပြီး စိတ်ချစွာ ရှင်းလင်းနိုင်ပါတယ်။ Clear Cache Button ကို နှိပ်ပြီး ရှင်းလင်းနိုင်ပါတယ်။ App တစ်ခုချင်းစီအတွက် ရှင်းလင်းရတာ အလုပ်ရှုပ်ရင် Settings> Storage > Cache Data ကို နှိပ်ပြီး အိုကေကို နှိပ်ပေးရင် Apps အားလုံးရဲ့ Cache များကို ရှင်းပေးမှာပါ။
၂။ ဒေါင်းလုပ်ဖိုဒါကို ရှင်းပါ။ 
%e1%81%83
ပီစီမှာလိုပဲ Android မှာ ဒေါင်းလုပ်ဖိုဒါရှိပါတယ်။ Apps နဲ့ ဘရောက်စာများက ဒေါင်းလုပ်လုပ်တဲ့ အရာတွေကို အဲဒီမှာ သိမ်းထားပါတယ်။ အဲဒီဖိုဒါထဲမှာ သင်မလိုအပ်တော့တဲ့ အရာများစွာ ရှိနေနိုင်ပါတယ်။ App Drawer ကို နှိပ်ပြီး Download App or Downloader ထဲသွားပါ။ ထိပ်မှ Menu ကို နှိပ်ပါ။ ဖိုင်အရွယ်အစားအလိုက် Sort လုပ်ပါ။ ဒါဆိုရင် ဖိုင်အရွယ်အစားအကြီးမားဆုံး ဖိုင်များကို ထိပ်မှာ ပြသပေးထားမှာပါ။ မလိုအပ်တဲ့ ဖိုင်များကို ရှင်းပါ။
၃။ ဓါတ်ပုံများကို Cloud မှာ သိမ်းပါ။ 
%e1%81%84
Google Photos App ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်တစ်ခုမှာ သင့်ရဲ့ဖုန်းမှ ဓါတ်ပုံများကို Cloud မှာ သိမ်းပေးတာပါ။ သိမ်းပြီးတာနဲ့ ဖုန်းမှ အဲဒီဓါတ်ပုံများကို ဖျက်နိုင်ပါတယ်။ ပုံတွေကို အွန်လိုင်းမှာ သိမ်းထားတဲ့ အတွက် စိတ်ချလက်ချ ဖျက်နိုင်ပါတယ်။ Photos ရဲ့ Settings ထဲသွားပြီး Free up device storage ကို နှိပ်ပါ။
၎။ Google Map မှ Offline Areas များကို ဖျက်ပါ။ 
%e1%81%85
Google Maps မှာ Offline ဖြစ်နေရင်တောင် မြေပုံကြည့်နိုင်အောင်လို့ ဧရိယာများကို ဒေါင်းလုပ်လုပ်ခွင့်ပေးထားပါတယ်။ ဒါပေမယ့် သင့်ဖုန်းမှာ နေရာလွတ်နည်းပါးနေရင် ဖျက်သင့်ပါတယ်။ Offline Map တစ်ခုဟာ 1GB ကျော်လောက်ရှိတတ်ပါတယ်။ Google Maps ရဲ့ Menu ကနေ Offline areas ကို နှိပ်ရင် ဒေါင်းလုပ်လုပ်ထားတဲ့ မြေပုံတစ်ခုချင်းစီရဲ့ ဒေတာ ပမာဏကို သိနိုင်ပါတယ်။ မြေပုံကို တစ်ချက်နှိပ်ပြီး Delete ကို နှိပ်ပါ။
၅။ အသုံးနည်းတဲ့ Apps များကို ရှင်းပါ။ 
%e1%81%86
ဖုန်းမှာ နေရာလွတ် မရှိတော့ရင် အသုံးနည်းတဲ့ Apps များကို ဖျက်သင့်ပါတယ်။ Settings> Storage & USB> Apps ထဲသွားပါ။ အဲဒီမှာ အသုံးအနည်းဆုံး Apps များကို Sort လုပ်လို့ မရပေမယ့် ဖိုင်အရွယ်အစားအကြီးမားဆုံး Apps များကို Sort လုပ်နိုင်ပါတယ်။ ထိပ်မှ Menu ကို နှိပ်ပြီး Sort by size ကို ရွေးပါ။ အဲဒီကနေ သိပ်မသုံးတဲ့ App များကို ရှာဖွေပြီး ဖျက်ပါ။ အသုံးနည်းတဲ့ Apps များကို Sort လုပ်ပေးနိုင်တဲ့ Apps များကတော့ App Usage , App Tracker နဲ့ QualityTime တို့ ဖြစ်ပါတယ်။ အဲဒါတွေကို သုံးရင်တော့ အသုံးနည်းတဲ့ Apps များကို အပေါ်ကနေ အောက်သို့ အစဉ်လိုက် ပြသပေးမှာ ဖြစ်ပါတယ်။

မေ့သွားတဲ့ Android Lock Screen ကို ကျော်ဖြတ်နည်း

Android Device ကို PIN Code , Pattern များဖြင့် ကာကွယ်ထားသူများအတွက် မေ့သွားတဲ့ အခါမှာ အခက်အခဲ ကြုံတွေ့ကြရပါတယ်။ ဒါပေမယ့် အဲဒီ Lock Screen ကို ကျော်ဖြတ်နိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းများ ရှိပါတယ်။ အဲဒီနည်းလမ်းများထဲက အကောင်းဆုံး နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

အကောင်းဆုံး နည်းလမ်း။ ။ Android Device Manager ( Android 2.3 နဲ့ သူ့အထက် )

1
အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး နည်းလမ်းကတော့ Android Device Manager ဖြစ်ပါတယ်။ သင့်ဖုန်းမှာ Google အကောင့် ထည့်ထားတာနဲ့ ဒီနည်းလမ်းက အလုပ်ဖြစ်ပါပြီ။ ကွန်ပြူတာကနေ Android Device Manager ၀က်ဆိုက်ကို သွားပါ။ သင့် Google အကောင့်နဲ့ Login ၀င်ပါ။ Device ကို ရွေးချယ်ပါ။ Code အသစ်တစ်ခုနဲ့ Lock လုပ်လိုက်တာနဲ့ ယခင် Code အဟောင်းကို Override လုပ်ပေးမှာပါ။

အခြားနည်းလမ်းများ
Smart Lock
Android Device များမှာ Smart Lock စွမ်းဆောင်ချက် ထည့်ပေးထားပါတယ်။ သူက သင့်နေအိမ်လို စိတ်ချရတဲ့ နေရာများနဲ့ သင့်ရဲ့ စမတ်နာရီလို ကိရိယာများ အနားမှာ သင့် Android Device ရှိနေချိန်မှာ အလိုလို ဖုန်းကို Unlock လုပ်ပေးတဲ့ စွမ်းဆောင်ချက်ဖြစ်ပါတယ်။ သင့်ရဲ့ ဖုန်းကို အဲဒီတည်နေရာနဲ့ ကိရိယာများ အနားကို ယူသွားလိုက်တာနဲ့ အိုကေပါပြီ။ သင့်ဖုန်းမှာ Smart Lock ကို အရင် Set Up လုပ်ထားရမှာပါ။
Third Party Security Options
အချို့ စမတ်ဖုန်း ထုတ်လုပ်သူများက သူတို့ကိုယ်ပိုင် Security Software များကို ဖုန်းမှာ ထည့်ပေးတတ်ကြပါတယ်။ ဥပမာအားဖြင့် Samsung ရဲ့ Find My Mobile ဖြစ်ပါတယ်။ ဒီနည်းလမ်းကလည်း အရင် Set Up လုပ်ထားရမှာပါ။ ဖုန်းရဲ့ Lock Screen PIN သို့မဟုတ် Pattern မေ့သွားရင် ပီစီ သို့မဟုတ် အခြား Device တစ်ခုကနေ Find My Mobile ၀က်ဆိုက်ကို သွားပြီး Unlock လုပ်လိုက်ရုံပါပဲ။
Password Reset ( Android KitKat နဲ့ သူ့အရင် ဗားရှင်းများ )
သင့်ဖုန်းဟာ Android KitKat နဲ့ သူ့အရင် ဗားရှင်းဆိုရင် ( Lollipop မတိုင်ခင် ဗားရှင်းများ ) PIN နဲ့ Pattern များကို ကျော်ဖြတ်ဖို့ အလွန် လွယ်ကူပါတယ်။ မှားယွင်းတဲ့ PIN သို့မဟုတ် Pattern ကို ၅ ခါ ရိုက်ထည့်မိတာနဲ့ “ Too many attempts “ ဆိုတဲ့ သတိပေးစာကို မြင်ရမှာပါ။ အဲဒီကနေ သင့်ရဲ့ Gmail နဲ့ Password ကို ထည့်သွင်းပေးလိုက်တာနဲ့ Lock Screen ကို ကျော်ဖြတ်နိုင်ပါပြီ။
နောက်ဆုံး နည်းလမ်း။ ။ Factory Reset 
2

ဒီနည်းကို သုံးရင် Android Device မှ ဒေတာများ အားလုံးကို ဖျက်ပစ်မှာ ဖြစ်တဲ့အတွက် အပေါ်က နည်းလမ်းများနဲ့ အဆင်မပြေမှသာ အသုံးပြုသင့်ပါတယ်။ ဒီနည်းလမ်းကို သုံးဖို့ အလွယ်ဆုံး နည်းလမ်းကတော့ ပီစီကနေ Android Device Manager ၀က်ဆိုက်ကိုသွားပါ။ သင့် Google အကောင့်နဲ့ Login ၀င်ပါ။ Factory Reset လုပ်ပါ။
နောက်တစ်နည်းက ဖုန်းရဲ့ Recovery Mode ကနေ Factory Reset လုပ်တာပါ။ Recovery Mode ထဲ ၀င်တဲ့ နည်းလမ်းကတော့ ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူကြပါဘူး။ အများစုအတွက် ဖုန်းပိတ်ထားစဉ်မှာ Power နဲ့ Volume ခလုတ်များကို တစ်ပြိုင်နက် ဖိပြီး ၀င်ရတာပါ။ သင့်ဖုန်းအတွက် ခလုတ်အတွဲအစပ်များကို အွန်လိုင်းကနေ ရှာနိုင်ပါတယ်။ Recovery Mode ထဲရောက်ရင်တော့ Factory Reset ကို ရှာပြီး ပြုလုပ်နိုင်ပါတယ်။