cross

cross

Friday, June 17, 2016

အရင်တိုင်းပဲအလုပ်လုပ်ပေမယ့်ဝင်ငွေဆယ်ဆလောက်တိုးနိုင်သောနည်း

ကျွန်တော်တို့ ဝင်ငွေကို တူညီသော အချိန်အတွင်းမှာ
ဆယ်စလောက်တိုးလာအောင် ဘယ်လိုလုပ်မှာလဲ ?
မင်္ဂလာပါ
ဒီနေ့ကျွန်တော် နည်းလမ်းတစ်ခုပေးမယ်ဗျ
.
.
.
.
ကျွန်တော် ဒီနည်းလမ်းနဲ့ ကျောင်းမပြီးသေးတဲ့အချိန်ကတည်းက
တစ်လ ဝင်ငွေ သိန်း ဂဏန်းရှာနိုင်ခဲ့တယ်
.
ပြီးတော့ သူငယ်ချင်း လဲကိုယ့်အလုပ်ပေါ်မှာ
ဒီနည်းလမ်းသုံးကြည့်လို့ရတယ်
.
ကျွန်တော် နည်းလမ်းကို (A,B,C,D ) ဆိုပြီး ခွဲထားပေးတယ်
မှတ်ရတာလွယ်အောင်
အကယ်လို့ နားလည်သွားပြီဆိုရင်
အခုရှိနေတဲ့ ဝင်ငွေထက် ပိုများတဲ့ ဝင်ငွေကိုရှာနိုင်လိမ့်မယ်
.
ကျွန်တော်အမြဲတမ်းလုပ်လေ့ရှိတဲ့ အရာက
.
ကျွန်တော် အရေးကြီးဆုံးလုပ်ငန်းကိုပဲကိုယ်တိုင်လုပ်တယ်
သူများကိုပေးလုပ်နိုင်သမျှ အလုပ်ကို
Out Source လုပ်လိုက်တယ်
ကိုယ်မလုပ်လဲ ရတဲ့အလုပ်ကို သူများကိုပေးလုပ်လိုက်တာပါ
.
အဲ့လိုမျိုးပြောလိုက်တော့
.
မေးခွန်းတွေအများကြီးထွက်လာပြီပေါ့
.
လူတိုင်းရဲ့ အများဆုံး ပြသာနာ က
ငါဘယ်အလုပ်ကိုခွဲပေးရမှာလဲ?
အကုန်လုံးက ငါကိုယ်တိုင်လုပ်ရမယ့်အလုပ်တွေကြီးပဲ
ဒါမှမဟုတ် သူများကို လစာပေးပြီး အလုပ်ခိုင်းရမှာလား?
.
ဒီတော့ ကျွန်တော်မှာ လျှို့ဝှက်ချက်
တစ်ခုရှိတယ်
ကျွန်တော့် အရမ်းတော်တဲ့ထိုင်းလူမျိုး
ဆရာ တစ်ယောက်ဆီကနေရလာတာပါ
ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ သိပ်မအံမဝင်တဲ့ အတွက်
ကျွန်တော် လွယ်လွယ်နဲ့ နားလည်နိုင်အောင်
နဲနဲလေးပြင်ထားပါတယ်
.
ကျွန်တော် တို့ဘဝမှာ အလုပ်က ၁၀၀ % ရှိတယ်
၂၀% ကပဲ ကျွန်တော်တို့ ဘဝကိုပြောင်းလဲ ပေးမယ့်အလုပ်
ဒါဆို ကျန်တဲ့ ၈၀% ကကျွန်တော်တို့ အနာဂတ် အတွက် သိပ်ပြီး
အကျိုးသက်ရောက်မှု မရှိတဲ့ အလုပ်ပါ
.
ဒါကြောင့် ၂၀% သောအလုပ်ကိုဦးစားပေးပြီး
လုပ်ရမယ်
.
ဒီတော့ အလုပ်ဘယ်လိုခွဲရ မှာလဲလို့မေးမယ်
ဆိုရင်
ဘယ်အလုပ်ကအရေးကြီးလဲ ဘယ်အလုပ်ကအရေးမကြီးဘူးလဲ
ဆိုတဲ့ အပေါ်မှာကြည့်လို့ရပါတယ်
.
လွယ်လွယ်ပြောရမယ်ဆိုရင်
.
ကျွန်တော်တို့လုပ်ရမယ့်အလုပ်အကုန်လုံးကို ၁၀၀% လို့မှတ်လိုက်ပါ
(၁၀ မျိုးလို့လဲမှတ်လို့ရပါတယ်)
.
ဒါပေမဲ့ အဲ့ဒီ ၁၀၀% မှာ ကျွန်တော်တို့ဘဝ
ကိုပြောင်းလဲပေးမဲ့ အလုပ်က ၂၀% (၂ မျိုး) ပဲရှိတာ
.
အဲ့ဒီထဲမှာ ရွေးကြည့်ပါ
.
ဥပမာပေးရမယ်ဆိုရင်
ကျွန်တော်ကျောင်းတက်တုန်းက
ကျွန်တော် sell တစ်ယောက်ဖြစ်ခဲ့ဖူးတယ်
ကျွန်တော်တစ်ရက်တစ်ရက်လုပ်ရမယ့်
အလုပ်တွေတစ်ပုံကြီး
ချရေးပြမယ်ဗျ
.
(၁) ကိုယ့်အလုပ်ထဲက သူငယ်ချင်းနဲ့ထမင်းစားရမယ်
(၂) Customer တွေဆီဖုန်းဆက်ရမယ်
(၃) System ထဲသို့ အလုပ်အကြောင်းအရာ key လုပ်ရမယ်
(၄) ရုံးကိုစာရွက်စာတမ်းပို့ရမယ်
(၅) Customer ဆီသွားပြီး relationship ယူရအုံးမယ်
(၆) Meeting ထိုင်ရအုံးမယ်
(၇) ရုံးက ကားကို ဆိုင်မှာ သွားစစ်ရအုံးမယ်
(၈) Customer ဆီ Order ပို့ရအုံးမယ်
(၉) E-mail တွေစစ်ရအုံးမယ်
(၁၀) အဝတ်လျှော်ရမယ်
.
ကျွန်တော်တို့ အရင်ဆုံးကျွန်တော်တို့ရဲ့တစ်နေ့တာ
လုပ်ရမယ့် အလုပ်ကို ချရေးလိုက်ပါ
ပြီးတာနဲ့ (A,B,C,D ) ခွဲတော့မယ်ဗျ
.
ကျွန်တော်တို့လုပ်ပြီးတာနဲ့ ဘဝပြောင်းနိုင်တဲ့အလုပ်ကို A လို့ရေးပါ
.
လုပ်လည်းကောင်းတယ် ဒါပေမဲ့ အနာဂတ်အတွက်
သိပ်ပြီးအကျိုးမပြုတဲ့အလုပ်ကို B လို့ရေးပါ
.
ကိုယ်မလုပ်လဲ သူများကို ပေးလုပ်နိုင်တဲ့အလုပ် ကို C လို့ရေးပါ
.
ဘဝအတွက်ဘာမှ အကျိုးမပြုတဲ့အလုပ်ကို D လို့ရေးပါ
.
( KEY အရေးကြီးဆုံးက A ကလွဲလို့ ဘယ်အလုပ်ကိုမှ အရင်မလုပ်ဘူး)
.
ကျွန်တော်ခုဏက ချရေးထားတဲ့အတိုင်းဆိုရင် ဥပမာအနေနဲ့ ကြည့်ကြည့်ပါ
.
.
(A) အချိန်ပေးလိုက်ရင် ဘဝပိုကောင်းလာနိုင်တဲ့အလုပ်
ပြီးတော့ ကျွန်တော်တို့ကိုယ်တိုင်ဘဲလုပ်ရမယ့်အလုပ်
A1 - Customer ဆီဖုန်းဆက်ရမယ်
A2 - Customer ဆီသွားပြီး relationship ယူရမယ်
.
.
(B) လုပ်လည်းကောင်းတယ် ဒါပေမဲ့ အနာဂတ်အတွက်
သိပ်ပြီးအကျိုးမပြုတဲ့အလုပ်
B1- Meeting ထိုင်ရမယ်
B2- E-mail တွေစစ်ရအုံးမယ်
.
.
(C) သူများကိုပေးလုပ်နိုင်တဲ့ အလုပ်
ကိုယ်ကိုတိုင်မလုပ်လဲ ရတဲ့အလုပ်
C1- System ထဲသို့ အလုပ်အကြောင်းအရာ key လုပ်ရမယ်
C2- ရုံးကိုစာရွက်စာတမ်းပို့ရမယ်
C3- Customer ဆီ Order ပို့ရအုံးမယ်
C4- ရုံးက ကားကို ဆိုင်မှာ သွားစစ်ရအုံးမယ်
C5- အဝတ်လျှော်ရမယ်
.
.
(D) လုပ်ပြီးသွားလဲ ဘာမှမထူးတဲ့အလုပ်
ဒါဆိုဖြတ်နိုင်ရင်ဖြတ်လိုက်ပါ
D1- ကိုယ့်အလုပ်ထဲက သူငယ်ချင်းနဲ့ထမင်းစားရမယ်
.
တကယ်ဆိုရင် ကျွန်တော်တို့ အရေးကြီးတဲ့အလုပ်က ၂၀% ပဲရှိတာ
ပြီးတော့အဲ့ ၂၀% ပဲကျွန်တော်တို့ ဘဝကိုပြောင်းလဲနိုင်မှာ
.
ဒါပေမဲ့ ကျွန်တော်တို့လူတွေက အရာရာတိုင်းကိုလုပ်ဖို့ကြိုးစားကြတယ်
ပြီးတော့ အချိန်မရှိဘူးလို့ ညည်းကြတယ်
အလုပ်ကိုပင်ပင်ပန်းပန်းလုပ်ပေမဲ့ ဘဝက
ဒီထက်မကောင်းနိုင်တဲ့လူတွေအများကြီးရှိတယ်
.
အရေးမကြီးတဲ့အလုပ် ၈၀% ကိုလုပ်နေတော့ ပင်ပန်းတာပေါ့
ပြီတော့ အကျိုးရှိလားဆိုတော့ ရှိပါ့မလားဗျ
.
.
ကြိုစားရင်အောင်မြင်နိုင်တယ်တဲ့
ကြားဖူးတယ်မလား
ဒါပေမဲ့ ကျွန်တော်က အဲ့ဒီစကားကို နဲနဲ ထပ်ဖြည့်ပေးချင်တယ်
ကြိုးစားပေမဲ့ နည်းမမှန်ရင် ဆယ်နှစ်လဲ မအောင်မြင်ဘူးဗျ
.
.
အကျဉ်းချုပ်ပြောရရင် A အလုပ်ကိုအရင်လုပ်ပါ
ပြီးမှ B ပေါ့
C အလုပ်ကျတော့
အစ ကကျွန်တော်ကိုယ်တိုင်အကုန်လုပ်တယ်
နောက်ကျတော့ system သိလာတဲ့အခါ
ကျွန်တော်သူများကို လစာပေးပြီးငှားလိုက်တယ်
ဘာလို့လဲဆိုတော့ကျွန်တော့်မှာအချိန်ပိုလာရင်
အဲ့ အချိန်ကို ကျွန်တော် A အလုပ်ကိုပိုလုပ်နိုင်လိမ့်မယ်
D အလုပ်ကျတော့ ကျွန်တော်အချိန်ပိုရင်လုပ်တယ်
အချိန်မပိုရင်မလုပ်ဘူး
(ကျွန်တော်သူငယ်ချင်းနဲ့ ထမင်းစားသည် ဖြစ်စေ
မစားသည်ဖြစ်စေ နောက်နှစ် မှာ
ကျွန်တော့်ကို ဝင်ငွေတိုးစေမှာမဟုတ်ဘူးလေ )
.
.
ဒီနည်းလမ်းတွေက ကျွန်တော်ကိုဆယ်ကျော်သက်ကတည်းက
ဝင်ငွေဆယ်သိန်းကျော်ရှာနိုင်အောင် ကူညီပေးခဲ့တယ်
လေးလလောက်ပဲ ကျွန်တော် ဒီနည်းကို သုံးပြီးကတည်းက
ကျွန်တော် ဝင်ငွေတဖြည်းဖြည်းနဲ့ တိုးလာတယ်
.
.
ကျွန်တော် တော်လို့မဟုတ်ပါဘူး
ဒါပေမဲ့ ကျွန်တော် အချိန်ကိုအကျိုးရှိအောင်ခွဲနိုင်လို့ပါ
.
သူငယ်ချင်း ခင်ဗျားသာ အရာရာတိုင်းမှာတော်တယ်ဆိုပေမဲ့
အချိန်ကို ခွဲမသုံးတတ်ဘူးဆိုရင်
.
လူအများစုအတိုင်းပဲ ပင်ပန်းရမှာပေါ့
ပင်ပန်းပေမဲ့ ဘဝက အရင်အတိုင်းပဲ နေရာဟောင်းမှာရှိနေတာ
အဆိုးဆုံးပေါ့
.
ဒါကတော့ ကျွန်တော်အမြဲတမ်းသုံးတဲ့ နည်းလမ်းတစ်ခုပါ
သူငယ်ချင်းတို့အတွက်လဲ အနဲနဲ့အများတော့ အကျိုးရှိလိမ့်မယ်လို့
ယုံကြည်ပါတယ်

Credit: အောင်မြင်သူ ဘယ်လိုတွေးလဲ

0 comments:

Post a Comment