cross

cross

Wednesday, February 10, 2016

တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ ကောင်းတဲ့အပြုအမူလား

သင်ဟာ လူငယ်ဖြစ်ပြီး တစ်ကိုယ်ရေ အာသာဖြေခြင်းဟာ မကောင်းတဲ့ အပြုအမူတစ်ခုလားလို့ သိချင်နေပါသလား ? ဒီ အပြုအမူဟာ မှားယွင်းတဲ့ အပြုအမူတွေလား ? ဒါကို သင်တစ်ယောက်ထဲ ပြုမူနေတာလား ? တစ်ကိုယ်ရေ အာသာဖြေခြင်းဟာ ဘယ်လိုဆိုးရွားတဲ့ အချက်တွေ ဖြစ်စေနိုင်တယ်သလည်း ? တစ်ကိုယ်ရေအာသာဖြေခြင်းဟာ အနာဂတ်မှာ အထူးသဖြင့် အိမ်ထောင်ပြုပြီးတဲ့အခါမှာ ပြသနာဖြစ်စေနိုင်သလား ? အစရှိတဲ့ အကြောင်းအရာတွေကို သိရှိလိုပါသလား ၊ ဒီဆောင်းပါးက ဒီမေးခွန်းတွေအားလုံးအတွက် အဖြေပေးနိုင်ပါလိမ့်မယ် ။

တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ မကောင်းတဲ့ အပြုအမူမဟုတ်ပါဘူး
တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ ကျန်းမာခြင်းရဲ. ပြယုဂ်တစ်ခုဆိုလည်း မမှားပါဘူး ။ ကျွန်တော်တို့အနေနဲ့ တစ်ကိုယ်ရည်အာသာဖြေခြင်းကို ဆန့်ကျင်စရာ အကြောင်းမရှိပေမယ့် ၊ တစ်ကိုယ်ရည်အာသာဖြေခြင်းကို အလွန်အကျွံ ပြုမူနေမိတာမျိုးကိုတော့ ငြင်းပယ်ရပါလိမ့်မယ် ။ တစ်ကိုယ်ရည်အာသာဖြေခြင်းကြောင့် သင့်အတွက် ကောင်းကျိုးတစ်ချို. ရှိပါတယ် ။ အဲ့ဒါတွေကတော့ –

သင့်အနေနဲ့ စဉ်းစားတွေးခေါ် လုပ်ကိုင်ရခြင်းတွေအတွက် အားသစ်မွေးပေးနိုင်ပါတယ် ။
စိတ်တိုဒေါသထွက်လွယ်မှုကို လျှော့ချပေးနိုင်ပါတယ်။
မကြာခဏခေါင်းကိုက်ခြင်းကို လျှော့ချပေးနိုင်ပါတယ် ။
လိင်နဲ့ပတ်သတ်တဲ့ ရာဇဝတ်တွေ မဖြစ်ပွားနိုင်တော့ပါ ။
စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်ပြီး မကြာခဏ ဖျားနာမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ် ။
စိတ်ချမ်းသာမှုကို ဖြစ်စေပါတယ် ။
ဒီအချက်တွေအားလုံးဟာ သင့်မှာ ကောင်းမွန်တဲ့ ကျန်းမာရေး ရှိကြောင်း ပြနေတာပါပဲ ။
သင်ဟာ တစ်ကိုယ်ရေအာသာဖြေခြင်းကို တစ်ရက်တစ်ကြိမ် ဒါမှမဟုတ် နှစ်ရက်ခြားတစ်ကြိမ် ပြုလုပ်တက်သူဆိုလျှင် ဒါဟာ စိုးရိမ်စရာမရှိပါဘူး ။ သင့်မှာ အာသာဖြေခြင်း ပြုလုပ်ဖို့ နှိုးဆွမှုတစ်စုံတစ်ရာရှိနေပြီး သင့်ခန္တာကိုယ်ကလည်း တောင်းဆိုနေတယ်ဆိုရင်တော့ ပြုလုပ်နိုင်ပါတယ် ။ ဒါပေမယ့် သင်ဟာ တစ်ယောက်ထဲ ရှိနေပြီး အခြားလည်းဘာမှလုပ်စရာမရှိတာမို့ သင့်ခန္တာကိုယ်ကလည်း မတောင်းဆိုပါပဲ တစ်ကိုယ်ရေအာသာဖြေခြင်းကို ပုံမှန်အလုပ်တစ်ခုလို လုပ်နေမိတယ်ဆိုရင်တော့ အလွန်အန္တရာယ်ရှိတဲ့ အပြုအမူလို့ သတ်မှတ်နိုင်ပါတယ် ။

တစ်ကိုယ်ရေအာသာဖြေခြင်းကို အလွန်အကျွံပြုလုပ်ခြင်းဟာ မကောင်းတဲ့အပြုအမူပါ
ကျွန်တော်တို့ဟာ အလွန်အကျွံတစ်ကိုယ်ရေ အာသာဖြေခြင်းကို ရှောင်ကျဉ်ကြရမှာပါ ။ သင့်အနေနဲ့ လိင်စိတ်ဆန္ဒလည်း မဖြစ်ပါပဲ တစ်ကိုယ်ရေအာသာဖြေခြင်းကို အလေ့အကျင့်တစ်ခုလို စွဲစွဲမြဲမြဲ လုပ်ဆောင်နေမိပြီဆိုရင်တော့ ဒါဟာ ကြီးမားတဲ့ ပြသာနာတစ်ခုဖြစ်ပြီး သင့်ကိုယ်သင် ထိန်းချုပ်ပြုပြင်ရမှာပါ ။ သင့်ကိုထိခိုက်စေမယ့် ပြသာနာတွေထဲက အချို.အချက်တွေကတော့ –

သင့်သူငယ်ချင်းတွေနဲ့ ကင်းကွာလာနိုင်ပါတယ်
သင့်တစ်ကိုယ်ရည်အာသာဖြေခြင်းကို သာယာနေမယ် (ဆိုးရွားလာရင် ဆန့်ကျင်ဖက်လိင်ကို မလိုချင်တော့တာမျိုးထိ ဖြစ်နိုင်)
သင်ဟာ အခြားဘယ်သူ့ကိုမှ မလိုချင်တော့ပဲ ၊ သင်ကသာ သင့်အတွက် အကောင်းဆုံးသူငယ်ချင်းလို့ ယူဆလာနိုင်ပါတယ်
အခွင့်အရေးရတာနဲ့ တစ်ကိုယ်ရည်အာသာဖြေခြင်းကိုပဲ လုပ်ချင်လာပါလိမ့်မယ်
သင့်ဟာသင် တကူးတကဖန်တီးပြီး တစ်ကိုယ်ရည်အာသာဖြေခြင်းကို ပြုလုပ်မိပါလိမ့်မယ်
သင်ဟာ မဟုတ်ကဟုတ်ကနည်းတွေကို လျှောက်စမ်းသပ်ပြီး အာသာဖြေခြင်းမျိုး ပြုလုပ်မိနိုင်ပါတယ်
သင်ဟာဆန်ကျင်ဖက်လိင်ကို မမျှော်လင့်တော့ပဲ တစ်ကိုယ်ရည်အာသာဖြေခြင်းကိုသာ ဘဝတစ်သက်တာ ပြုသွားနိုင်ပါတယ်
ဒါကို တစ်နေ့တစ်ကြိမ် နှစ်ကြိမ်မက ပြုလုပ်ချင်နေခြင်းမျိုး ဖြစ်လာပါလိမ့်မယ်
တစ်ကိုယ်ရေအာသာဖြေခြင်းကို မလုပ်ရရင်မနေနိုင် ဖြစ်လာပါလိမ့်မယ်
ဒါကို ဘယ်တော့မှ အဆုံးသတ်နိုင်မှာ မဟုတ်တော့ပါဘူး
အလွန်အကျွံ တစ်ကိုယ်ရည်အာသာဖြေခြင်းကြောင့် လူမှုဘဝမှာ ရလာနိုင်တဲ့ ဆိုးကျိုးတွေအပြင် သင့်ခန္တာကိုယ်ကို ထိခိုက်နိုင်တဲ့ ဆိုးကျိုးတွေလည်း ရှိနေပါသေးတယ် ။


0 comments:

Post a Comment