cross

cross

Monday, February 15, 2016

Life Hack (၁၅) ချက်

❖ လူတစ်ယောက်ကို အကူအညီ သေးသေးလေးတွေ တောင်းတယ်ဆိုရင် ဒီအကူအညီတောင်း သူဟာ သူ့ကို ယုံတယ်လို့ အတောင်းခံရသူ ဦးနှောက်ထဲမှာ ဖြစ်လာစေသတဲ့။ ဒီလိုဖြစ်လာတဲ့ အခါ ကိုယ့်ကို သူက နှစ်သက်လာတတ်တယ်တဲ့။ (ဥပမာ - ကိုယ်စိတ်ဝင်စားတဲ့ ကောင်မလေးကို ဓာတ်ပုံလေး ရိုက် ပေးပါလား လို့ အကူအညီတောင်းတာမျိုးဟာ ခင်မင်ဖို့ အစပျိုးလို့ အကောင်းဆုံး အခြေအနေ ဖြစ်လာ စေပါတယ်။)

❖ စကားဝိုင်းတစ်ခုမှာ ဦးဆောင်နိုင်သူ ဖြစ်ဖို့ဆိုရင် နာမည်လေးတွေကို သတိပြုမိအောင် အရင်လုပ် ပါ။ ပြီးရင် ကိုယ်စကားပြောလှည့်ရောက်တဲ့ အခါတွေမှာ သူတို့ နာမည်လေးတွေ ဖြည်းဖြည်းစီ ထည့် သုံး ပြီး အခေါ်အပြော အမေးအဖြေ လေးတွေ လုပ်ပေးပါ။ ဒါဆိုရင် ကျန်လူများရဲ့ ချစ်ခင် နှစ်သက် မှုကို ရရှိလာပါလိမ့်မယ်။

❖ လူတစ်ယောက်ကို စကားမှားစေ လိုရင် သူစကားပြောနေချိန်မှာ ဆံပင်တွေကို စိုက်ကြည့်ပါ။ ကြည့်နေရင်းနဲ့ ရွံရှာဟန် လုပ်ပြပါ။ ဒီလိုလုပ်တဲ့အခါ စကားတွေ ထစ်ငေါ့ပြီး မှားလာပါလိမ့်မယ်။

❖ လူတစ်ယောက် လိမ်မလိမ်သိချင်ရင် သူနဲ့ စကားပြောနေစဉ်မှာ မျက်လုံးတို့ကို စိုက်ကြည့်ပါ။ ဒီအခါမှာ လိမ်တဲ့လူဆိုရင် သူလိမ်နေတာကို ခင်ဗျားသိနေပါပြီဆိုတဲ့ အတွေးကို ဖြစ်ပေါ်စေမှာဖြစ်ပြီး စကားတွေ လွဲချော် လာပါလိမ့်မယ်။

❖ လူအများအာရုံစိုက်ခံရတဲ့ လူကို လုံးဝဥပေက္ခာ ပြုခြင်းအားဖြင့် ဒီလူရဲ့ စိတ်ဝင်တစား အာရုံစိုက် ခံရမှု ကို ပြန်လည် ရနိုင်ပါတယ်။ ဒါ့အပြင် သူက ခင်ဗျားကို စိတ်ဝင်စားမိလိုက်တဲ့အခါ သူ့ကို အာရုံစိုက်နေ တဲ့ အခြားလူတွေပါ ခင်ဗျားအပေါ်ကို သတိပြုမိလာတတ်ပါတယ်။

❖ လူတောထဲမှာ လမ်းသွားရင် ကိုယ်သွားမယ့်လမ်း တည့်တည့်ကိုပဲကြည့်သွားပါ။ ပတ်ဝန်းကျင် လူများ က ခင်ဗျားကို သတိပြုမိစေမှ ဖြစ် ပြီးတော့ သူတို့ရဲ့ မသိစိတ်က သူတို့ကို ခင်ဗျား သွားနေတဲ့ လမ်းကနေ ဘေးဖယ်ခိုင်းပါလိမ့်မယ်။

❖ ယုံကြည်ချက်ရှိတဲ့ ခြေလှမ်းတွေနဲ့ လျှောက်လိုသူတို့ဟာ ရင်ကိုဖွင့်လို့ ခါးကိုကော့ပြီး ခေါင်းမော့ လျှောက် လေ့ရှိပါတယ်။ ဒါ ဟာသကားထဲမှာပဲ အဆင်ပြေပါလိမ့်မယ်။ တကယ့် သဘာဝကျကျ ယုံကြည်ချက် ရှိသူ တစ်ယောက် လမ်းလျှောက်ဟန်က ခြေလှမ်းကျဲပြီး ပုံမှန်အရှိန်နဲ့ သွားလာလေ့ ရှိပါတယ်။ ကိုယ်သွားတဲ့ လမ်းတည့်တည့်ကိုပဲ အာရုံစိုက်တတ်သူ ဖြစ်ပြီး ဘေးပတ်ဝန်းကျင်ကို သိပ်ပြီး ဂရုပြုလေ့ မရှိပါဘူး။ ဒီလိုလျှောက်ဟန် ကျင့်ယူနိုင်မယ် ဆိုရင် လုံလောက်ပါပြီ။

❖ အလုပ်များများလုပ်ရတဲ့အခါ တွေ့ကရာ အလုပ်သိမ်းကျုံးလုပ်တာ ထက် ကြီးတဲ့ အလုပ်တွေကို အရင် ကိုင်တွယ်ပါ။ ဒါဆိုရင် အလုပ်ပါးလာလေလေ အားရှိလေလေ ဖြစ်နိုင်တဲ့ အတွက် အလုပ်အကုန် ပြီးဖို့ အဖြစ်နိုင်ဆုံး ပါ။

❖ လူအသစ် တစ်ယောက်နဲ့ စတင် မိတ်ဆက်တဲ့အခါ စကားနည်းနည်းကို အေးအေးဆေးဆေး ပြောပါ။ ဒီလိုပြောတဲ့အခါ တစ်ဖက်သားက ကိုယ့်အပေါ်ကို ယုံကြည်ချက် ရှိသူ တစ်ယောက်လို့  မြင်နိုင်မှာ ဖြစ်ပြီး နောက်ပိုင်း ပြောဆိုတဲ့ စကားတွေကို တလေးတစား သေချာ နားထောင် လာပါလိမ့်မယ်။

❖ လူတစ်ယောက် စကားပြောရင်း ရယ်မောနေပြီဆိုရင် သူကြည့်လေ့ ရှိတဲ့ လူကို သတိထားကြည့်ပါ။ အဲ့ဒါ ဒီလူရဲ့ အခင်ဆုံး သူငယ်ချင်း သို့မဟုတ် အခင်ဆုံး သူငယ်ချင်း ဖြစ်လိုသူ ပဲ ဖြစ်တယ်။

❖ မတ်တပ်ရပ်ရင်း လူတစ်ယောက်နဲ့ မျက်နှာချင်းဆိုင် စကားပြောနေပြီဆိုရင် ဒီလူ့ရဲ့ ခြေထောက်ကို သတိထား ကြည့်နေပါ။ ခြေထောက်ကိုယ့်ဘက်ကိုလှည့်ထားရင် သူကိုယ်နဲ့ စကားပြောတာ သက်တောင့် သက်သာ ရှိနေတာ ဖြစ်ပြီးတော့ မဟုတ်ရင်တော့ ဆန့်ကျင်ဘက်ပါ။

❖ ကိုယ်စိတ်ဝင်စားတဲ့ မိန်းကလေး တစ်ယောက်ကို တွေ့ရင် မျက်လုံးအရောင် ဘာအရောင်ဆိုတာ သေချာ စူးစမ်းပါ။ ဒီလို စူးစမ်းတဲ့ အတွက် သူနဲ့ မျက်လုံးကြာကြာဆုံနိုင်မှာ ဖြစ်ပြီးတော့ ဒီအပြုအမူက သူ့ကို ရင်ခုန်စိတ်လှုပ်ရှားစေမှာ ဖြစ်ပါတယ်။

❖ ကိုယ်အလုပ် လုပ်ရတဲ့နေရာက တန်းစီနေကြတဲ့ လူတွေ တစ်ယောက် စီကို ကိုင်တွယ်ဖြေရှင်း ပေးဖို့ ဆိုရင် ကိုယ့် အနောက် မှာ မှန်အကြီးကြီး တစ်ချပ် ထောင်ထားပေး လိုက်ပါ။ ဒါသူတို့အနေနဲ့ စိတ်မရှည်မှု တို့ကို လျော့နည်း လာစေ ပြီး သက်တောင့် သက်သာ ဖြစ်လာစေပါတယ်။

❖ တစ်စုံတစ်ဦးက ကိုယ့်ကို ကျူရှင်ဝိုင်းမှာ ဖြစ်ဖြစ် စာသင်ဝိုင်း မှာ ဖြစ်ဖြစ် အစည်းအဝေးမှာ ဖြစ်ဖြစ် ဆူတော့မယ် လို့ကြိုသိ နေခဲ့ရင် ဒီလူ့ အနားမှာ သွားထိုင်နေပါ။ ဒီလို ထိုင်လိုက်ခြင်း ကြောင့် တစ်ဖက်သား ရဲ့ ယုံကြည်ချက် ကို ယိုယွင်းသွားစေမှာ ဖြစ်ပြီး ကိုယ့်အပေါ် ပုတ်ခတ် ပြောဆိုနိုင် စွမ်း လျော့နည်းသွားပါ လိမ့်မယ်။

❖ သင့် အားနည်းချက်တွေကို သင်ထင်သလို လူတွေ လိုက် မကြည့် နေကြပါဘူး။ သင်မြင်သလိုလဲ လူတွေ မြင်လေ့ မရှိကြပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ စွဲဆောင်နိုင်မှုက သင်ထင်ထား တာထက်ကို ပျမ်းမျှ ၄၀% ပိုမို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။


0 comments:

Post a Comment