ဘဝတစ်ခုကိုအကောင်းဆုံးတည်ဆောက်ဖို့ အတွက်
အရေးကြီးဆုံးကဏ္ဍကိုပြပါဆိုရင် ကျနော့်အနေနဲ့ 
ရှေးဦးစွာ မြင်လိုက်တာက တော့ အလုပ်ပါပဲ
ဘဝ နဲ့  အလုပ် ဆိုတာသဟဇာတဖြစ်နေရမယ်
အလုပ်မရှိတဲ့ ဘဝ မှာ
လူသားတစ်ယောက်အနေနဲ့ ဘယ်လို ရပ်တည်နိုင်မလဲ
မြေခုံ ပေါ် မှာ ခြေစုံ ရပ်ဖို့ အတွက်
အလုပ်မရှိဘူးဆိုရင် ဘဝက အဓိပ္ပါယ် ကင်းမဲ့နေသလို
ကျေနပ်စရာကောင်း တဲ့ ဘဝလည်းဘယ်လိုအကြောင်းနဲ့  မှ
ပေါ်ထွန်းလာနိုင်စရာအကြောင်းမရှိပါဘူး
ဒါဆို တိုးတက်ကြီး ပွားဖို့ ရော ရှိနိုင်တော့မှာလား?
တကယ်တော့ လူတစ်ယောက်ရဲ့ 
ချမ်းသာခြင်း ဆင်းရဲ့ ခြင်းတွေဆိုတာ
အကြောင်းမဲ့ ဖြစ်တည်လာတယ်လို့ မတွေးပါနဲ့ 
လောကမှာ ရှိတဲ့ အရာအားလုံး ဟာ
အကြောင်းတရားတွေကြောင့်သာ
အကျိုးတရားတွေ ဖြစ်လာရတာပါပဲ
အကြောင်းမရှိပဲ နဲ့ တော့
ဘယ်အကျိုးကမှ ဖြစ်လာမှာမဟုတ်လောက်ဘူး
တစ်ချို့ လူတွေ အလုပ်လုပ်တယ် မကြီးပွားဘူး
ဘာလို့ လဲ ဆိုရင် ကျနော်ပြောချင်တာက
သူတို့ က ကြီးပွားအောင် မလုပ်တတ်လို့ ပဲ
ရနေတဲ့ အခွင့် အရေးကို အသုံးမချတတ်ဘူး
သူတို့ မြင်တတ်တဲ့ ပုံ စံက
အခွင့် အရေး ကို အလကားရလာတယ်ဆိုတဲ့
အသိတစ်ခုတည်းနဲ့ အလွှဲ သုံးစား လုပ်ပစ်လိုက်လို့ ပါပဲ
အခွင့်အရေးတွေ ရနေရဲ့ သားနဲ့ 
ဘာ့ကြောင့်များ မကြီိးပွားရသလဲ ဆိုတော့
ခိုင်းသလောက်ပဲ လုပ်တဲ့လူနဲ့ 
ခိုင်းတာလည်း မလုပ်တဲ့ လူ
ဒါကရှင်းပါတယ်
ခိုင်းသလောက်ပဲ လုပ်တဲ့လူ
____________________
အလုပ်ရှင်က သူ့ ရဲ့ အလုပ် တစ်ခုလောက်ကို
ပုံစံချပြီးတော့ ခိုင်းလိုက်တယ်
လုပ်တော့ လုပ်လိုက်တာပဲ ဒါပေမယ့်
ပုံစံခွက်အတိုင်းပဲ လုပ်တယ်
သာမန်အားဖြင့်တော့ ဖိုး တိကျ ကြီး ပေါ့
အလုပ်ရှင်က ဒါလုပ် ဒါလုပ် ဆိုပြီးပြောတဲ့အတိုင်းလုပ်တယ်
လိုတာကို လည်း မဖြည့်စွက်သလို
ပိုလုပ်ရမှာ ကိုလည်း စိတ်မဝင်စားဘူး
ဒါဘာလည်းဆိုရင် ကျွန်စိတ်မွေးထားတဲ့ သဘောပဲ
ဓားဆိုတာ သွေး နေမှ ထက်သလို
လူဆိုတာလည်း အလုပ်လုပ်နေမှ တန်ဖိုးရှိတာပါ
အလုပ်ကို လုပ်ပြီး အလုပ်ရှင်စိတ်မမွေးမှတော့
ဘာလို့ ကြီး ပွား မလဲ ပြီးတော့
ကျွန်စိတ်တွေ ကိန်းအောင်းနေတဲ့ လူကရော
ဘာအတွက်ကြောင့် သခင်ဆိုတဲ့
လုပ်ငန်းရှင်ကြီး တစ်ယောက်ဖြစ်လာနိုင်ပါ့မလဲ?
ခိုင်းတာကိုမလုပ်တဲ့လူ
______________
ဒါကတော့ အဆိုးဆုံးပေါ့
မရှိတာထက် မသိတာက ခက်တယ်ဆိုတာ အမှန်ပဲ
ဒါပေမယ့် တစ်ခုရှိတယ်
မသိတာထက်ကို မလုပ်တာက ပိုပြီး ခက်သွားတယ်
ဘာ့ကြောင့်လဲ ဆိုတော့
မရှိတာကို လည်း ရှိအောင် လုပ်လို့ ရတယ်
မသိတာကိုလည်း သိအောင် လုပ်လို့ ရတယ်
မလုပ်တာကိုတော့ ဘယ်လိုမှ လုပ်လို့ မရတော့ဘူး
ဒီလိုစိတ်နဲ့ သာ ဘဝကြီိးကို ရင်ဆိုင်မယ်ဆိုရင်တော့
အချိန်ကုန် လူပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်
တစ်နည်းအားဖြင့် လောကကြီးအတွက်တော့ လူပို ပေါ့
ထိုလူဟာဆိုရင်လည်း ဘယ်တော့မှ
တိုးတက်ပြီးကြီးပွားနိုင်မှာ မဟုတ်တော့ပါဘူး