.မင်္ဂလာပါဗျ
.ကျွန်တော်နေ့တိုင်းရေးတဲ့စာတွေဖတ်
ရလို့ ပြင်းနေမှာဆိုးလို့
.ဒီနေ့ ကျွန်တော် တခြားနေ့နဲ့မတူတာလေးတင်ပေးမယ်ဗျ
. ကျွန်တော်မေးမယ်
.ငယ်ချင်းတို့ဖြေ
.အောက်က စာမှာကျွန်တော်
.(A,B,C,D) ရွေးစရာပေးထားတယ်
.တစ်ခုဘဲရွေးပါ
.ကိုယ်ကိုကိုယ်
.ဘယ်လိုလူမျိုးလဲဆိုတာပိုနားလည်လိမ့်မယ်
.အဆုံးထိတော့ဖတ်ပေးပါနော်
.
.
. A
.
.ကိုယ်ဝါသာနာပါသော အလုပ်လုပ်ရတယ့်သူ
.ဝင်ငွေလဲကောင်းတယ်
.အနာဂတ်လဲကောင်းတယ်
.ဒ်ီလိုမျိုးလူကတော်တော်ကံကောင်းတယ်ဗျ
.သူငယ်ချင်း ခင်ဗျား ဒီလိုလုပ်နိုင်တာ လူနည်းစုထဲကတစ်ယောက်ပါ
.ဝမ်းသာပါတယ်
.
.
. B
.
. ကိုယ်ဝါသာနာပါသော အလုပ်လုပ်ရတယ့်သူ
.ဒါပေမဲ့ ဝင်ငွေမကောင်းဘူး
.ဝင်ငွေမကောင်းတဲ့အတွက်
.အနာဂတ်လည်းသိပ်မသေချာဘူး
.ဒီလိုမျိုးလူလဲ ကံကောင်းတယ်လို့
.ကျွန်တော်ပြောချင်တယ်
.ဘာလို့လဲဆိုတော့
.ကိုယ်ဝါသာနာပါတဲ့ အလုပ်ကိုလုပ်ရလို့ပါ
.ဒါပေမဲ့ ကိုယ်ဝါသာနာပါတဲ့အလုပ်အပြင်
.အနာဂတ်တည်ဆောက်ဖို့ဝင်ငွေကောင်းတဲ့
.နောက်အလုပ်တစ်ခုအမြန်ရှာသင့်တယ်လို့
ကျွန်တော်ပြောချင်တယ်
.မဟုတ်ရင်တော့ အိပ်မက်ထဲမှာဘဲ
.လမ်းပျောက်နေမှာပါ
. နောက်ဆုံးတော့ အပြစ်တင်စရာမရှိတော့ လောကကို အပြစ်တင်ပြန်ရော
. အနုပညာဝါသာနာပါတဲ့သူအများစုပိုဖြစ်တတ်တယ်
.
.
. C
.
.ကိုယ်ဝါသာနာ မပါတဲ့အလုပ်လုပ်နေရတယ့်သူ
.ဒါပေမဲ့ ဝင်ငွေကောင်းတယ်
.ဒီလို လူမျိုး ဆိုရင်လည်းOK ပါတယ်
.အကယ်လို့ ဝင်ငွေတကယ်များတယ်
ဆိုရင်ပေါ့
.(၂) မျိုးဖြစ်နိုင့်ခြေရှိတယ်
.တစ် ကတော့ ခင်ဗျားလုပ်နေတဲ့အလုပ်ကို
.တဖြည်းဖြည်း သဘောကျလာနိုင်လို့ပါ
.နှစ် ကတော့ တစ်နေ့ ခင်ဗျား
.ဝင်ငွေလုံလုံလောက်လောက် စုမိတဲ့နေ့
.ခင်ဗျား ဝါသာနာပါတဲ့အလုပ်လုပ်နိုင်လို့ပါ
.
.
.D
.
. ကိုယ်ဝါသာနာ မပါတဲ့အလုပ်လုပ်နေရတယ့်သူ
.ဝင်ငွေလဲ မကောင်းပြန်ဘူး အနာဂတ်လဲသေသေချာချာမရှိဘူး
.ဒီလိုလူကတော့ တော်တော် သနားဖို့ကောင်းပါတယ်
.ဒီ D သမားတော့အမြန်ဆုံး အုပ်စုပြောင်းနိုင်ဖို့ကြိုးစားရတော့မယ်
.တစ်နေ့တစ်နေ့အချိန်အလားကား
.မကုန်အောင်ပါ
.ဒါပေမဲ့ သူငယ်ချင်း ခင်ဗျား
.ဘယ်အုပ်စုထဲ မှာဘဲဖြစ်ပါစေ
. (ခင်ဗျားနေချင်တဲ့အုပ်စုထဲ သို့ပြောင်းနိုင်
တယ်ဆိုတာ ကျွန်တော်ကိုယုံပါ)
.( ဒါကတော့ကျွန်တော်သတိပေးတဲ့သဘောပါ၊ စာသားတွေ မချိုပေမဲ့ အကျိုးရှိလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်)
.(တချိန်တုန်းက ကျွန်တော်လည်း D ဘဝသမားပါ ၊ တဖြည်ဖြည်းနဲ့ C အခုတော့ A ရောက်သွား
ပြီဗျ .. ဒါဥပမာပေးတာပါ ကျွန်တော် ဆိုလိုချင်တာက ကျွန်တော်တို့တိုးတက်အောင်ကြိုးစားချင်တယ်ဆိုရင် အရင်ဆုံးကျွန်တော်တို့ခုရောက်နေတဲ့နေရာကိုသိရမှာပါ .. ဒါမှ ခုဖြစ်နေတာထက်အောင်မြင်အောင်ကြိုးစားနိုင်မှာပါ )
ဒီနေ့တော့ ဒီလောက်ပါဘဲနော် စာကိုစိတ်ဝင်စားစွာဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
မနက်ဖြန်မှတွေ့မယ်နော်
.အင်အားတွေ အပြုံးတွေ နဲ့ ကောင်းသော
နေ့လေးတစ်ရက်အဖြစ်ဖြတ်သန်းနိုင်ပါစေ ။