cross

cross

Thursday, March 17, 2016

“ကျရှုံးမှု့တွေကို စွဲလမ်းနေစေတဲ့ အကျင့် ၁၀ချက် ”

၁.ကြီးမားတဲ့ စိတ်ကူးယဉ်အိပ်မက်ထဲမှာ ဦးတည်ချက်မရှိ လက်တွေ့လုပ်ဆောင်ချက်မရှိပဲ မျောလွင့် အကျင့်ပါခြင်း
လိုလားချက်တွေ ဆိုတာ အချိန်ကန့်သတ်ချက်မထားရှိပဲ သေချာရေရာတဲ့ ရည်မှန်းချက်ပန်းတိုင်မထားရှိ ဘူးဆိုရင် အိပ်မက်က အိပ်မက်မျှသာပဲဖြစ်နေမှာ တည်ရှိနေအုန်းမှာဖြစ်ပြီး ဘဝမှာ စိတ် ကူးယဉ်မှု့တွေနဲ့သာပြည့်နက်နေမှာပါ နေ့စဉ်နဲ့ အမျှ ကိုယ့်စိတ်ကူး နဲ့ ကိုယ့်ကို ကိုယ်ပြန်လိမ်ညာနေရင်း တစ်ရက်ပြီးတစ်ရက်သာကုန်ဆုံးသွားမှာပါ ..
...................
၂.တစ်ပါးသူရဲ့အတွေးအတိုင်းဘဝကိုရှင်သန်ခြင်းမှာအကျင့် ပါခြင်း
ဘဝမှာအရေးကြီးတဲ့အရာတွေ ဆုံးဖြတ်ရတော့မဲ့ အခါ တစ်ပါးသူရဲ့ အမြင် အတွေးကိုသွားမေးသွားအားကိုး တာတို့ ဒါမှမဟုတ်သူတစ်ပါးကိုအလိုလိုက်ပြီး ဆုံးဖြတ်ပေးလိုက်ရတာတို့ စတာတွေဟာ..သင့်ကိုသင် စိတ်ဓါတ်ခိုင်မာ အောင်တည်ဆောက်ရတော့ မှာပါ ဘာကြောင့်လဲဆိုတော့ဘယ်သူမှ သင့်ကိုယ်သင်လောက် သင့်ဘဝအကြောင်းကိုပိုပြီး မသိနိုင်ပါဘူး ဘယ်သူမှ ကိစ္စအကြောင်းအရာအသီးသီးမှာလာပြီး သင်ကိုယ်သင်လောက်ကောင်းအောင်မဆုံးဖြတ်ပေးနိုင်ပါဘူး ပြီးရင်ဘယ်သူကမှ ဖြစ်ပေါ်လာမဲ့ ဆိုးကျိုး ကောင်းကျိုးတွေကို သင်ကိုယ်တိုင်ဆုံးဖြတ်လုပ်ကိုင်တာလောက် လာပြီးတာဝန်ယူပေးနိုင်မှာမဟုတ်ပါဘူး
.....................
၃.အမှားအယွင်းဖြစ်မှာကို ကြောက်နေရင်းအကျင့်ပါသွားခြင်း
မလုပ်ကိုင်မဆုံးဖြတ်ခဲ့ ဖူးတဲ့အရာတွေကို လုပ်ကိုင်တဲ့အခါ သင် အမှားအယွင်းဖြစ်မှာ ကျရှုံးမှာကို စိုးကြောက်နေ တတ်ပြီး တစ်ခါတစ်လေ အကျင့်ပါနေပြီးဦးနှောက်က အကြောင်းပြချက် အသီးသီးတွေရှာပြီးဆင်ချေ ပေးရင်းကိုယ့်ကို ကိုယ်ယုံကြည်မှု့ရှာရင်းအဲ့အရာတွေကိုမလုပ်ဖို့ ရှောင်ရှားတတ်ပြီးဘဝကို comfort zone အောက်မှာတင်နေရင်းကုန်ဆုံးနေစေတတ်ကြပါတယ်
...................
၎.တစ်ပါးသူကိုအပြစ်ပြောရတာမှာ အကျင့်ပါနေခြင်း
တစ်စုံတစ်ရာလုပ်ကိုင် ပြီးမျော်လင့်ထားသလောက်မဖြစ်ထွန်းလာတဲ့ အခါ ဥပမာ လစာမတိုးတာ ဘိုနပ်မရတာ အရောင်းစားရင်းအမြတ် မထွက်တာတွေ ကြုံရတဲ့အခါ ကြုံတွေလာရတဲ့ အမှားအယွင်းအတွက်တရာခံ ရှာ ပါတော့မယ်  အတူလုပ်ဖော်ကိုင်ဖက်ကိုဖြစ်စေ အလုပ်ရှင်ကိုဖြစ်စေ ဖောက်သည်တွေကိုဖြစ်စေ ဒါမှမဟုတ်ကမ္ဘာစီးပွားရေးကြီး ကိုပါအပြစ်တွေဖွဲ့ပါတော့မယ်   ရင်ကော့ပြီးအမှားကိုလက်ခံ ပြင်ဆင်ရင်း အမှားအယွင်းကနေသင်ခန်းစာယူ ပြီးအဲ့အရာကနေ ကိုယ့်ကိုကိုယ်တိုးတက်အောင်လုပ်မဲ့ အစား အဲ့အရာတွေကို ယိုးမယ်ဖွဲ့ အပြစ်ပြောရင်း အကျင့်ပါစွဲမြဲနေခြင်း
.....................
၅.ကိုယ့်ကို ကိုယ် တိုးတက်မှု့တွေအတွက်ရှာဖွေဖို့ထက် ပျော်ရွင်မှု့တွေရှာဖွေ နေရာမှာ အကျင့်ပါနေခြင်း
အကယ်လို့ သင်၁၀နှစ်အလုပ်လုပ်လာခဲ့တယ် ဆိုပါစို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်လိုက်ပါ သင်၁၀နှစ်အလုပ်လုပ်လာတဲ့အတွေ့အကြုံ ရှိသလားဒါမှမဟုတ် ၁၀ ကြိမ်လုပ်လာတဲ့ ၁နှစ်စာအတွေ့အကြုံရှိသလားဆိုတာပါ 
ဘာကြောင့်လည်းဆိုတော့၁၀နှစ် စာလုပ်ကိုင်လာတဲ့အတွေ့ အကြုံ တွေဆိုတာ ၁၀ကြိမ်လုပ်လာတဲ့ အတွေ့အကြုံတွေထက် အင်မတန် တန်ဖိုးရှိလွန်းပါတယ်
သင်ကျောင်းပြီးတော့  ကိုယ့်ကို ကိုယ်ဖွံဖြိုးတိုးတက်အောင် ဈေးကွက်နဲ့လောက ပတ်ဝန်းကျင်ကပါ  သင့်ကို တန်ဖိုးထား ရအောင်သင့်ကိုသင်  တန်ဖိုးတက် လာအောင်သင်ဘယ်လို ကြိုးစားခဲ့ပြီးပြီလည်း?
..........................
၆.မကောင်းတဲ့ ခင်မင်ပေါင်းသင်းမှု့တွေထဲမှာ သီးခံနေရင်းအကျင့်ပါနေခြင်း
အကယ်လို့ ဒီကနေထိသင့်ကိုစိတ်ဆင်းရဲအောင် ဝမ်းနည်းရလေအောင်အမြဲတမ်းလုပ်နေတတ်တဲ့ ရီးစားနဲ့ ချစ်သူနဲ့ ပေါင်းသင်းနေသေးရင် သင့်ကို ခေါင်းကိုက်ရလေအောင် စိတ်ညစ်ရလေအောင်အမြဲလုပ်နေတတ်တဲ့ လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းနဲ့ ပေါင်းနေသေးရင် သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ နီးစပ်အောင်မလုပ်ပေး မဖြည့်ဆီးပေးနိုင်တဲ့ ကုမ္မဏီမှာ လုပ်ငန်းမှာ လုပ်ကိုင်နေသေးရင်  သင့်ကို သင်မေးကြည့်ဖူးပါသလားဘာကြောင့် အဲ့လိုသီးခံပြီးနေနေရသေးတာလည်းဆိုတာ
အကြောင်းပြချက် ကရွေးချယ်စရာလမ်းမရှိလို့ပါ ဆိုရင်  တော့ သင့်ကိုသင် နောက်ထပ်လိမ်ညာနေတာပါပဲ  ဘာကြောင့်လဲ ဆိုတော့ လက်ရှိ သင်ဖြစ်ပျက်နေတဲ့ ဘဝ အခြေအနေတွေ ဟာ သင်ဘဝ တစ်သက် သာလုံးဟာသင် ရွေးချယ်ထားခဲ့တဲ့ အတိုင်းဖြစ်နေတာ မို့လို့ပါပဲ
.....................
၇.သင် ဒရမ်မာ ဘဝ ထဲမှာပဲ အကျင့်ပါနေခြင်း
ကိုယ့်ကို ကိုယ် ဇာတ်လိုက်မင်းသားမင်းသမီး တွေလို့တွေးနေတတ်ပြီး သနားစရာ လောကဓါတ်နဲ့ လူတကာရဲ့ အနိုင်ကျင့်ခြင်းကိုခံနေရရှာတာ  ဘဝကို ကံကြမ္မာစီမံ တဲ့အတိုင်းလျောက်လှမ်းနေရတာပါဆိုရင် ခဏလောက်ရပ်ထား စိတ်တံခါးကိုဖွင့်ပြီး အပြင်လောကကြီးကို ခဏလောက် လှမ်းကြည့်လိုက်ပါ  လူတွေ အများကြီးပဲ သင့်ဘဝအခြေအနေတွေ ထက်ဆိုးဝါးရာကနေ ဘဝကိုစတင် နိုင်ခဲ့ကြတယ်  ကိုယ့်ဘဝ ကို ကိုယ် တိုးတက်ကောင်းမွန်လာအာင် ပြောင်းလဲပြုပြင်ပစ်လို့ရတယ် ဥပမာ Steve Jobs လို ဆင်းရဲသားအလုပ်သမားသားသမီး ဘဝကနေကမ္ဘာပေါ်မှာ  ပိုက်ဆံအများဆုံးရရှိ ပိုင်ဆိုင်တဲ့  Apple ကုမ္မဏီ ကြီးကို တည်ထောင်သူဖြစ်လာခဲ့တယ် J.K. Rolling  လို ယောက်ျားကစွန့်ပစ်ထားခဲ့တာခံရပြီး ဘဝပျက်လုအခြေအနေနဲ့ သားသမီးကိုတစ်ယောက်တည်းကျွေးမွေးခဲ့ရာကနေ Harry Potter  စာအုပ်ကိုရေးသားပြီး ကမ္ဘာပေါ်မှာထင်ပေါ်ကျော်ကြားလာပြီး အင်္ဂလန်နိုင်ငံမှာ အချမ်းသာဆုံးအမျိုးသမီးဖြစ်လာနိုင်ခဲ့တယ်
......................
၈.သင်အကျိုးမဲ့စွာသုံးစွဲခြင်းမှာအကျင့်ပါနေခြင်း
ဘယ်လောက်တောင်များကြာမြင်းလာနေခဲ့ပြီလည်း ..? တစ်လပြီးတစ်လ လချင်းလတိုက် ပြီးအနာဂါတ်အတွက်  ဘာမှ မရင်းနှီးမမြုတ်နှံပဲ ရရကုန်ကုန် သုံးစွဲလာနေခဲ့တာ  ..ခဏတာပျော်ရွင်ပြီး တစ်သက်လုံးပင်ပန်းဆင်ရဲ ခံသွား မှာလား?
ခဏတာ ပင်ပန်းဆင်းရဲခံပြီး တစ်သက်လုံးအေးချမ်းပျော်ရွင်သွားမှာလား ဆိုတာ သင်ရွေးချယ်လို့ရနိုင်ပါတယ်   ဟုတ်ပါတယ် သင် သင်ရွေးချယ် လို့ရပါတယ် ..သင် ရွေးလည်းရွေးချယ်နေခဲ့ ပါတယ်
...............
၉.ကိုယ့် ကိုကိုယ်တိုးတက်အောင်လုပ်ရ ကောင်းမှန်းမသိတဲ့သူတွေ နဲ့ ပေါင်းသင်းနေရတာမှာ အကျင့်ပါနေခြင်း
သင့်ဘဝအခြေအနေဟာ သင်ပေါင်းသင်းနေတဲ့ လူ ၅ ယောက်ရဲ့ ပျမ်းမျှ ဘဝ အခြေအနေ အတိုင်းဖြစ်နေတတ်ပါတယ် တဲ့  – Jim Rohn
သင်သတိထားကြည့်မိမယ် ဆိုရင် သင်တွေ့ရမှာက မအောင်မြင်တဲ့ သူတွေဟာ အများအားဖြင့် သူတို့ အချိန်တွေ ကို မအောင်မြင်တဲ့သူတွေ နဲ့ပဲ အချိန်ပေးနေလေ့ရှိပြီး
အောင်မြင်တဲ့ သူတွေ ကျတော့လည်း အောင်မြင်ပြီးသားသူတွေ နဲ့သာပေါင်းသင်းဆက်ဆံ နေတတ်ကြမှာပါ  ဘယ်လိုလူတွေ နဲ့ သင်အချိန်ပေးပြီးနေရမလဲ ဆိုသာသင်ရွေးချယ်လို့ ရနေ တာပဲ
........................
၁၀.ကံကောင်းတဲ့ သူတွေကသာအောင်မြင် ကြီးပွားနိုင်တာလို့ တွေးရာမှာအကျင့်ပါနေခြင်း
သင်အမြဲတွေးနေတတ်တာက အောင်မြင်ကြီးပွားကုန်တဲ့ သူတွေ ဆိုတာ သင့်မှာမရှိတဲ့အားသာချက်တွေ တစ်စုံတစ်ရာကိုပိုင်ဆိုင်နေကြလို့ရယ် လို့တွေးနေတတ်ခြင်း
ဥပမာ သူမှာ အခြေခံကောင်းတာ ပညာရေးမြင့်မားနေတာ  နောက်ဆုံးအနေ နဲ့ ကံကိုကကောင်းနေတာ စသဖြင့် တွေးနေပြီးတော့
သင်စိတ်မဝင်စားတာ မတွေးတာက အဲ့ဒီလူတွေ ဟာ ကိုယ့်ကို ကိုယ်တိုးတက်မြင့်မားအောင် အချိန်တွေယူပြီးလေ့ကျင့်နေခဲ့တယ်ဆိုတာရယ် မှားလိုက်မှန်လိုက်နဲ့ အကြိမ်ကြိမ် လဲကျရာကနေ ပြန်ထနိုင်အောင်နောက်ကွယ်မှာ ဘယ်လို  ကြိုးစားခဲ့ ကြတယ် ဆိုတာတွေပါပဲ
...................
ဒီတော့ က ကျန်နေသေးတဲ့ ဘဝမှာ သင့်နှကိုယ်အတိုင်းရေလိုက်ငါးလိုက်နဲ့မျောပါနေမှာလား သင့်ဘဝမှာလိုအပ်နေတဲ့ အရာတွေ အတွက်  သင့်မိဘ တွေအတွက် သင်ချစ်ခင်ရတဲ့ သူတွေ အတွက်  ဘဝကို အသစ်စတင်ပြောင်းလဲ ပြစ်ပြီးတော့ ပိုကောင်းမွန်တဲ့ဘဝ ကိုတည်ဆောက်မလားဆိုတာ ကတော့ သင့်အပေါ်မှာပဲ မူတည်နေပါတယ် ခင်ဗျာ

.......................


0 comments:

Post a Comment