cross

cross

Friday, May 15, 2020

မင်းဟာ အမြင့်မှာနေရင် လေတိုက်ခံရမယ်အနိမ့်မှာနေရင် လှံစိုက်ခံရမယ်။

မင်းဟာ အမြင့်မှာနေရင် လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ်။

အလယ်မှာနေရင် မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်
ဘေးထွက်နေရင် မကောင်းပြောကြလိမ့်မယ်။

မင်းကမနေနိုင်လို့လုပ်ပေးတော့ 
အရူးထနေတာလို့ပြောကြမယ်
မင်းဘာမှမလုပ်ပဲနေတော့ 
မင်းကို ငပျင်းလို့ပြောကြလိမ့်မယ် ။

ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က 
ချီးမွန်းတဲ့စကားထက် မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မှားကွက်ကို စောင့်နေကြတယ် ။
မင်းအောင်မြင်နေတဲ့အချိန် မင်းကိုကပ်ဖားပြီး
မင်းကျရှုံးတဲ့အချိန် မင်းကိုနှာခေါင်းရှုံ့ကြလိမ့်မယ် ။ ။

မျက်နှာဖုံးစွပ်တွေများတဲ့လောကကြီးထဲမှာ
မိတ်ဆွေကောင်း အင်မတန်ရှားပါးတယ် ။ 

မင်းမှန်တယ်ထင်ရင် တကယ်လည်းမှန်နေရင်
ပတ်ဝန်းကျင်ကို မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။

မင်းစားနေတဲ့ထမင်းလုပ်အတွက်
မင်းကိုယ်တိုင် ကိုယ့်ဒူးကိုယ်ချွန်နေတာမို့
မင်းမှာ အဲ့လောက်တော့ မာန ရှိသင့်တယ် ။ ။

အထီးကျန်နေရလို့လည်း စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့ ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက ပိုကောင်းပါတယ် ။ ။

ရုန်းကန်လှုပ်ရှားရအကောင်းဆုံးအရွယ်မှာ
ဇိမ်ခံသက်သာတဲ့လမ်းကို မင်းမရွေးပါနဲ့
တစ်သက်လုံး ရေလိုက်ငါးလိုက်နေသွားဖို့က
လွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ 
မင်းအတွက်ခက်ခဲသွားလိမ့်မယ် ။ ။

Mahatma Gandhi ရဲ့အဆိုအမိန့်တစ်ခုရှိတယ်

" The future depends on what you do today "

" မင်းရဲ့အနာဂါတ်ဟာ 
မင်းဒီနေ့လုပ်ရပ်အပေါ်မှာပဲမူတည်ပါတယ် " တဲ့

ပြဿနာတိုင်းကို အပြုံးလေးနဲ့ဖြေရှင်းလိုက်
ပြုံးနေခြင်းက မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့် မဲ့ပြုံးတော့မဖြစ်စေနဲ့ပေါ့ ။ ။

မင်းပတ်ဝန်းကျင်ကလူတွေကြောင့် စိတ်မညစ်နဲ့
လူတိုင်းက ကိုယ်နဲ့ ထပ်တူမကျနိုင်ဘူးဆိုတာ
မင်းမမေ့နဲ့
မင်းရင့်ကျက်လာတာနဲ့အမျှ 
မင်းပတ်ဝန်းကျင်က မင်းကိုမုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာပြုသွားနိုင်မှာပါ.....။
credit#
photo crd#

0 comments:

Post a Comment