cross

cross

Sunday, June 19, 2016

အဆင်းကိုမြင်ပါ။ အမြင်ကို မတွေးပါနဲ့။

"အစာစားရင် စားပါ။ လမ်းလျှောက်ရင် လျှောက်ပါ။ မဟုတ်ရင် ဒုက္ခ ရောက်မယ်" ဆိုတဲ့ ဇင် ဆိုရိုး စကားပုံ လေးတစ်ခုကို ကြားဖူးနေတာ အတော်ကြာပြီဗျ။ ငယ်ငယ် တုန်းက ကြားဖူးတာ ဆိုတော့ ဆိုလိုရင်း ဘာမှန်း သေချာမသိခဲ့ဘူး။

အခုမှ စကားပုံလေး ခေါင်းထဲ ဖျတ်ကနဲ သတိရ မိလို့ စဉ်းစား ကြည့် တော့ သွေးထွက်အောင် မှန်နေတာပဲ။

လူဆိုတာ အစာစားရင် မစား ဘူးဗျ။ လမ်းလျှောက်ရင်လည်း မလျှောက်ဘူး။ ရေချိုးရင်လည်း မချိုးဘူး။ အဝတ်လျှော်ရင်လည်း မလျှော်ဘူး။ နောက် ဆုံး အနားယူနေရင်တောင် မနားဘူးဗျ။ ဘာလုပ်လဲ သိလား။

လူဆိုတာ ဘာလုပ်လုပ် တွေးနေတယ်။ ငါလုပ်ခဲ့တာ မှန်ရဲ့လား။ ငါပြောခဲ့တာ တရားရဲ့လား။ ငါရေး လိုက်တာ သေချာရဲ့လား။ စသဖြင့် အတိတ်က ဆုံးဖြတ်ချက်တို့ကို သံသယ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် လည်း အနာဂတ် ကိစ္စရေးရာတွေ ဖြစ်တဲ့ ငါ ဒါပြီးရင် ဘာလုပ်ရမှာပဲ မပြီး သေးဘူး။ ကြည့်စမ်း! (ဒါမှမဟုတ်) မနက်ဖြန် ဟောပြောပွဲ ဘယ်လို လုပ်ရမလဲ! စသဖြင့် တနည်းမဟုတ်တနည်း ပူပန်နေ တတ်ကြ ပါတယ်။

ဒါသည်ကပဲ ဒုက္ခ အဖြစ် ပူပန်လာရခြင်းဆိုတော့ အစာစားချိန် မစားပဲ တွေးနေမိလို့၊ လမ်းလျှောက်စဉ် မလျှောက်ပဲ တွေးနေမိလို့ မဟုတ်လား။

"This too shall pass" ဆိုတာလေး ကို ဒီ အချိန်မှာ နှလုံးသွင်းမိဖို့ လိုအပ်ပါတယ်။ ကိုယ် လုပ်သင့် သလောက် လုပ်နိုင်သလောက် လုပ်ခဲ့ပြီးပြီ။ ဒါကို ပြန်ပူဆွေး ကြောင့်ကြတော့ ပစ္စုပ္ပန် အလုပ်တွေ လွတ်ကုန် တော့မှာပေါ့။ အနာဂတ် ကိစ္စဖြစ်ဖြစ် အတိတ်ကိစ္စဖြစ်ဖြစ် ဘာကိုပဲ ပူနေပူနေ ပစ္စုပ္ပန်ရဲ့ အချိန်ကို ဖြုန်းတီးပစ်နေခြင်း ဖြစ်တဲ့ အတွက်ကြောင့် အနာဂတ်မှာ ရလဒ်က ကောင်းဖို့ အလားအလာ အင်မတန် နည်းသွားပြီ။

ဒီတော့ ယခုအချိန်မှာ ယခုလုပ်စရာရှိတာတွေကို အကောင်းဆုံးသာ လုပ်ရပါ့မယ်။ ဘာမဆို ပြီးရင် လည်း ပြီးသွားမှာ ပါပဲ ဆိုတဲ့ "this too shall pass" ဆောင်ပုဒ်လေးကို နှလုံးသွင်းလို့ ပစ္စုပ္ပန်မှာ အကောင်း ဆုံး အလုပ်လုပ်ပြီး ရင်ဆိုင်လိုက်ပါ။ ပြီးရင် ဘာမှမရှိအောင် ပေါ့ပြီး တော့ ကိုယ့်အားထုတ်မှု အတွက် ကျေနပ်နှစ်သိမ့်မှုတော့ အနည်းဆုံး ကျန်ပါလိမ့်မယ် ဆိုတာ ကျွန်တော် ရဲရဲကြီး အာမခံတယ်။

- မှတ်စုကြမ်း #kyawnge

0 comments:

Post a Comment