cross

cross

Friday, June 17, 2016

မြင်ပြီးမှ ယုံမှာလား ? .ယုံပြီးမှ မြင်မှာလား ?

.ကျွန်တော်က အောင်မြင်တဲ့သူ တွေရဲ့အကြောင်းကို
.အရမ်းစိတ်ဝင်စားတဲ့ လူတစ်ယောက်ပါ
.အထူးသဖြင့် အောင်မြင်တဲ့ သူနဲ့ သာမန်လူတွေရဲ့ ကွားခြားချက်ကို အမြဲတန်း
.သတိထားပြီး လေ့လာတတ်တယ်
.ကျွန်တော် လဲ အရမ်းအောင်မြင်တဲ့လူမဟုတ်ပါဘူး
.ဒါကြောင့် ကျွန်တော်အောင်မြင်တဲ့ လူနဲ့ တွေ့တာပဲ ဖြစ်ဖြစ်
.သူတို့ရေးတဲ့ စာအုပ်ကိုဖတ်မိတဲ့ အချိန်တိုင်း
.ငါ သူနဲ့ဘာကွာလဲ ?
.ဆိုပြီးကျွန်တော် အမြဲတွေးတတ်တယ်
.သေချာတာကတော့ အောင်မြင်တဲ့သူ နဲ့ သာမန်လူကြားမှာကွာခြားမှုရှိတယ်ဆိုတာ
.
.ကျွန်တော်တို့သာမန်လူ က
.အလုပ်ပိတ်ရက်ကိုမျှော်ကြတယ်
.ဒါပေမဲ့ အောင်မြင်တဲ့ လူက
.အလုပ်လုပ်ရမယ့်ရက်ကို မျှော်ကြတယ်
.
.အောင်မြင်တဲ့ လူက ခက်ခဲတဲ့
.အလုပ်ကိုအရင်ရွေးပြီးလုပ်တယ်
.ခက်ခဲတဲ့အလုပ်ကျော်ဖြတ်နိုင်တယ်ဆိုရင်သူ့အတွက်တော့
.လွယ်တဲ့အလုပ်ကအေးဆေးပဲပေါ့
.ကျွန်တော်တို့ သာမန်လူက
.လွယ်တဲ့အလုပ်ကိုအရင်လုပ်တယ်
.လုပ်ရင်းလုပ်ရင်းနဲ့ ခက်ခဲလာတဲ့အချိန်မှာ
. အားတွေလျော့ပြီး အရှုံးပေးတတ်ကြတယ်
.သာမန်လူက လွယ်တဲ့အလုပ်ကိုပဲ ကြိုက်တယ်
.ဘဝဘယ်လိုလုပ်မှ
.တိုးတက်မှာလဲဆိုတာထည့်မစဉ်းစားဘူး
.ဒါဆို အောင်မြင်သူတွေက
.ခက်ခဲတဲ့အလုပ်ကိုကြိုက်လားလို့မေးရင်?
.အောင်မြင်သူတွေလည်း ခက်ခဲတဲ့အလုပ်ကို
မကြိုက်ပါဘူး
.ဒါပေမဲ့ သူ့ဘဝတိုးတက်နိုင်တဲ့အလုပ်ဆိုရင် သူအဲ့ဒီအလုပ်ကိုသူ မုချ လုပ်မှာပါ
.
.ပြောရမယ်ဆိုရင်အများကြီးပေါ့
.ဒါပေမဲ့ အဲ့ဒီကွာခြားချက်ထဲက အကြိုက်ဆုံးတစ်ခုကိုရွေးပါဆိုရင်
.
.သာမန်လူက အရင်အောင်မြင်မှ အောင်မြင်နိုင်တာကိုယုံကျတယ်
.အောင်မြင်တဲ့လူက သူတို့အရင်အောင်မြင်နိုင်တာကိုယုံလို့ သူတို့အောင်မြင်ကျတယ်
.
.
.ရုပ်ရှင် ဒါရိုက်တာတစ်ယောက်
.သူ့ဇာတ်ကားမရိုက်ခင် သူဇာတ်ကားအစအဆုံး
.သူ့မျက်လုံးထဲမြင်မှ
.သူ့ဇာတ်ကားကိုအောင်မြင်အောင်ရိုက်နိုင်မှာ
.
.သီချင်းရေးတဲ့ အနုပညာရှင်တစ်ယောက်
.သူသီချင်းမရေးခင်
.သူရေးမယ့်သီချင်းကို အရင်နားထဲမှာ ကြားပြီးမှ
.သူသီချင်းတစ်ပုဒ်ရေးတာအောင်မြင်နိုင်ပါတယ်
.
.လွယ်လွယ်နဲ့ပြောရမယ်ဆိုရင်
.အောင်မြင်တဲ့လူက နှစ်ကြိမ်အောင်မြင်ကြတယ်
.ပထမတကြိမ်က သူတို့ရဲ့ အတွေးထဲ
. မှာအောင်မြင်ကြတယ်
.ဒုတိကတကြိမ်က လက်တွေ့
.ဘဝမှာတကယ်အောင်မြင်ကြတယ်
.ဒီထက်ပိုလွယ်အောင်ပြောရမယ်ဆိုရင်
.အောင်မြင်တဲ့သူတွေက မအောင်မြင်ခင်
.သူတို့ရဲ့အောင်မြင်တဲ့ပုံရိပ်ကိုအရင်မြင်ပြီးမှ
.အောင်မြင်ကျတယ်
.
.ဒီနေ့အကယ်လို့
.ကျွန်တော်တို့မအောင်မြင်သေးလဲ
.ဘာမှ မဖြစ်ပါဘူး
.ကိုယ် ဘယ်လိုအောင်မြင်မှာလဲဆိုတာ
.ကိုယ့်အတွေးမှာအရင်မြင်ကြည့်ပါ
.တကယ်ဖြစ်နေတဲ့အတိုင်း ပြတ်ပြတ်သားသားမြင်ကြည့်ပါ
.ပြီးတော့လက်တွေ့မှာလဲကြိုးစားရအုံးမှာနော်
.အဲ့ဒါမှ လက်တွေ့ဘဝမှာတကယ်အောင်မြင်မှာပါ
.ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့သူငယ်ချင်းထဲမှာ
.ဒါမှ မဟုတ် ကျွန်တော်တို့ ကိုယ်တိုင်က အရမ်းကြိုးစားကြတယ်
.ဒါပေမဲ့ ကျွန်တော်တို့ မအောင်မြင်သေးဘူးဆိုရင်
.ကျွန်တော်ထင်တာကတော့
.ကျွန်တော်တို့ အတွေးမှာကိုယ့်ရဲ့အောင်မြင်မှုကိုပြတ်ပြတ်သားသား
.မမြင်သေးလို့ထင်ပါတယ်
.အဲ့ဒီဘာနဲ့တူလဲဆိုတော့
.ကျွန်တော်တို့ ပန်းတိုင် မရှိဘဲနဲ့
. ကြိုးစားပြီးပြေးနေတဲ့ အပြေးသမားနဲ့တူတူဘဲ
.ဘယ်လောက်ပြေးပြေးဘယ်လိုမှ
.အောင်မြင်မှုပန်းတိုင်မရောက်နိုင်တော့ဘူး
.ဒါမှမဟုတ်
.ကျွန်တော်တို့မအောင်မြင်တာနောက်အကြောင်းတစ်ခုရှိသေးတယ်
.ကျွန်တော်တို့အောင်မြင်မှာကို ကိုယ့်ကိုကိုယ် မယုံတာဘဲဖြစ်ပါတယ်
.အဲ့ဒါဘာနဲ့တူလဲဆိုတော့
.ကျွန်တော်တို့ အပြေးပြိုင်ပွဲတစ်ခုမှာ ပြေးတောင်မပြေးရသေးဘူး
.ကိုယ်ကိုတိုင် ပန်းတိုင်ထိ မပြေးနိုင်ဘူးလို့တွေးနေတာနဲုဲ့တူတူဘဲ
.မပြေးနိုင်ဘူးလို့ ထင်မှတော့ ရှေ့ဆက်ဘယ်ပြေးချင်တော့မှာလဲ
.ဆက်ဖတ်အုံးမှာလား
.စာကပြီးသွားပြီလေ
.ကျွန်တော်ဘာရေးရမှာလဲမသိတော့ဘူး ( ဟားဟား)
.ဟုတ်ပါပြီဗျ စာလဲဖတ်ပြီးပြီဆိုတော့ သဘောကျတယ်ပြီးတော့
.အကျိုးရှိတယ်ဆိုရင် SHARE ပေးဖို့တောင်းဆိုချင်ပါတယ်
.မနက်ဖြန်မှ ထပ်တွေ့မယ်ဗျ
.ကောင်းသောနေ့တစ်ရက်ပိုင်ဆိုင်ကျပါစေဗျ၊

Copy from : https://mobile.facebook.com/photo.php?fbid=239509969751117&id=233011817067599&set=a.233547093680738.1073741828.233011817067599&source=48&refid=13

0 comments:

Post a Comment