cross

cross

Sunday, November 22, 2015

တစ်ခါတုန်းကပေါ့နော်...

တခါတုန်းကပေါ့
တောအုပ်ကလေး တခုမှာပေါ့
ဥ ကလေး နှစ်ယောက် အဲလေ ... နှစ်လုံးပေါ့
လမ်းဆုံ တခုမှာ တလုံးကို တလုံးက တိုက်မိကြသတဲ့
အဲဒီအခိုက်အတန့်လေးမှာပဲ ဥ နှစ်လုံးဟာ နှလုံးတွေတုန် ရင်တွေခုန်ပြီး
တလုံး နှင့် တလုံး အပြန်အလှန် မေတ္တာ သက်ဝင်သွားကြသတဲ့
ဒီလိုနဲ့ သူတို့ နှစ်လုံးဟာ ချစ်သူတွေ ဖြစ်သွားကြသတဲ့
နှစ် ဥ သား မိုးမမြင် လေမမြင် နဲ့ ချစ်ကြတယ်
အတူတူ သွားလည်ကြတယ် ။ အတူတူ ကစားကြတယ် ။
ဒီလိုနဲ့ သုံးလ ကြာလာတဲ့အခါ မှာ ဥ နှစ် ဥ လုံးဟာ
အခွံတွေ တဖြေးဖြေးနဲ့ ကွဲအက်လာသတဲ့
အကောင်ပေါက်လာတော့မှာပေါ့ကွယ်
ဒီချိန်မှာ ဥ နှစ် ဥ ဟာ အချိန်တော်တော်ကြာမျှ တိတ်ဆိတ်ပြီး တွေဝေ
နေကြသတဲ့
ဘာ့ကြောင့်လဲဆိုတော့ တလုံး ကို တလုံး ဘာ ဥ မှန်းမသိကြလို့ပေါ့
အဲဒီအချိန် မှာ ဥ တလုံး က တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး
စကားစဆိုလိုက်သည်
❝ငါတို့ နှစ်လုံး တလုံးကို တလုံး နှစ်နှစ်ကာကာ ချစ်မိခဲ့ကြပြီပဲ❞
❝နင့် ဥ ကွဲသွားလို့ နင် ဘာကောင်ပဲဖြစ်နေဖြစ်နေ ❞
❝ငါ့ ဥ ကွဲသွားလို့ ငါ ဘာကောင်ပဲဖြစ်နေဖြစ်နေ ❞
❝ချစ်မြဲ ဆက်ချစ် သွားကြမယ်လေ❞ လို့ပြောလိုက်သည် ။
အခြား ဥ တလုံးက မျက်ရည်တွေ ဝဲပြီး ရှိုက်သံသဲ့သဲ့ဖြင့်
ခေါင်းကို တတွင်တွင်ကြီးသာ ငြိမ့်နေတော့သည် ။
နောက်နေ့တွင် ဥ နှစ်လုံးစလုံး ကွဲသွားပြီး အကောင်ပေါက်လေးထွက်
လာ သည် ။
ဥ တလုံးက ငှက် ဖြစ်ပြီး
နောက် ဥ တလုံးက မိကျောင်း ဖြစ်လေသည် ။
သူတို့ထားခဲ့တဲ့ ကတိစကား အတိုင်း
ချစ်မြဲဆက်ချစ်ကြသည်
တွဲမြဲဆက်တွဲကြသည်
တောအုပ်ထဲရှိ အခြားသော တိရစ္ဆာန် တွေက သူတို့အတွဲ နားမလည်
နိုင်အောင် ဖြစ်ကြသည် ။
ထိုအထဲတွင် ကဲ့ရဲ့ ကြသူများလည်းရှိသည် ၊ လှောင်ပြောင် ဟားတိုက်
သူများလည်း ရှိကြသည်။
အားပေးကြသူ များလည်း ရှိသည် ။
သူတို့ နှစ်ကောင်သား ကတော့ ဘာမှမမှု ချစ်မြဲ ဆက်ချစ်နေကြသည် ။
ဒီလိုနဲ့ သူတို့ နှစ်ကောင် ကြီးလာကြသတဲ့ ။
ငှက် က အတောင်ပံတွေ ပေါက်လာလို့ ကောင်းကင်မှာ ပျံဝဲ တတ်လို့
နေတာပေါ့ ။
မိကျောင်း ကလည်း ရေချောင်းထဲ ဆင်းပြီ ကူးခတ်သွားလာ နေတတ်ပြီပေါ့ ။
တနေ့ မိကျောင်းက ငှက်ကို ရေထဲဆင်းလာပြီး
သူနှင့်အတူ ရေဆော့ခိုင်းသည် ။
ငှက် က ဆော့ချင်သော်လည်း ရေမကူးတတ် ။
ဒီလိုနှင့် မိကျောင်းက ဝမ်းနည်းသွားသည်။
နောက်နေ့တွင် ငှက်က မိကျောင်းကို သစ်ပင်ပေါ်တက်လာခိုင်းသည်။
အတူတူ သစ်ကိုင်းလေးမှာ ထိုင်ပြီး နေဝင်ဆည်းဆာ အလှကို ခံစား ရ
အောင်လို့ပေါ့ ။
မိကျောင်း က ဘယ်တတ်နိုင်ပါ့မလဲ ။
ဒီလိုနှင့် ငှက်က ဝမ်းနည်းသွားပြန်သည်။
အဲဒီနောက်ပိုင်း သူတို့နှစ်ကောင် ဆက်ဆံရေးတွေ တဖြေးဖြေးနဲ့ အဆင်
မပြေမှုတွေ ရှိလာတာပေါ့ကွယ် ။
ငှက် က မိကျောင်းကိုခေါ်ပြီး ဝေဟင်ပြင်ပေါ်မှာ လွတ်လွတ်လပ်လပ်
ဝဲပျံရင်း ဘဝကို ဖြတ်သန်းချင်သည် ။
မိကျောင်း ကလည်း ငှက် ကိုခေါ်ပြီး သူ့ရေအောက် ကမ္ဘာမှာ ပျော်ပျော်
ရွှင်ရွှင် နဲ့ ကူးခတ်လူးလွန့်ပြီး ဘဝ ကိုဖြတ်သန်းချင်သည် ။
နှစ်ကောင် စလုံးရဲ့ ဆန္ဒ ဟာ မဖြစ်နိုင်ပါ ။
နှစ်ကောင်သား ရဲ့ ကမ္ဘာ ဟာ တူညီမှုမရှိတော့ပါဘူး။
တနေ့ ငှက်ဟာ မျက်ရည်ဝဲဝဲ ငိုသံပါပါနှင့်
❝ငါတို့မှာ ဆက်တွဲသွားဖို့အတွက် တူညီချက်ဆိုတာ မရှိတော့ပါဘူး ဟာ
လမ်းခွဲ ကြရအောင်နော် ❞
မိကျောင်း လည်း ဝမ်းနည်းစွာဖြင့် လက်ခံလိုက်လေသည် ။
သူတို့ နှစ်ကောင် တကောင်ကို တကောင် ချစ်နေကြပါသေးသည် ။
သို့သော် မဖြစ်နိုင်သော အခြေနေကြောင့်သာ ....... အတူတူမ
နေကြရတာပေါ့ကွယ်
↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝
ကျွန်တော်တို့မှာ အဆုံးသတ်မလှခဲ့တဲ့
အချစ်ဇာတ်လမ်းလေး ကိုယ်စီ ရှိခဲ့ဖူးကြမှာပါ
အတူတူနေ လိုက်ရမှ အချစ်စစ်လို့ ပြောလို့မရပါဘူး
တကယ်ချစ်ခဲ့ဖူးတဲ့အတွက်
ခေါင်းမော့ပြီး ပြုံးလိုက်ပါ
အနည်းဆုံးတော့
သင် ပိုင်ဆိုင်ခဲ့ဖူးတာပဲ မဟုတ်လား...?

                                                 အာက်တာရ်

0 comments:

Post a Comment