cross

cross

Sunday, February 14, 2016

နင်နဲ့ငါနဲ့လက်ထပ်ကြတဲ့အခါ...

💏 နင်နဲ့ငါနဲ့လက်ထပ်တဲ့အခါ..
ကျေးဇူးပြု၍ထမင်းချက်ကျွေးနိုင်အောင်ကြိုးစားပါ..

မင်းချက်သမျှ..စားမကောင်းသေးဘူးဆိုရင်တောင်
တစ်နေ့ထက်တစ်နေ့မင်းလက်ရာလေးကောင်းလာသည်ထိ
တစ်စက်ကလေးမှအပြစ်မတင်ပဲ..
သည်းခံပြီးစားနိုင်အောင်ငါကြိုးစားပေးပါ့မယ်..
ငါယူထားတာကျွန်မဟုက်ပါဘူး...
ကိုယ့်မိန်းမရဲ့လက်ရာကိုပဲအမြဲစားချင်မိတဲ့..
စိတ်ကလေးတစ်ခုပါ..

🍵နင်နဲ့ငါလက်ထပ်ကြတဲ့အခါ..
မီးဖိုချောင်ထဲမှာနေနေရလို့မငြီးငွေ့လိုက်ပါနဲ့..
ငါနင့်ကိုအကောင်းဆုံးဖြည့်စွမ်းပေးဖို့ပိုက်ဆံရှာနေတဲ့အခ်ျိန်..
ငါ့အတွက်အကေါင်းဆုံးဖြည့်ဆည်းပေနေရတာလို့ပဲမှတ်ပါ..
ဒီထဲချည်းနေရမယ်လို့ဘယ်သူပြောလဲ..
ငါနဲ့အပြင်သွားလို့..လက်ချင်းချိတ်ပြ်ီးပြုံးပျော်နေတဲ့သူဟာလည်း
မင်းအပြင်ဘယ်သူရှိနိုင်ဦးမလဲ...မင်းပဲပေါ့

🎄နင်နဲ့ငါလက်ထပ်ကြတဲ့အခါ...
အိမ်တွင်းအိမ်ပြင်လေးတွေ...ကြိုးစားပြီးသန့်ရှင်းပေးပါ
မြင်သူတကာမြင်လို့ငါတို့အိမ်လေးသန့်ရှင်းနေရင်
ငါမပြောလည်းမင်းလုပ်ထားတယ်ဆိုတာ..
အများသူငှါလက်ခံပြီး...မင်းကိုပဲချီးမွမ်းပေးကြမှာပါ
ငါယူထားတာအစေခံမဟုက်ဘူး...
သန့်ရှင်းမူကိုဖန်တီးပေးတဲ့...
မိန်းမကောင်းလေးငါရလိုက်တာပါ...

👔နင်နဲ့ငါနဲ့လက်ထပ်တဲ့အခါ...
ငါ့အဝတ်စားလေးတွေအားလုံး..မင်းပဲလျှော်ပေးပါ..
ငါအလုပ်လုပ်ရင်းဝတ်နေတဲ့အဝတ်စားလေးတွေကို
ငါချစ်တဲ့သူလျှော်ပေးမှ..ငါဝတ်ချင်တော့တာပါ
ငါယူထားတာအခိုင်းစေမဟုက်ရပါဘူး...
ယောက်ျားအကျိံမိန်းမလျှော်တာ...
ဒါက..တကယ်တော့သာမန်လုပ်ကလေးတစ်ခုရယ်ပါ...

💁နင်နဲ့ငါနဲ့လက်ထပ်ကြတဲ့အခါ...
နင့်ရဲ့ပါးမှာသနပ်ခါးလေးတွေလိမ်းခြယ်ပေးထားပါ..
ချောလို့ချစ်ခဲ့တာမဟုက်ခဲ့ရတဲ့အတွက်...
ထူးပြီးလှအောင်ပြင်ခိုင်းနေတာမဟုက်ပါဘူး...
ငါယူခဲ့တာ...မင်းသမီးမဟုက်ပေမယ့်...
မင်းအတွက်အလုပ်တွေလုပ်ရင်းပင်ပန်းနေတဲ့အခါ..
မင်းရဲ့ရိုးရှင်းတဲ့မျက်နှာလေးမှာ...သနပ်ခါးလေးထပ်လိမ်းထားတော့...
ပင်ပန်းထားသမျှလေးတွေ...ပြေပျောက်သွားတာပေါ့

👧နင်နဲ့ငါနဲ့လက်ထပ်ကြတဲ့အခါ...
မကျေနပ်တာရှိလို့စိတ်ဆိုးလာရင်..
လူကြားထဲဆိုသည်းခံပြီးတော့...ထိန်းပေးထားပါ..
အိမ်ကိုရောက်လို့...နှစ်ယောက်တည်းရှိတဲ့အခါ...
ဘာအတွက်စိတ်ဆိုးလည်း...ငါစပြီးမေးပေးပါ့မယ်
ငါယူထားတာ...ရန်သူမှမဟုက်တာ...
သူများတွေ..အပြစ်ပြောမှာကိုငါမခံချင်တာပါ..
စိတ်ပြေတဲ့ထိ......စိတ်ရှည်ရှည်နဲ့ချော့ပေးမှာပေါ့..

💰နင်နဲ့ငါနဲ့လက်ထပ်ကြတဲ့အခါ...
အိမ်မူကိစ္စလေးတွေကိုပဲ...ဦးစားပေးပြီးလုပ်ပေးပါ...
ယောက်ျားတွေနဲ့ယဉ်ပေါင်တန်းပြီးလုပ်မယ်ဆိုတဲ့..
မာနတွေ...မလိုအပ်ဘဲလုံးဝစိတ်ထဲမဝင်ပါစေနဲ့
ယောက်ျားကိုယှဉ်ပြီးအလုပ်လုပ်နိုင်တဲ့အခါ...
ကိုယ့်ဘာသာရှာစားလဲရတယ်ဆိုတဲ့အတွေးက..
ကိုယ်လေးစားပြီး..တန်ဖိုးထားရမယ့်ယောက်ျားကို..
မထီမဲ့မြင်ပြုစေတဲ့..နွေးထွေးမူတွေဖျက်စီးမဲ့အရာပါ..
ငါယူထားတာ...ခိုင်းစားဖို့မဟုက်ဘူးလေ...
ထာဝရအတွက်..ငါအလုပ်ကျွေးပြုဖို့ပါ...

🍴နင်နဲ့ငါနဲ့လက်ထပ်ကြတဲ့အခါ...
ငါ့မိသားစုလေးနဲ့...အဆင်ပြေအောင်...
လိုက်လျောညီထွေနေပေးပါနော်...
ငါယူထားတာငါ့အတွက်ဆိုပေမယ့်...
ငါ့ကိုချစ်သလို...ငါ့မိသားစုလေးက...
အမြတ်တနိုးတန်ဖိုးထားပြီး...ဝိုင်းချစ်ပေးကြတဲ့အခါ...
ငါကွဆိုပြီး...နင့်အတွက်လက်မလေးထောင်ပြချင်မိတာ..
ငါကလွဲဘယ်သူရှိနိုင်ဦးမှာတဲ့လဲ..

🍜နင်နဲ့ငါနဲ့လက်ထပ်ကြတဲ့အခါ...
နောက်မှအိပ်ပြီးစောစောထပေးပါ...
အိပ်ရေးတွေပျက်တယ်ဆိုပြီး...စိတ်မညစ်လိုက်ပါနဲ့..
ငါယူထားတာ..နိုးစက်လေးမှမဟုက်တာ...
ငါအိပ်တဲ့အချိန်ထိ...မင်းအပြုံးလေးကိုမြင်ချင်ပြီး..
ငါနိုးနိုးချင်း...မနက်စောတိုင်း..ပထမဆုံးစမြင်ချင်တာ..
ငါချစ်ရတဲ့...မင်းရဲ့မျက်နှာလေးပါ...

👣နင်နဲ့ငါနဲ့လက်ထပ်ကြတဲ့အခါ...
မင်း..လှမယ်ထင်သလောက်ဆင်မြန်းပါ...
မင်း..ဝမယ်ထင်သလောက်စားပါ...
မင်း..သွားချင်တဲ့နေရာတွေရှိရင်ပြောပါ...
ငါ့ရဲ့အဝေးကလွဲလို့ပေါ့...

ငါပိုင်ဆိုင်သမျှ...မင်းအတွက်တွေချည်းပါ။


0 comments:

Post a Comment