cross

cross

Friday, June 17, 2016

ဂန္ဒီ ပြောစကား

နေ့လည်စာ စားရန် အတွက် ဂန္ဒီက သူ၏ ပန်းကန်ဖြင့် ထို ပါမောက္ခ၏ ဘေးတွင် ဝင်ထိုင်မိလိုက်ရာ ပါမောက္ခက သူ့အား

" ဒီမှာ ဂန္ဒီ၊ ဝက် တစ်ကောင်ဟာ ငှက် တစ်ကောင်နဲ့ အတူတူ မထိုင်သင့်ဘူး ဆိုတာ နားမလည်သေးဘူး ထင်တယ် " ဟု ပြောလိုက်ရာ
ဂန္ဒီက မိဘက မသိ နားမလည်သော ကလေးဆိုး တစ်ယောက်ကို အလိုလိုက် တုံ့ပြန်သော ပုံစံမျိုးဖြင့်

" စိတ်မပူပါနဲ့ ပါမောက္ခကြီးရယ်၊ ကျွန်ုတော်ဘဲ အဝေးကို ပျံသွားပေးပါ့မယ် " ဟု ဆိုလိုက်ပြီး အခြား တနေရာတွင် ပြောင်း ထိုင်ပေးလိုက်သည်။

ပါမောက္ခ မှာ မကျေမနပ် ဖြစ်သွားပြီး စာမေးပွဲ စစ်သောအခါ လက်စားချေရန် ကြံစည်ထားသည်။ သို့သော် သူမေးသမျှ မေးခွန်းများကို ဂန္ဒီက ထက်မြက်စွာ ပြန်ဖြေနိုင်ခဲ့သဖြင့် ကြံကြံဖန်ဖန် မေးခွန်း တစ်ခုကို မေးပြန်သည်။

" ကဲ၊ ဂန္ဒီ မင်း လမ်းလျောက်လာတုန်း ငွေတွေပါတဲ့ အထုတ် တစ်ထုတ်နဲ့ ပညာ ဥာဏ်တွေ အပြည့်ပါတဲ့ အထုတ် တစ်ထုတ် တွေ့တယ် ဆိုပါတော့၊ တစ်ထုတ်ဘဲ ရွေးရမယ်ဆိုရင် ဘယ် အထုတ်ကို ယူမလဲ "

ဂန္ဒီက
" ငွေတွေပါတဲ့ အထုတ်ကို ရွေးမယ် "

ပါမောက္ခက
" မင်း တော်တော်ဆိုးတာဘဲ၊ ငါသာဆိုရင် ပညာဥာဏ်တွေ အပြည့်ပါတဲ့ အထုတ်ကို ရွေးမယ် "

ထိုအခါ ဂန္ဒီက -
" မှန်ပါတယ်။ လူတွေက ကိုယ့်မှာ မရှိတာကို လိုချင်ကြတာဘဲ မဟုတ်လား " ဟု
ပြန်ဖြေလိုက်လေသည် ။

Credit- Original Translator

0 comments:

Post a Comment