cross

cross

Saturday, April 9, 2016

Facebook ၏ နောက်ဆုံးရ စာရင်းအင်းအချက်အလက်များ

Facebook သည် မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ယက်တစ်ခုဖြစ်ပြီး ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ကောက်ယူသော စစ်တမ်းများအရ မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူ ၇.၁ သန်းကျော်ရှိလာပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စုမှာတော့ Facebook အသုံးပြုသူ၏ ၅၃ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး ၄၇ရာခိုင်နှုန်းမှာ အမျိုးသားများပင် ဖြစ်သည်။Facebook ပေါ်မှာ သင်လူတိုင်းကို ပိတ်ဆို့ (Block) လို့ရပေမယ့် Mark Zuckerberg ကိုတော့ Block လို့မရပါဘူး။ ယခုဖော်ပြပေးမယ့်အချက်အလက်တွေကတော့ Jeff Bullas Website က ထုတ်ပြန်လိုက်တဲ့ Facebook  အချက်အလက်(၂၁)ခု ပင်ဖြစ်ပါတယ်။

၁။ တစ်စက္ကန့်အတွင်းမှာ Facebook ကို အသုံးပြုနေတာ လူပေါင်း ၂သောင်းခန့် (၂၀,၀၀၀) ပင် ရှိပါတယ်။ဆိုလိုသည်မှာ ၁၈မိနစ်ကြာတိုင်း Facebook အသုံးပြုသူ ၁၁သန်းတောင် ရှိပါတယ်။

၂။ တစ်မိနစ်မှာ ပျမ်းမျှအားဖြင့် မိုဘိုင်းဖုန်းဖြင့် Facebook အသုံးပြုသူ လူပေါင်း ၄၈၆,၁၈၃ ယောက်ပင် ရှိပါတယ်။

၃။ Facebook အသုံးပြုသူ ၇၉% ရာခိုင်နှုန်းဟာ ဖုန်းဖြင့်အသုံးပြုကြပါတယ်။

၎။ နေ့စဉ် မိုဘိုင်းဖုန်းဖြင့် Facebook အသုံးပြုသူ ၇၄၅သန်းတောင် ရှိပါတယ်။

၅။ Facebook အကောင့်ပြုလုပ်သူ လူဦးရေဟာ တစ်နေ့တစ်ခြား တိုးတက်နေပါတယ်။ ၁၅မိနစ်ကြာတိုင်း Facebook အသုံးပြုသူ ၇,၂၄၆ ယောက် တိုးတက်နေပါတယ်။ ဆိုလိုတာက တစ်စက္ကန့်မှာ ၈ယောက်နှုန်း Facebook အကောင့်ဖွင့်နေကြပါတယ်။

၆။ ၁၅မိနစ်ကြာတိုင်း Facebook တွင် တင်လိုက်တဲ့ Status ပေါင်းဟာ  ၄၉သန်း (၄၉,၄၃၃,၀၀၀) တောင်ရှိပါတယ်။ တိတိကျကျပြောရရင် တစ်မိနစ်မှာ Status ၃သန်း Update ဖြစ်နေပါတယ်။

၇။ Facebook ပေါ်တွင် တစ်မိနစ်အတွင်းမှာ ပို့လိုက်တဲ့ Message စုစုပေါင်းက ၁သိန်းခွဲ (၁၅၀,၀၀၀) တောင် ဖြစ်ပါတယ်။

၈။ ဆယ်မိနစ်အတွင်းမှာတောင် Facebook ပေါ်မှာ ပို့လိုက်တဲ့ Friend Request ပေါင်းက  ၁သိန်း (၁၀၀,၀၀၀) ရှိပါတယ်။

၉။ တစ်မိနစ်အတွင်းမှာ နှိပ်လိုက်တဲ့ Like အရေအတွက်က ၅သိန်း (၅၀၀,၀၀၀) ဖြစ်ပါတယ်။

၁၀။  Facebook ရဲ့ ၀င်ငွေက တစ်နာရီကြာတိုင်း ဒေါ်လာ ၁.၄သန်း ရပါတယ်။

၁၁။ Facebook ကြော်ငြာဝင်ငွေရဲ့ ၇၃% ရာခိုင်နှုန်းခန့်ကို Mobile Advertising ကနေပဲ ရရှိပါတယ်။

၁၂။ Facebook ဟာ Mobile Advertising ကနေပဲ ဒေါ်လာ ၂.၅ ဘီလီယံ (၂,၅၀၀သန်း) ကို ၃လအတွင်း ရရှိပါတယ်။

၁၃။ Facebook အသုံးပြုနေသူတွေဟာ တစ်မိနစ်အတွင်းမှာ Share ကြတဲ့ Status အရေအတွက်က ၁.၃ သန်းတောင် ရှိသတဲ့။

၁၄။ ၂၀၁၄ခုနှစ် နိုဝင်ဘာလမှာ Social Bakers Website ရဲ့အဆိုအရ Facebook ပေါ်မှာ တင်တဲ့ ဗွီဒီယိုဖိုင်အရေအတွက်က YouTube ပေါ်မှာတင်တဲ့ ဗွီဒီယိုဖိုင်အရေအတွက်ထက်တောင် များပါသတဲ့လေ။

၁၅။ Facebook ဟာ ၂၀၁၄ခုနှစ်မှာ ဒေါ်လာ ၁၂.၄၇ ဘီလီယံ (၁၂,၄၇၀ သန်း) တောင် ၀င်ငွေရခဲ့ပါတယ်။ ဒါကတော့၂၀၁၃ခုနှစ်ထက် ၀င်ငွေထက်ပင် ၅၈ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပါတယ်။

၁၆။ Facebook အသုံးပြုသူတွေ တစ်နေ့အတွင်း တင်လိုက်တဲ့ ဓာတ်ပုံအရေအတွက်က သန်းပေါင်း ၃၅၀ တောင် ရှိပါတယ်။

၁၇။ Facebook အသုံးပြုသူတွေဟာ ပျမ်းမျှအားဖြင့် တစ်နေ့(၂၄နာရီ)လျင် ၂၁မိနစ်ခန့် Facebook ကို သုံးကြပါတယ်။

၁၈။ အမေရိကန်ပြည်ထောင်စုမှာတော့ ပင်စင်စားသက်ကြီးရွယ်အို (၆၀နှစ်-၆၅နှစ်) ရဲ့ ၃၅ရာခိုင်နှုန်းဟာ Facebook ကို အသုံးပြုကြပါတယ်။

၁၉။ လူလတ်ပိုင်း (၁၅နှစ်- ၃၄နှစ်) ရဲ့ ၆၆ရာခိုင်နှုန်းက Facebook ကို သုံးကြပါတယ်။

၂၀။ တစ်လအတွင်း Facebook ပေါ်မှ Game များကို လူတွေဆော့ကြတဲ့ နာရီအရေအတွက်က ၉၂၇သန်းတောင် ရှိပါတယ်။

၂၁။ Facebook နှင့်ချိတ်ဆက်ထားသော ဖုန်း Software Link က ၁ဘီလီယံ (၁,၀၀၀ သန်း) တောင် ရှိပါတယ်။

0 comments:

Post a Comment