cross

cross

Friday, June 17, 2016

ကျောင်းက ငါ့ကို တစ်ခါမှမပြောဖူးဘူး

ကျွန်တော်သူငယ်ချင်းတစ်ယောက်
အိမ်ထဲ ကို ညည်းပြီးဝင်လာတယ်
ကျွန်တော့်ကိုလာလည်တာတဲ့
.
ကျွန်တော်သူငယ်ချင်းက
ပုံနှိပ်တိုက် တစ်ခုမှာ အလုပ်လုပ်တယ်
ဒါပေမဲ့ အဲ့ ပုံနှိပ်တိုက် က အလုပ်သမား အများကြီးကိုရုတ်တရက်အလုပ်ဖြုတ်လိုက်တယ်လို့သတင်းကြားတယ်
ပြီးတော့ ကျွန်တော်သူငယ်ချင်းလဲ အဲ့ဒီအလုပ်သမားထဲကတစ်ယောက်ပေါ့
.
“ဒီလိုမှန်း သိရင် မင်းနဲ့ စီးပွားရေးလုပ်ခဲ့ရင် ကောင်းသား”
(သူစိတ်ထဲ က မခံသာတဲ့ အကြောင်းကို ရင်ဖွင့်ဖို့ စကားစ လာတယ်)
.
ကျွန်တော်သိတယ်
သူစိတ်ထဲ ရှိတဲ့ စကားကို ရင်ဖွင့်ချင်တာပါ
ဒါပေမဲ့ သူတစ်ကယ်ကျွန်တော်နဲ့စီးပွားရေးလုပ်ချင်တာ မဟုတ်ဘူး
.
ဒါကြောင့် ကျွန်တော် ဘာမှမပြောပဲ နားထောင်နေတယ်
.
ကံကောင်းတာက သူ့အဖေအမေ ချမ်းသာတယ်
ရှင်းရှင်းပြောရရင် အလုပ်ပြုတ်လဲ သူ့အတွက်ဘာမှ ပူပင်စရာ မလိုဘူး
ဒါပေမဲ့ အခုက သူအလုပ်လုပ်တာ ကောင်းရဲ့သားနဲ့ အလုပ်ဖြုတ်တယ်ဆိုတော့
နဲနဲ မခံသာ သလိုဖြစ်နေတာပါ
.
“ငါ အ တာလေ ၊ အလုပ်ကို ငါတတ်နိုင်သလောက်၊ကောင်းနိုင်သလောက် ကြိုးစားပြီးလုပ်ပေးတယ်
နောက်ဆုံးကျတော့ ငါ့ကို အမိုက် ပစ်သလို ပစ်လိုက်တယ်”
(ပြောရှာပါတယ်)
.
တကယ်ဆိုရင် အလုပ်ဖြုတ်ခံရတာ
ကျွန်တော် သူငယ်ချင်းတစ်ယောက်ထဲ မဟုတ်ပါဘူး
ကျွန်တော် Google မှာရှာကြည့်ပါတယ်
(အလုပ်ဖြုတ်တယ်) ဆိုပြီး Search လိုက်တယ်
သတင်းက ၁၀ မျက်နှာ လောက်ထွက်လာတယ်
.
“ ငါ့ကို စာရွက်စာတမ်း ဌာန ကိုပြောင်းလိုက်တာထားပါတော့
လစာကိုလဲ အလုပ်သင်သမားနဲ့ အတူတူဘဲ
တစ်ဝက်လောက် လျော့လိုက်တယ်ဆိုတော့ လွန်တာပေါ့
လွယ်လွယ်ပြောရရင် သွယ်ဝိုက် နည်းနဲ့ငါ့ကို နှင်တာ”
.
“အကြောင်းပြချက်က စာအုပ်ဖတ်တဲ့လူမရှိဘူး
ဒါကြောင့် ရောင်းအားကျလို့မတတ်နိုင်လို့ပါတဲ့”
.
“ပြောရမယ် ဆိုရင်လဲ မှန်ပါတယ်
ဒီခေတ် အများစုက သတင်းစာ ဘယ်ဖတ်ကျတောမလဲ”
(သူ့ဟာ သူပြောနေတာ ၊ ကျွန်တော်က ဘေးမှာ )
.
ကျွန်တော် သူပြောတာကို ခေါင်းညိတ်ပြ ယုံပဲ လုပ်ပေးနိုင်တာ
ဘာပြောရမှန်း မသိလို့ပါ
ကျွန်တော်စိတ်ထဲမှာတွေးမိပါတယ်
ကျွန်တော် က ဘာပဲဖြစ်ဖြစ် တည့်တည့်ပဲ ပြောတတ်တဲ့ လူ
ကျွန်တော် မစဉ်းစားပဲ ပြောလိုက်ရင်
သူ့ကို ဆရာလုပ်ပြီး ဆဲသလိုဖြစ်မှာဆိုးတယ်
.
ဘယ်ယောကျာ်းလေးမှ သူတို့မမေးပဲနဲ့
ဆရာလုပ်တာ၊ အမိန့်ပေးတာကို မကြိုက်ဘူးဆိုတာ
ကျွန်တော်သိတယ် (ကျွန်တော်လဲ ယောကျာ်းလေးလေ )
အခုကျွန်တော်သူငယ်ချင်းရဲ့ အခြေအနေက
သူ့ကို သင်ပေးတဲ့ သူထက်
သူ့ကို နားထောင်ပေးတဲ့ သူကို လိုချင်တယ်ဆိုတာလဲ ကျွန်တော်နားလည်တယ်
.
( သူဆက်ပြောတယ် )
“ ကျောင်းက ဘာလို့ ဒီ Major တွေသင်ပေးသေးလဲ မသိဘူးဟာ
အသုံးမဝင်တော့ဘူးဆိုတာ မသိဘူးလား မသိဘူး ၊
လူဟောင်းတွေတောင် အလုပ်ဖြုတ်ခံရတယ်ဆိုတော့
အခုမှ ဒီ Major နဲ့ ကျောင်းပြီးတဲ့ လူက ဘာလုပ်စားမှာလဲ
ဘာလို့ သင်ပေးနေတာလဲ နားမလည်ဘူး
စီးပွားရေး ဈေးကွက်တောင် မလိုအပ်တော့ ပဲနဲ့”
.
နောက်ဆုံးတော့
ကျွန်တော်လဲ မခံနိုင်တော့လို့ သူကိုစိတ်ထဲရှိတဲ့ အရာဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်တယ်
“ကျောင်းက မင်း အလုပ်ပြုတ်မှာကို ဘယ်သိမလဲ
ဆရာ၊ဆရာမ လဲ သိမှာမဟုတ်ဘူး ၊ ဘာလို့ဘဲဆိုတော့
သူတို့ လဲ သူတို့ သိသလောက်ကိုသင်ပေးရတာပဲလေ
သင်ရိုးဟောင်းတယ် ၊ ငါတို့ သင်ရတဲ့ စာတွေကလဲ တည့်တည့်ပြောရရင်
လက်တွေ့ ဘဝမှာ ဘာမှအသုံးချလို့ မရဘူးဆိုပေမဲ့ လဲ
သူတို့ မင်းကို လှည့်စားတာ မဟုတ်ပါဘူး
သူတို့ မင်းလိုအလုပ်ပြုတ်တဲ့ အတွေ့အကြုံ မရှိသေးလို့ မသိတာပါ
ငါမင်းကို ဆဲတာ မဟုတ်ဘူးနော်
မင်းလဲသိပါတယ်
ပညာရေးစနစ်က ငါတို့ တစ်နိုင်ငံ ထဲမဟုတ်ပါဘူးဟာ
.
နိုင်ငံတော်တော်များများကလဲ အဲ့လိုပါပဲ
မင်းစဉ်းစားကြည့်လေ
ကျောင်းကပုံနှိပ် တစ်အုပ်ဖြစ်ဖို့ ဘယ်လောက်ထိ စည်းဝေးရလဲ
ပြီးတော့မှ ပုံနှိပ်ရိုက်ဖို့ ဆုံးဖြတ်ကြတယ်
ပုံနှိပ်ရိုက်တဲ့ ချိန်ကြပြန်တော့လဲ အဆင်သင့်ဖြစ်ဖို့ အချိန်ဘယ်လောက်ပေးရလဲ
လွန်လွန်ပြောရရင် အဲ့ပုံနှိပ်ရဲ့ သက်တမ်းက မင်းနှစ်ခါပြန် သေလို့ ရပြီ”
(စိတ်ပါလက်ပါ ပြောချလိုက်တယ်)
.
“ဒါကြောင့် မင်းသင်ရတဲ့ ပညာ ကလဲ အဆင်သင့်ဟောင်းနေတဲ့ အသိတွေပဲလေ
မင်းမှတ်မိလား
ငါတို့ ဓာတ်ပုံဆေး တဲ့ သင်တန်းတူတူတက်ဖူးတယ်ဆိုတာ
ဒါပေမဲ့ မင်းစဉ်းစားကြည့်လေ
.
အခုဘယ်သူသုံးလဲ
အဲ့ဒီပညာ
.
Bill Gates တစ်ယောက်ပြောဖူးတယ်
သူကျောင်းကနေဘာလို့ထွက်ရလဲဆိုတော့
သက်တမ်းကုန်တဲ့ အသိကို ထိုင်ပြီး ပညာသင်ရတာ
အချိန်ကုန်လို့တဲ့
( သူက သာမာန် လူမှ မဟုတ်တာ)
ကိုယ်သဘောကျတဲ့ အလုပ်မှာ အချိန်ကုန်ရတာပိုကောင်းတယ်တဲ့”
.
“ဒါပေမဲ့ သူက ကျောင်းတက်တာ မကောင်းဘူးလို့ပြောတာ မဟုတ်ဘူးနော်
ကျောင်းတက်သင့်လဲ တက်ရပါမယ်
.
ကျောင်းကသင်တဲ့ အရာတွေ က မင်း နဲ့ ငါ ကိုအတွေ့အကြုံကောင်းပေးနိုင်ရင်ပေးနိုင်လိမ့်မယ်
ဒါပေမဲ့ အပြင်က update ဖြစ်တဲ့ ဗဟုသုတ တွေ ပညာတွေ
အောင်မြင်ပြီးသားသူတွေရဲ့ အတွေ့အကြုံ ဗဟုသုတ ကပိုပြီးတော့ အရေးကြီးတယ်လို့ငါ ထင်တယ်”
.
ဒါကြောင့် မင်းဒီလိုပဲနေ့တိုင်း လွတ်လပ်နေတယ်ပေါ့ ( သူငယ်ချင်းကမေးတယ်)
.
“ဟုတ်တယ်
အခုငါကြိုက်သလို နေလို့ရတယ်
ဘာလို့လဲ ဆိုတော့
ငါသင်ယူလို့ ကျောင်းစာအပြင်
ငါခေတ်နဲ့လိုက်နိုင်အောင် သင်ယူတယ်
ငါနိုင်ငံတကာက အကြောင်းအရာတွေကို သင်ယူလို့”
.
“အမေရိကန် ကိုပဲကြည့်လေ
ငါတို့ကျောင်းတက်တဲ့အချိန်ကတည်းက
ဘာပဲ ဝယ်ဝယ် Online က ဝယ်လို့ရတယ်
စာအုပ်တွေလဲ Online မှတဆင့်ဝယ်လို့ရတယ်
စာအုပ်တစ်အုပ်ချင်း အိမ်တိုင်ရာ ရောက်ပို့ပေးတယ်
ဒါမှမဟုတ် ကွန်ပျူတာ ကနေဖတ်လဲရတယ်
(ကျွန်တော်ပြန်ဖြေလိုက်တယ်)”
.
(သူငယ်ချင်းက ပြုံးလိုက်တယ်)
“ဒါဆိုကျောင်းတက်တုန်းက ငါ့ကိုမပြောတာလဲ”
.
“ဟေ့ကောင် ငါမင်းကိုပြောတယ်လေ
နောက်ကျရင် ခလုတ်များများနဲ့ ဖုန်းက မရှိနိုင်တော့ဘူးလို့ငါပြောဖူးတယ်လေမင်းကို
မင်းငါ့ကို ယုံလို့လား?”
.
“ငါ နောက်ကျရင် စာပွဲမှာ တင်ထားရတဲ့ ကွန်ပျူတာတွေ ခေတ်နောက်ကျမယ်
ဘာလို့လဲဆိုတော့ လက်ကိုင်ဖုန်းက ကွန်ပျူတာ လိုအကုန်လုံး စွမ်းဆောင်နိုင်လိမ့်မယ်လို့ပြောတော့
မင်းငါ့ကိုဘာပြောလဲ
အရူးလို့ဆဲသေးတယ်မလား?”
.
“ပြီးတော့ ငါကျောင်းပြီးတာနဲ့ ပထမနှစ် ကတည်းက
ဘတ် ၁ သန်းရှာနိုင်အောင်အလုပ်လုပ်မယ်လို့ပြောတော့
ငါ့ကို မဖြစ်နိုင်တာ အိပ်မက်မမက်ပါနဲ့လို့ပြောတယ်လေ”
.
ဒါကြောင့်ငါတို့ကျောင်းပဲတက်ပြီးမယ်ဆိုရင်
အနာဂတ်ဒိုင်နိုဆောလိုပျောက်ဆုံးလိမ့်မယ်လို့ ပြောရင်မင်းငါ့ကို ယုံမှာလား”
.
သူငယ်ချင်းလဲ သဘောကျစွာ ရယ်နေတယ်
ပြီးတော့ဘာပြောလဲဆိုတော့
“ ငါနဲ့ဆရာမ လဲ မင်းကို Gallileo လိုမျိုး ဖမ်းထားမိမယ်ထင်တယ်”
.
“အေးပါဟာ
တကယ်ပြောရမယ်ဆိုရင်
အဲ့နေ့ ကဘယ်သူမှမသိဘူး
အခုလိုဖြစ်မယ်ဆိုတာ
အခုကျောင်းတက်နေတဲ့ Junior တွေလဲ အတူတူဘဲပေါ့”
(သူငယ်ချင်းက ပြောတယ်)
.
“မင်းလိုနဲနဲကောက်တဲ့သူကတော့ အရင်မြင်တယ်ထားပါတော့”
(ကျောင်းကတည်းက ကျွန်တော်ကိုအဲ့လိုပဲ ပြောတာပါ)
.
“ငါ့လိုကျတော့ လွယ်လွယ်ပဲတွေးလိုက်တယ်
ကျောင်းပြီးရင် ကိုယ်ရထားတဲ့ ဘွဲ့နဲ့အလုပ်ရရင် ဘဝပြီးသွားပြီလို့ ထင်ခဲ့တယ်လေ
တကယ်ဆိုမဟုတ်တာ
ခေတ်ကျော်သွားပြီဖြစ်တဲ့ စီးပွားရေးလဲ ပိတ်ဖို့အဆင်သင့်ဖြစ်နေတယ်
လခစားလဲ ကိုယ်ပိုင်စီးပွားရေးလုပ်သလို စိတ်မညိမ်ရဘူး”
.
ပြီးတော့သူငယ်ချင်းက
အသက်ပြင်းပြင်းရှူလိုက်တယ်
.
ပြီးတော့
“ငါအပြင်ကလောကကို မသင်ယူလို့ပါကွာ
ငါ့အပြစ်ပါ”
.
အဲ့ဒါနဲ့ ကျွန်တော်လဲနဲနဲ အားပေးလိုက်တယ်
“အေးပါကွာ
မင်းထက်ဆိုးတဲ့သူလဲ ရှိပါသေးတယ်”
.
“မင်းစဉ်းစားကြည့်လေ
မင်းပုံနှိက်တိုက်ကနေ အလုပ်ဖြုတ်ခံရတယ်ဆိုပေမဲ့
မင်းမျာနစ်နာကြေးရတယ်လေ
ဒါပေမဲ့ မင်းရဲ့စာဖတ် ပရိတ်သတ် က နစ်နာကြေးမရဘူး
မင်းမရှိတော့ ဘယ်လောက်စိတ်ဆင်းရဲရလဲဆိုတာ မင်းစဉ်းစားကြည့်လေ”
.
“အေးဟာ
ငါ့ကိုတော်တော် မျော်နေမှပဲ”
.
“အေးပေါ့
မင်းကိုတော်တော်သတိရနေမှာပေါ့
ဘာလို့လဲဆိုတော့
မင်းရေးတဲ့စာတွေထည့်ထားတဲ့ သတင်းစာစုပ် ကို
လာရောင်းတဲ့လူမရှိတော့ဘူးလေ
အဲ့တော့ သူတို့ ဝင်ငွေဘယ်လောက်ထိခိုက်လဲမင်းသိလား”
.
ကျွန်တော် သူငယ်ချင်း ၂-၃ မိနစ်လောက် တွေးလိုက်တယ်
ပြီးတော့
“ဟေ့ကောင် မင်းငါ့ကို ဆဲတယ်ပေါ့
ငါရေးတဲ့ စာက ပြည်သူအတွက်တကယ် အသုံးဝင်တဲ့ စာတွေပါကွာ”
.
ကျွန်တော်တို့လဲပြိုင်တူရီလိုက်တယ်
.
အကျဉ်းချုပ်
ကျွန်တော်ဒီနေ့ပြောချင်တာက
ကျောင်းကတော့ တက်သင့်ရင်တက်ရမှာပါ
မကောင်းဘူးလို့ကျွန်တော်ပြောတာမဟုတ်ပါဘူး
ဒါပေမဲ့ ကျောင်းတက်နေတဲ့အချိန်မှာလဲ အပြင်လောက ကိုလေ့လာပါ
လွတ်မထားပါနဲ့
ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အပြင်လောက မှာ ဘဝကိုရုန်းကန်ရမယ့်သူတွေပါ
.
အကျိုးရှိမယ်လို့မျော်လင့်ပါတယ်
ကောင်းသောရက်လေးဖြစ်ပါစေ😊


0 comments:

Post a Comment