cross

cross

1

2

3

4

Monday, August 17, 2020

တန်ဖိုးနှင့်နေရာ

ဖခင်တစ်ဦးက သူ့သမီးကို ဂိုဒေါင်ထဲမှာ ရပ်ထားတဲ့ ကားတစ်စီးကို ပြကာ ခုလိုပြောပါတယ်။ သမီးကျောင်းပြီးသွားလို့ ဂုဏ်ပြုလက်ဆောက်အဖြစ် ဒီကားကို ပေးမယ်။ သမီးမမွေးခင်ကတည်းက သမီးအတွက်ဆိုပြီး ဝယ်ထားခဲ့တာ။ တခါမှမသုံးပဲ သိမ်းပေးထါးတယ်လို့ ဆိုပါတယ်

ဖခင်က သမီးရေ ကားကို အပိုင်မပေးခင် ဒီကားဘယ်လောက်တန်လဲ သိရအောင် တစ်ပတ်နွမ်းကားစျေးတန်းမှာ သွားပြကြည့်ပါ။ သူ့သမီးက တစ်ပတ်နွမ်းကားစျေးတန်းမှာ သွားပြပြီး အဖေရေ သူတို့က ဒေါ်လာ တစ်ထောင်ပေးမယ် လို့ပြောကြပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ကားက နည်းနည်းဟောင်းနေလို့တဲ့။

 ဒါနဲ့သူ့အဖေက သမီးရေ အပေါင်ဆိုင်ကို သွားပြကြည့်ပါအုံးလို့ ခိုင်းပြန်ပါတယ်။ သမီးက အပေါင်ဆိုင်ကိုသွားပြခဲ့ပြီး အဖေရေ သူတို့က ဒေါ်လာတစ်ရာပေးမယ်လို့ပြောကြတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ကားကအိုနေလို့တဲ့။

ဖခင်က သမီးရေ ဒီတစ်ခါတော့ ကားပြပွဲ အသင်းများဆီကို ယူသွားကြည့်ပါလို့ ဆိုပြန်ပါတယ်။ ကားပြပွဲအသင်းဆီကို ကားကိုပြပြီး သမီးက စိတ်လှုပ်ရှားစွာ ပြန်လာတယ်။ အဖေ အဖေ သူတို့က ကားကို ဒေါ်လာ တစ်သိန်းပေးမယ်ဆိုကြတယ်။ ဘာလို့လဲဆိုတော့ ဒီကားက Nissan Skyline R34 ရောင်းရအကောင်းဆုံးနဲ့ ခုဆိုရှားပါးကားဖြစ်တယ် လို့ ဆိုကြတယ်တဲ့။ 

ဖခင်က ''သမီးရေ မှန်ကန်တဲ့နေရာမှာသာ မှန်ကန်တဲ့ တန်ဖိုးထားမှုခံရတယ်။ မိမိအား တန်ဖိုးမထားကြရင် ဝမ်းမနည်းပါနဲ့ စိတ်မဆိုးပါနဲ့။ ဘာလို့လဲ ဆိုတော့ အဲ့ဒီနေရာက ကိုယ့်အတွက် နေရာမှန်မဟုတ်လို့ပါ။ သင့်ကိုတန်ဖိုးထားတဲ့ နေရာသည် သင်၏တန်ဖိုးကိုအသိအမှတ်ပြုတဲ့နေရာဖြစ်သည်။ သင်၏တန်ဖိုးကို မသိနားမလည်တဲ့ နေရာမှာကြာကြာ မနေပါနဲ့''.. . ဟု ဆိုပါတယ်