cross

cross

Monday, December 26, 2016

"အလုပ်ဟူသည်​ကား"

လူတစ်ယောက်မှာ အလုပ်ဆိုတာရှိနေရမယ်
ဘာ့​ကြောင့်​လဲဆို​တော့°°°
လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာလည်း
“အလုပ်” ပဲ မဟုတ်​လား

ဒါကြောင့် လူ့တန်ဖိုးနဲ့ညီအောင်တော့
အလုပ်ဆိုတာလုပ်​နေရမှာပဲ
ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ အလုပ်နဲ့တူအောင်
လုပ်ဆောင်နေဖို့ကလည်း
လူသားတစ်​​ယောက်​အဖို့ တကယ့်ကိုအ​​ရေးကြီးတယ်

မိမိအနေနဲ့ စိတ်ထဲမှာ
စွဲမြဲစွာမှတ်​သားထားရမှာက

“နေရာယူချင်စိတ်တစ်ခုတည်းနဲ့
ဘယ်တော့မှအလုပ်မလုပ်ပါနဲ့”

ဘာ့​ကြောင့်​လဲဆို​တော့
ထိုလူက ဘယ်​​တော့မှ တိုးတက်​လာနိုင်​မှာဟုတ်​လို့ ပဲ
လူဆိုတာ ကိုယ့်​ကိုယ်​ကိုပဲ ဖျက်​ဆီးလို့ ရတယ်
တခြားဘယ်​သူကမှ လာပြီး​တော့
ဖျက်​လိုဖျက်​ဆီးလုပ်​လို့ မရနိုင်​ဘူး
မိမိအ​နေနဲ့ အလုပ်ကို ​ပထမဦးဆုံး 
ကောင်း​အောင်​လုပ်​လိုက်​ပါ
ကောင်းတဲ့ အရာ​တွေ က မိမိရဲ့ အ​နောက်​ကို
လှည်းဘီးပမာကဲ့သို့ တပ်​ကြပ်​မခွာ လိုက်​လာပါလိမ့်​မယ်

ဒါ့​ကြောင့်​ မိမိအ​နေနဲ့ က

“တကယ့်ကိုတာဝန်ယူချင်စိတ်နဲ့ သာ
အလုပ်ကို ကြိုးစားပြီး လုပ်ဆောင်ပါ”

ဒါဟာ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့
ပင်ကိုယ်စွမ်းရည်တစ်မျိုးပဲ

ဘယ်အလုပ်မဆို ခမ်းနားအောင်လုပ်ဆောင်ဖို့အတွက်
ပင်ကိုယ်စရိုက်ရှိနေဖို့လိုအပ်တယ်

အဲ့ဒါဟာ “တာဝန်ယူတတ်တဲ့စိတ်ပဲ”

0 comments:

Post a Comment