cross

cross

Saturday, April 9, 2016

တစ်စုံတစ်ယောက်က သင့်ကိုကြိတ် Crush နေတဲ့အမူအယာများ

ယနေ့ခေတ်တွင် ကျွန်ုပ်တို့လူသားများသည် “အရိပ်ပြ အကောင်ထင်”၊”အပွေးမြင် အပင်သိ” ဟူ၍ လူ့လောက ဆက်ဆံရေးနယ်ပယ်တွင် ပါးနပ်မှုရှိရပေမည်။အချစ်ရေးနယ်ပယ်တွင်လည်း “လိုတာမရ ရတာမလို” မဖြစ်ရလေအောင် လူကဲခပ်နည်းကို ဖော်ပြပါမယ်။ အခုဖော်ပြမှာကတော့ တစ်စုံတစ်ယောက်က သင့်ကို ကြိတ်ပြီးချစ်နေတယ်၊ပိုးပန်းနေတယ်ဆိုတာ နှုတ်ကဖွင့်ဟ ထုတ်ဖော်မပြောဆိုသော်ငြား အမူအရာကို ကြည့်ပြီး အကဲခပ်နိုင်ပါတယ်။သင့်ပတ်ဝန်းကျင်မှ လူတစ်ယောက်ယောက်က အောက်ဖော်ပြပါအချက် (၁၀) ချက်ဖြင့် ကိုက်ညီနေပါက သင့်ကိုချစ်နေပါတယ်လို့ ဆိုချင်ပါတယ်။
၁။ အကြည့်
ရင်ထဲက ခံစားချက်တွေဟာ မျက်လုံးမှာ ပေါ်ပါတယ်။ တစ်စုံတစ်ယောက်က သင့်ကို ကြည့်တဲ့အကြည့်ထဲမှာ အချစ်ရည်ဖုံးလွှမ်းပြီး စိုက်ကြည့်တာတွေ၊အရောင်တောက်နေတာတွေ၊ကြင်နာတဲ့မျက်ဝန်းနဲ့ ကြည့်နေတာတွေဟာ သင့်ကိုချစ်ကြောင်း ဖော်ပြနေတဲ့ အချစ်သင်္ကေတတွေပါ။
၂. သင့်အကျိုးကို ကြည့်တယ်
သင်ကြိုက်တက်တဲ့ရုပ်ရှင်လက်မှတ် ၀ယ်ပေးတာမျိုး၊အသုံးအဆောင် လက်ဆောင်ပေးတာမျိုး၊သင်လိုချင်တဲ့ ပစ္စည်းကို ၀ယ်ပေးတာမျိုးတွေဟာ သင့်ကို ချစ်တဲ့အကြောင်း ဖော်ပြတဲ့အမူအရာတွေပါ။

၃။ သင့်ကို ပျော်စေချင်တယ်
လူတိုင်းဟာ ကိုယ်ချစ်ရတဲ့သူကို ပျော်စေချင်ပါတယ်။ သင်အခက်အခဲဖြစ်နေရင်၊အားငယ်နေရင် အနားမှာနေပြီး သင်အခက်အခဲတွေမေ့ပြီး ပျော်ရွှင်အောင် ဆောင်ရွက်ပေးနေတာဟာ သင့်ကိုတကယ်ချစ်လို့ပါ။သူဟာ သင်လိုသမျှ အရာရာကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားနေပါတယ်။
၎။ သင့်အလိုကို လိုက်တယ်
သင် ကြိုက်တက်တဲ့အစားအစာ၊သင် မြတ်နိုးတဲ့အ၀တ်အထည် စသဖြင့် သင့်ကိုဦးစားပေးပြီး ၀ယ်လာတာမျိုး၊သင် မျက်နှာတစ်ချက်ညှိုးသွားတာနဲ့ မနေတက်မထိုင်တက်ဖြစ်နေတာတွေဟာ သင့်ကိုချစ်နေပါတယ်လို့ အမူအရာနဲ့ပြလိုက်တာပါပဲ။
၅။ သင့်ကို ဂရုစိုက်တယ်။
သင် ပတ်ဝန်းကျင်နဲ့ အဆင်မပြေတာမျိုး၊မိသားစုနဲ့ ကတောက်ကဆဖြစ်တက်တာမျိုးတွေမှာ သင့်ကို ဂရုတစိုက်နဲ့ အလိုက်တသိ သင့်ဘေးမှာ နေပေးတာမျိုး၊သင် သွားလိုရာနေရာမျိုးမှာ ကိုယ်ရံတော်တပ်မှူးလေးသဖွယ် လိုက်ပေးတာမျိုးတွေဟာ သင့်ကိုတကယ်ချစ်တဲ့ မေတ္တာရှင်တွေပဲ စွမ်းဆောင်နိုင်တဲ့အရာတွေပါ။
၆။ ခံစားချက်ကို ရင်ဖွင့်ကြတယ်
လူတိုင်း လူတိုင်း ကိုယ်ချစ်တဲ့သူရှေ့မှာ အဆင်ပြေမှု၊မပြေမှု၊၀မ်းနည်းမှု၊၀မ်းသာမှု စတဲ့ လောကဓံရှစ်ပါးကို ရင်ဖွင့်ကြပါတယ်။ အဲလိုတကယ်ရင်ဖွင့်လာသူဟာ သင့်ကိုတကယ်သံယောဇဉ်ရှိလို့ပါ။
၇။ ယုံကြည်တယ်
တကယ်ချစ်တဲ့သူဟာ သင့်ကို  ယုံကြည်ပါတယ်။ အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ဖွင့်ပြောတက်တာမျိုး၊သူ့ရဲ့ ကိုယ်ရေးရာဇ၀င်ကို မချွင်းမချန်ဖွင့်ပြောတာမျိုးတွေဟာ သင့်ကိုတကယ်ချစ်နေလို့ပါ။
၈။ နားလည်ပေးတယ်
အချစ်ရေးမှာ နားလည်မှုဟာ အလွန်အရေးကြီးပါတယ်။ နားလည်မှုမပါတဲ့အချစ်ရေးဟာ လှော်တက်မပါတဲ့လှေလိုပါပဲ။ သင် ဘယ်လိုအပြစ်မျိုးပဲ ကျူးလွန်ပါစေ အမြဲတမ်းသင့်ကို မပြစ်မပြင်ဘဲ နားလည်ပေးပါတယ်။

၉။ သင့်ရဲ့ လက်ကတုံးတောင်ဝှေး ပါပဲ။
သင့်ကို တကယ်ချစ်တဲ့သူဟာ သင့်အတွက်အမြဲတမ်း အဆင်သင့်ပါပဲ။ ထမင်းဆိုလည်း ခူးပြီးသား၊ရေဆိုလည်း ခပ်ပြီးသား သင့်ရဲ့ကိစ္စအ၀၀ကို အပြုံးမပျတ်ဘဲ ဖြည့်ဆည်းပေးနေရင်တော့ သင့်ကို တကယ်ချစ်နေလို့ပါ။

၁၀။ အရိပ်တကြည့်ကြည့် ထားတယ်
သင့်ကို အရိပ်တကြည့်ကြည့်နဲ့ မငြိုမငြင်၊မတောင့်မတဖြစ်အောင် ထားနေရင်၊ သင် အမူအရာကို ကြည့်ပြီး ဘာသာပြန်နေတဲ့သူဟာ သင့်ကို တကယ်ချစ်နေလို့ပါ။

www.bustle.com မှ Bibi Deitz ၏ What Are The Signs Someone Loves You? 10 Little Ways Your Partner Says "I Love You" Without Saying It ကို ဘာသာပြန်ပါတယ်။

0 comments:

Post a Comment