cross

cross

Friday, June 17, 2016

လစာကို ထိုင်စောင့်သော လူများ

A
.
.
ကျွန်တော်ရဲ့ ကျောင်းက Junior တစ်ယောက်ကျွန်တော်ကို မေးဖူးတယ်
“အကိုကျွန်တော့်အတွက် အလုပ်များရှိလား၊ ကျွန်တော်လုပ်နိုင်တဲ့အလုပ်
အမြဲတမ်းမဟုတ်တဲ့အလုပ် (သို့) Part-Time လိုမျိုးကိုလုပ်ချင်တယ်”
.
အဲ့ဒါနဲ့ ကျွန်တော်ချက်ချင်းအတွေးတစ်ခုရလိုက်တယ်
ကျွန်တော်တို့လူအများစုက အမြဲတမ်းမဟုတ်တဲ့အလုပ် (သို့)
Part-Time လိုမျိုးအလုပ်ကို လေးလေးနက်နက်မဟုတ်ပဲနဲ့
အလုပ်စမ်းတဲ့သူတွေအတွက်သင့်တော်တယ်လို့ထင်ကြတယ်
.
တကယ်ဆိုရင် ပြောင်းပြန်ဆန့်ကျင်ဖက်ဖြစ်နေပါတယ်
ဘာလို့လဲဆိုတော့ ဒီလိုအလုပ်လုပ်နိုင်ဖို့ တချို့က Full-Time လခစားထက်တောင်
ပိုပြီးတော့လုပ်နိုင်မှရမယ်
.
.
B
.
.
ကျွန်တော်ကတော့ Full-Time ရော Part-Time ရောလုပ်ဖူးတယ်
ဒါကြောင့် အဲ့ဒီနှစ်အုပ်စုဘယ်လောက်ကွားခြားမှုရှိလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်
ဒီအုပ်စုနှစ်ခုက တော်တော်ကို ကွာခြားပါတယ်ဗျ
.
Full Time လခစားအများစုက ပထမဆုံး လစာကို အရင်းစိတ်ဝင်စားပါတယ်
အလုပ်ဘယ်လောက်ကောင်းလုပ်ရမယ်ဆိုတာနောက်မှ
ဒါပေမဲ့ သူတို့က အရင်ဆုံး လစာ ဘယ်လောက်ပေးမှာလဲ ၊ ဘယ်နေ့မှာ ရမှာလဲ ဆိုတာ အရင်ဆုံးညှိတယ်
.
ဒါပေမဲ့ Part-Time လုပ်တဲ့သူတွေကဒီအချက်ကို နားလည်တယ်
အရင်ဆုံး အလုပ်ကိုကောင်းနိုင်သလောက်ကောင်းအောင်လုပ်ပြမှ နောက်နေ့ကျရင်လဲ အလုပ်ရှိမယ်
ပြီးတော့ လုပ်အားခကတော့ အလုပ်ကောင်းအောင်လုပ်နိုင်ရင် လုပ်အားခလဲ ကောင်းမယ်ဆိုတာသူတို့နားလည်တယ်
.
Full-Time လခစားတဲ့သူအများစုကတော့ ရုံးကနေ credit ဘာရမှာလဲ၊ ပိတ်ရက်ဘယ်နှရက်ရှိမှာလဲ ဆိုတာအရင် check လိမ့်မယ်
.
ဒါပေမဲ့ Part-Time သမားတွေက
ကိုယ့်ဘဝကို ကိုယ်ပဲတာဝန်ယူရမယ်ဆိုတာ နားလည်တယ်
အလုပ်တစ်ခုပဲအာရုံစိုက်တယ်
တခြားအရာတွေ သူ့ဘဝကို တာဝန်ယူပေးစရာမလိုဘူး
. Full-Time လခစားတဲ့သူအများစုကတော့ ကြာလာလေ ပြင်းလာလေပဲ
ပြင်းလာလေဆိုတာ အလုပ်လုပ်ရတယ်ပြင်းတယ်ကိုမဆိုလိုပါဘူး
ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်ဖို့ ပြင်းလာတတ်တယ် ကိုပြောတာပါ
ဘာနဲ့တူလဲဆိုတော့ လူတွေမွေးထားတဲ့ အိပ်လိုက်စားလိုက်လုပ်လို့ရတဲ့ ကျားလိုပေါ့
ဘာလို့လဲဆိုတော့ အခုလက်ရှိ ရထားတဲ့ ရာထူးက သူ့ဟာပဲ
ဘယ်သူမှ လာလုလို့မရဘူးလို့ထင်ပြီး တိုးတက်ဖို့သိပ်မလုပ်တာပါ
.
ဒါပေမဲ့ Part-Time သမားတွေက
တောထဲက ကျားနဲ့ တူပါတယ်
ဒီနေ့ အလုပ်လုပ်တာမကောင်းရင် နောက်နေ့ စားစရာရှိချင်မှရှိမယ်
ဒါကြောင့်အလုပ်တိုင်းကို သူတို့ အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်နိုင်အောင် ကိုယ့်ကိုကိုယ် တိုးတက်အောင်
ကြိုးစားရတယ်
.
ကျွန်တော်ရေးလာသမျှ အကုန်လုံးက Full-Time လခစားအားလုံးကိုဆိုလိုတာမဟုတ်ပါဘူး၊
ပြီးတော့ Part-Time သမားအားလုံးလဲ ဒီလိုဖြစ်တယ်လို့ဆိုလိုတာမဟုတ်ပါဘူး
Full-Time လခစားကောင်းတွေအများကြီးရှိသလို ၊ အလုပ်လုပ်တာ မကောင်းတဲ့ Part-Time သမားတွေလဲ အများကြီးရှိပါတယ်
.
.
C
.
.
Full –Time သမားတွေကို Part-Time လုပ်နိုင်ဖို့ သင်ပေးရတာကလဲ
Zoo ထဲက ကျားကို အမဲလိုက်နိုင်အောင်သင်ပေးရတာသလိုခက်ပါတယ်
.
အပြင်လောက က တစ်နေ့ ကိုသုံးနပ် မျက်နှာရှေ့မှာအဆင်သင့်မရှိပါဘူး
အပြင်လောက က လကုန်တဲ့ အချိန်မှာ လစာအဆင်သင့် စောင့်မနေပါဘူး
အဲ့လိုအပြင်လောကကို လူနဲစုပဲ နားလည်နိုင်ပါတယ်
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လူအများစုက
ကျောင်းကတည်းက ကျောင်းပြီးတာနဲ့ လခစားလုပ်ဖို့ သင်ပေးလိုက်တယ်လေ
အလုပ်လုပ်တာကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လကုန်တာနဲ့ သူတို့ လစာပေးလိမ့်မယ်
ကုန်ရင် နောက်လလဲ ပြန်ရမယ်လေ
ဒါကြောင့် လခစားဆိုတဲ့ အလုပ်က ကျွန်တော်တို့လူအများစု ရဲ့ အားကိုးရာနဲ့ ကျွန်တော်လွတ်ရာရုန်းနိုင်တဲ့နေရာဖြစ်သွားတာပေါ့
.
ဒါဆိုရင်
ကျားရိုင်းတစ်ကောင်ကို ရင်အောင်ဘယ်လိုလုပ်ရမှာလဲပေါ့
သေချာတာကတော့ ကျားကို သွားတွေဖျက် ၊ ခြေသည်းတွေညှပ်ပြီး လှောင်အိမ်ထဲ ထည့်ပိတ်ထားဖို့မလိုပါဘူး
ဒါပေမဲ့ အဲ့ကျားကိုနေ့တိုင်းအစာဝအောင်ပေးရုံပါပဲ
ကြာလာရင် အဲ့ကျားက တောထဲက လိုမျိုး အမဲလိုက်တာ မေ့သွားလိမ့်မယ်
နောက်ဆုံး လှောင်အိမ်ထဲ ထည့်မပိတ်တာတောင်မှ သူဒီနေရာကနေ ဘယ်မှထွက်မသွားဘူး
ကျွန်တော်တို့ လူတွေလဲတူတူပါပဲ
.
ကျွန်တော်နောက်တစ်ခါပြောပါရစေ
ကျွန်တော် လခစားအလုပ်မကောင်းဘူးလို့ပြောတာမဟုတ်ပါဘူး
ဒါပေမဲ့ ကိုယ့်ကိုကိုယ်လဲတိုးတက်အောင်လုပ်ဖို့မမေ့ပါနဲ့
( ငါက အလုပ်ကောင်းကောင်းလုပ်နိုင်သော Professional လခစားတစ်ယောက် )
( လစာကိုပဲ ထိုင်စောင့်တဲ့ လူမဟုတ်ဘူး ) ဆိုတာ မမေ့နဲ့ဗျ
.
.စာကတော့ ဒီလောက်ပါပဲ
အချိန်ပေးပြီး ဖတ်ပေးတဲ့အတွက်ကျေဇူးတင်ပါတယ်
အကျိုးရှိရင် ကိုယ့်သူငယ်ချင်းလဲ ဖတ်ရအောင် Share လိုက်ပါဗျ
ကိုယ့်ရဲ့ တစ်ချက်သော Share ကြောင့် မြင်တဲ့လူတစ်ယောက်က သူ့ဘဝ အကူအညီအများကြီရရင်ရနိုင်ပါတယ်
ကောင်းသောနေ့လေးဖြစ်ပါစေ။


0 comments:

Post a Comment