cross

cross

Friday, June 24, 2016

ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိတိုင်း သတိရသင့်တဲ့ အချက် (၁၀) ချက်

ကျရှုံးမှုတွေ၊ ကံမကောင်းမှုတွေ ကြုံတွေ့တဲ့အခါ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိတတ်ကြပါတယ်။

ဘယ်သူကမှ သင့်ကို စောင့်ကြည့် တန်ဖိုးဖြတ်မှာ မဟုတ်သလို အခွင့်အရေးကို လက်လွှတ်မဆုံးရှုံးဖူးသူဆိုတာ မရှိပါဘူး။ အမှားတွေ လုပ်မိလို့ ကျရှုံးမှုတွေ များလာလို့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မတိုင်း ဒီအချက်တွေကို သတိရပေးပါ။

၁။ ကိုယ့်ကိုယ်ကိုယ် ညံ့ဖျင်းတယ်လို့ လူတိုင်း တွေးဖူးကြပါတယ်

လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် သူများနဲ့ နှိုင်းယှဉ်ပြီး စိတ်ပျက်နေကြတယ်။ တချို့သောသူတွေက သင့်ထက် တစ်နေနေရာရာမှာ တော်နေတာနဲ့ပဲ သင်ဟာ အလုံးစုံ ညံ့ဖျင်းတယ်လို့ တွေးလို့ မရပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင် အားနည်းချက်၊ အားသာချက် ရှိပါတယ်။

၂။ သင် အကောင်းဆုံး လုပ်နေတာပဲ

အကောင်းဆုံးဆိုတာထက် သင်ပိုမလုပ်နိုင်ပါဘူး။ သင် အကောင်းဆုံးလုပ်ပေမဲ့လည်း ရလဒ်က ကောင်းမလာခဲ့ရင် စိတ်မပျက်ပါနဲ့။ အဓိကက သင်ကြိုးစားခဲ့တယ်ဆိုတာပဲလေ။ လူတစ်ယောက်က အမြဲတမ်း ကြိုးစားနေဖို့ပဲလိုတာပါ။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုတာက ကံနဲ့လည်း ဆိုင်ပါတယ်။

၃။ ဟိုအရင်ကထက်စာရင် သင်အများကြီး တိုးတက်နေပါပြီ

လွန်ခဲ့တဲ့ သုံးနှစ်လောက်ကို ပြန်ကြည့်လိုက်ပါ။ အဲဒီအချိန်မှာ သင်အရမ်းရုန်းကန်လှုပ်ရှားခဲ့ရတယ် မဟုတ်လား။ အခုချိန်မှာ အကောင်းဆုံးနေရာမဟုတ်ပေမဲ့ အဲဒီတုန်းကထက် အများကြီး ပိုကောင်းတဲ့ နေရာတစ်နေရာကို ရောက်နေပြီပဲ။ သင်ထင်ထားတာထက် သင် အများကြီးလုပ်နိုင်ခဲ့တယ်ဆိုတာ သဘောပေါက်ပါ။

၎။ သင် ရောက်သင့်တဲ့နေရာကို ရောက်နေတာပါ။

အဖြစ်အပျက်တိုင်းမှာ အကြောင်းပြချက်ရှိပါတယ်။ ဒီအခက်အခဲဟာ နောက်ထပ် ခရီးဆက်ဖို့အတွက် မှတ်တိုင်တစ်ခုသာ ဖြစ်တယ်။ ဆက်ပြီးတော့သာ လျှောက်လှမ်းပါ။

၅။ အချိန်တန်ရင် အဆင်ပြေသွားမှာပါ

အောင်မြင်မှုရသူတိုင်းဟာ အမြဲတမ်း အဆင်ပြေနေခဲ့တာ မဟုတ်ပါဘူး။ ဘဝဆိုတာ သူ့အလိုလို အဆင်ပြေသွားခဲ့တာ မရှိဘူး။ ဘဝဆိုတာ တစ်ခါတလေမှာ ကိုယ်မလုပ်ပေမဲ့ ဖြစ်ချင်တာတွေ ဖြစ်တတ်တဲ့အရာမျိုးပါ။

၆။ ဖြည်းဖြည်းနဲ့ မှန်မှန်လျှောက်လှမ်းပါ

သင့်ချစ်သူက သင့်ထက် ချမ်းသာတဲ့သူ၊ သင့်ထက် ဝင်ငွေကောင်းတဲ့သူကို တွေ့တဲ့အတွက် သင့်ကို ထားသွားလို့ သင် ကျရှုံးတယ်လို့ ခံစားရကောင်း ခံစားရမယ်။ သင် အခက်အခဲတွေ ရင်ဆိုင်နေချိန်မှာ သင့်ကို လက်မတွဲချင်သူမျိုးကို သင်မလိုအပ်ပါဘူး။ အဲဒီလို လူမျိုးကို မေ့လိုက်ပြီး သင်နဲ့ တကယ်သင့်လျော်မယ့်သူ တွေ့တဲ့အထိ အလုပ်ကို ကြိုးစား လုပ်ပါ။ ဘယ်လောက်ပဲ သေးငယ်တဲ့ တိုးတက်မှုဖြစ်ပါစေ တိုးတက်နေဖို့သာ အဓိကပါ။

၇။ စိတ်ပြင်းပြရင် ဘာမဆို သင်လုပ်နိုင်ပါတယ်

သင်အရမ်းလိုချင်တဲ့ အလုပ်က မရနိုင်ဘူးလို့ ထင်နေလား။ ဘယ်လောက်ပဲခက်ခက် ကြိုးစားကြည့်ပါ။ တကယ် ဖြစ်ချင်စိတ်သာ ပြင်းပြရင် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိပါဘူး။

၈။ သင်ထက်တာထက် သင်က ပိုပြီး စိတ်ဓာတ်ခိုင်မာပါတယ်

လူတွေက ကိုယ့်ရဲ့ အားနည်းချက်တွေကိုပဲ အာရုံထားနေကြပြီး ကိုယ်ဘယ်လောက် စိတ်ဓာတ်ခိုင်မာတယ်ဆိုတာ မသိကြပါဘူး။ ကိုယ့်ရဲ့ အားသာချက်တွေကို အာရုံထားပါ။ သင့်ရဲ့ အားနည်းချက်တွေကို ကျော်လွှားနိုင်တဲ့ စွမ်းရည် သင့်မှာရှိတယ်ဆိုတာကိုပါ မမေ့ပါနဲ့။

၉။ ကြိုးစားနေဖို့ပဲ လိုပါတယ်

ဒါက အရေးကြီးဆုံးအချက်ပါ။ သင်မကြိုးစားရင် အမြဲကျရှုံးမှာပါပဲ။ ဒါပေမဲ့ ကြိုးစားနေရင်တော့ အောင်မြင်နိုင်ခြေ အမြဲရှိပါတယ်။

၁၀။ အတားအဆီး အတော်များများကို သင်အောင်နိုင်ပြီးခဲ့ပြီပဲ

သင် ကျော်လွှားခဲ့တဲ့ အခက်အခဲတွေအကြောင်းတွေးကြည့်ပါ။ နောက်ထပ် အခက်အခဲတွေလည်း သင်မကျော်လွှားနိုင်စရာဘာရှိလဲ။ ရှေ့ဆက်လျှောက်လှမ်းပါ။ တိုးတက်မှုတွေ မြင်တွေ့ရမှာပါ။

0 comments:

Post a Comment