cross

cross

Friday, June 17, 2016

ဈေးကြီးတာလား ဒါမှမဟုတ် ကိုယ်မဝယ်နိုင်တာလား

ဒါက Jim Rohn ရဲ့ စကားစုပါ
ကျွန်တော်အရမ်းကြိုက်တဲ့ စကားစုပါ
.
သူပြောတယ်
“ဈေးကြီးတယ် ဆိုတာ ပြသာနာ မဟုတ်ပါဘူး
ပြသာနာက ကျွန်တော်တို့ ပိုက်ဆံမသုံးနိုင်တာပါ”
.
လွယ်လွယ်နဲ့ ကျွန်တော်ပြန်ရှင်းပေးပါ့မယ်
.
အကယ်လို့ကျွန်တော်တို့ဝင်ငွေက တစ်လကို 150,000 ရတယ်ဆိုရင်
100,000 တန်တဲ့ အရာတစ်ခုကို အရမ်းဈေးကြီးတယ်လို့ပြောမှာပဲ
.
အကယ်လို့ကျွန်တော်တို့ဝင်ငွေက တစ်လကို 1,500,000 ရတယ်ဆိုရင်
100,000 တန်တဲ့ အရာတစ်ခုကို သာမာန်ပဲ လို့ခံစားရလိမ့်မယ်
.
ဒါပေမဲ့ အကယ်လို့ကျွန်တော်တို့ဝင်ငွေက တစ်လကို 15,000,000 ရှိတယ်ဆိုရင်
100,000 တန်တဲ့ အရာတစ်ခုကို ဈေးပေါတယ်လို့ ပြောမှာပါ
.
ကျွန်တော်တို့ ညည်းနေကျ ဈေးကြီးတယ်ဆိုတဲ့ စကားက
ကျွန်တော်တို့ကိုယ်တိုင်ယူရမယ့် တာဝန်ကို တခြားသူပေါ်မှာ လွှဲလိုက်သလိုဖြစ်နေလားလို့
ပြီးတော့ ကိုယ်ကိုတိုင် ကလဲဘာမှ မလုပ်တော့ပဲနဲ့
ဈေးကြီးတယ် ဈေးကြီးတယ် ဈေးကြီးတယ် ဆိုပြီး ထိုင်ပြီး ညည်းနေတတ်တယ်
.
တကယ်ဆိုရင် အဲ့ဒီဈေးကြီးတဲ့အရာကလဲ ဒီအတိုင်းရှိနေမှာပဲ
ကျွန်တော်တို့ ကိုယ်တိုင်က ဝယ်နိုင်အောင် လုပ်ရမှာလေ
သူများ(သို့) တခြားအရာကို အပြစ်မတင်ပါနဲ့
.
ကိုယ်ယူရမယ့်တာဝန်ကို တာဝန်ယူပါ
.
ဝင်ငွေမလောက်ဘူးမလား?
မဝယ်နိုင်ဘူးမလား?
.
ဒါဆို ဒီလိုလုပ်
ကိုယ်ကိုတိုင်ကို ဒီထက်ပိုတော်အောင်ကြိုးစားပါ
တခြားအသစ်အဆန်းတွေကို လုပ်ကြည့်ပါ
အပိုဝင်ငွေကို ကြိုးစားပြီးရှာပါ
.
ကိုယ်အခုဈေးကြီးတယ်လို့ပြောတဲ့အရာကို
ဈေးပေါလိုက်တာ လို့ပြောလို့ရအောင်ကြိုးစားပါ
.
ကောင်းသောနေ့လေးဖြစ်ပါစေဗျ
အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။


0 comments:

Post a Comment