cross

cross

Sunday, June 5, 2016

ဂျနာဇဟ် ထမ်းစင် သယ်, မ ပေးခြင်း၏ အကျိုးစဝါးဗ်

ဟဇရသ်အဗူဟုရိုင်ရဟ် (ရသွေ့) ကဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ....

အကြင်မည်သူမဆို စဝါးဗ်ရရန်ဟူသော နီယသ်ဖြင့်သေဆုံးသူမွတ်စ်လင်မ်တစ်ဦးတစ်ယောက်၏ ခတ္တရာ ထမ်းစင်နှင့်အတူ လိုက်ပါပို့ဆောင်ပေး၍ ဂျနာဇဟ်နမာဇ်ဖတ်ပြီးသည့်တိုင်အောင် ၊ ၄င်းပြင် သေဆုံးသူကိုမြေမြှုပ်သဂြိုဟ်ပြီးစီးသည်အထိပါဝင်ပြီး ပြန်လာပါက ထိုသူသည် ကိရာသ်နှစ်ခု၏အကျိုးစဝါးဗ်ကုသိုလ်ကိုယူဆောင်၍ ပြန်လာခြင်းဖြစ်ပေသည်။
ကိရာသ် တစ်ခုသည် အုဟွဒ်တောင်မျှအကျိုးစဝါးဗ် ကုသိုလ်နှင့်တန်းတူရှိ၏။
အကြင်သူ တစ်ဦးတစ်ယောက်သည် ဂျနာဇဟ်နမာဇ်ဖတ်ပြီးပြန်လာပါက (သေဆုံးသူအားကျင်းထဲသို့မထည့်မီ)ထိုသူပြန်လာခြင်းသည် ကိရာသ်တစ်ခုတည်းယူဆောင်၍ပြန်လာခြင်းဖြစ်သည်။
(မအာရိဖွလ်ဟဒီးဆ်ကျမ်း၊ ဘိုခါရီကျမ်း၊ မွတ်စ်လင်မ်ကျမ်း)

ဟဇရသ် အဗူဟုရိုင်ရဟ်(ရသွေ့)ကဆင့်ပြန်ခဲ့သည်..
တမန်တော်မြတ်(ဆွ)အမိန့်ရှိသည်မှာ...အသင်တို့သည် ဂျနာဇဟ် ထမ်းစင်ကို လျှင်မြန်စွာယူဆောင်သွားကြကုန်။အကြောင်းမှာ ထိုသေဆုံးသူသည်သူတော်စင်ဖြစ်ပါက ကဗရ်စခန်းသည် ထိုသူ့အတွက်အလွန်ကောင်းပေသည်။အကယ်၍ ထိုသေဆုံးသူသည် မကောင်းသူဖြစ်ပါက အသင်တို့၏ပုခုံးပေါ်၌ထိုသူသည် အလွန်လေးလံသောအရာဖြစ်နေသည်။ထိုလေးလံသောအရာကို အသင်တို့ပုခုံးထက်မှ လျှင်မြန်စွာချလိုက်ကြကုန်။
(ဘိုခါရီကျမ်း၊ မွတ်စ်လင်မ်ကျမ်း၊ မအာရိဖွလ်ဟဒီးဆ်ကျမ်း)

ဟဒီးဆ်တော်တစ်ရပ်၌ လာရှိသည်မှာ...
အကြင်သူသည် ဂျနာဇဟ်ထမ်းစင်၏ ထောင့် လေးထောင့်စလုံးကို မိမိ၏ပုခုံးဖြင့်ထမ်းပေးပါက ထိုသူ၏အပေါ်ရှိကြီးလေးသောအပြစ်ဂိုနာဟ် ၄၀ အားလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းအားခံရလိမ့်မည်။
(ဗဟစ်ရှ်သီဇေဝရ်ကျမ်း)

ဓမ္မသတ် - သေဆုံးသူသည်အိမ်နီးချင်းဖြစ်နေလျှင် (သို့) သူတော်ကောင်းပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်နေလျှင် ထိုသေဆုံးသူ၏ဂျနာဇဟ်ကို လိုက်ပါပို့ဆောင်ပေးပါက နဖိလ်နမာဇ်နှစ်ရကအသ်ဖတ်သည်ထက်ပို၍ အကျိုးစဝါးဗ်ရရှိပေသည်။
(အာလမ်ဂီရီကျမ်း)

ဓမ္မသတ် - သေဆုံးသူ၏ ခတ္တရာ ခုံအားထမ်းပေးရာတွင် လိုအပ်လျှင်လိုအပ်သလို အခကြေးငွေပေး၍ထမ်းစေခိုင်းလျှင်လည်းရပေသည်။
(အာလမ်ဂီရီကျမ်း)

ဓမ္မသတ် - ဂျနာဇဟ်ကိုအမျိုးသမီးများလိုက်ပါပို့ဆောင်ခြင်းသည် မက်ရူဟ်သဟ်ရီမဟ် ဖြစ်ပေသည်။
(ဗဟစ်ရှ်သီဇေဝရ်ကျမ်း)

0 comments:

Post a Comment