cross

cross

Friday, June 17, 2016

အတော်ဆုံး COPY သမားများ

အကယ်လို့ ခေါက်ဆွဲ လုပ်တတ်ချင်ရင်
သေချာတာကတော့ ရောင်းမကောင်းတဲ့ဆိုင်ရှင်ကို
ခေါက်ဆွဲ ဘယ်လိုချက်ရမှာလဲဆိုပြီး
ခင်ဗျားသွားမေးမှာမဟုတ်ဘူး
.
.
အကယ်လို့ ဘောလုံးကန်တာ အရမ်းတော်ချင်ရင်
သေချာတာကတော့ လမ်းထိပ်က ဖြစ်သလိုကန်နေတဲ့
မတော်တဲ့ ဘောလုံးသမားကို
ဘောလုံးကန်တာတော်အောင် ဘယ်လိုလုပ်ရမှာလဲဆိုပြီး
ခင်ဗျားသွားမေးမှာမဟုတ်ဘူး
.
.
အကယ်လို့ကျန်းမာရေးကောင်းချင်ရင်
သေချာတာကတော့ ကျန်းမာရေး ချူချာတဲ့ သူကို
ကျန်းမာရေးကောင်းအောင် ဘယ်လိုလုပ်ရမှာလဲ ဆိုပြီး
ခင်ဗျားသွားမေးမှာ မဟုတ်ဘူး
.
.
ဒါပေမဲ့ ထူးခြားတာက
အရေးကြီးဆုံး ပိုက်ဆံ ရွှေငွေ အကြောင်းကျတော့
ကျွန်တော်တို့ လူအများစုက
မချမ်းသာသေးတဲ့လူတွေကိုပဲမေးတတ်ကြတယ်
.
.
ပြီးတော့
ပိုက်ဆံက အရေးမကြီးပါဘူး၊
အခုလိုစားနိုင်သောက်နိုင်၊ ပျော်နေရင်ရပါပြီဆိုပြီး
ကိုယ့်ကို အားပေးပြန်ရော
.
.
ကျွန်တော်ပြောတဲ့ ဒီစကားကိုယုံပါ
ချမ်းသာတဲ့လူကိုမေးရင် ချမ်းသာလိမ့်မယ်
(အလွန်ဆုံးပြောရရင် အခုထက်တော့ ချမ်းသာလိမ့်မယ်)
.
.
(ဘာကြောင့် ချမ်းသာသင့်လဲ ဆိုတာမသိသေးတဲ့
သူငယ်ချင်းများအတွက် အောက်က link ကိုနှိပ်ပြီး
ကျွန်တော်ရေးထားတဲ့ post တစ်ခုကိုဖတ်ကြည့်ပါ)

http://ahkterhusin.blogspot.com/2016/06/blog-post_89.html
.
.
.
ကျွန်တော်တို့ မူလတန်းတက်တုန်းက ကျွန်တော်တို့ကိုသင်ကြားပေးတဲ့ ဆရာ၊ဆရာမ ရှိတယ်
ကျွန်တော်တို့ အလက်တန်းတက်တုန်းကလဲ ကျွန်တော်တို့ကိုသင်ကြားပေးတဲ့ ဆရာ၊ဆရာမ ရှိတယ်
ကျွန်တော်တို့ အထက်တန်းတက်တုန်းကလဲ ကျွန်တော်တို့ကိုသင်ကြားပေးတဲ့ ဆရာ၊ဆရာမ ရှိတယ်
နောက် ကျွန်တော်တို့ ကောလိပ်တက် လဲ ကျွန်တော်တို့ကို သင်ကြားပေးတဲ့ ဆရာ၊ဆရာမ ရှိတယ်
ဒါပေမဲ့
ကျောင်းပြီးတာနဲ့ ကျွန်တော်တို့ကိုသင်ကြားပေးမယ့် သူကမရှိတော့ဘူး
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကိုယ့်ကိုကိုယ် တော်ပြီလို့ထင်ကြတယ်
အဲ့ဒါကြောင့် သင်ပေးမယ့်သူမလိုတော့ဘူးလို့ယူဆကြတယ်
.
.
အခုသိပြီလား
ဘာလို့လူအများစုရဲ့ဘဝက
အလုပ်လုပ်နေတဲ့ အချိန်အတွင်းမှာ လမ်းပျောက်ပြီး
ဘယ်သွားလို့ သွားရမှန်းမသိဖြစ်နေတတ်တယ်
.
ကျွန်တော်ဒီစကားကို သိပ်ပြီးသဘောမတူဘူး
ပြီးတော့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေကို
ဒီစကားနဲ့ သင်ပေးတဲ့လူကိုကျွန်တော်သိပ်သဘောမတူဘူး
(ကိုယ်ကကိုယ်ပဲ ဖြစ်သလိုနေပါ ၊ သူများနဲ့ ဘာကြောင့်လိုက်တုရမှာလဲ )
.
.
ကျွန်တော်ပြောပါရစေ
အကယ်လို့ တကယ်တော်တဲ့သူမဟုတ်ဘူးဆိုရင်
လူတစ်သန်းထဲက တစ်ယောက်ပဲရှိသလိုမဟုတ်ဘူးဆိုရင်
ကျွန်တော်ရဲရဲကြီးပြောလို့ရတယ်
အရာတစ်ခုခုကိုကိုယ့်ကိုကိုယ်အရင်စဉ်းစားပြီး
တီထွင်တဲ့လူမဖြစ်နိုင်ဘူးဆိုတာ
.
.
ကျွန်တော်တို့ လူတွေက မွှေးကတည်းက
Copy သမားတွေပါ
ကျွန်တော်တို့ အဖေအမေရဲ့ ဘာသာစကားကို copy လုပ်တယ်
ကျွန်တော်တို့ အဖေအမေရဲ့ အမူအရာကို copy လုပ်တယ်
ပြီးတော့မှ ကိုယ့်ကိုကိုယ်ရဲ့ အမူအရာ နဲ့ ကိုယ်ပြောချင်တဲ့စကား အခုလိုမျိုးပြောလို့ရတာပေါ့
ကျွန်တော်ပြောတာမှန်တယ်မှာလား
ဒါပေမဲ့ ကျွန်တော်တွေ့ သမျှကို copy လုပ်ခိုင်းတာမဟုတ်ဘူးနော်
.
.
ဒါကြောင့်ကျွန်တော် မျိုးဆက်သစ်ကို နည်းလေးတစ်ခု ပေးချင်တယ်
(ကျွန်တော်အခုထိ သုံးနေတဲ့ နည်းတစ်ခုပါ)
ကိုယ်အားကျတဲ့၊ Idol ကိုရှာပါ (ကျောင်းတုန်းက ဆရာ လိုမျိုးပေါ့ )
ပြီးတော့ သူ့ကို copy အရင်လုပ်ပါ
သူဘယ်လိုတွေးလဲ
သူဘယ်လိုနေလဲ
အဲ့ဒါတွေကို copy လုပ်ရင်းနဲ့ အချိန်ကြာလာတာနဲ့အမျှ
ကိုယ့်ကိုပြန်ကြည့်မိတဲ့အချိန်မှာ
ငါသူနဲ့ တော်တော်တူနေပါလားဆိုပြီးမြင်လာလိမ့်မယ်
နောက်ကျတော့ လိုနေတဲ့ အပိုင်းကို ဖြည့်ရင်းဖြည့်ရင်းနဲ့
ကိုယ့်ရဲ့ Style ဖြစ်လာလိမ့်မယ်
ကျွန်တော်ပြောတာနားလည်ပါတယ်နော်
.
.
ကျွန်တော်လဲ copy လုပ်တဲ့လူပါပဲ
Copy လုပ်ပြီး ကိုယ်နဲ့ သင့်တော်သလိုသုံးကြည့်ပေါ့
.
.
Copy လုပ်ပြီး ကိုယ့်ဘဝ အတွက်အသုံးဝင်နိုင်တဲ့ အရာကို ယူသုံးရင်မကောင်းဘူးလား?
.
.
ဒီနေ့အတွက် တလောက်ပါပဲနော်
မနက်ဖြန်မှတွေ့ကြမယ်ဗျ
ကောင်းသောရက်လေးဖြစ်ပါစေ 😊

credit : အောင်မြင်သူတွေဘယ်လိုတွေးလဲ
Link    : https://mobile.facebook.com/newrichcitymyanmar/?rc=p&refid=13


0 comments:

Post a Comment