cross

cross

Friday, June 17, 2016

အတင်းပြောခံရ ရင်ဘယ်လိုလုပ်မလဲ

.ဒီနေ့ သူငယ်ချင်း ခင်ဗျားအတင်းပြောခံ နေရပြီလား
.
.
.ကျွန်တော်တို့ကိုယ့်အိပ်မက်ကိုလက်နှစ်ဖက်နဲ့
.တည်ဆောက်တဲ့ အချိန်မှာ
.ကျွန်တော်တို့အိပ်မက်ကိုပါးစပ်တစ်ပေါက်နဲ့
.ဖျက်ဆီးတတ်တဲ့တစ်စုံတစ်ယောက်ရှိစမြဲပဲ
.ဘာလို့လဲဆိုတော့ မနာလို လို့ ။
. မနာလိုတာ က အရာတစ်ခုကိုကြိုးစားတာ
. ထက်အရမ်းလွယ်ပါတယ်
.ဒါကြောင့် သူ့ထက် ကြိုးစားတဲ့
.ကျွန်တော်တို့ကိုတွေ့တဲ့အခါ
.အတင်းပြောတာပေါ့
.
.
.တခါတလေ ကိုယ့်နောက်က အတင်းပြောတာတင် မက ဘူး
.ကိုယ့်ကို စေတနာ အပြည့်နဲ့
.“မင်းလုပ်နိုင်မှာမဟုတ်ဘူး”
.ဆိုပြီး သတိပေးသလို မျိုးပြောတတ်တယ်
.အဲ့လို သတိလာ ပေးတာ သူတကယ်ပြောချင်တဲ့ စကားက
. “နင်လုပ်နိုင်မှာ မဟုတ်ဘူး ငါတောင် ငါလုပ်နိုင်မယ်မထင်ဘူး
.ဒါကြောင့်နင်လဲ ငါ့လိုမျိုးဘဲ လုပ်နိုင်မှာ မဟုတ်ပါဘူး”
.
.တွေ့လား ဒီစကားအပြည့်အစုံကိုကြားရတော့
.သူငယ်ချင်း စိတ်မှာ ဘယ်လိုနေလဲ
.သူ မလုပ်နိုင်တဲ့ အရာတိုင်း
.ကျွန်တော်တို့လဲ မလုပ်နိုင်ဘူး
.လို့ထင်နေတာလေ
.
.ဒါဆို ဒီလို လူတွေ့ရင်ဘယ်လိုရှင်းမှာလဲ
.လက်သီးနဲ့တော့ မရှင်းပါနဲ့၊စိတ်ထိန်းထားပါ
.ဖြေရှင်းတဲ့နည်းက တစ်ခုပဲ ရှိတယ်
.အဲ့ဒါ သူငယ်ချင်း သူ ခင်ဗျားမလုပ်နိုင်ဘူးလို့ပြောတဲ့
.အိပ်မက်ကို အကောင်အထည်ဖော်ပြလိုက်ပါ
.ကျွန်တော်တို့လူ့ဘဝမှာအကောင်းနိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားပါ
.အဲ့ဒီ လူဘာမှပြောလို့ မရအောင်လုပ်ပါ
.ကိုယ်ကြိုးစားတာကို မနာလိုတဲ့
.လူက ပိုပြီး မနာလိုဖြစ်ပေလိမ့်မည်
.ဒါပေမဲ့ ဒီတခါတော့ သူခင်ဗျားကို
.ဘာမှ မပြောနိုင်တော့ဘူး
. သူမနာလိုတာကို ရင်ထဲမှာ ပြောမထွက်တော့
.သူတော်တော် ခံရခက်လိမ့်မည်
.အဲ့လိုမျိုးမှ ကျွန်တော် စိတ်ပြေတယ်
.
.
.တခါတုန်းက
.Steve Jobs လဲ အဆဲခံခဲ့ရတာဘဲ
.မဖြစ်သေးတဲ့အရာ ကို စလုပ်တဲ့ လူအများစု က အစပိုင်းတော့
.အတင်း ခံရမှာဘဲ
.ဆဲခံ ရမှာဘဲ
.(ကျွန်တော် နားမလည်တာက အတင်းပြောလိုက်လို့
.သူတို့ စိတ်ထဲမှာ ပျော်လား ၊
.ပိုက်ပြည့်သွားလား မသိဘူး ၊
.ကျွန်တော်တို့ ကျွန်တော် ဘာလုပ်လုပ်ပေါ့ ၊
.သူတို့စီးပွားရေး မထိခိုက်ဘူးဆိုတာ ၊
.နားလည်စေချင်လိုက်တာ)
.တချို့ဆိုဘယ်လောက်ထိဆိုးလဲ ဆိုတော့
.သေသွားတဲ့ လူကိုတောင် အလွတ်မပေးဘူး
.လူ ကသေသွားပြီ ဒါပေမဲ့ နာမည်မသေဘူးလို့
.ပြောရမလားတောင်ဖြစ်တယ်
. ဥပမာ သူလေ A ကိုက်လို့သေတာတဲ့ ၊
.တွေ့တဲလူတိုင်းကို ကြော်ညာဝင်တယ်
. အဲ့လိုလူမျိုးကို တွေ့ရင် ဝေးဝေးရှောင်နော်
.ကျွန်တော်သတိပေးပြီးသားနော်
.ဘာလို့လဲဆိုတော့
.အကယ်လို့ ခင်ဗျားသာ သူထက်အရင်သေရင်
.ခင်ဗျားကို Ebora ဖြစ်လို့သေတယ်လို့ပြောရင်ပြောမှာ
.ခင်ဗျားရှေ့မှာ သူများအကြောင်းကိုပြောဖူးသလိုမျိုးပေါ့
.ဒါပေမဲ့
.ကျွန်တော် တခုလောက် မေးချင်တယ်
.ဒီလောက မှာ အတင်းမပြောခံရတဲ့လူ ရှိလားလို့
.ကျွန်တော်ဒီစာကိုတင်ရတာလဲ
.Inbox မှာလာလာမေးကြလို့ပါ
.ကျွန်တော်/မ ဘာလုပ်လုပ် ကိုယ့်နောက်မှာအတင်းပြောကျတယ်တဲ့
.ကျွန်တော်လဲပြန်ပြောလိုက်တယ်
.သူငယ်ချင်းစီမှာ သူတို့မနာလိုတဲ့အရာရှိ လို့ပေါ့
.ဒါမှ မဟုတ် သူတို့ထက် ကြိုးစားတဲ့လူဖြစ်လို့ပါ
.မဟုတ်ရင် သူငယ်ချင်းရဲ့နောက်ကွယ်မှာ
.အတင်းပြောစရာအကြောင်းမရှိပါဘူး
.ဒါပေမဲ့သနားဖို့ကောင်းတာကသူတို့
.ကိုယ်ကိုတိုင်မနာလိုနေမှန်း သူတို့မသိပါဘူး
.အကျဉ်းချုပ်ပြောရမယ်ဆိုရင်
.အတင်းစကားက မြှားလို ထက်တယ်ဆိုရင်
.ခင်ဗျား အိပ်မက်ကို လိပ် လို့သဘောထားပါ
.သူတို့ စကားဘယ်လောက်ထက်ထက် ခင်ဗျားကို မထိခိုက်နိုင်ပါဘူး
. မြှားဖြင့် လိပ်ကိုပြစ်သလိုပေါ့ (မျက်လုံးထဲမြင်ကြည့် ရီစရာဘဲ)
.ဟုတ် ဒီစာကိုဒီမှာဘဲ ရပ်ထားတော့မယ်
.သိပြီနော် အတင်းပြောခံရရင် ဘာလုပ်ရမှာလဲဆိုတာ
.(သူငယ်ချင်း အကယ်လို့ ခင်ဗျားသာ ဒီစာကို ဖတ်ရင်းနဲ့ စိတ်ဆိုးတယ်ဆိုရင် ခင်ဗျား အတင်းပြောတတ်တဲ့အကျင့်ကိုပြင်ဖို့ ကြိုးစားပါ အတင်းပြောတာမောပါတယ် ပြီးတော့ လောကအတွက်အောက်ဆီကျင် ကုန်တယ် ၊ ကိုယ့်ကိုကိုယ်ပြောင်းလဲနိုင်ပါစေ )

Copy from : https://mobile.facebook.com/photo.php?fbid=238542413181206&id=233011817067599&set=a.233547093680738.1073741828.233011817067599&source=48&refid=13

0 comments:

Post a Comment