cross

cross

Saturday, June 4, 2016

ရည်းစားဟောင်းနဲ့ လမ်းခွဲပြတ်စဲခြင်းကနေ ရယူလိုက်သင့်တဲ့ သင်ခန်းစာများ

တစ်စုံတစ်ယောက် နဲ့ လမ်းခွဲလိုက်ရတယ်ဆိုတာဟာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ မျက်ရည်တွေ ၊ အိပ်မပျော်တာတွေနဲ့ အရက်သေစာ တွေဟာ လမ်းခွဲခြင်းတစ်ခုရဲ့  အဖြစ်အများဆုံး နောက်ဆက်တွဲတွေပါပဲ။ ဒါပေမယ့်လည်း ခံစားချက်တွေ တည်ငြိမ်လာတဲ့ အချိန်မှာတော့ သင့်ရဲ့  ရည်းစားဟောင်းက ဘာအမှားတွေလုပ်ခဲ့လဲ ၊ သူ မရှိတော့တဲ့အခါမှာ ဘာတွေ ပိုကောင်းလာနိုင်မလဲ ဆိုတာတွေကို သတိထားမိလာမှာပါ။ တစ်ကယ်တော့ တစ်စုံတစ်ယောက်နဲ့ လမ်းခွဲလိုက်တာဟာ သင့်ဘ၀ ကို သင် ပြန်လည် တည်ဆောက်ဖို့အတွက် အခွင့်အရေးတစ်ခုဆိုရင်လည်း မမှားပါဘူး။ သင်ဟာ မေ့လိုက်ရတော့မယ့် အချိန်ကာလတွေက တဆင့် သင်ခန်းစာကောင်းတွေ ရလိုက်ပါတယ်။ အဲဒါတွေကတော့

၁။ သင့်ကိုယ်သင် အရင်ဆုံးချစ် တတ်ရမယ်

တစ်စုံတစ်ယောက်ကို မချစ်ခင်မှာ သင့်ကိုယ်သင် အရင်ဆုံး ချစ်ရပါလိမ့်မယ်။ ဒါဟာ တစ်ကိုယ်ကောင်းဆန်တဲ့ အတွေးမျိုး ဖြစ်နေပေမယ့်လည်း အချစ်ရေး တစ်ခုရဲ့  အခြေခံလိုအပ်ချက်ဖြစ်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ ကိုယ့်ဘ၀ ကို အပွင့်လင်း အမြင်သာဆုံး နေထိုင်ပါ။ သင်ဘယ်လို လူလည်း ဆိုတာကို ကိုယ်တိုင်လက်ခံနိုင် အောင်ကြိုးစားပါ။ သင့်ကိုယ်သင် ချစ်တတ် ၊ တန်ဖိုးထားတတ် ၊ အသိအမှတ်ပြု တတ်လာမှ အလားတူ အချစ်မျိုးနဲ့ တစ်စုံတစ်ယောက်ကို ချစ်နိုင်မှာပါ။

၂။ သင့်ဘ၀အတွက် နားချိန် ပေးရပါမယ်

လူသားအားလုံးဟာ ခြားနားတဲ့ လမ်းကြောင်းတွေနဲ့ ကိုယ်စီ လျှောက်လှမ်းနေကြတာပါ။ တစ်ချို့က လက်တွဲဖော်နဲ့ စောစီးစွာတွေ့ကြပါတယ်။ တစ်ချို့က နောက်ကျပါတယ်။ ဒါပေမယ့်လည်း အတွေ့အကြုံတိုင်းက ရတာလတဲ့ သင်ခန်းစာတွေကို လေ့လာဖို့အတွက် နားချိန် တစ်ခု ရှိဖို့လိုပါတယ်။ ကိုယ့်ကို ကိုယ် အရမ်းတွန်းအားမပေးပါနဲ့။ ကိုယ့်ကိုကိုယ်လည်း အပြစ်မတင်ပါနဲ့။ ကိုယ်ချစ်တဲ့သူ တစ်ယောက် ကိုယ့်နားမှာ မရှိတော့ပေမယ့်လည်း ကိုယ့်အတွက် ကောင်းတဲ့အရာတွေရှိနေပါတယ်။ သင်စိတ်ဝင်စားတဲ့ အရာတွေဖြစ်တဲ့ ခရီးသွားခြင်း ၊ စာဖတ်ခြင်း ၊ စာရေးခြင်း ၊ ရုပ်ရှင်ကြည့်ခြင်း စသဖြင့် ဘာမဆို ပြုလုပ်ခြင်းနဲ့ သင့်ဘ၀ အတွက် ကောင်းမွန်တဲ့ အရာတွေကို ထပ်မံ သင်ယူ နိုင်ပါတယ်။

၃။ အိပ်မက်တွေနောက်ကို လိုက်ရမယ်

လူတိုင်းဟာ ဖြစ်ချင်တဲ့ အိပ်မက်တွေ အများကြီးပါ။ ဒါပေမယ့် လူမှုရေး ကိစ္စတွေ ပြည့်နှက်နေတဲ့အချိန် ၊ အချစ်ရေးအတွက် ဦးစားပေးနေရတဲ့ အချိန်တွေမှာတော့ အဲဒီ အိပ်မက်တွေကို ချောင်ထိုးထားကြ စမြဲပါ။ ဒါပေမယ့် လူဆိုတာ တစ်ဖြည်းဖြည်း အိုမင်းလာပြီး သေဆုံးသွားရမှာ ဖြစ်တာကြောင့် ကိုယ့်အတွက် အရေးကြီးတယ်လို့ ထင်တာတွေကို အရင်ဆုံး ပြီးစီး အောင် ဆောင်ရွက်ထားသင့်ပါတယ်။ မိမိ အိပ်မက်တွေထက် ဦးစားပေးထားခဲ့မိတဲ့ လက်တွဲဖော် ဟာ ကိုယ့်နားမှာ မရှိတော့ ပေမယ့် လည်း အိပ်မက်တွေ ကတော့ ရှိပါသေးတယ်။

၎။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိရပါမယ်

ကိုယ့်ကိုကိုယ် ယုံကြည်မှု ဆိုတာ မရှိရင် ဘယ်အရာကို မှ အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ယနေ့ခေတ် လူ့အဖွဲ့အစည်းဆိုတာကလည်း အမြင်တစ်ခုနဲ့ သတ်မှတ်မှုတွေ ၊ ဝေဖန် တိုက်ခိုက်မှု တွေ ၊ အမုန်းတရားတွေနဲ့ ပြည့်နေပါတယ်။ ဒီလို လူ့အဖွဲ့အစည်းထဲမှာ လူတစ်ယောက်ကို တစ်ဘ၀လုံးစာ ပုံအပ်ပြီး ယုံကြည်နေတာဟာ စိတ်မချရတဲ့ အရာပါ။ အရေးကြီးတာက သင့်ကိုယ်သင် ယုံကြည်မှု ရှိလာဖို့ တည်ဆောက်ရမှာပါ။ အဲဒါမှသာ သင့်ဘ၀မှာ လိုချင်တာ မှန်သမျှ ရအောင် ယူနိုင်စွမ်းရှိလာမှာပါ။

0 comments:

Post a Comment