cross

cross

Friday, June 17, 2016

အလကားရတဲ့ အရာဆိုတာ လောကမှာ မရှိပါဘူး

သင်ခန်းစာ မပေးတဲ့
နာကျင်မှုဆိုတာလဲ မရှိပါဘူး
.
အလကားရတဲ့ အရာဆိုတာ လောကမှာ မရှိသလို
အလကား ပင်ပန်း ရတဲ့အရာ လဲလောကမှာ မရှိပါဘူး
.
.
ကျွန်တော်တို့ လူတွေက ကျရှုံး မှာ ကြောက်ကျတယ်
ဒါပေမဲ့
ကျရှုံးမှု နဲ့ အောင်မြင်မှု က ယှဉ်တွဲပြီးရှိနေ
တယ်ဆိုတာကို
သူတို့ နားမလည်သေးတာပါ
.
.
အလွန်ဆုံး ကိုယ်ကျရှုံးတာတောင်မှ
အတွေ့အကြုံ ရခဲ့တာပဲ
.
ပြီးတော့
၁- ဒီအရာမမှန်ဘူးဆိုတာ သိပြီလေ
ပြီးတော့ တခြားအလုပ်ပေါ်ပြောင်းကြိုးစား
လုပ်လို့ ရလိမ့်မယ်
အရာတစ်ခုကို လက်တွေ့ မလုပ်ကြည့်ပဲနဲ့
အောင်မြင်နိုင်တယ်ဆိုပြီး
ထိုင်တွေးနေရမှာထက်စာရင် လုပ်ပြီး ကျရှုံးတာ ကပိုပြီးခံသာသေးတယ်
မဟုတ်ဘူးလား
.
.
၂- ဒီတစ်ခါ မအောင်မြင်တာတောင်မှ
နောက်တစ်ခါအောင်မြင်အောင်ဘယ်လိုလုပ်ရမှာလဲ
ဘယ်မှာပြင်ရမှာလဲ ဆိုတာကျွန်တော်တို့ သင်ယူခဲ့ ရတာပဲ
.
.
ဘာနဲ့ ဥပမာ ပေးရမှာလဲ ဆိုတော့
ပထမ တစ်ကြိမ် သေနတ် ပစ်ရမယ့်
အချိန်မှာ
ကျွန်တော်တို့လဲ ကိုယ် မှန်နိုင်တဲ့ အတိုင်းအတာ ကိုမှန်းပြီးပစ်လိုက်မှာပဲ
မဟုတ်ဘူးလား
အကယ်လို့ ကိုယ်ပစ်လိုက်လို့ ဘယ်ဘက်စောင်းသွားရင်
ကျွန်တော်တို့ ညာဘက်ကို နဲနဲ ရွေ့ ပြီးတော့ ပြန်ပစ်မှာဘဲလေ
အဲ့လိုပဲ အရမ်းညာစောင်းသွားရင်
ခင်ဗျား ခလယ်ကို ပြန်ပြင်ပြီး ပစ်မှာပဲလေ
ကျွန်တော် ပြောတာမှန်တယ်ဟုတ်
.
.
ကျဉ်ဆံ တစ်လုံးတော့ သေချာပေါက်မှန်မှာပဲ
အကယ်လို့ ကျွန်တော်တို့သာကြိမ်ဖန်များစွာ ပစ်မယ်ဆိုရင်
(ပစ်ကွင်းက ပစ်မှတ်ကို ပြောတာနော် )
.
.
နောက်ဆုံးအနေနဲ့
ဘယ်လိုပဲဖြစ်ဖြစ်
ခင်ဗျားလဲကျတိုင်းမှာ
ခင်ဗျားအဲ့ဒီအရာကနေ တစ်စုံတစ်ရာ ရလိမ့်မယ်
.
.
လူအများစုပြောနေကျအတိုင်းပေါ့
အလကားရတဲ့ အရာဆိုတာ လောကမှာ မရှိပါဘူး
တကယ်ဆိုရင်
အလကားပင်ပန်းရတဲ့ အရာလဲ လောက မရှိပါဘူး
ပြီးတော့
လုပ်ရဲကိုင်ရဲတဲ့ လူက ကောင်းတဲ့ ဘဝကို ထာဝရ မပိုင်ဆိုင်နိုင်ဘူးဆိုရင်တာင်မှ
မလုပ်ရဲမကိုင်ရဲ၊ ဟိုဟာသတိထား ဒီဟာသတိထားဆိုတဲ့ လူကတော့
တစ်ခါမဘဝကောင်းကိုပိုင်ဆိုင်ရမှာမဟုတ်ဘူးဗျ
.
.
စာကတော့ပြီးသွာပါပြီဗျ
ကျွန်တော်လိုအပ်တဲ့ နေရာရှိကောင်းရှိလိမ့်မယ်
ဒီအတွက် ကျွန်တော် ပိုပြီးကြိုးစားပါ့မယ်
ဒါပေမဲ့ ကျွန်တော်တစ်ခုပြောချင်တာက
အဲ့ဒီလိုအပ်ချက်ကို အာရုံစိုက်နေမဲ့ အစား
ကျွန်တော်ရေးတဲ့ စာထဲ က ကိုယ့်ကိုအကျိုးရှိ
စေမယ့် အရာကိုပိုပြီးတော့
အာရုံစိုက်စေချင်ပါတယ်
အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်
ကောင်းသောနေ့လေးပိုင်ဆိုင်ကြပါစေဗျ 😊


0 comments:

Post a Comment