cross

cross

Friday, June 17, 2016

ကျနော့်အတွက်ချမ်းသာခြင်းရဲ့အဓိပ္ပါယ်

အကယ်လို့ချမ်းသာခြင်းဆိုတာ
. ပြိုင်ကားလှလှလေးစီးရဖို့
.အိမ်လှလှကြီးကြီးမှာနေရဖို့
.နိုင်ငံခြားမှာ ဈေးဝယ်ထွက်နိုင်ဖို့
.အတွက်သာဆိုရင်
.ကျွန်တော်တို့မချမ်းသာလဲရပါတယ်လို့
.ကျွန်တော်ထင်တယ်
.ဒါပေမဲ့ ချမ်းသာခြင်း သည်
.ကျွန်တော်တို့ရဲ့မွှေးမိခင်နေမကောင်းတဲ့
အချိန်မှာ
.ပိုက်ဆံမတတ်နိုင်လို့ဖြစ်သလိုကပေးရမယ့်အစား
.ကုသမှုခေတ်မှီသော ဆေးရုံကြီးတွင်
ကုပေးနိုင်မယ်ဆိုရင် …
.ကျွန်တော်တို့ သားသမီးတွေသူတို့တက်ချင်
တဲ့ကျောင်းကို
.ပိုက်ဆံမတတ်နိုင်လို့နီးစပ်ရာ
.ကျောင်းထားပေးရမယ့်အစား
.ကျောင်းကောင်းကောင်းကြီးထားပေးနိုင်မယ်
ဆိုရင်
.ဒီတစ်သက်တော့တစ်ခါလောက်ကျွန်တော်ချမ်းသာပါရစေ
.ကျွန်တော်တို့ဆင်းဆင်းရဲရဲနဲ့ မွှေးလာတာ
.ကျွန်တော်တို့အပြစ်မဟုတ်ပါဘူး
.ဒါပေမဲ့ သေတဲ့အချိန်မှာဆင်းရဲနေသေးတယ်
ဆိုရင်
.ကျွန်တော်တို့အပြစ်လို့ပြောလို့ရပါတယ်
.ဒါဆိုရင်မေးရမှာက
.ကျွန်တော်တို့ချမ်းသာအောင်ဘယ်ကစပြီးကြိုးစားရမှာလဲ ဆိုတာဘဲ
.လွယ်ပါတယ်ဗျ …
.ကိုယ့်ကိုကိုယ် အရင်ပြန်မေးလိုက်ပါ
.ကျွန်တော်တို့ ဘာအကြောင်းအရင်းကြောင့် ချမ်းသာသင့်လဲ ဆိုတာကိုဘဲ
.အကယ်လို့ ဒီမေးခွန်းတောင်မဖြေနိုင်သေးဘူးဆိုရင်တော့
.ချမ်းသာဖို့အိပ်မက်မမက်သေးနဲ့ဗျ
.ကိုယ့်ကိုကိုယ်အဖြေရပြီဆိုရင်တော့
.အရင်တိုင်းမလုပ်ပါနဲ့တော့
.အရင်လိုတွေးတာ
.အရင်လိုကိုယ့်အပြင်ဘယ်သူမှမယုံတဲ့
အကျင့်တွေပြင်ပါ
.( ဘာလို့လဲဆိုတော့ အရင်တိုင်းလိုလုပ်မယ်
.ဆိုရင် အရင်တိုင်းလိုဘဲဖြစ်နေမှာပါ )
.တစ်ခုခုအဆင်မပြေတာနဲ့ကြုံလာရင်
.ကံကိုဘဲအပြစ်မတင်ပါနဲ့တော့
.ကိုယ်ဘေးမှာရှိတဲ့သူတွေကိုအပြစ်တင်တာကိုလည်းရပ်သင့်ပါပြီ
.(အထူးသဖြင့်ကိုယ့်ကိုချစ်တဲ့လူပေါ့)
.သူများကိုအပြစ်တင်မည့်အစား
.ကိုယ့်ကိုကိုယ်ပြန်အပြစ်တင်ပါ
.ပြီးတော့ကိုယ့်အပြစ်ကိုပြန်ပြင်ပြီး
.ကိုယ့်ကိုကိုယ်တိုးတက်အောင်လုပ်ပါ
.သူများပြောတဲ့စကားကိုများများ
နားထောင်ကြည့်ပါ .
(အကုန်လုံးယုံရမယ်လို့ကျွန်တော်မပြောဘူး ၊ များများနားထောင်ကြည့်ပြီးသူပြောတာဟုတ်မဟုတ်စဉ်းစားကြည့်ပါ)
.ကိုယ့်ကိုကိုယ်ပြောင်းလဲရတော့မှာပါ
.အရေးကြီးတဲ့ကျွန်တော်တို့ရဲ့
အမှား(၂) ခုလောက်ကျွန်တော်ပြောပြချင်သေးတယ်
.အရမ်းအဓိပါယ်မရှိတဲ့မှားယွင်းချက်ပါ
. (၁)အချက်က
. “သူများတွေ သူ့ကိုသူပြောင်းလဲသင့်
တယ်လို့ထင်တတ်တယ်”
. တကယ်ဆိုရင်ကျွန်တော်တို့ကိုယ့်ကိုကိုယ်
.ပြောင်းလဲဖို့ကြိုးစားရမှာပါ
. ( ဥပမာ … ကျွန်တော်တို.စေတနာနဲ့
.တစ်ယောက်ကိုကူညီလိုက်တယ်ဆိုပါတော့
.ဒါပေမဲ့ သူကကျေးဇူးမတင်ဘဲ အပြစ်တင်လာ
တယ်ဆိုရင်
. ကျွန်တော်တို့က သူအကျင့်ဆိုးကိုပြောင်း
သင့်တယ် လို့တွေးတတ်ကျတယ်
.ဒါပေမဲ့ ကျွန်တော်တို့နောက်တစ်ကြိမ်အဲ့လိုလူမျိုးကိုမကူညီဖို့ကိုယ့်ကို ပြောင်းလိုက်ရင်ပြီးပါတယ်၊ကျွန်တော်တို့နားလည်ရမှာက ဒီလောကမှာ ကိုယ့်အပြင်ဘယ်သူကိုမှမပြောင်းလဲနိုင်ဘူးဆိုတာပါဘဲ )
(၂) “ လူတစ်ယောက်ကိုပြောင်းလဲဖို့ လွယ်တယ်လို့ကျွန်တော်တို့ထင်တတ်ကျတယ်”
. တကယ်ဆိုရင် မှားပါတယ်
. ဘာလို့လဲဆိုတော့ စဉ်းစားကြည့်ပါ
. ကျွန်တော်တို့လူတွေက ပြောင်းလဲခြင်းကို
မကြိုက်ကြဘူး . . .
.အကယ်လို့ကောင်းကောင်းပြန်တွေးမယ်ဆိုရင်
.ကျွန်တော်တို့ဘဝမှာကြုံတွေ့ရတဲ့
. အများစုသောပြသာနာတွေရဲ့
.တရားခံတွေထဲမှာ
. ကျွန်တော်တို့ကိုယ်တိုင်ပါနေတတ်တယ်
. ဒါပေမဲ့ ကျွန်တော်တို့က ကိုယ့်ကိုကိုယ်
အပြစ်မတင်တဲ့အပြင်
. သူများကိုအပြစ်တင်တတ်ကြတယ်
. (တခါတလေ ကိုယ့်ချစ်သူနဲ့ရန်ဖြစ်တဲ့အချိန်မှာ သူ့ဘက်ကပြောင်းလဲနေပါလား ငါ့အပေါ်
ဘာလို့အဲ့လိုလုပ်လဲမသိဘူးဆိုပြီးတွေးတတ်ကြ
တယ်
.ဒါပေမဲ့ ငါဘာလုပ်လိုက်လို့သူပြောင်းလဲသွားတာလဲဆိုတာ မတွေးမိတတ်ကြဘူး ) (ဥပမာပေးတာပါ)
.(တခါတလေကိုယ်လုပ်ချင်သောအရာကို
အမေကပိတ်ပြင်တဲ့အချိန်မှာ
.ကိုယ်ကလည်း အမေဘာလို့ကျွန်တော့်ကို
နားလည်မပေးတာလဲ ပေါ့
.အမေကလည်း သားဘာလို့အမေ့ကို
နားမလည်တာလဲ နှစ်ဖက်စလုံးလဲ
.တခြားတဖက်အရင်ပြောင်းလဲဖို့
တောင်းဆိုတတ်ကြတယ်
.တကယ်ဆိုရင်ကိုယ့်ဖက်ကကော သူ့ဖက်ကိုနားလည်ပေးလားလို့ ပြန်မတွေးဖြစ်ကြဘူးလေ
.( သူ့ဖက်ကိုနားလည်ပါတယ်လို့ဖြေတာများပါ
.တယ်
.ဒါပေမဲ့ ဝန်ခံရဲလားဆိုတဲ့အပေါ်မှာ
မူတည်ပါတယ် )
. ကိုယ့်ကိုကိုယ်ပြောင်းလဲပါ
.ကိုယ်အရင်ပြောင်းပါ ဒါမှသူကလိုက်ပြောင်းမှာ
. သူများကိုပြောင်းလဲဖို့ မကြိုးစားပါနဲ့
.အလားကားပါ ပင်ပန်းပါတယ်ဗျ
.ကိုယ့်ကိုကိုယ်ပြောင်းလဲပါ အဲ့ဒါအလွယ်ဆုံးဘဲ

0 comments:

Post a Comment