cross

cross

Saturday, February 15, 2020

Pain ဆိုတဲ့ နာကျင်မှုအ​ကြောင်း...

ကျွန်တော်တို့ရဲ့ဘဝမှာ 
နာကျင်မှုဆိုတာကတော့
လူတိုင်း ကြုံတွေ့ရပါတယ်....

အလုပ်ထွက်လိုက်ရတာ...
စာမေးပွဲကျတာ...
ချစ်သူနဲ့ လမ်းခွဲရတာ...
အိမ်ထောင်ရေး အဆင်မပြေတာ...
ကိုယ်ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတာ...
မျိုးစုံပါပဲ နာကျင်မှုကို ခံစားရပါတယ်...

လူတွေက 
နာကျင်မှုကို ခံစားရတယ်ဆိုတာ
အထူးအဆန်း မဟုတ်ပေမယ့်
အဲဒီနာကျင်မှုအပေါ်မှာ
ဘယ်လိုမျိုး တုန့်ပြန်သလဲဆိုတာကတော့
တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး...

တချို့ကတော့ နာကျင်မှုကို အသုံးချကြတယ်...
တချို့က နာကျင်မှုရဲ့ အသုံးချတာကို ခံကြရတယ်...

ဆားတစ်ဇွန်းကို ယူပြီး
ကော်ဖီတစ်ခွက်ထဲကို ထည့်လိုက်မယ်
ဒါဆိုရင် ကော်ဖီဟာ အရမ်းငန်နေမယ်...

အဲ့လိုမဟုတ်ပဲ ဆားတစ်ဇွန်းကိုပဲ
ရေအပြည့်ထည့်ထားတဲ့ စည်ပိုင်းထဲကို
ထည့်လိုက်မယ်ဆိုရင် ဆားရဲ့အရသာဟာ 
ပေါ်လွင်တော့မှာ မဟုတ်ပါဘူး..

နာကျင်မှုကလည်း အဲ့လိုပါပဲ... 
ကျွန်တော်တို့ ဘာနဲ့ခံယူသလဲဆိုတဲ့အပေါ်မှာ
အများကြီး မူတည်ပါတယ်...

တချို့ဟာ စာမေးပွဲကျတယ်
ဒီစာမေးပွဲကျတဲ့အထဲမှာမှ
တချို့ကတော့ မခံချင်စိတ်နဲ့ ကြိုးစားပြီးတော့ 
သူ့ဘဝမှာ အများကြီးဖြစ်ထွန်းသွားတာ ရှိကြတယ်...

တချို့က ဒီစာမေးပွဲကျတာဟာ
ဘဝရဲ့ ရှုံးနိမ်မှုအကြီးကြီးလို့ ခံယူပစ်တယ်
ဘဝကို အရှုံးပေးပြီးတော့ 
ပေတေလေလွှင့်သွားတဲ့သူတွေ 
အများကြီး ရှိတယ်...

နာကျင်မှုကတော့ အတူတူပါပဲ
ကိုယ်ဘယ်လို ခံယူသလဲဆိုတဲ့အပေါ်မှာ
မူတည်သွားပါတယ်...

ဘဝမှာ နာကျင်မှုတွေ ကြုံလာခဲ့မယ်ဆိုရင်
ကိုယ်က နာကျင်မှုကို အသုံးချတဲ့သူဖြစ်အောင် 
လုပ်မလား...?
ဒါမှမဟုတ်
နာကျင်မှုက ကိုယ့်ကို အသုံးချသွားတဲ့သူဖြစ်အောင် လုပ်မလား....?
စဥ်းစားဖို့ လိုပါတယ်....

Credit

0 comments:

Post a Comment