cross

cross

Saturday, April 9, 2016

လေလည်ခြင်းအကြောင်း သိကောင်းစရာ

ပုံမှန်လေလည်ခြင်းမှာ နိုက်ထရိုဂျင် ၅၉ရာခိုင်နှုန်း၊ဟိုက်ထရိုဂျင် ၂၁ရာခိုင်နှုန်း၊ကာဗွန်ဒိုင် အောက်ဆိုဒ် ၉ရာခိုင်နှုန်း၊မီသိန်း ၇ရာခိုင်နှုန်း၊အောက်ဆီဂျင် ၄ရာခိုင်နှုန်း ပါဝင်ပါတယ်။ ကျွန်တော်တို့လည်လိုက်တဲ့လေထဲမှာ အနံ့ဆိုးထွက်ရခြင်းမှာ ၁ရာခိုင်နှုန်းခန့်သော ဟိုက်ထရိုဂျင် ဆာလ်ဖိုက် ပါဝင်ခြင်းကြောင့် ဖြစ်ပါတယ်။လေလည်ခြင်းဟာ လူတွေ၊တိရစ္ဆာန်တွေရဲ့ အူထဲမှာရှိတဲ့ အီကိုလီ (E-Coli) ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်လာတာပါ။သင်လည်လိုက်တဲ့လေဟာ ဟိုက်ထရိုဂျင်နဲ့မီသိန်းပါဝင်တာကြောင့် မီးတောက်နိုင်ပါတယ်။ လေလည်လိုက်တဲ့အပူချိန်ဟာ ၉၈.၆ ဖာရင်ဟိုက် (၃၇ ဒီဂရီစင်တီဂရိတ်) ခန့်ရှိပါတယ်။ သင်လေလည်လိုက်တာဟာ သင့်စအိုဝကနေ တစ်စက္ကန့်မှာ ၁၀ပေ (၃.၀၅မီတာ) အမြန်နှုန်းရှိပါတယ်။ ဒါကြောင့်ပဲ သင်လေလည်လိုက်လျင် အနီးနားရှိသူတွေ ချက်ချင်းအနံ့ဆိုးကို ခံစားရခြင်းဖြစ်ပါတယ်။
ပုံမှန်လူတစ်ယောက်ဟာ တစ်နေ့မှာ လေလည်လိုက်တဲ့ ပမာဏဟာ ၀.၅ လီတာ (၀.၁၃ ဂါလန်) တောင်ရှိပါသတဲ့။ အမျိုးသားတွေနဲ့အမျိုးသမီးတွေ လေလည်နှုန်းမကွာပါဘူး။ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့မှာ ၁၄ကြိမ်ခန့် လေလည်လေ့ရှိပါတယ်။ လူတွေဟာ အိပ်နေစဉ်မှာပင် လေလည်လေ့ရှိပါတယ်။လေအလည်ဆုံးသတ္တ၀ါကတော့ ခြ ဖြစ်ပါတယ်။ကုလားအုတ်တွေဟာ မြင်းကျားတွေထက်တောင် ပိုပြီးလေလည်ကြပါတယ်။ ပဲကြီးလှော်ဟာ လူတွေအတွက် လေအလည်နိုင်ဆုံး အစားအစာပါပဲ။ ဘာကြောင့်လဲဆိုတော့ ပဲကြီးလှော်မှာပါတဲ့ ကာဗွန်ဟိုက်ဒရိတ် အမျိုးအစားဖြစ်တဲ့ တစ်ချို့ Polysaccharide တွေကို လူ့ခန္ဒာကိုယ်က မချေဖျက်နိုင်ပါဘူး ပဲကြီးလှော်ထဲမှာပါတဲ့ ကာဗွန်ဟိုက်ဒရိတ်တွေဟာ အူအောက်ပိုင်းကိုရောက်လာတဲ့အခါမှာ ဘက်တီးရီးယားတွေကစားသုံးပြီး လေလည်စေပါတယ်။ လေ့လာမှုတစ်ရပ်အရ ယောက်ျားနှင့်မိန်းမဟာ အစားအသောက်တစ်ခုတည်းကို အတူတူစားသုံးခဲ့သည်ရှိပါစေ၊အမျိုးသမီးတွေဟာ ပြင်းထန်တဲ့ဓာတ်ငွေ့တွေ အမျိုးသားတွေထက်ပိုမိုပါဝင်တာကြောင့် အမျိုးသမီးတွေရဲ့အီးနံ့ဟာ ပိုမိုအနံ့ဆိုးပါတယ်။  တီကောင်၊ရေခူ၊ပင်လယ်သန္တာကျောက်တန်းတွေမှာရှိတဲ့ အနီမိုနီ (Anemone) ပိုးကောင်တွေဟာ စအိုမရှိတဲ့အတွက် လေမလည်နိုင်ကြပါဘူး။သင်ဟာ ၆နှစ်နဲ့၉လကြာ လေလည်ထားတဲ့ ဓာတ်ငွေ့တွေဟာ အဏုမြူဗုံးတောင် တီထွင်လို့ရလောက်အောင် ပြင်းအားရှိပါတယ်။ လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် သက်တမ်း ၃နှစ်ခန့်ကို အိမ်သာထဲမှာပဲ ကုန်ဆုံးလေ့ရှိပါတယ်။

0 comments:

Post a Comment