cross

cross

Thursday, March 17, 2016

အလုပ်ကိုချစ်ပါ ဒါပေမဲ့ ကုမ္မဏီ ကို အရမ်းကြီး မချစ်လိုက်ပါနဲ့


ဘာကြောင့်လည်း ?  ဆိုတော့ ကုမ္မဏီက သင့်ကိုချစ်နေမှာမဟုတ်လို့ပါ  ကျွန်တော်တို့တွေ လုပ်နေကြအလုပ်တွေကို ပင်ပင်ပန်းပန်းကြိုးကြိုးစားစား လုပ်ကိုင်နေကြပြီး ကိုယ်ပိုင်အချိန်တွေ မိသားစုကိုအချိန်ပေးဖို့တွေ တောင်မကျန် အောင်ကို အလုပ်လုပ်ကိုင်ကြပါတယ် ကိုယ်လုပ်နေတဲ့ ကုမ္မဏီ ကိုကိုယ်ချစ်ကြတယ် ဒါပေမဲ့ သင်ဘဝကိုပုံအောအပ်နှင်ထားတဲ့ ကုမ္မဏီ က သင့်ကို သင်ချစ်သလောက်မချစ်ဘူးဆိုတာ သင်သိပါ့မလားပဲ ဒါကြောင့်ကျွန်တော်တို့ နားလည်မှု့လေးလာယူလိုက်ကြရအောင်ပါ

"Love you job but don't love your company, because you may not know when your company stops loving you"  Dr. APJ Abdul Kalam
ညထမ်းနေ့ထမ်းဝန်ထမ်းနေကြတဲ့ ဝန်ထမ်းတွေအတွက်တွေးခေါ်စရာအတွေးအခေါ်လေးပါ ကုမ္မဏီအတွက်ကြိုးစားရုန်းကန်ရင်း ကိုယ့်ကို ကိုယ် ကြီးပွားတိုးတက်အောင်စွမ်းဆောင်နေတဲ့သူတွေ အနေနဲ့ နားလည်ထားရမဲ့ပြသနာကတော့ သင်ဖျားနာတဲ့အခါ ဘဝအခက်အခဲတွေနဲ့ကြုံတွေ့ လာရတဲ့အခါ  ကုမ္မဏီတွေက သင့်ကို တာဝန်ယူကူညီဖြေရှင်းပေးဖို့ တာဝန်မရှိပါဘူး ဒီအပြင်သင့်နေရာမှာသင့်ထက်တော်တဲ့ သူကို အစားထိုးဖို့ အမြဲအသင့်ပါ ဒါပေမဲ့သင့်မိသားစု သင်ချစ်တဲ့သူ နဲ့ သင့်ကိုကူညီပေးနေတဲ့မိတ်ဆွေ တွေ ကိုတော့ သင်ပြန်လည်ရှာဖွေ အစားထိုးလို့မရနိုင်ပါဘူး ဒါကြောင့်အကြံပေးလိုတာ က သင့်လုပ်ငန်းကို ချစ်တာကတော့ ချစ်ပါ ဒါပေမဲ့ ကုမ္မဏီကြီးကို အသဲအသန်ကြီးမချစ်နေမိပါစေနဲ့  အလုပ်ထဲမှာပဲ အချိန်ဖိပေးမနေမိပါစေနဲ့ အိပ်ပြန်ဖို့ အချိန်ပေးပါ အချိန်မှန်အိမ်ပြန်ပါ ကုမ္မဏီကိုပဲ အချိန်တွေအားလုံးနီးပါ ပုံအောပေးမနေပါနဲ့ ဘာကြောင့်လည်းဆိုရင် ဒီအကြောင်းအရာလေးတွေ ကြောင့်ပါ
..................
၁. အလုပ်ဆိုတာ ဘယ်လောက်လုပ်လုပ်မကုန်နိုင်မပြီးဆုံးနိုင်တဲ့ အရာမို့ပါ (Never-ending process) သင်ဒီညဘယ်လောက်ကုန်အောင်ကြိုးစားပြီးလုပ်လိုက်ပါစေနောက်တစ်နေ့ သင့်ကိုနောက်တစ်လုပ် ကစောင့်ကြိုနေမှာအသေအချာပါပဲ
...............
၂. ဖောက်သည်နဲ့ ဧည့်သည်တွေမြောက်များစွာ ကိုဂရုစိုက် တာဟာကုမ္မဏီအတွက် ကောင်းမွန်တဲ့အရာပါပဲ ဒါပေမဲ့ သင့်မိသားစုကိုဂရုစိုက်တာဟာလည်း အင်မတန်အရေးကြီးတဲ့အရာပါ ပြီးတော့ သင်သာလျှင် လုပ်ဆောင်နဲ့ အရာပဲ ဖြစ်ပါတယ်
...............
၃.သင့်မှာ အချစ်ရှိလာတဲ့အခါ ဒါမှမဟုတ် ဘဝပြသနာတွေ ကြုံလာတဲ့အခါ ကုမ္မဏီ ဟော်တယ်  CEO, Director ဥက္ကထ သင်ချစ်လှစွာသောဖောက်သည်  အစရှိတဲ့ သူတွေက သင့်ဘဝအခြေအနေဘဝပြသနာတွေ ကိုစိတ်ဝင်စားကြမှာမဟုတ်ပါဘူး ဒါပေမဲ့သင့်ကိုကူညီပေးနေမှာက သင့်ရဲ့မိတ်ဆွေတွေ သူငယ်ချင်းတွေနဲ့မိသားစုဝင်တွေမျှသာပါပဲ
..............
၎.ဘဝဆိုတာ အလုပ်တစ်မျိုးတည်း ခေါင်းဆောင်နဲ့ ဖောက်သည်တွေလောက်ပဲ ရှိနေတာမဟုတ်ပါဘူး ပတ်ဝန်းကျင်နဲ့ဝင်ဆန့်အောင်လုပ်တာ လူတွေနဲ့ဆုံတွေ့ဆက်ဆံတာတွေ အနားယူတာတွေ လေ့ကျင့်ခန်းလုပ်တာတွေ တာတွေ ကလည်းဘဝရဲ့အရေးပါတဲ့ အစိတ်အပိုင်းတွေ လုပ်ငန်းတွေပါပဲ သင့်ဘဝကို လစ်ဟာနေအောင်ပစ်မထားလိုက်မိပါစေနဲ့
သင့်ကုမ္မဏီ ကသင့်အလုပ်ချိန်နောက်ပိုင်းသင့်ဖက်ကလာရပ်တည်ပေးနေအုန်းမှာမဟုတ်ပါဘူး
...............
၅.ကုမ္မဏီတွေက ညသန်ခေါင်ကျော်ထိအချိန်ကျော်တဲ့အထိ လုပ်ပေးနေတတ်တဲ့ အလုပ်သမားကို ကြိုးစားတဲ့သူတစ်ယောက်အဖြစ်အနေနဲ့ ပိုပြီးမြင်ပေးမှာမဟုတ်ပါဘူး  ဒါပေမဲ့ သတ်မှတ်ချိန်အတွင်းပြီးစီးအောင်မလုပ်ဆောင်ပေးနိုင်ရင်တော့ သင့်ကို အရည်အတွေးမရှိတဲ့အလုပ်သမား အဖြစ်  သတ်မှတ်မှာပါ
.................
၆.သင့်မှာအလုပ်တွေ ပုံနေပြီး ညနက်တဲ့အထိအမြဲအလုပ်လုပ်နေရရင် သင်မလုပ်နိုင်လို့ အစွမ်းအစမရှိလို့မဟုတ်ပါဘူး ဒါပေမဲ့ သင့်ခေါင်းဆောင် ကိုကစီမံခန့်ခွဲမှု့မှာ  အသုံးမကျ အရည်အချင်းမရှိတာကြောင့်ပါ သင့်လိုလူ ကို အဲ့လိုရာထူးပေးထားမိလို့ ပေါ့
...................
ကျွန်တော်တို့တွေ ဟာလူသားတွေပါ စက်ရုပ်မဟုတ်ကြပါဘူး 
ဒါကြောင့်ကျွန်တော်တို့ ဘဝတွေ ဟာအလုပ် တွေပြီးစီးအောင် လုပ်ဖို့ နဲ့ လစဉ်ရမဲ့ လစာလေးနဲ့လဲလှဲ  ဖို့တွေ အပြင် အခြားအရာတွေ အများကြီးလိုအပ်ပါတယ် သင်ဘယ်လောက်ပဲ အလုပ်ကြိုးစားနေပါစေ  ညနက်သန်ခေါင်ထိ လုပ်နေပါစေ တစ်နေ့နေ့ သင့်ခန္တာက အိုနာ မကျန်းမာ လာတဲ့ အခါ အလုပ်သွားမလုပ်နိုင်တော့တဲ့ အခါ 
သင့်ဘေးမှာအမှန်တကယ်နေပေးမှာက ဘယ်သူများ ဖြစ်မှာမို့ လဲ ခင်ဗျာ ။
................


0 comments:

Post a Comment