cross

cross

Friday, June 24, 2016

●●●အစ္စလာမ်ဘာသာနှင့်ဂျီဟတ်အကြောင်း●●●

ဂျီဟတ်လို့ပြောနေကြတာရှိတယ်။ ဂျီဟတ်ဆိုတာဘယ်
လိုအဆင့်မျိုးကိုခေါ်တာလဲ။

ဂျီဟတ်ဆိုတာ စစ်ပွဲမဟုတ်ဘူး။ ဂျီဟတ်ရဲ့တိုက်ရိုက်
အဓိပ္ပါယ်က ကြိုးပမ်းမှု ၊ အားထုပ်မှု
(striving.struggle)ဆင်းရဲခြင်းမှ လွတ်ကင်း
အောင် ၊ ပညာမဲ့ခြင်းမှ ပညာရှိလာအောင် သို့သော်
မတရားမှုကိုလဲ ခုခံကာကွယ်ခြင်း ဆိုတာလဲရှိတယ်။
အဲ့ဒီအခါမှာ ဂျီဟတ်ဆိုတဲ့ အသုံးအနှုန်းကို မသုံးဘူး။
အာရဗစ်" ကတ်သယ်လ် " လို့ခေါ်တယ်။ စစ်ပွဲပေါ့။
အဲ့ဒါက ခုခံကာကွယ်စစ်(Defensive War)  ပဲရှိ
တယ်။ အဲ့ဒါက ဘယ်အချိန်မှာ(Defensive War)
မြောက်တယ်ဆိုတာ ကျွန်ုပ်တို့ ဆုံးဖြတ်လို့မရဘူး။
ခင်ဗျားတို့လဲ ဆုံးဖြတ်လို့မရဘူး။ မိမိရဲ့ ယုံကြည်မှုကို
စွန်လွှတ်ရမယ် ၊ မိမိရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ
ကို ဖျက်ဆီးသတ်ဖြတ်တော့မယ်ဆိုတဲ့ အဆင့်မျိုး
ရောက်ပြီဆိုရင် အစ္စလာမ်ထုရဲ့ ခေါင်းဆောင်ကနေပြီး
ခုခံကာကွယ်ရမယ်လို့ ကြေငြာရမယ်။ ကိုယ်ကစပြီး
ကျူးကျော်တိုက်ခိုက်ခြင်းဆိုတာ မရှိစေရဘူး။ တစ်ဖက်
ကနေ ငြိမ်းချမ်းရေးကမ်းလှမ်းရင် ကိုယ်က လက်ခံရ
မယ် စသည်ဖြင့် မြောက်မြားစွာသော ကန့်သတ်ချက်
တွေနှင့် ခွင့်ပြုထားတယ်။ သို့သော် ဂျီဟတ်ဟာ(လုံးဝ)
စစ်ပွဲမဟုတ်ဘူး။ ပြီးတော့ စစ်ပွဲဆိုတာလည်း ဘာသာ
တရားအရ မြင့်မြတ်တယ်ဆိုတာမရှိဘူး။
(No war is holy) ဘယ်စစ်ပွဲဖြစ်ဖြစ် ဘာသာရေး
အရ မမြင့်မြတ်နိုင်ပါဘူး။ စစ်ပွဲဆိုတာ မလွဲမရှောင်သာ လို့ နောက်ဆုံးအဆင့်မှာ ခုခံကာကွယ်ရတာ။ ဒါပေမဲ့ တဖက်က ရပ်ရင် ကိုယ်က ချက်ခြင်းရပ်ရမယ်။ တဖက် က ငြိမ်းချမ်းရေးကို လိုလားတယ်တဲ့ အရိပ်အယောင်ပြ ရင်တောင် ကိုယ်ကချက်ခြင်းကမ်းလှမ်းရမယ်။ မတရား
လုပ်ရင် ကိုယ်က ခုခံကာကွယ်မှု ၊ ကိုယ့်ကိုကိုယ်
(self defense)မလုပ်ဘဲ အသေခံလို့မရတဲ့ အ တွက်ကြောင့် ကိုယ်က မလွဲမရှောင်သာဘဲ ကာကွယ်
ဖို့ခွင့်ပြုချက်ရှိတယ်။ အဲ့ဒါကို ကိုယ်က ပျော်ပျော်ပါးပါး
ကျေကျေနပ်နပ်ကြီး လုပ်နေရတဲ့ ကိစ္စမျိုးတော့ မဟုတ် ဘူး။အဲ့ဒါကြောင့် စစ်ပွဲဟာ ဘယ်တော့မှ မမြင့်မြတ်နိုင်
ဘူး။ (Holy War)မဖြစ်နိုင်ဘူး။ စစ်ပွဲဆိုတာ မလို
လားအပ်တဲ့ကိစ္စပဲ။ တတ်နိုင်သလောက်ရှောင်ရမယ်။
ကိုးကွယ်ရာ အရှင်၏နာမတော်ဖြင့် စစ်တိုက်ခြင်းဟာ မိမိယုံကြည်ကိုးကွယ်တဲ့ အရှင်မြတ်ကို စစ်ဆင်ခြင်းပဲ ဖြစ်ပါတယ်။(War in the name of God is in
fact War against God.)နောက်တစ်ချက်က ဂျီဟတ်ဆိုတဲ့ အဓိပ္ပါယ်ကို တမန်တော်မြတ်ကြီး ဘယ်
လိုဖွင့်ဆိုခဲ့သလဲဆိုရင် အကုသိုလ်များ မြစ်ဖျားခံတဲ့ နှလုံးသားမှာ တိုက်ရတဲ့စစ်ပွဲဆိုပြီး ပြောထားတဲ့အဆို
အမိန့်တွေ အခိုင်အလုံရှိပါတယ်။ ဥပမာ တမန်တော် မြတ်ဟာ မတရားသောကျူးကျော်စစ်ကို တရားသော ခုခံစစ်နှင့် ဆင်နွှဲပြီးတဲ့ အခါမှာ သူ့တပည့်သာဝကတွေ
ကို မိန့်မှာခဲ့တဲ့ ဩဝါဒတော်တစ်ခုရှိပါတယ်။ အဲ့ဒီဩဝါဒ က ဘာလဲဆိုရင် ဒီကနေ့ ငါတို့သည် ပြင်ပက မတရား
တဲ့ ကျူးကျော်စစ်ကို  တို့ခုခံစစ်နဲ့ ဆင်နွှဲပြီးပြီတဲ့။ ဒီနေ့
ငါတို့နဲ့ အနီးကပ်ဆုံးမှာရှိတဲ့ အကြီးမားဆုံး ရန်သူ့ဘက် သို့ စစ်မျက်နှာလည့်ကြစို့လို့ မိန့်မှာပါတယ်။

အဲ့ဒီရန်သူသည် မိမိရဲ့ အကုသိုလ်တွေ မြစ်ဖျားခံတဲ့ နှလုံးသားဆိုတဲ့ စစ်တလင်းမှာ ဆင်နွှဲရမယ်တဲ့။ အဲ့ဒီ
တော့မကောင်းတဲ့စိတ်ဘက်ကို တိမ်းယိမ်းစေတဲ့
(နဗ္ဗစ်) အာမာရာလို့ခေါ်တဲ့ အဝိဇ္ဇာစိတ်ကို စစ်ခင်းရ
ခြင်းသည် မဟာစစ်ပွဲလို့ခေါ်တယ်(ဂျေဟာတေအက္က ဘလ်)လို့ခေါ်ပါတယ်။ ခုနပြောတဲ့ ကျူးကျော်မှုကို ခုခံရ
ခြင်းဆိုတဲ့ အသေးစားစစ်ပွဲကို (ဂျေဟာတေအဇကလ်)
လို့ခေါ်ပါတယ်။ အဲ့ဒီတော့ အတွင်း အဇ္ဈတ္တသန္တန်မှာ ပေကျန်နေတဲ့ အဝိဇ္ဇာစိတ်ကို စစ်ခင်းရခြင်း ဆိုတာက တော့ အဓိကဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဂျီဟတ်နဲ့ ပတ်
သက်ပြီးတော့လည်း အဲ့ဒီရှုထောင့်က အင်မတန်အရေး ကြီးပါတယ်။ အဲ့ဒါကြောင့်မိုလို့" ဂျီဟတ်ဆိုသည်မှာ ရုန်း
ကန်ခြင်း ၊ ကြိုးပမ်းခြင်း ၊ မကောင်းမှုကနေ ကောင်းမှု ဖြစ်အောင်လို့ ပြောင်းလဲရန် အားထုတ်ခြင်းကို တိုက်
ရိုက်ခေါ်ပါသည်။

အလ်ဟာဂ်ျ ဦးအေးလွင်
ငြိမ်းချမ်းမှုကို မိမိနှလုံးသားနှင့် တည်ဆောက်ရသလို
မိမိပတ်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းရေးနှင့် ဖြန့်ကျက်
ရမည့် စာအုပ်မှပြန်လည်မျှဝေပါသည်။( ဒိုင်ယာရီ)

0 comments:

Post a Comment