cross

cross

Friday, June 17, 2016

NEW RICHတစ်ယောက်ရဲ့လန်းထွက်နေတဲ့ဘဝ(၁၂)ချက်

. NEW RICH ဆိုတာဘာလဲ
.(1) SELF-MADE ကိုယ့်အားကိုယ်ကိုးပြီး
.အောင်မြင်တဲ့ စီးပွားရေးပိုင်ဆိုင်ထားတယ်
.ဆိုင်မရှိလဲ ရတယ် /
.ချမ်းသာတဲ့ မျိုးရိုးမဟုတ်လဲ ရပါတယ်
.အောင်မြင်တဲ့ သူတွေကိုပြပါဆိုရင်
.အများကြီးရှိပါတယ်
.ဒါပေမဲ့ အောင်မြင်တဲ့ချိန်ရောက်တဲ့
.အခါ အသက်ကြီးကျပြီ
.NEW RICH ဆိုတာ
.အသက်အရွယ်ကငယ်ရွယ်သေးတယ်
.မျိုးရိုးသစ်တွေရဲ့အင်အားတွေနဲ့
.ပြည့်နေတယ်
.ပြီးတော့အရေးကြီးတာက
.(A) တကယ့် SELF-MADE စစ်စစ်
.ကိုယ့်အားကိုးတဲ့ လူတွေ
.(B) SELF-MADE က ပိုပြီးတော့
.ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိတယ်
.(C) SELF-MADE က
.ကိုယ့်ကို လေးစားမှုပိုစေတယ်
.ဘာလို့လဲဆိုတော့ SELF-MADE က
.အမွှေဆက်ခံတာထက်၊
.မိဘ လုပ်ငန်းဆက်ခံတာထက်၊
.ဒါမှမဟုတ် ချမ်းသာတဲ့သူနဲ့
.မင်္ဂလာဆောင်နိုင်တာထက် ခက်လို့ပါ
+ ကျွန်တော် ဥပမာ တစ်ခုပေးမယ်ဗျ
.နာမည်အကြီးဆုံး
.SELF-MADE တစ်ယောက်ပါ
.အိုးဘားမား ကိုသိကျတယ်ဟုတ် ၊
.အစပိုင်းက ဘယ်သူလဲမသိဘူး ၊
.ဘယ်ကနေလာလဲမသိဘူး
.ဒါပေမဲ့ သူ့ထက် connection ကောင်းတဲ့သူ
.သူ့ထက်နိုင်ငံရေးသမားဟောင်း
.တွေနဲ့ရင်းနှီးတဲ့ သူ၊
.ပြီးတော့ သူ့ထက်
.မိသားစုနောက်ခံကောင်းသော သူ ကို
. ရွေးကောက်ပွဲမှာနိုင်ခဲ့တဲ့သူပါ။
.အရင်ခေတ် social media သာမရှိရင်
.အိုဘားမားလဲ ဘယ်လိုမှ
.ဒီရွေးကောက်ပွဲကိုအောင်နိုင်မှာမဟုတ်ဘူး
.ဒါပေမဲ့ အိုဘားမားကိုထောက်ခံတဲ့
.သူတွေပြည်သူပြည်သားတွေက
.လူငယ်ပိုင်းတွေများတော့
.social media တွေသုံးတယ်
.ဒါကြောင့် အိုဘားမားက
.ပိုက်ဆံတွေသန်းပေါင်းများစွာသုံးရသော
.(Mainstream Media ) တွေကို
. သုံးစရာမလိုဘူးပေါ့
.ဒါကြောင့် သူ့ထက် connection
. ကောင်းတဲ့သူကိုနိုင် နိုင်တာပေါ့ ။
.(ကျွန်တော် ဥပမာ ပေးတာပါ ၊
. နိုင်ငံရေးစိတ်ဝင်စားလား ဆိုတော့
.ကျွန်တော်စိတ်ထဲမှာဘဲသိမ်းထားပါရစေ )

.(2) သူများအတွက် Role Models ဖြစ်ပေးခြင်း
.ရိုးရိုးသားသားနဲ့ ချမ်းသာတဲ့
.အတွက် နောက်မျိုးဆက်တွေရဲ့
.ပုံရိပ်ကောင်းတစ်ယောက်
.ဘဝကို လိုတာထက် သုံးဖြုန်းတဲ့သူ ၊
.လိုတာထက် high class ဖြစ်နေတဲ့သူ
. တွေမဟုတ်ဘဲနဲ့
.New Rich ကတကယ်ကြိုးစား
.အလုပ် လုပ်တဲ့သူပါ၊
.(3) ကောင်းသောခြားနားချက်
MAKE A DIFFERENCE
.အကျိုးရှိတဲ့ စီးပွားရေးကို
.တည်ဆောက်တယ် ၊ ဒါမှမဟုတ်
.ကိုယ့်ပတ်ဝန်းကျင်အပေါ် အကျိုးရှိတဲ့
.အလုပ်ကိုလုပ်တဲ့သူ
.( ချမ်းသာချင်လို့ သူများလုပ်သမျှကို
.လိုက်လုပ်တဲ့သူမဟုတ်ဘူး)
.NEW RICH တွေကသူတို့လုပ်သော
. အလုပ်ကို သူများအတွက်
.ပတ်ဝန်းကျင်အတွက်အကျိုးရှိတယ်လို့
.အမြဲမြင်တယ်

.(4) FREEDOM လွတ်လပ်သော
. (ဒီအချက်အရေးကြီးတယ်)
. NO BOSS - အလုပ်ရှင်မရှိဘူး
.အလုပ်ကိုကြိုက်တဲ့အချိန်လုပ်လို့ရတယ်
.ကြိုက်သလောက်လုပ်လို့ရတယ်
.သူများ လစာတက်ပေးဖို့မျှော်စရာမလိုပါဘူး
.ကိုယ်ကိုတိုင် ပိုက်ဆံဝင်လမ်းကို
.တည်ဆောက်တယ်
.သူများရဲ့ အတွေးအောက်မှာ
.ရှင်သန်စရာ မလိုပါဘူး
.ကိုယ့်အတွေးနဲ့အလုပ်လုပ်လို့ရတယ်
.သူများ မျက်နှာကြည့်စရာ မလိုဘူး၊
. သူများက ကိုယ့် မျက်နှာကြည့်ရမှာ
.ကိုယ်မလုပ်ချင်တဲ့အလုပ်ကိုလုပ်စရာ
.မလိုဘူး ၊
.ကိုယ်စိတ်မသန့်တဲ့အလုပ်ကိုလုပ်စရာ
.မလိုဘူး
. ပိုက်ဆံတော့ရတယ် ဒါပေမဲ့
.သူများအတွက်ဆိုးကြိုးဖြစ်စေတဲ့
.အရာတွေရောင်းရတယ်၊
.လုပ်ရတယ်
.(ဥပမာ အရက်၊ဆေးလိပ်၊စသဖြင့်)
.ကိုယ်အလုပ်လုပ်ချင်တဲ့နေရာကို
. စိတ်ကြိုက်လုပ်လုပ်လို့ရတယ်
.ကိုယ်အိမ်နဲ့ နီးတဲ့နေရာ ၊
.ဒါမှမဟုတ် ကိုယ့်အိမ်မှာ လဲရတယ်
.အဝေးကြီး သွားစရာ မလိုပါဘူး

.(5) စီးပွားရေးအသီးသီးကနေရလာတဲ့
.PASSIVE INCOME
.ဥပမာ
.အလုပ်သမားအများကြီးထားစရာ
.မလိုသော စီးပွားရေး
.System တည်ဆောက်တဲ့အချိန်
.တစ်ကြိမ်တည်း ပင်ပန်းရတယ်
.System ညိမ်ပြီဆိုတဲ့ အချိန် မှာ
.Money Machine တစ်ခုရှိသလို
.အလုပ်လုပ်စရာမလိုဘဲနဲ့
.သူဟာသူ အလိုအလျောက်ဝင်လာသော
.ဝင်ငွေကိုပိုင်ဆိုင်ထားတယ်
.ပြီး စီးပွားရေးတစ်ခု System ညိမ်ပြီဆိုတာနဲ့
.တခြားစီးပွားရေးနောက်တစ်ခုမှာထပ်ပြီး
.System တည်ဆောက်နိုင်တဲ့အတွက်
. သူတို့မှာ Passive Income တစ်ခုမက
.ရှိကြတယ်

.(6) LOVE ONE’S WORK
.ကိုယ်လုပ်တဲ့ အလုပ်ကိုချစ်တယ်
.ကိုယ်ချစ်တဲ့အလုပ်ကိုပဲ လုပ်တယ်
.ပြီးတော့ကိုယ်လုပ်ချင်တဲ့ ပမာဏ
.အတိုင်းလုပ်တယ်

.(7) TECHNOLOGY AND INFORMATION
.ဒီနေ့ခေတ် Information ခေတ် ၊
.ဒါကြောင့် ကောင်းသော Information
.ရှိသူက ပိုပြီးသာတယ်
.( အရင်ခေတ်လိုမျိုး အရင်းများတဲ့သူ ၊
.စက်ရုံကြီးကြီးဖွင့်မှ သာတယ်ဆိုတဲ့
.ခေတ်ကုန်သွားပြီ)
.Technology အပိုင်းမှာ
.မျိုးဆက်ဟောင်းထက် အားသာတဲ့
.မျိုးရိုးသစ် တွေရဲ့အားသာချက်ကို
.အကျိုးရှိအောင် အသုံးပြုတယ်
.Delegate & Outsoure
.( ကိုယ်မလုပ်လဲ ရတယ်ဆိုတဲ့
.အလုပ်ကို သူများအား အလုပ်ခွဲဝေမှု)
. မတတ်သောအလုပ်အများကြီးလုပ်သူ
.တွေထက် အောင်မြင်နိုင်တယ်

.(8) FAMILY MAN (WOMEN)
.အလုပ်အပြင် မိသားစုအပေါ်
.အချိန်ပိုပေးနိုင်တယ်

.(9) LIFESTYLE-ORIENTED
.ကိုယ်ကြိုက်တဲ့ Lifestyle အလိုက်
.ကိုယ့်အလုပ်ကိုစီစဉ်နိုင်တယ်
.ကြိုက်တဲ့နေရာကို ခရီးသွား နိုင်တယ်
.ကိုယ့်မိသားစု မမြင်ချင်လောက်မှာ
.အိမ်မှာကပ်နေတယ့်အချိန်ရှိတယ်

. (10) EASY LIFE
.Customer ကို သဘောမကျမှာ၊
. အားမပေးမှာကိုကြောက်စရာမလိုဘူး၊
.ကိုယ့် Branding ကြောင့် Customer တွေ
. အတင်းလိုက်ရှာရတယ်
.စည်းကမ်းက သူတို့ ကိုယ်တိုင် ဆွဲတယ်
.သူများစည်းကမ်းအတို်င်းအမြဲတမ်း
.လိုက်လုပ်စရာမလိုဘူး
. ကိုယ် Idea ကောင်းကောင်းရှိတိုင်း
.ကိုယ့်လစာကို တက်ပေးလို့ရတယ်
.(ကိုယ်အလုပ်ရှင်ကို လစာတက်ပေးအောင်
.လုပ်စရာမလိုဘူး)

.(11) HAPPY NOW
.သူတို့ နေ့တိုင်းနေ့တိုင်း ပျော်ပျော်ရွင်ရွင်
.နဲ့ဘဝကိုဖြတ်တန်းနိုင်တယ်
.(နှစ် ၃၀ လောက်ပင်ပင်ပန်းပန်း
.အလုပ်လုပ်ပြီးမှ ပျော်ရတာမဟုတ်ပါဘူး)
.(ပင်စင်ရပြီးမှ ပျော်ရမှာ မဟုတ်ပါဘူး)
.(ဒါမှမဟုတ် တစ်ပတ်လုံးမှ နှစ်ရက်ထဲ
.ပျော်ရတာမဟုတ်ဘူး)

.(12) LOOK GOOD
.အရင်ခေတ် က သူဌေးတွေ က
.များသောအားဖြင့်
.ဝတယ်၊ နှာဖူးပြောင်တယ်၊ ဗိုက်ပူတယ်၊
.fashion ဆိုဝေလာဝေး
.ဒါပေမဲ့ THE NEW RICH က
.အလုပ်သိပ်လုပ်စရာမလိုတာကြောင့်
.အားကစားလုပ်လို့ Body Slim ၊ Fit
. ဖြစ်တယ်
.အမိုက်စား Body နဲ့ Fashion
. ပေါင်းလိုက်တော့ Style ကလန်ထွက်
. စော်/ဘဲချောချောလေးပိုင်ဆိုင်ထားတယ်
.ဒီ (12) ချက်လုံး က NEW RICH
.တစ်ယောက်ရဲ့ဘဝ ကို
. မြင်အောင်ရေးထားတာပါ
.ဒါပေမဲ့ ကိုယ်အတွက်
.မဖြစ်နိုင်ဘူးလို့မထင်ပါနဲ့
.ကိုယ်ကိုကိုယ်တိုင်လဲ လုပ်နိုင်တယ်
.ကိုယ် (12) ချက်လုံး စုံနေအောင်
.လုပ်စရာမလိုပါဘူး
.ကိုယ်ကြိုက်တဲ့ ပုံစံကိုရွေးလို့ရပါတယ်။

Credit : https://mobile.facebook.com/photo.php?fbid=240724419629672&id=233011817067599&set=a.233547093680738.1073741828.233011817067599&source=48&refid=13

0 comments:

Post a Comment