cross

cross

Friday, June 17, 2016

ရေဆာတဲ့အချိန်ကျမှရေတွင်းတူးဖို့မကြိုးစားပါနှင့်

ဒီစကားစု ကို ကျွန်တော်အရမ်းသဘောကျလို့ပြန်ရှယ်ပေးတာပါ
.
.
ပြီးတော့ ကျွန်တော့် Mindset ကိုပြောင်းပေးတဲ့ စကားစုတစ်ခုလဲ ဖြစ်တယ်
.
.
“ရေမဆာခင် ရေတွင်းတူးထားပါ” တဲ့
.
ဘာကိုဆိုလိုချင်လဲဆိုတော့
အကယ်လို့ ရေဆာတဲ့ အချိန်ကိုစောင့်ပြီးမှ
ရေတွင်းတူးမယ်ဆိုရင်
အဲ့ဒီ အချိန်မှာ
ရေတွင်းတောင်တူးနိုင်ဖို့ အားရှိတော့မှာမဟုတ်ဘူး
နောက်ဆုံးကျတော့ ရေဆာပြီးသေရလိမ့်မယ်
.
.
အတူတူပဲ
အကယ်လို့ ကျွန်တော်တို့သာ စောင့် စောင့် စောင့် နေမယ်ဆိုရင်
.
.
အလုပ်ပြုတ်မှ ကိုယ့်ကိုကိုယ် တိုးတက်အောင် လုပ်ဖို့ ကြိုးစားမယ်
ကျန်းမာရေး မကောင်းတဲ့ အချိန်မှ အားကစား စလုပ်မယ်
ပိုက်ဆံ မရှိတဲ့ အချိန်မှ ချွေတာမယ်
ကျွန်တော်တို့ ချစ်တဲ့လူ မရှိတော့တဲ့ အချိန်ကျမှ သူတို့အတွက် အချိန်ပေးရေမှန်းသိတယ်
.
.
အဲ့ဒီအချိန်ကျတော့ အရာရာနောက်ကျသွားလိမ့်မယ်
ဘာနဲ့တူလဲဆိုတော့
ရေဆာနေတဲ့
ရေတွင်းတူးဖို့ အားမရှိတော့တာနဲ့တူတူပဲ
.
.
ဒါကြောင့်ဖြစ်နိုင်ရင်
ရေဆာမယ့်အချိန်ထိမစောင့်ပါနဲ့
အရာအားလုံးနောက်ကျတဲ့ အချိန်ကျတော့ မှ
ကြိုးစားဖို သတိမရပါနဲ့
.
.
ဒီနေ့ ကစပြီး ရေတွင်းကို အရင်စတူးထားပါ
ရေဆာတဲ့ အချိန်မစောင့်ပါနဲ့


0 comments:

Post a Comment