cross

cross

Tuesday, December 20, 2016

ခြင်မတွေက သူတို့ရဲ့ ဥတွေ ဖွင့်ဖြိုးဖို့အတွက် လိုအပ်လို့ ကျွန်တော်တို့ရဲ့ သွေးကိုစုပ်ပါတယ်။ 

အနုကြည့်မှန်ပြောင်းအောက်မှာ လေ့လာချက်တွေအရ သူတို့ရဲ့ သွေးစုပ်အင်္ဂါ (Proboscis) ဟာ အဆင့်မြင့်မားတဲ့ အင်ဂျင်နီယာဒီဇိုင်း ကို ပြသနေပါတယ်။

ဒီသွေးစုပ်အင်္ဂါမှာ အပေါ်ရံအဖုံးအကာ (Labium ) ၊ လူ့အရေပြားကို ခွဲဟဖို့ လွှသွားအင်္ဂါတစ်စုံ ( Maxillae ) ၊ သွေးစုပ်နေတုံး သွေးတွေခဲမသွားအောင်
သွေးခဲဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ တံတွေးတွေကို ထည့်သွင်းဖို့ Hypopharynx ပြွန် နဲ့ နောက်ဆုံးမှာတော့ လူ့သွေးကြောထဲက သွေးကို စုပ်ဖို့ Labrum သွေးစုပ်ပြွန် တို့နဲ့ ကိရိယာစုံလင်လှပါတယ် ။

ဒါနဲ့ ခြင်တစ်ကောင်ဟာ သွေးစုပ်နေတုံး သွေးမခဲသွားအောင် သူ့ရဲ့ တံတွေးတွေ ထည့်သွင်းပစ်ရမယ်လို့ ဘယ်လိုသိတုံးဗျ ။

ကျွန်တော်တို့ဟာ ခြင်ကိုက်ရင် သူ့ရဲ့ သွေးစုပ်အင်္ဂါကို ကျွန်တော်တို့အရေပြားထဲ ခွဲပြီးထည့်လိုက်တာ သိတောင်မသိလိုက်ပါဘူး ၊ ကျွန်တော်တို့ သိလိုက်ရတဲ့အချိန်က သူ့ရဲ့ တံတွေးကို ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်က ပြန်တန်ပြန်ဖို့ ကြိုးစားတဲ့အခါ ယားယံလာမှသာ သိလိုက်တာပါ ။ အဲဒီအချိန်မှာ များသောအားဖြင့် ခြင်က သွေးစုပ်လို့ ပြီးသွားပါပြီ ။

ဒီလိုမျိုး ခြင်တွေဟာ ကျွန်တော်တို့ရဲ့ အရေပြားကို ခွဲပြီး သွေးစုပ်ပြွန်ထည့်သွင်းစဉ်မှာ ကျွန်တော်တို့ နာကျင်မူလုံးဝမခံစားရတာဟာ သူရဲ့ လွှသွားအင်္ဂါတစ်စုံ ( Maxillae ) ကြောင့်ပါ။ ပြောင်မဟုတ်ပဲ လွှသွားပုံ အထစ်ဒီဇိုင်းကြောင့် အရေပြားပေါ်ထိတွေ့ရတဲ့ ပမာဏဟာ ကျဉ်းမြောင်းသွားပြီး အာရုံကြောလှုံ့ဆော်မူနည်းပါးကာ နာကျင်မူလျှော့ပါးစေတာဖြစ်ပါတယ် ။ 

ဆေးထိုးကြောက်ကြတဲ့ သူတွေရှိပါတယ်။  ဆေးထိုးရာမှာ အသုံးပြုတဲ့ အပ်ဟာ ပြောင်ဖြစ်နေပြီး ဒါဟာ အရေပြားကို ထိတွေ့ရတဲ့ ပမာဏကျယ်ပြန့်ကာ အာရုံကြောလှုံ့ဆော်မူများပြားစေ နာကျင်မူခံစားစေပါတယ် ။

ဒါပေမဲ့ ယခုအခါမှာတော့ ဂျပန်နိုင်ငံ Kansai တက္ကသိုလ်မှ ပရော်ဖက်ဆာ Seiji Aoyagi နဲ့ အဖွဲ့ဟာ ခြင်တွေရဲ့ သွေးစုပ်အင်္ဂါဒီဇိုင်းကို ဆည်းပူးပြီး နာကျင်မူကင်းစေတဲ့ ဆေးထိုးအပ်တွေ တီထွင်နိုင်ခဲ့ပြီဖြစ်ပါတယ် ။ စမ်းသပ်ချက်အရ သာမာန်ဆေးထိုးအပ်တွေထက် ဆေးထိုးချိန်ပိုကြာပေမဲ့ တကယ်ကို နာကျင်မူ လျှော့ပါးစေပါတယ် ။

0 comments:

Post a Comment