cross

cross

Thursday, April 7, 2016

အမျိုးသမီးများကျူးလွန်လေ့ရှိသည့် ပြစ်မှုများ

အမျိုးသမီးများကျူးလွန်လေ့ရှိသည့် ပြစ်မှုတစ်ရပ်မှာ"ခင်ပွန်းအမျိုးသား၏ အိမ်ယာကို စွန့်ခွာခြင်း" ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်သည် အိမ်မက်တို့ အားလုံးကို ထိုအရှင်၏ အမိန့်တော်ကို နာခံရန်နှင့်တမန်တော်မြတ်{ဆွ}၏ အမိန့်တော်ကိုလည်းနာခံရန်မိန့်ထား တော်မူပါတယ်။ အဲဒီအပြင် အိမ်မက်တို့ ရဲ့အကြီးအကဲများ၏ အမိန့်ကိုလည်း နာခံမှုပြုရန်မိန့်ထားတော်မူပါတယ်။ အကြီးအကဲဟုဆိုရာ၌ခင်ပွန်းအမျိုးသား များသည်အဆိုပါအမိန့်တော်၌ပါဝင်ပါ တယ်။ ခင်ပွန်းအမျိုးသား၏ အမိန့်ကို နာခံခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံရာရောက်ပါတယ်။ မွတ်စလင်မ်အမျိုးသမီးများအနေဖြင့် မိမိတို့၏ ခင်ပွန်းအမျိုးသားများနှင့် စပ်လျဉ်း၍ မည်ကဲ့သို့ တာဝန်များရှိနေ သည်ကို သိရှိထားဖို့လိုအပ်ပါတယ်။

رَبَّنَاآتِنَافِى الدُّنْيَا حَسَنَةَ وَفِى الآْخِرَةِ حَسَنَةً وَّقِنَاعَذَاب النَّارِ.

ဒီအာယသ်တော်နှင့်စပ်လျဉ်း၍ အချို့ အာလင်မ်ပညာရှင်များက 'ဟစနဟ်' ၏ အဓိပ္ပာယ်ကို"ကောင်းမြတ်သောဇနီး မယား" ဟုဖွင့်ဆိုကြတယ်။ကောင်းမြတ် သော ဇနီးမယားဆိုတာက • • •

၁။ခင်ပွန်းမရှိခိုက် ခင်ပွန်း၏ ဥစ္စာပစ္စည်း နှင့်မိမိ၏ ကာအိနြေ္ဒကိုထိန်းသိမ်းသူဖြစ် တယ်။

၂။ခင်ပွန်းပြန်ရောက်လာသည့်အခါသူမကိုတွေ့မြင်ပြီးပျော်ရွှင်သွားစေရမယ်။

၃။ခင်ပွန်း၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးသူဖြစ်ရမယ်။

၎။အကယ်၍ ခင်ပွန်းက အမိန့်ပေးလာ သည့်အချိန်လိုက်နာသူဖြစ်ရမယ်။ထိုကဲ့ သို့ ဇနီးအမျိုးသမီးသည် ခင်ပွန်း၏ နှစ်မြို့မှုကို ရရှိသလို အလ္လာဟ်အရှင် မြတ်၏ နှစ်မြို့မှုကိုလည်း ရရှိသူဖြစ်လေ မယ်။

တမန်တော်မြတ်{ဆွ}မိန့်ခြွေတော်မူ သည်မှာ • • •

اذاباتت المر أة هاجرة فراش زوجها لعنتهاالملا ءكة حتى تصبح.

"မည်သည့်အခါ ဇနီးအမျိုးသမီးသည် ခင်ပွန်း၏ အိပ်ယာကို စွန့်ခွာ၍ ညကုန်ဆုံးခဲ့မည်ဆိုပါက မလာအိကဟ် ကောင်းကင်တမန် တို့က နံနက်ချိန်ထိ သူမအား {လအ်နသ်}ကျိန်ဆဲတော်မူ၏။"

                       ဗုခါရီ /မွတ်စလင်မ်
                     °°°°°°°°°°°°°°°°°°°
အင်မ်ရာန် ဗင်န် ဟုသွာန် အမည်ရှိ ပုဂ္ဂိုလ်တစ်ဦးသည် ရုပ်ရည်ချောမော လှပသည့် အမျိုးသမီးတစ်ဦးနှင့် {နိကာဟ်} ထိမ်းမြားခဲ့လေသည်။ ၎င်းကိုယ်၌ကမူ အမျိုးသမီးများ နှစ်ခြိုက်သည့် ရုပ်ရည်မျိုးမရှိချေ။ ဒါနဲ့ တစ်နေ့ ခင်ပွန်းဖြစ်သူက ဇနီးသည်အား
اِنِّىْ وَاِيَّاكِ فِى الْجَنَّةِ اِنِ شَاءَاللّٰه.
"ကျွန်ုပ်နှင့် ရှင်မနှစ်ဦးစလုံး အင်န်ရှာအလ္လာဟ် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရပေမည်"ဟုပြောကြားရာ ဇနီးက "ဘာကြောင့် ဒီလိုပြောဆိုရပါ သလဲ"ဟုမေးမြန်းလေ၏။ ထိုအခါ ခင်ပွန်းက • • •
اِنِّىْ اُعْطِيْتُ مِثْلُكِ فَشَكَرْتُ ، وَأُعْطِيْتِ مِثْلِىْ فَصَبَرْتِ.

"ကျွန်ုပ်အနေနှင့် သင်မကဲ့သို့ ရုပ်ရည် ချောမောလှပသည့် မိန်းကလေးနှင့် ထိမ်းမြားခွင့်ရခဲ့သည့်အပေါ် "ရှုကူရ်" ကျေးဇူးတင်လေ့ရှိပြီး "အသင်မက လည်းကျွန်ုပ်ကဲ့သို့ ရုပ်ဆိုးသည့် ခင်ပွန်း နှင့်အိမ်ထောင်ဖက်ဖြစ်ခဲ့သည့်အပေါ် {ဆွဗရ်}မျိုသိပ်တရားထားခဲ့သောကြောင့်{ဆွဗရ်} နှင့် {ရှုကူရ်}နှစ်ရပ်စလုံး သည် ဂျန္နသ်သုခဘုံသို့သွားရာ အရည် အချင်းကောင်းများဖြစ်ကြောင်း ခင်ပွန်း ကဇနီးအားပြောကြားလိုက်လေသည်။"
ဒါကြောင့် ခင်ပွန်းဖြစ်သူများအနေနှင့်က လည်းမိမိတို့၏ ဇနီးမိန်းမများကို ချစ်စိတ်တိုးစေမည့် စကားများနှင့် ဆွဗရ်တရားထားရှိရန် ဆုံးမနေရပါမယ်။ အမျိုးသမီးများအနေနှင့် နိကာဟ် ထိမ်းမြားမှုပြုပြီးနောက် ခင်ပွန်းသည် ချောင်လည်စွာထားမည်ဆိုပါက(ရှုကူရ်) ကျေးဇူး သိတတ်သူဖြစ်ပြီး အခြေအနေ အရပ်ရပ်ကြောင့် ကျပ်တည်းစွာနေထိုင် ရသည့်အခါ (ဆွဗရ်) မျိုသိပ်တရားထား ရှိသူဖြစ်ရမယ်။ ဆင်းရဲကြပ်တည်းသည့် အချိန် ခင်ပွန်းအပေါ်စိတ်ကောက်ငြိုငြင် သူမဖြစ်ရဘဲl ချောင်လည်သည့်အခါ၌ လည်းအသုံးအဖြုန်းကြီးသူမဖြစ်စေရပါ ဘူး။ ဒါမှ တစ်ဦးနှင့်တစ်ဦးနားလည်မှုရှိ မည်ဆိုပါက အဲဒီ အိမ်ထောင်ရေးဟာ သာယာချမ်းမြေ့သည့် အိမ်ထောင်ရေး ကိုမလွဲမသွေဖြစ်သွားပါမည်။

အိမ်ထောင်ရှင် အမျိုးသား/အမျိုးသမီး များအားလုံးလိုက်နာကျင့်သုံးနေထိုင်နိုင် ကြပါစေ။

0 comments:

Post a Comment