တစ်ခါတလေတော့လည်းကိုယ့်လမ်းကိုယ်သွားပြီး ကိုယ့်အလုပ်ကိုယ်လုပ်နိုင်မှ
ကိုယ့်အတွက်အကျိုးရှိနိုင်ပါလိမ့်မယ်
အရည်မရ အဖတ်မရ
သူများယောင်တိုင်းသာ
လိုက်ပြီး ယောင်ချာချာ လုပ်နေရင်
ပါလေရာ ငပွ ကြီး ပဲ ဖြစ်နေပါလိမ့်မယ်
ဒီတော့ ကိုယ့်ထမင်း ကိုယ်စားပြီး
ဂျီးဒေါ်နွားကျောင်း နေသလိုပေါ့
မဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်
ဟုတ်လား ဆိုတော့လည်း မဟုတ်ဘူးဖြစ်နေတယ်
ဝေတေတေဝါးတားတားပေါ့
ဟုတ်သယောင်ယောင် နဲ့ မဟုတ်ဘူးဖြစ်နေတာမျိုး
တကယ်တမ်းက ကိုယ့်ကိုယ်ကိုယ်
ဘာကောင်လဲ ဆိုတာ သိနေရမယ်
မဟုတ်ရင်တော့ နလပိန်းတုန်းလူစားပဲဖြစ်နေမှာပါ
ငါဘာကောင်လဲ ဆိုတာ သိနေရမယ်
လူဆိုတာမျိုးက ခံမလား စံမလားပဲရှိတယ်
တစ်နေရာတည်းမှာ ရပ်နေရင်တော့
ဘာမှ ဖြစ်မလာနိုင်ဘူး
လုပ်ရဲ တဲ့ သတ္တိတွေ မွေးထားရမယ်
တစ်ခါတလေ တော့လည်း
နဂါးမှန်းသိအောင် အမောက်ထောင်ပြရဲ ရတယ်
လူတော်တော်များများက မဟုတ်တဲ့နေရာမှာသာ
ထူးချွန်တတ်တာ တကယ်ဟုတ်တဲ့နေရာမှာကျ
သုံးစားမရဘူး ဝေလေလေ လုပ်နေတဲ့
အချိန်တွေကိုသာ ငွေရှာတဲ့ နေရာမှာ သုံးမယ်ဆိုရင်
ထားစရာကို နေရာ ရှိနေမှာ မဟုတ်တော့ဘူး
ယနေ့ ခေတ်လူငယ်တော်တော်များများနဲ့ 
အသက်ကြီးလို့ လူကြီးဖြစ်နေသူများကို
ဘာကောင်လဲ လို့ သွားမေးကြည့်လိုက်
ဘာမှကို မဘာဘူး ဟောက်စားချည်းလုပ်နေတာ
ဒီတော့ အများကြီး ဂရုစိုက်မနေပါနဲ့ လို့ ပြောချင်ပါတယ်
ဒီလိုဂရုစိုက်နေလို့ သာ နောင်တ ရသူတွေ
ကျနော်တို့ ဘေးမှာ လက်ညိုးထိုးမလွှတ်ဖြစ်နေတာပေါ့
ဘာပဲ ဖြစ်ဖြစ်ပါ အနည်းဆုံးတော့
အနာဂတ်ကို သစ္စာ မဖောက်မိပါစေနဲ့ 
ပစ္စုန်ပ္ပန် မှာ လုပ်သင့်တာကို မလုပ်ဖြစ်ဘူးဆိုရင်
အနာဂတ်ကို သစ္စာ ဖောက်နေတာပဲ သူငယ်ချင်း°°°
တကယ်တော့ အောင်မြင်ဆိုတာမျိုးက
အမြဲတမ်း မြင်တွေ့ နိုင်တာမျိုးမဟုတ်ဘူး
သကြားနဲ့ ရောနေရင် ချိုမယ်
ဆားနဲ့ ရောနေရင် ငံမယ်
ဒါပေမယ့် လူတိုင်းမှာတော့
အစွမ်းအစ ရှိတယ်ဆိုတာတော့ မမေ့ပါနဲ့ 