cross

cross

Friday, June 17, 2016

အမြုပ်ပေါ်မှာနေရင်ရေအောက်ကပြသနာကိုနားလည်မှာဟုတ်ဘူး

ကျွန်တော်တို့ အမြုပ်ပေါ်နေနေတယ်ဆိုရင်
ရေအောက်က ပြသာနာကို နားလည်မှာ မဟုတ်ဘူး
Perfect ဖြစ်တဲ့ Version ကို ပတ်မရှာပါနဲ့
အခုရှိနေတဲ့ အကောင်းဆုံး Version ကိုပဲ ရှာပါ
ပြီးတော့
(၁) ချက်ချင်းလက်တွေ့ချလုပ်ပါ
(၂) ပြီးတော့ ဒီထက် တိုးတက်အောင်လုပ်ပါ
@ ပြီးတော့ ဘဝမှာ ဒီ (၁) နဲ့ (၂) ကို သံသရာလည်အောင်လုပ်နိုင်အောင်ကြိုးစားပါ
.
.
A
.
.
အောင်မြင်တဲ့ လူတွေကလည်း ဒီလိုပဲလုပ်ကြတာပါ
Facebook လဲ အစကတည်းက ဒီလောက်တိုးတက်တာမဟုတ်ဘူးလေ
ဒီလိုနဲ့ (၁) လုပ်သွား + (၂) ပိုပိုပြီးတိုးတက်အောင် လုပ်ရတာပဲ
(နောက်ဆုံးကျွန်တော်တို့ လူတိုင်းနီးပါးသုံးနေရတယ်လေ)
.
Steve Jobs လဲဒီလိုပါပဲ
(မဟုတ်ရင် Iphone တီထွင်ကတည်းက Iphone 6S+ ချက်ချင်း တီထွင်ပြီပေါ့
အဲ့လိုသာဆိုရင် Iphone 2/3/4/5 ကိုကျွန်တော်တို့တွေ့ဖူးတော့မှာမဟုတ်ဘူး )
ပြီးတော့ သူတဖြည်းဖြည်း ios ကို update လုပ်ရင်းနဲ့ ဒီနေ့လိုမျိုးဖြစ်လာတာဘဲ
ဒါပေမဲ့ ကျွန်တော်ပြောပြချင်တာက
ios 7 က အကောင်းဆုံး version မဟုတ်တာတောင်မှ
အဲ့ဒီအချိန်တုန်းက အကောင်းဆုံး version ပဲလေ မဟုတ်ဘူးလား
.
.
B
.
.
ကျွန်တော်တို့ လူအများစုဘယ်မှာလိုသွားလဲ သိလား?
ကျွန်တော်တို့ အများစုက ဒီလိုတွေးကျတယ်
အရာတစ်ခုကို perfect ဖြစ်အောင်လုပ်ပြီးမှ
ထုတ်ပြမယ်ပေါ့
ဒီလိုနဲ့ ဘယ်တော့မှ အလုပ်မစ ရတဲ့ အကြောင်းပြချက်ဖြစ်လာပြန်ရော
ကျွန်တော်ပြောပြမယ်
Perfect ဆိုတာမရှိပါဘူး
သူငယ်ချင်းတို့ ကြားဖူးလား
ဒီဟာက
Perfect ကား
Perfect အိမ်
Perfect Phone ဆိုပြီး
သုံးဖူးကြလား?
ပြီးတော့ဒီအကြောင်းကိုကော သိလား?
Nokia လဲတစ်ခါတုန်းက
သူ့ကိုသူ Perfect Phone လို့ပြောခဲ့ဖူးတယ်
ခုတော့ ဘယ်လိုလဲ ?
ပျောက်ချင်းမလှ ပျောက်သွားတာပဲ
.
.
C
.
.
ဒါကြောင့် Perfect ဖြစ်တဲ့အချိန်ကို မစောင့်ပါနဲ့တော့
ဒါပေမဲ့
ဒီအချိန်အတွင်းမှာ ကိုယ်အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ
ပြီးတော့ အဲ့ဒီ အရာကို အရင်ထက်ကောင်းအောင် ကြိုးစားသွားလို့ရပါတယ်
.
.
D
.
.
(ခက်လိုက်တာ လို့ ညည်းတဲ့လူတွေကို တွေ့ဖူးလား)
ခက်တယ်ဆိုတာ မလုပ်ရသေးလို့ပါ
လက်တွေ့ သေသေချာချာ အာရုံစိုက်ပြီး
ကြိမ်ဖန်များစွာလုပ်ရင် မခက်ပါဘူး
ဒီအချိန်မှာ အကောင်းဆုံးဗဟုသုတရှာပါ
ပြီးတော့ချလုပ်ပါ
အမြုပ်ပေါ်မှာနေရတဲ့သူက ရေအောက်ကပြသာနာကိုနားလည်မှာမဟုတ်ဘူး
.
.
E
.
.
တကယ့်ဘဝမှာ ကျွန်တော်တို့က
ကိုယ့်ကိုကိုယ် ဗဟုသုတ မလုံလောက်သေးဘူး
ဆိုပြီး သင်ယူနေတာကနေ အချိန်ကုန်နေတာများပါတယ်
တကယ်ဆို ကျွန်တော်တို့ နားမလည်သေးတာက
ကျွန်တော်တို့ လက်တွေ့ မလုပ်မချင်း အမြုပ်ပေါ်မှာပဲနေနေရတဲ့ သူပါ
ဒါကြောင့် ရေအောက်မှာ ဘယ်ငါးနဲ့တွေ့မှာလဲ
ဘယ်လိုရှိမလဲဆိုတာ ကျွန်တော်တို့ မတွေ့ ရဘူးလေ
ဘယ်လို ပြသာနာနဲ့ တွေ့နိုင်မှာလဲဆိုတာ ကျွန်တော်တို့
ဘယ်တော့မှ သိမှာမဟုတ်ဘူး


0 comments:

Post a Comment