cross

cross

1

2

3

4

Thursday, February 23, 2017

လမ်းပေါ်တွင် ၁၀၀တန်တစ်ရွက်ကျနေသည် !!

ထိုအကြောင်းကို သူတို့က ဖေ့ဘုတ်ပေါ်တွင် ဤကဲ့သို့တင်ကြပေလိမ့်မည်။
.

ဂျူး
-----
ကျမတို့မိန်းမသားတွေရဲ့ ရဲရင့်တည်ကြည်မှုက အောက်သို့ကျလျက်ရှိသော တစ်ရာတန်ကိုပင်အမှုမထားချေ။ အဘယ့်ကြောင့်ဆိုသော် ထိုတစ်ရာတန်မှာ ကျမတို့ရပ်တည်မှုနှင့် ကိုယ်ကျင့်သိက္ခာတရားကို ခြိမ်းခြောက်မည့် ငွေစက္ကူတစ်ရွက်လည်း ဖြစ်နိုင်သေးသည်။
.

အကြည်တော်
---------------
ရည်းစားဟောင်းဆိုတာ အောက်မှာကျနေတဲ့ တစ်ရာတန်တစ်ရွက်လိုပဲ တန်ဖိုးမရှိပေမယ့် တစ်ခါတစ်လေ ကောက်ချင်မိတဲ့စိတ်တော့ဖြစ်နေသား။
.

လွှမ်းပိုင်
----------
မိုးတွေရေတွေထဲ တစ်ရာတန် အာခံ ငါ့ကိုလာကြံ ကာပြန် ပမာထန် မကောက်တော့ဘူး ဘေးက ဘာအသံညာအသံ လာပြန်ပြောမှာဆိုးလို့ ကိုယ့်အထာနဲ့ကိုယ်ငါပြန်မယ် မကျေနပ်ဖေ့ဘုတ်ပေါ်စာချန် မင်းနေတဲ့ရွာပြန်။
.

ဘန်နီဖြိုး
----------
အိုးဝူးဝို ရေးရေ့ ရေးရေ့ တစ်ရာတန် အိုးအိုး ၀ူးဝူး ရေ့ရေ့ ရေးရေးရေ့ တစ်ရာတန် ရေးရေးရေ့ တွေ့တယ် ၀ိုးဝူးဝို အွန်းဟာာ ဟာာာ ရေ့ တစ်ရာတန် တွေ့တယ် ၀ိုးဝူးဝို့ဝို့ ရေးအေးဟေးဟေး ဟားဟားရေး ဝေးဟေးဟေး
.
ရဲ​သွေး(ခမီပီ)
------------
လွန်​ခဲ့တဲ့နှစ်​က သင့်​မှရှိတဲ့ တစ်​ရာတန်​ တစ်​ရွက်​ရဲ့တန်းဖိုးဟာ
ဒီ​နေ့ သင့်​မှ ​ငွေ တစ်​သိန်း တန်းဖိုးထက်​ ပိုင်​ဆိုင်​မှု ရှိခဲ့တာပါ
.

ချစ်ဦးညို
-----------
လမ်းမှာတစ်ရာတန်တစ်ရွက်တွေ့တယ်။ ပိုက်ဆံကိုကြည့်လိုက်ခြင်းအားဖြင့် ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော် ဟိုဘ၀တုန်းက ရည်းစားဟောင်းတစ်ယောက်ရဲ့ ပိုက်ဆံဖြစ်နိုင်ဖွယ်ရာရှိတယ်။ စာတွေလည်းပါတယ်။ ကျိန်စာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
.

အရက်သမား
---------------
ဟိုက်…. တစ်ရာတန်တစ်ရွက်ဟ.. ဒီတစ်ရာနဲ့ဆို ဇေ တစ်ပတ်လောက်သောက်လိုက်ရ သိပ်ကောင်းမှာပဲ .. လာလေရော့ ..
.

ဆေးသမား
-------------
ဟာ… တစ်ရာတန်တစ်ရွက် ဟီးဟီးဟီးဟီးဟီးဟီး တစ်ရာတန်ကြီး ဟားဟားဟာားဟားဟားဟားဟား တစ်ရာတန်ကြီးကွာ ဟီးးဟီးးဟီးးဟီးးး လမ်းပေါ်ရောက်နေတယ် ငိငိငိငိ သူ့ဖာသာသူနေတဲ့ တစ်ရာတန်က လမ်းပေါ်ရောက်လာတယ် ဟေးဟေးဟေး ဟားဟားဟား အသေရီရတယ်ဟေ့ တစ်ရာတန်ကြီးလမ်းပေါ်ရောက်နေသဟ ဟားဟားဟားဟား
.

အမူးသမား
------------
ဒီတစ်ရာတန်က ငါ့ကိုသွေးတိုးလာစမ်းနေတာဟ။ဂေ့ .. အမယ် မင်းပဲငါ့ကို ဆွဲဆောင်မလား ငါပဲ သိက္ခာအကျခံပြီးကောက်မလား ဒီတညလုံးမင်းနဲ့ ငါပြိုင်မယ်။ တွေ့ပြီလေ။
.

သာမန်likeတောင်းစားသူများ
--------------------------------
လမ်းမှာတစ်ရာတန်တစ်ရွက်တွေ့လို့ ပိုင်ရှင်ကို ရှာပြီးပြန်ပေးခဲ့တယ်။ သာဓုခေါ်ပေးကြပါရှန်။

.

ဦးဇော်ကြီး
-----------
လမ်းတွင်ပိုက်ဆံများပြုတ်ကျနေ ဟု အစချီကာ မူဗီတင်လိုက်ပြီး ပြုတ်ကျနေသော တစ်ရာတန်တစ်ရွက်ကို အဆုံးသတ်ရိုက်ပြပေလိမ့်မည်။
.

G-fatt
---------
ငါ့ဘ၀က တစ်ရာတန်တစ်ရွက်လိုကာ တန်ဖိုးမဲ့တာတောင် ငါ့ကိုအမြဲရန်ရှာတတ်သလိုများ ဖြစ်နေရင် ကံကြမ္မာရဟတ်ပြန်လည်လာမှ မင်း… ဖန်တစ်ရာအတွက်တွေး…. တကယ်တော့ကျတော်တို့က ကြင်ဖက်တွေပါဗျာ သူမကမနေနိုင် လင်ထွက်ကာရှာ ငါကို မမြင်တတ်တာများ ခုတော့ နင်တာ့တာပြ …။
.

သစ္စာနီ
---------
နန်းကျဘုရင်ရဲ့ အထီးကျန်မှုဟာ
လမ်းမထက်မှာ ကိန်းအောင်းနေစဉ်
ငါ၏လက်အစုံဖြင့် ထွေးပွေ့ခြင်းက
ရန်ခုန်သံကို ထပ်တူကျစေ။
.

Troller
----------
တစ်ရာတန်တစ်ရွက် ကောက်လည်းကောက်ချင်တယ် သူများမြင်ပြီးရီမှာလည်းကြောက်တယ်
ဆက်ပြောစမ်းပါဦး တစ်ရာတန်တစ်ရွက်က ဘက်စ်ကားစီးရင် အသုံးဝင်တဲ့အကြောင်းလေး
ကျတော့်မှာ အိပ်မက်တစ်ခုရှိတယ် တစ်ရာတွေအများကြီး ကောက်တွေ့စေရမယ်။
.

မျိုးချစ်မဟုတ်သောမျိုးချစ်များ
---------------------------------
တစ်ရာတန်ကိုတောင် လွှင့်ပစ်ခဲ့တဲ့ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုဟာ အတော်ပျောက်ဆုံးနေပြီ။ ဒီလိုတစ်ရာတန်ဟာ အရင်တုန်းက ဘယ်သူမှ ပစ်မချခဲ့ဘူး။ ဒါမျိုးပစ်ချတယ်ဆိုတာ ဒီမိုကရေစီအမည်ခံပြီး လုပ်ချင်တာ လုပ်တယ်ဆိုတဲ့ သဘောပဲ။ ဒါမျိုးလက်ခံလို့မရဘူး။ ငါတို့အရိုးစည်းရိုးထိုး Blah Blah

.
Instagram သုံးသူများ
_____________________
#တရာတန် #တစ်ရွက် #လမ်း #ကောက်ရ #ပျော်နေ #မုန့်ဝယ် #စား #ကောင်း #တစ်ယောက်တည်း

.
ပေါ်ပင်သမားများ
----------------
အေသွေးသမားများ ပိုက်ဆံကောက်ရနိုင်
ဘီသွေးသမားများ မကောက်ကျ
အိုသွေးသမားများ မမြင်ကြ
အေဘီသွေးသမားများ အငမ်းမရကောက်

.
မန့်တောင်းကြသူများ
-----------------------
စမီးတရာတန်တရွက်ကောက်ရလို့ နောက်တခါ တစ်သောင်းတန်ကောက်ရပါစေလို့ ဆုတောင်းပေးသွား မတောင်းပေးရင် unမှာနော် realလေးတွေဆိုမန့်ကြ။ မွမွ

.
ရှယ်တောင်းစားသူများ
--------------------------
ဒီတစ်ရာတန်ကို ရှယ်ပြီး လိုချင်သောပမာဏရေးပါ။ တလအတွင်းဝင်မည် ။ မှတ်ချက် သိန်းတစ်ရာမကျော်ရ။

Tuesday, February 21, 2017

ဟရာမ်စားသုံးခြင်း၏ ဆိုးကျိုးများ

မွစ်လင်မ်တို့၏ နေ့စဉ် စား၊ ၀တ်၊ နေထိုင်သည့် အခြေအနေတိုင်းသည် အစ္စလာမ်မှ ခိုင်းစေသည့်အတိုင်း ထပ်တူဖြစ်ရန် အရေးကြီးပေသည်။ အစ္စလာမ်ဟူသည် နမားဇ်ဖတ်၊ ရိုဇာထား၊ ဟဂ်ျလုပ်ရုံမျှကိုသာ ပြဌာန်းထားသည့် ဘာသာတစ်ခု မဟုတ်ကြောင်း မွစ်လင်မ်တို့အနေဖြင့် ကောင်းစွာ သိထားရမည်။ အစ္စလာမ်တွင် လောကီ၏ လူ့ဘောင် လူ့ပတ်ဝန်ကျင်နှင့် လူဖြစ်ခြင်းကြောင့် ဖြစ်လာရသည့် ဆန္ဒများကို ချိုးနှိမ်ကာ လူသူမနီးသည့် နေရာများသို့ သွားရောက်ပြီး လောကုတ္တရာရေးကို ရှာဖွေနေရန် မပြသထားပါ။ အစ္စလာမ်တွင် ရှိသည့် အမိန့်များ၊ တာဝန်များသည် လူတစ်ဦးအနေဖြင့် လူ့ပတ်ဝန်ကျင်းအတွင်း နေထိုင်ရင်းဖြင့်သာ ဆောင်ရွက်နိုင်မည် ဖြစ်၏။ မွစ်လင်မ်တစ်ဦးအတွက် လောကုတ္တရာရေးကို ရှာဖွေစုဆောင်းလိုပါက လူ့သဘာဝဆန္ဒများကို အစ္စလာမ့်သွန်သင်ချက်နှင့်အညီ ကျင့်သုံးလုပ်ဆောင်လိုက်ရုံဖြင့် ကုသိုလ်များ ရရှိနေပေမည်။ ကုသိုလ်ရှာဖွေရန် လူ့ပတ်ဝန်းကျင်၊ လူ့ဆန္ဒတို့နှင့် သီးခြားဖြစ်ရန် မလိုအပ်ပေ။ လူရယ်လို့ ဖြစ်လာပြီးနောက် စား၊ ၀တ်၊ နေထိုင်ရေးဟူသည့် အရေးသုံးပါးကို မလွဲမသွေ ကြုံရမည်ဖြစ်ပြီး ၀မ်းဝရေးနှင့် ကျောတစ်ခင်းစာအတွက် ကမ္ဘာကြီးတွင် အခြားသူများနည်းတူ မွစ်လင်မ်တစ်ဦးလည်း ရုန်းကန် လှုပ်ရှားရမည်။ ကြီးပွားရေးအတွက် စီးပွားရှာရပေမည်။ အများနည်းတူ ရှာဖွေရမည်၊ စားသောက်ရမည် မှန်သော်လည်း မွစ်လင်မ်အတွက် အစ္စလာမ်မှ ပြသခိုင်းစေထားသည့် နည်းစနစ်များ၊ စည်းကမ်းများနှင့် ကိုက်ညီမှု ရှိ မရှိကို စစ်ဆေးပြီးမှသာ ရှာဖွေ စားသောက်ရမည်ဖြစ်၏။ အစ္စလာမ်ကို လက်ခံထားသော မွစ်လင်မ် တစ်ဦးသည် ပုခုံးနှစ်ဖက်ကြားမှ ခေါင်းပေါက်နေသူတိုင်းနှင့် မတူညီကြောင်း သိထားရပါမည်။ ပိုက်ဆံဖြစ်တိုင်း မွစ်လင်မ်က ယူခွင့်မရှိပါ။ အရောင်းအ၀ယ်ဖြစ်တိုင်း မွစ်လင်မ်က စီးပွားလုပ်ခွင့်မရှိပါ။ ပါးစပ်ထဲထည့်ပြီး လူတိုင်းစားနေတိုင်း မွစ်လင်မ် စားခွင့်မရှိပါ။ အဘယ့်ကြောင့်ဆိုသော် မွစ်လင်မ်သည် နည်းစနစ်ပြည့်စုံသော အစ္စလာမ်ဟူသည့် လူ့ဘ၀ရှင်သန်ရေး ညွှန်ကြားချက်အပြည့်ပါသော ဥပဒေကို ရရှိထားသူဖြစ်သည်။ ဥပဒေသိထားသူတစ်ဦး၏ ပြောဆို ဆောင်ရွက် လုပ်ကိုင်ပုံတို့သည် ဥပဒေ မသိထားသူနှင့် တူညီမည်မဟုတ်။ မွစ်လင်မ်ဟူသည် တာဝန်ချိန်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သား၊ ရဲသားနှင့် တူညီသည်။ ဆေးပညာကျွမ်းကျင်သော ဆရာဝန်နှင့် တူညီသည်။ ဥပဒေကို နားလည်တတ်ကျွမ်းသော ရှေ့နေနှင့် တူညီသည်။ ဆောက်လုပ်ရေးလုပ်ငန်းကို ပိုင်နိုင်သော အင်ဂျင်နီယာနှင့် တူညီသည်။ စစ်သား၊ ရဲ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေတို့သည် မိမိတို့တွင် ရှိနေသော ပညာရပ်၏ အသိပေးလမ်းညွှန်မှုအတိုင်း မိမိတို့၏ ဘ၀ကို အတိမ်းအစောင်းမဖြစ်စေရန် အမှားအယွင်းမဖြစ်စေရန် သတိပြု၍ လျှောက်လှမ်းကြမည်။ မိမိကြောင့် သူတစ်ပါးကို မထိခိုက်စေသလို၊ ကိုယ်တိုင်လည်း အမှားမပြုမိစေရန်အပြင် မှားနေသူ၊ ဒုက္ခရောက်နေသူများကိုပါ မိမိတို့၏ ပညာရပ်များဖြင့် ကယ်တင် ကူညီသွားကြမည်။ အစ္စလာမ်ကို လက်ခံထားသော မွစ်လင်မ်သည် အထက်ပါပညာရှင်များအတိုင်း ဖြစ်နေရပါမည်။ မွစ်လင်မ်တို့ လက်ခံထားသည့် အစ္စလာမ်သည် လူ့ဘ၀တစ်ခုကို အမှားအယွင်းကင်းကင်းနှင့် စိတ်အေးချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ရန် နည်းစနစ်များ ပြပေးထားသည်။ အစ္စလာမ်ကို ရထားသည့် မွစ်လင်မ်က ထိုအတိုင်း လိုက်နာရပါမည်။ မွစ်လင်မ်တစ်ဦး၏ လုပ်ကိုင် စားသောက်မှုတို့သည် ဤလောကတွင် ရှိနေစဉ်အတွက်သာ အကျိုးပြုသည်မဟုတ်။ နောင်တမလွန် လောကုတ္တရာကိုပါ အကျိုးသက်ရောက်စေပါသည်။ အထက်တွင် ဖော်ပြခဲ့သလို အစ္စလာမ်ကို ကျင့်သုံးရန် လူ့ပတ်ဝန်ကျင် ဆန္ဒများကို စွန့်လွှတ်ရန် မလိုအပ်။ သို့သာမက ယင်းလူ့ဆန္ဒများကို ဖြည့်စည်းရင်းဖြင့်ပင် တမလွန်အတွက် ကုသိုလ်စုနိုင်သည်။ အကယ်၍ လူ့ဆန္ဒများကို ဖြည့်စည်းခြင်းသည် အစ္စလာမ့်အမိန့်များနှင့် ကိုက်ညီမှုမရှိခဲ့ပါမူ တမလွန်အတွက် အကုသိုလ်စုပြီးသား ဖြစ်နေပေမည်။ ယခုတင်ဆက်မည့် အကြောင်းအရာသည့် အစ္စလာမ်မှ တားမြစ်ထားသည့် ဟရာမ်ဟူသည့်အရာအား မွစ်လင်မ်တို့ ကျူးလွန် ဖောက်ဖျက် စားသောက်ပါက မွစ်လင်မ်တို့၏ နောင်တမလွန်အတွက် မည်သို့သော ဆုံးရှုံးမှုများ ရမည်တို့အား ဖော်ပြမည်ဖြစ်၏။

စားသုံးခြင်း၏ အလိုသဘောတွင် ထမင်းစား မုန့်စားသည်သာမဟုတ်ဘဲ မိမိ၏ခန္ဓာကိုယ်နှင့် မိမိ၏ နောင်အာခိရသ်အတွက် အသုံးဝင်ရန်အတွက် သုံးစွဲလိုက်သည့် ကိစ္စရပ်တိုင်းကို ဆိုလိုပါမည်။ အ၀တ်အထည် ၀တ်ဆင်ခြင်းသည်လည်း စားသုံးခြင်း ဖြစ်၏။ လှူဒါန်းခြင်းသည်လည်း စားသုံးခြင်း ဖြစ်၏။ လုပ်ငန်းတစ်ခုခု အောင်မြင်ရန် လာဘ်ထိုးခြင်းသည်လည်း စားသုံးခြင်း ဖြစ်၏။ ကားတစ်စီး အရောင်းအ၀ယ်ဖြစ်ရန် ကြားမှ လိမ်စကားများဖြင့် ပွဲစားလုပ်ကာ ပွဲခယူလိုက်ခြင်းသည်လည်း စားသုံးခြင်း ဖြစ်၏။ ခရီးစရိတ် သုံးစွဲခြင်းသည်လည်း စားသုံးခြင်း ဖြစ်ပါမည်။

** ဟရာမ်မပါရန် ရှောင်ပါ
အစားတစ်ခု မထည့်မီ ဒါဟာ ဟလာလ်ဖြစ်မလား၊ ဟရာမ်ဖြစ်မလားဟူသည်ကို သေခြာစွာ စဉ်းစားရပါမည်။ မိမိ၏ ခန္ဓာကိုယ်တွင်းသို့ ဟရာမ်မ၀င်ရောက်ရန် ပြင်ပမှ မျက်စိ၊ နား၊ လက်တို့က ထိန်းသိမ်းကာကွယ်ရန် တာဝန်ရှိသည်။ ဦးနှောက်ကလည်း ကာကွယ်ပေးရမည်။ ခန္ဓာကိုယ်ထဲတွင် နှလုံးသားဟူသည့်အရာရှိပေသည်။ နှလုံးသားအတွင်း မွစ်လင်မ်တို့၏ တမလွန်ကို ကယ်တင်ပေးမည့် ရတနာပေါင်းများစွာ တစ်ကမ္ဘာလုံးထက်ပင် ဈေးကြီးသည့် အီမာန်ရှိနေသည်။ ဟရာမ်ဟူသည် ယင်းအီမာန်ကို နှလုံးသားထဲမှ ဆွဲထုတ်မည့် ပထမဦးဆုံးသော ရန်သူဖြစ်သည်ကို ပါးစပ်ထဲ အစားတစ်လုတ်မထည့်မီ သဘောပေါက်ထားပါ။ ဟရာမ်မှ ဖြစ်လာသည့် ဆိုးကျိုးကို ရိုးရိုးမျက်စိဖြင့် မမြင်နိုင်။ အာခိရသ်အထိ ထိုးဖောက်မြင်နိုင်သည့် အမြင်အာရုံအစွမ်းကို ရရှိထားသူများကသာ သိနိုင်သည်။ သို့ရှိရာ မမြင်နိုင်သော ကျွန်ုပ်တို့က မြင်နိုင်သူ၏ ပြောစကားကို နားထောင်ရပါမည်။

** ဟရာမ်စားထားသူ၏ ဆုတောင်းမပြည့်ခြင်း
မွစ်လင်မ်ကျမ်းတွင် ဟရာမ်၏ ဆိုးကျိုးနှင့် စပ်လျဉ်း၍ အောက်ပါဟဒီးစ်ကို ဆင့်ပြန်ထားသည်။ မဟာတမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က လူတစ်ဦး၏ အခြေအနေကို ပြောပြသည်။ ယင်းသူသည် အလွန်ဝေးသောနေရာမှ ခရီးရှည်ကြီး ထွက်လာသူဖြစ်သည်။ ယင်းသူ၏ ဆံပင်များသည်လည်း ဖရိုဖရဲဖြစ်ကာ သပ်ရပ်မှုမရှိ၊ ခန္ဓာကိုယ်ရှိ အ၀တ်အစားများသည်လည်း ဖုံများ ပေကျံနေသည်။ (ခရီးပမ်းမှု သဏ္ဍာန်သည် ထိုသူ့တွင် အပြည့်အ၀ ပေါ်လွင်နေသည်။) ထိုသူက မိုးကောင်းကင်ဘက်သို့ မော့လျက် အို အလ္လာဟ်ရှင်၊ အို အလ္လာဟ်ရှင်ဟု အစချီလျက် တောင်းဆုပြုသည်။ သို့သော်လည်း ယင်းသူ၏ စားသောက်မှုသည် ဟရာမ်၊ အ၀တ်အထည်များသည် ဟရာမ်၊ ဟရာမ်နည်းများဖြင့် စီးပွားရှာကာ အသက်မွေးဝမ်းကျောင်းပြုနေသည်။ ထိုသို့သောသူ၏ ဆုတောင်းသည် အဘယ်မှာ ပြည့်ဝပါမည်နည်း။

အစားအသောက် ဟရာမ်ဖြစ်သည်ဟူသည်မှာ ၀က်သားနှင့် အရက်ပါမှ ဟရာမ်ဖြစ်သည်မဟုတ်။ အစားအသောက်ရရန် ကြားခံပစ္စည်းဖြစ်သည့် ပိုက်ဆံသည် ဟရာမ်နည်းဖြင့် ရထားသည်၊ ဟရာမ်စီးပွားရှာခြင်းဖြင့် ရထားသည်ဖြစ်လျှင် ယင်းပိုက်ဆံဖြင့် ၀ယ်ယူသည့်အရာများလည်း ဟရာမ်ပင်ဖြစ်၏။ ယင်းပိုက်ဆံဖြင့် မိဘ၊ သားသမီး၊ ဇနီး၊ ခင်ပွန်းစသည်များကို ကျွေးမွေးလျှင်လည်း ဟရာမ်ကို ကျွေးခြင်းဖြစ်၏။ ဟရာမ်ပိုက်ဆံဖြင့် မတ်စ်ဂျိဒ်(ဗလီ)များ၊ မဒရ်စာများကို လှူလျှင်လည်း ဟရာမ်လှူခြင်းပင်ဖြစ်၏။ ယင်းဟရာမ်ဖြင့် ဟဂ်ျသွားလျှင်လည်း ဟရာမ်ဖြင့် ဟဂ်ျပြုခြင်းသာ မည်ပေ၏။ ဟရာမ်ဖြင့် ဇကားသ်ထုတ်လျှင် ဟရာမ်ကို အသုံးချခြင်းသာ ဖြစ်၏။ ဟရာမ်ဖြင့် ကောင်းမှုလုပ်လို့ ယင်းကောင်းမှုက ဟရာမ်ကို ဟလာလ်မပြုပေးပါ။ ဟရာမ်က ဟရာမ်သာဖြစ်၏။ သို့သာမက ဟရာမ်ဖြင့် ကောင်းမှုလုပ်ပြီး ကုသိုလ်ရမည်ဟု မျှော်လင့်နေခြင်းကလည်း ဟရာမ်ပင်ဖြစ်ပြန်ရာ ကျွန်ုပ်တို့၏ အာခိရသ်အတွက် အဘယ်မျှ စိုးရိမ်ဖွယ်ကောင်းပါသနည်း။ ယနေ့အခါသမယတွင် ဘိန်းရောင်း၊ ဆေးခြောက်ရောင်း၊ မူးယစ်ဆေးများရောင်း၊ အတိုးပေး၊ အတိုးယူ၊ မတရားသိမ်းပိုက် စသည်များကိုလည်း မွစ်လင်မ်တို့ မကြောက်မရွံလုပ်ကိုင်နေကြသည်။ စားသောက်စရာကို အမည်တပ်ရလျှင်လည်း နာမည်ကြီးဆိုင်မှန်သမျှတွင် ကြက်ကြော်ဖြစ်လျှင် ရပြီ၊ ဟလာလ်ဟူသည့် စက္ကူတစ်ရွက်မှ ထောက်ခံချက်ကို အီမာန်တစ်ခုလုံးပုံအပ်က တစ်ထွာခန့်မျှသော ဗိုက်တစ်ခုအတွက် အာခိရသ်၏ ကောင်းကျိုးများကို အဆုံးရှုံးခံလိုက်ကြသည်။ ကြက်ကြော်မစားဘဲ တခြားဗိုက်ပြည့်စရာ အစားအစာများစွာ ရှိပါသည်။ ကိုယ့်ဒူးတောင် ကိုယ်မယုံပါဟု ပြောသူတို့သည် ဆိုင်တစ်ဆိုင်တွင် ကပ်ထားသည့် ဟလာလ်တံဆိပ်ကိုမူ အီမာန်တစ်ခုလုံးနှင့် မိမိ၏ အအ်မာလ်အားလုံးကို ၀ကွက်အပ်၍ ယုံကြပေသည်။ ဟရာမ်ကြောင့် ဖြစ်လာသော ဆိုးကျိုးသည် တစ်ခြားသူကို ထိခိုက်စေသည်မဟုတ်။ ကျွန်ုပ်တို့ကိုသာ ထိခိုက်စေခြင်း ဖြစ်သည်။ လူမျိုးမရွေး ဘာသာမရွေး လူတန်းစားမခြား သိပ်လိုလားကြသည့် ဆုတောင်းပြည့်သည်ဟူသည့် ဖူးစာထူးကို ဟရာမ်စားသည့် မွစ်လင်မ် လက်လွှတ် အရှုံးခံရပါမည်။ လူဖြစ်သည့် ကျွန်ုပ်တို့ ဆုတောင်းတွေ ယခုအခါမှာ ပြည့်ရဲ့လား မပြည့်ဘူးလားဟူသည်ကို ကိုယ်တိုင် စဉ်းစားသုံးသပ်ကြပါ။ လွယ်လွယ်ကူကူရတာပဲ၊ ဒီမှာ ဟလာလ်ပါတာပဲ၊ ဘယ်အဖွဲ့က ဟလာလ်တံဆိပ်ပေးထားတာပဲဟု ယုံကြည်အားကိုးလျှင် တစ်ခုပြောပြမည်။ မိတ်အင် ဗားမားဆိုပါက မိတ်အင်ချိုင်းနားဆိုပါက ကျွန်ုပ်တို့ နှာခေါင်းရှုံသလား ပြုံးပျော် ဂုဏ်ယူပြီး ပစ္စည်းသိပ်ကောင်းမှာပဲလို့ ယုံကြည်ကြပါသလား။ ပါးစပ်ထဲထည့်ကာ ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွင်း အသွေး အသားများဖြစ်ပေါ်စေမည့် အစားအစာဆိုင်ရာ ထောက်ခံချက်ကိုမူ ထိုမျှလောက်ပင် အရေးမထားကြသည်မှာ ကျွန်ုပ်တို့ ဗမာပြည်မွစ်လင်မ်များ၏ ပေါ့လျော့မှုနှင့် ငတ်ကြီးကျမှုပင် ဖြစ်ပါသည်။

** အသိနည်းသည်မဟုတ်၊ မကျင့်သုံးခြင်းသာ ဖြစ်...
ဟရာမ်ကြောင့် အသိတရားနည်းသွားမည်မဟုတ်ပါ။ လက်တွေ့လုပ်ဆောင်မှုတွင် အားနည်း၊ ပျင်းရိလာခြင်းသာ ဖြစ်၏။ နမားဇ်ဖတ်ရမည်ကို သိသည်။ နမားဇ်ဖတ်လျှင် ရမည့်စ၀ါးဗ်နှင့် မဖတ်လျှင် ခံရမည့် အဇားဗ်ကိုလည်း သိသည်။ အသိများရှိသော်လည်း နမားဇ်အချိန်ရောက်လျှင် ၀ုဇူလုပ်ဖို့၊ ဗလီရှေ့ရောက်နေပြီး နမားဇ်ဝင်ဖတ်ဖို့ အင်အားမရှိကြပေ။ အဇာန်သံကြားနေသည်။ စကားပြောကောင်းတုန်းပင် ဖြစ်၏။ ဆိုင်သမားက ဆိုင်မှာပင် ဖြစ်၏။ ဆွေးနွေးပြောဆိုမှုများ အမျှင်မပြတ်ဖြစ်နေ၏။ ဗလီထဲတွင် နမားဇ်လေးရကအသ်ဖတ်ပြီးလျှင် ဗလီအပြင်သို့ အမြန်ပြန်ထွက်လိုသည်။ ဂျာအေနမားဇ်ပေါ်တွင် နမားဇ်ဖတ်ရန် ရပ်လိုက်လျှင် အမြန်ပြီးရန် နမားဇ်ကို ဒုန်းစိုင်းဖတ်နေသည်။ ကောင်းမှုကို မကျင့်သုံးနိုင်ကြပေ။ နမားဇ်များကို လွယ်ကူစွာပင် ကဇွာလုပ်လိုက်သည်။ နမားဇ်တစ်ကြိမ် ကဇွာဖြစ်သွားခြင်းက လက်ကို ခြင်ကိုက်သလောက်ပင် နာကျင်မှု မရှိကြတော့ပေ။ အမှန်တော့ ယခင်ကထက် ယခုအခါ ပို၍ အသိများ တိုးလာကြပြီဖြစ်၏။ စာအုပ်စာပေများ၊ ကျောင်းများ၊ တရားများ၊ အသိပညာများ ကြွယ်ဝစွာ ရှိနေပြီဖြစ်သော်လည်း လက်တွေ့ဖော်ဆောင်နိုင်မှု အလွန်နည်းသည်။ ယခင်က ဒီးန်၏ အသိတရားများ ထိုမျှလောက် ပျံ့နှံ့ခြင်း မရှိပေ။ သို့သော် အမလ်လုပ်နိုင်မှုသည် ကျွန်ုပ်တို့ထက် ဆယ်ဆမက သာကြသည်။ ယနေ့အခါ အစ္စလာမ့်အသိပညာများကို လိုသလို ရယူနိုင်သည်။ အခွေများ၊ အွန်လိုင်းများ စသည်များတွင် ဘာသာရေးကို ကျယ်ပြန့်စွာ လုပ်ဆောင်နေကြသည်။ ဂျမာအသ်များ၊ အာလင်မ်များ၊ ပညာရှင်များ ပေါများနေသည်။ သို့သော်လည်း အစ္စလာမ့်အမိန့်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်ကိုမူ အလွန်ပင် လေးဖင့်နေကြ၏။

ဘာ့ကြောင့်ပါနည်း။ မွှေးကြိုင်သည့် ရနံ့ကို နှာခေါင်းယဉ်နေသူအတွက် နံစော်သည့်အနံ့ကို ချက်ချင်းသိသည်။ နှစ်သက်မှုလည်း မရှိကြပေ။ နံစော်သည့် အနံ့ကို နှာခေါင်းယဉ်နေသူအဖို့ နံခြင်းကို နံသည်ဟု မမြင်တော့ပါ။ ထိုနည်းတူပင် ဟရာမ်သည် ဟရာမ်ကို ဆွဲဆောင်သည်။ ဟလာလ်သည် ဟလာလ်ကိုသာ ဆွဲဆောင်သည်။ ဗိုက်ထဲရောက်နေသည်တို့က ဟရာမ်များ၊ သံသယဖြစ်ဖွယ် အရာများ ၀င်နေခြင်းကြောင့် အတွင်း နှလုံးသားသည် ပျက်စီးသွားပြီ ဖြစ်၏။ ကောင်းမှုအမလ်ပြုရန် အင်အားမရှိတော့ပေ။ မကောင်းမှုအတွင်းမှ ရုန်းထွက်ရန် အင်အားမရှိတော့ပေ။ ထို့အတူ မွှေးရနံ့နှင့်တူသည့် အိဗာဒသ်များအတွင်းသို့ ဟရာမ်ရနံ့ နံစော်နေသည့် ခန္ဓာကိုယ်က မပျော်မွေ့ပေ။ ထို့ကြောင့်သာ ဗလီအတွင်းရောက်လျှင် အမြန်ပြန်ထွက်ချင်နေကြသည်။ ကောင်းမှုမွှေးရနံ့ဖြစ်သည့် နမားဇ်ဖတ်လျှင် ဟရာမ်ပါနေသည့် ခန္ဓာကိုယ်က မလိုလား၊ မြန်မြန်ဖတ်ပြီး မြန်မြန်ပြီးရန်သာ စိတ်စောနေတော့သည်။ အကယ်၍ ရုပ်ရှင်ကြည့်ချိန်၊ ဂိမ်းဆော့နေချိန်၊ ဟရာမ်ဖြစ်သည့် ရည်းစားခြင်း စကားပြောချိန်တို့တွင် ထိုသို့ အမြန်ပြီးချင်စိတ် မဖြစ်ကြပါ။ ဟရာမ်အချင်းချင်း ဓါတ်တူသဖြင့် မခွဲနိုင် မခွာရက် ရုန်းမထွက်နိုင်ဖြစ်ကြသည်။ နံစော်သည့် အနံ့အချင်းချင်း ဆွဲဆောင်မှုရှိသဖြင့် လိုလားနှစ်သက်စွာ ဟရာမ်တွင် ပျော်မွေ့နေကြ၏။

ယင်းအခြေအနေသည် ကောင်းသည့်အခြေအနေမဟုတ်ပါ။ အလွန်လိုချင်လှပါသည်ဟူသည့် ဂျန္နသ်၊ သောက်ချင်လှပါသည်ဟူသည့် ကောင်စရ်ရေ၊ အေးချမ်းချင်လှပါသည်ဟူသည် ကဗရ်တွင်းကို ဖျက်ဆီးပြစ်မည့် အခြေအနေဖြစ်သည်။ ဟရာမ်တစ်ခုကို ရှောင်လိုက်ပါမူ အာခိရသ်ရေး ကောင်းစားမည်ဖြစ်၏။ မွစ်လင်မ်၏ အဓိကပန်းတိုင်မှာ အာခိရသ်၏ အောင်မြင်မှု ဖြစ်သည်။ လောကတွင် စားကောင်း သောက်ဖွယ်များ၊ စည်စိမ်များဖြင့် ယစ်မူး ဇိမ်ခံ ပျော်ရွှင်နေရန် မဟုတ်ပါ။

ဆက်လက်၍ .....
- ဆုတောင်းပြည့်သူ သုံးမျိုးအကြောင်း
- ဟရာမ်စားသူ၏ အိဗာဒသ်ကို လက်မခံခြင်း
- ဆုတောင်းပြည့်သူ ဖြစ်နည်း
- ဟရာမ်အစားအစာမှပေးသည့် ဆုံးရှုံးမှုများ
- ဟရာမ်စားသူအား ရှိုက်သွာန်က အာရုံမထားခြင်း
- ဟရာမ်ပုံစံကွဲများ
- တုန်လှုပ်ခြောက်ခြားဖွယ် သတိပေးချက်တစ်ရပ်
- ဟရာမ်ရှောင်ရန် ဖရ်ဇ်
- ဟလာလ်ကို ရွေးချယ်ရန် ဖရ်ဇ်
- ကြောက်မက်ဖွယ် ဖြစ်ရပ်တစ်ခု တို့အား အောက်ပါ Link တွင် ဆက်လက်ဖတ်ရှုပါ။

http://aaitee.blogspot.com/2016/07/blog-post_23.html

Thursday, February 9, 2017

ဂိမ်းစည်းမျဉ်းများပြောင်းလဲခြင်း

မနေ့က ဆရာဟန်ရဲ့ ပုစ္ဆာလေး (အောက်ကပုစ္ဆာ)ကို မြင်မိတော့ ဖတ်ဖူးတဲ့ ဂိမ်းသီအိုရီဆောင်းပါးလေးကို ပြန်သတိရသွားတယ်။ ဒီလိုပုစ္ဆာမျိုးက ဂိမ်းစည်းမျဉ်းပြောင်းသွားတာကို ဥပမာပြချင်တဲ့အခါ သုံးတတ်တဲ့ပုစ္ဆာမျိုးပါ။

အမှန်က 1000 အကိုက်ပါပဲ။ ဒါပေမဲ့ အဖေ့ကို ပြန်ဆပ်ဖို့ 490၊ အမေ့ကို ပြန်ဆပ်ဖို့ 490 ဆိုပြီး စဉ်းစားတဲ့အခါ (490 + 490 + လက်ကျန် 10 = 990 ဆိုပြီး) 10 ပျောက်သွားပါတယ်။

ဘာဖြစ်လို့ပါလဲ။ 1000 ပေါ်မှာ အခြေခံတွက်လို့ပါ။ ပေးငွေ (1000) မှာ အခြေခံတွက်သရွေ့ 10 က ပျောက်နေဦးမှာပါ။ တကယ်လို့သာ ဖိနပ်ဖိုး (970) မှာသာ အခြေခံတွက်ရင် ကိုက်ပါတယ်။ ဖိနပ်ဖိုး + ကိုယ်ယူထားတဲ့ငွေ = 970 + 10 = 980 ၊ အကြွေးဆပ်ရမှာလည်း 980 ... ကွက်တိပါပဲ။ ဒါမှမဟုတ်လည်း ဖိနပ်ဖိုး + အဖေ့ပေးငွေ + အမေ့ပေးငွေ + ကိုယ်ယူထားတဲ့ငွေ = 970 + 10 + 10 + 10 = 1000 ... ဒါလည်း ကိုက်တာပါပဲ။

ပြောချင်တာက ဒုတိယပိုင်းမှာ အခြေခံထားတာက ဖိနပ်ဖိုးပါ။ ပေးငွေ မဟုတ်ပါဘူး။ စည်းမျဉ်းပြောင်းသွားပါပြီ။ ဒါကို စည်းမျဉ်းဟောင်းအတိုင်း (ပေးငွေအတိုင်း) လိုက်တွက်ရင် အဖြေမှန် မရပါဘူး။

လက်တွေ့မှာ ဂိမ်းတခုစီအတွက် သက်ဆိုင်ရာ စည်းမျဉ်းတွေ ရှိပါလိမ့်မယ်။ ဆိုတော့ အဖြေမှန်ချင်ရင် သူ့စည်းမျဉ်းအတိုင်း ဆော့မှ (စဉ်းစားမှ) ရပါလိမ့်မယ်။ အဲလိုမှ မဟုတ်ရင်လည်း ကိုယ်လိုချင်တဲ့အဖြေရဖို့ ဂိမ်းစည်းမျဉ်းတွေကို ကိုယ်စိတ်ကြိုက်ရေးဆွဲဖို့ပါပဲ။

ဥပမာ ရှစ်လေးလုံးအရေးတော်ပုံဟာ ဂိမ်းအသစ်၊ စည်းမျဉ်းအသစ်ပါ။ ဒါကို (စည်းမျဉ်းအသစ်ကို) စစ်အာဏာရှင်အုပ်စုက မကြိုက်ပါဘူး။ ဒါကြောင့် ဂိမ်းကို ဖျက်ပါတယ်။ 1990 ရွေးကောက်ပွဲဆိုတဲ့ ဂိမ်းအသစ်ကို ထပ်လုပ်ပါတယ်။ နိုင်မယ်ထင်လို့ လုပ်တဲ့ဂိမ်းမှာ စစ်အာဏာရှင်တွေ ၀က်ဝက်ကွဲ ရှုံးပါတယ်။ အဲဒီတော့လည်း (သူတို့လိုချင်တဲ့ရလဒ်ကို မရလို့) အဲဒီ့ဂိမ်းကို ထပ်ဖျက်ပြန်တယ်။ စိတ်ကြိုက်ဂိမ်းတခုကို ထပ်ဆော့ပြန်တယ်။

ဒါပေမဲ့ အဲ့ဒီဂိမ်းက သူတို့သာ ကြိုက်တာ (အကျိုးအမြတ်ရပြီး ကျိကျိတက်ချမ်းသာနေတာ) .... ပြည်သူတွေရော နိုင်ငံတကာကရော မကြိုက်ပါဘူး။ ရလဒ်အနေနဲ့ နိုင်ငံတကာမှာဆို အစိုးရအရာမ၀င်တဲ့ (စင်ကာပူကိုတောင် ကျော်ပြီး သွားလို့မရတဲ့) လူမလေး ခွေးမခန့် အစိုးရတခု၊ ပြည်တွင်းမှာဆို ပြည်သူတွေပေါ် အာဏာတွေ ပက်ပက်စက်စက်ပြနိုင်ပေမယ့် သြဇာတော့ တစက်လေးမှ မရှိတဲ့ အစိုးရတရပ် ဖြစ်လာပါတယ်။

ဒါကြောင့် ထွက်ပေါက်ရှာတဲ့အနေနဲ့ စိတ်ကြိုက်စည်းမျဉ်းတွေ ဆွဲပြီး ဂိမ်းအသစ်တခု ထပ်လုပ်ပြန်တယ်။ 2008 နာဂစ်ခြေဥနဲ့ 2010 ရွေးကောက်ပွဲပါ။ ဒေါ်ကြီးစုဟာ ဂိမ်းစည်းမျဉ်းအသစ်တွေကို လက်ခံပြီး ၀င်ပြိုင်ပါတယ်။ (ကျနော်တို့ကတော့ ကျနော်တို့ရဲ့ ရွှေမင်းသမီးလေး စုတ်ပြတ်သတ်နေတဲ့ ဇာတ်ညွှန်းအတိုင်း ၀င်ကမယ်ဆိုတော့ ရင်နာတာပေါ့ဗျာ) သိကြတဲ့အတိုင်းပါပဲ .... ဒီပွဲမှာလည်း (2015 ရွေးကောက်ပွဲမှာလည်း) စစ်အာဏာရှင်အုပ်စု လိုချင်တဲ့ ရလဒ်ဖြစ်မလာပါဘူး။ တနိုင်ငံလုံး နီသွားခဲ့ပါတယ်။

အဲတော့ ဘာဖြစ်လဲ။ ဒေါ်ကြီးစုတို့ အာဏာရကတည်းက ကစားကွက်ပျက်အောင် အကွက်မျိုးစုံရွေ့ပါတော့တယ်။

နောက်ဆုံးအကွက်ကတော့ ဆရာဦးကိုနီကို လုပ်ကြံခြင်းပါ။ စစ်အာဏာရှင်အုပ်စုအနေဲ့ ဒါ ... strategic move လို့ ယူဆပြီး ရွေ့တာလည်း ဖြစ်နိုင်ပါတယ်။ ဂိမ်းသီအိုရီမှာ strategic move ဆိုတာ တဖက်လူရဲ့ ရွေ့ကွက် (ဦးတည်ဖက်)ကို ပြောင်းသွားအောင်၊ ဒါမှမဟုတ် တဖက်လူကို ကိုယ်ကစားချင်သလို လိုက်ကစားအောင် စရွေ့တဲ့အကွက်ပါ။ နောက်တခုက strategic move ရဲ့ သဘောက ကစားပွဲရဲ့ pay off ကို ပြောင်းသွားစေတာ မဟုတ်ဘဲ outcome ကိုသာ ပြောင်းစေတာပါ။

ဥပမာ စစ်အေးခေတ်မှာ ရုရှက နေတိုးကို ၀င်တိုက်မယ်ဆိုပါဆို့။ နေတိုးသာ သာမန်မြေပြင်စစ်အတိုင်း ခုခံမယ်ဆို ရှုံးပါမယ်။ တကယ်လို့ နယူးကလီးယားလက်နက်သုံးမယ်ဆို ... နှစ်ဖက်လုံး နာပါ့မယ်။ အဲတော့ နေတိုးဘာလုပ်မလဲ။ ငါ့ လာမတိုက်နဲ့၊ လာတိုက်ရင် နယူးကလီးယားနဲ့ ပြန်ဆော်မယ်ဆိုပြီး လုပ်ပါတယ်။ (ယုံကြည်အောင်တော့ လုပ်ရပါတယ်) ဒီတော့ ရုရှားက အသာပဲ ပိုနေမြဲ ကျားနေမြဲ နေပါတော့တယ်။ ဆိုတော့ နေတိုး (အမေရိက)ရဲ့ နယူးကလီးနဲ့ ပြန်တိုက်မယ်ဆိုတာ strategic move ပါပဲ။ တဖက်ကို ကိုယ်ဖြစ်စေချင်သလို လုပ်နိုင်တဲ့သဘောပါ။ pay off မပြောင်းစေဘဲ outcome ကိုပဲ ပြောင်းစေတာပါ။

ဒါပေမဲ့ အားနည်းချက် ရှိတာက ကိုယ်က စရွေ့ရတာဖြစ်လို့ အခြေအနေကန့်သတ်ချက်ရှိတယ်။ ခြိမ်းခြောက်ရင်၊ ကတိပေးထားရင် အဲဒီ့အတိုင်း လိုက်လုပ်ရတော့မယ်၊ နောက်ပြန်ဆုတ်လို့ မရတော့ဘူး။ ဒါပေမဲ့ တဖက်ရဲ့ အလားအလာကို ကြိုတင်မှန်းနိုင်မယ်ဆို အလွန်ထိရောက်တဲ့ဗျူဟာတခု ဖြစ်လာမယ်လို့ ဂိမ်းပညာရှင်တွေက ဆိုပါတယ်။

ဆိုတော့ ဆရာဦးကိုနီကို လုပ်ကြံတာဟာ တဖက်ရဲ့ ရွေ့ကွက်ကို မှန်းနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်လို့ ရွေ့ကြည့်တာလားဆိုတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဒါမှမဟုတ် ... ဘာမှမသိဘဲ၊ ဂိမ်းအခြေအနေကို အမှန်မသိဘဲ အရင်ဂိမ်းစည်းမျဉ်းအဟောင်းနဲ့ တွက်ကြည့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အင်း .... ဂိမ်းအခြေအနေကို အရင်တိုင်းလို့ ယူဆပြီး ပျောက်သွားတဲ့ အာဏာတစ်ဆယ်ဖိုးကို လိုက်ရှာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပိုပြီး​တောင်​ဖြစ်​နိုင်​ပါ​သေးတယ်​။