cross

cross

Sunday, June 19, 2016

အာဂလူသားနှင့် ထူးဆန်းသောယာဉ်

အရွယ်အစားအားဖြင့် အလွန်ဝေးကွာတဲ့ ခရီးတာများကို တွတ်ဆကြည့်မယ်ဆိုရင်တော့ အင်မတန်မှ အံ့သြစရာပါပဲ ။ ကမ္ဘာနဲ့အနီးဆုံး လ မှာပင် ပျှမ်းမျှအားဖြင့် မိုင်ပေါင်း နှစ်သိန်းသုံးသောင်းရှစ်ထောင့်ရှစ်ရာ့ငါးဆယ် ရှိလေတယ် ။ ဒုတိယအဝေးဆုံး နေ ကြီးမှာ ( 92,960,000 miles ) ရှိပါတယ် ။ တတိယအနီးဆုံးကြယ်ဖြစ်တဲ့ ပရေက်ဆီမာစင်တော်ရီကြယ်ဆို အလွန်ဝေးကွာတဲ့အတွက် သမရိုးကျအားဖြင့် မိုင်နဲ့မတွတ်နိုင်တော့ပဲ အလင်းနှစ် ဖြင့်သာ ဖေါ်ပြရတော့ပါတယ် ။ အဲ့ဒီ့ ခရီးတာတွေဟာတော့ ကမ္ဘာကနေဆို နီးလှတဲ့ အရာတော့ မဟုတ်ပါဘူး ။ သင်ကိုယ်တိုင် တစ်နာရီကို ကီလိုမီတာ ၁၀၀ နှုန်းမြန်တဲ့ ကားတစ်စီးနဲ့မရပ်မနား မောင်းသွားမယ်ဆိုရင် နှစ်ပေါင်း တစ်ကုဋေကျော် (10844748.85 years ) ကြာမှ ရောက်မဲ့ခရီးတာ ဖြစ်တယ် ။

လူသားများအနေနဲ့ အဲ့ဒီလောက် ဝေးကွာတဲ့ ကြယ်တွေဆီကို ရောက်ဖို့ဆိုတာကတော့ တော်ရုံလွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။ ဒါပေမယ့်လည်း မဖြစ်နိုင် မရောက်နိုင်ဘူးလို့တော့ အတက် ဘယ်သူမှ မပြောနိုင်ဘူး ။ ဘာကြောင့်လည်းဆိုတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာပင် မဟာလူသားတစ်ယောက်ကတော့ အယ်လ်ဒီဘာရမ် (ခေါ်) အဝါရောင်တောက်ပနေတဲ့ ကြယ်ကြီးရဲ့ မိသားစုမှ ဂြိုလ်ကြီးတစ်လုံးပေါ်ကို ရောက်ရှိခဲ့တယ်လို့ ယုံကြည်ကြသူတွေ ရှိနေကြလို့ပဲဖြစ်ပါတယ် ။

အနောက်တိုင်းအခေါ်အဝေါ်အရ အယ်လ်ဒီဘာရမ် ဆိုတဲ့အမည်ရှိတဲ့ ကြယ်ကြီးဟာ ကမ္ဘာမြေကနေဆိုရင် အလင်းနှစ်အားဖြင့် 65 ly အကွာမှာ တည်ရှိနေသော အဝါရောင်ကြယ်ဘီလူးကြီးတစ်ခုတာ ဖြစ်ပါတယ် ။ ဒါဆို အဲ့ဒီ့ဂြိုလ်ဆီကိုရောက်ရှိခဲ့တဲ့ မဟာလူသားဟာ ဘယ်သူဖြစ်မလဲ?

သူကတော့ ဒဏ္ဍာရီများအရ ဂြိုလ်တစ်လုံးပေါ်ကို ရောက်ရှိခဲ့သူဟာ ၁၉၃၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျာမဏီနိုင်ငံမှ စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်ကြီး ( ဒါမှမဟုတ် ) နာဇီခေါင်းဆောင်ကြီးဖြစ်သူ အဒေါ့ဖ်ဟစ်တလာပဲ ဖြစ်ပါတယ် ။ သူဟာ ဒုတိကမ္ဘာစစ်ကြီးကို စတင်ခဲ့သူဖြစ်ပြီး ကမ္ဘာစစ်အတွင်း သန်းပေါင်းများစွာသော သေကြေရမှုများ၏ အဓိက တရားခံလည်းဖြစ်ခဲ့သူပဲ ဖြစ်တယ် ။ ဟစ်တလာကို ၁၈၈၉ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာ ဘရူးနော့ အမ်မ်အင်း ဆိုတဲ့ အော်စတီးယမ်းနှင့် ဂျာမန်နယ်စပ်တစ်ခုမှာ မွေးဖွားခဲ့ပါတယ် ။ ၁၉၄၁ ခုနှစ်မှာ ဟစ်တလာဟာ အမေရိကန်ပြည်ထောင်စုကို စစ်ကြေညာခဲ့ပြီး ၁၉၄၄ ခုနှစ်တွင် ဟစ်တလာရဲ့ ရှေ့တန်းစစ်မျက်နှာများဟာ အောင်မြင်မှုတွေကနေမှတစ်ဖန် အရှုံးအဆုံးနဲ့ ရင်ဆိုင်လာရတာပဲဖြစ်ပါတယ် ။ ဆိုဗီယက်ယူနီယံသည်လည်း ဟစ်တလာရဲ့ ထိုးစစ်ကို တွန်းလှန်ကာ ဂျာမဏီ မြို့ပေါ်အထိ ချီတက်နိုင်ခဲ့တယ် ။ အင်္ဂလိပ်နဲ့ အမေရိကန် တပ်များ ဟစ်တလာကို သိမ်းပိုက်ထားတာကြောင့် ပြင်သစ်နိုင်ငံသို့ ခြေချနိုင်ခဲ့ပါတယ် ။ အရှုံးနဲ့ ရင်ဆိုင်ရတဲ့ ဟစ်တလာဟာ လင်မြို့ မြေအောက် ဘန်ကာတစ်ခုမှာ မိမိကိုယ်တိုင်အပြင် ဇနီးသည်နဲ့အတူ အဆုံးစီရင်သွားခဲ့တယ်လို့ ဆိုတယ် ။ ဒါဟာ ကျွန်တော်တို့တွေ သိထားကြတဲ့ဟစ်တလာဘဝဇာတ်နိဂုံးပဲ ဖြစ်ပါတယ် ။ သို့သော် !

သမိုင်းစာမျက်နှာမှာ ဖေါ်ပြထားတဲ့ ဟစ်တလာ ဟာ မိမိကိုယ်ကို အဆုံးစီရင်သွားတယ်ဆိုသော်လည်း အဲ့ဒီ့အချက်နဲ့ပတ်သတ်ပြီး အငြင်းပွာမှုများ ဖြစ်ပေါ်လာခဲ့ရပါပြီ ။ နောက်ဆုံးအနေနဲ့ ဟစ်တလာနဲ့ သူ့ဇနီးအလောင်းများကိုလည်း ထိုစဉ်က ရှာမတွေ့ခဲ့ကြပါဘူး ။ နောက်ပိုင်းမှာတော့ အဘယ်လ်ဘက်စ်တီ အမည်ရှိတဲ့ အာဂျင်တီးနား ဂျာနယ်လစ်တစ်ယောက်မှ ဟစ်တလာဟာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းမဟုတ်ပဲ အာဂျစ်တီးနားပြည် တောင်ပိုင်း ပန်တဂိုးနီးယားဒေသကို ရေငုပ်သင်္ဘောတစ်စင်းဖြစ် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဖေါ်ပြရေးသားခဲ့ပါတယ် ။ အဲ့ဒီ့ အကြောင်းအပြင် ဟစ်တလာ ဟာ ဒုတိယကမ္ဘာစစ်အတွင်းက အယ်ဒီဘာရမ်ကြယ်ကြီးကို လှည့်ပတ်နေတဲ့ ဂြိုလ်တစ်လုံးပေါ်မှ ဂြိုလ်သားတွေနဲ့ အဆက်အသွယ်ရခဲ့ပြီး ယင်းဂြိုလ်သားတို့ရဲ့ အကူအညီဖြင့် မြေဆွဲအားကိုဆန့်ကျင်ကာ ပျံသန်းနိုင်တဲ့ ပန်ကန်ပြားပျံများကို တည်ဆောက်နိုင်ခဲ့တယ်လို့လဲ ဒီလို ဆိုပါတယ် ။ ဒါ့အပြင် ယခုအခါများမှာ မြင်နေရတဲ့ ပန်ကန်ပြားပျံတို့ဟာ တခြားကမ္ဘာကမဟုတ်ပဲ ဒုတိယကမ္ဘာစစ်မှ နာဇီတို့ တည်ထွင်ခဲ့သော ယာဉ်ပျံများ ၄င်းတို့၏ လျှို့ဝှက်စခန်းမှ ပျံသန်းခြင်းဖြစ်တယ်လို့ ဒီလို ယုံကြည်ကြပါတယ် ။

အမှန်စင်စစ်ကတော့ အဲ့ဒီ့ ယုံကြည်မှုတွေဟာ ၁၈၇၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Coming Race အမည်ရှိတဲ့ စာအုပ်တစ်အုပ်ကနေ အစပြုခဲ့တာပဲဖြစ်တယ် ။ အဲ့ဒီ့စာအုပ်ကို အမည်မဖေါ်လိုသူတစ်ဦးက ထုတ်ဝေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ လေ့လာသူတို့က Edward Bulwer - Lyttona ဖြစ်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ စာအုပ်ရှိ ဟစ်တလာအကြောင်း ဖေါ်ပြချက်များဟာ ပြင်ပအတွေ့အကြုံများနဲ့ ကွတ်တိ တူညီနေတဲ့အတွက် အစစ်အမှန်များအဖြစ် ယုံကြည်ခဲ့ကြပါတယ် ။ အဖြစ်အပျက်များမှာ ဆန်းကြယ်လှသလို ယုံကြည်ရန် ခက်ခဲတဲ့ အဖြစ်ပျက်များပဲဖြစ်တယ် ။ ထိုအထဲမှာ ဟစ်တလာရဲ့ လျှို့ဝှက်အဖွဲ့အစည်းဖြစ်ပြီး သဘာဝလွန်အစွမ်းများနဲ့ ဆက်သွယ်လျက်ရှိသော " သူးလ် " အမည်ရှိ အဖွဲ့ရဲ့ လှုပ်ရှားမှုများဟာ ထူးဆန်းလွန်းခဲ့ပါတယ် ။

အချိန်မှာ ၁၉၁၉ ခုနှစ် ဒီဇင်ဘာလ ဖြစ်တယ် ။ သူးလ် အဖွဲ့အစည်းခေါင်းဆောင်ဖြစ်တဲ့ ကားလ်ဟူဟော်ရိုဖာ ဟာ ထူးခြားဆန်းကြယ်တဲ့ သူရဲ့ အဖွဲ့ဝင်အနည်းငယ်ကို အစည်အဝေး ဖိတ်ကြားခဲ့တယ် ။ အစည်းအဝေးကျင်းပတဲ့ နေရာဟာ အဲလ်ပ် တောင်ခြေရှိ Berchtesgaden အမည်ရှိ နေရာမှာဖြစ်ပါတယ် ။ အစည်းအဝေးမှာ ရှေးဟောင်းစာပေများကို ကျွမ်းကျင်တဲ့သူများလဲ ပါဝင်ကြပါတယ်။ ထိုအစည်းအဝေးပွဲမှာ အဖွဲ့ခေါင်ဆောင် ဟော်ရှိုဖာ က လှပတဲ့အမျိုးသမီးငယ် နှစ်ဦးဖြင့် အစည်းအဝေး တက်ရောက်သူများကို မိတ်ဆက်ပေးခဲ့ပါတယ်။

ပထမ အမျိုးသမီးမှာ ဆီဂရမ် ဆိုသူဖြစ်ပြီး အသက် ၁၈ နှစ်ခန့်တာ ရှိကာ တည်ငြိမ်အေးဆေးသူဖြစ်တယ် ။ ဒုတိယတစ်ယောက်ကတော့ မာရီယာအောဇစ်ခ်ျ ဖြစ်ပါတယ် ။ မာရီယာဟာ အလိုအလျှောက် စာရေးသည့်စနစ် ( အခြားကမ္ဘာများမှ ဂြိုလ်သားများမှ
ယင်းအမျိုးသမီးအား မှီကာ သတင်းပို့ချက်များကို အလိုအလျှောက် ရေးသားခြင်းပဲ ဖြစ်ပါတယ် ) ။ သူဟာ ယင်းစာသည် ရှေးခေတ် မက်ဆိုပိုတေးမီးယားလွင်ပြင်တွင် ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ ဆူးမား လူမျိုးတို့ရဲ့ စာ အရေးအသားနဲ့ ရေးသားခြင်းဖြစ်ပြီး ယင်းစာအားလည်း ဘာသာပြန်ထားရှိပြီးဖြစ်သည် ဆိုကာ မူရင်းစာနဲ့ ဘာသာပြန်အား ပြသခဲ့တယ်လို့ ဆိုတယ် ။ ယင်းဘာသာပြန်ချက်ကို ဖတ်ရှုတဲ့အခါ ကမ္ဘာမြေကြီးတစ်ခုကို ဆန့်ကျင်သည့်ယာဉ်တစ်မျိုး အား တည်ဆောက်ပုံရည်ညွှန်းထားကြောင်း တွေ့ခဲ့ရပါတယ် ။ အချက်အလက်များမှာ ပြီးပြည့်စုံလှပြီး အာကာသယာဉ်တစ်စီး ဆောက်လုပ်ရန်အတွက် လုံလောက်တဲ့ အချက်အလက်တွေ ပါဝင်နေပါတယ် ။ အဲ့ဒီ့နောက်မှာ အဖွဲ့ခေါင်းဆောင်မှ သိပ္ပံပညာရှင် ဗစ်တာရှောဘာဂျာ အား ချက်ချင်းတည်ဆောက်ဖို့ တာဝန်ပေးခဲ့တယ် ။ သတင်းများကို လက်ခံရရှိသူ မာရီယာက သူမအား ဆက်သွယ်လာသော သူများမှာ ကြယ်ကြီးတစ်လုံးဖြစ်တဲ့ အယ်လ်ဒီဘာရမ်ကြယ်ကြီးအား လှည့်ပတ်လျက်ရှိသော ဂြိုလ်ကြီးတစ်လုံးမှ ဂြိုလ်သားများဖြစ်ကြောင်း ပြောပါတယ်။ သူတို့ဟာ ယင်းယာဉ်တည်ဆောက်ပုံမူကျမ်းကို လက်ဆောင်အဖြစ် ပေးတာလို့ဆိုပြီး ယင်းယာဉ်ကြီးအား တွန်းအားပေးမည့် စွမ်းအင်မှာလည်း Vril ခေါ် စွမ်းအင်တစ်မျိုးဖြစ်ကြောင်း ဖေါ်ပြထားခဲ့တယ် ။အသုံးပြုမဲ့ စွမ်းအင်များမှာ ကမ္ဘာမှာ အလျှံအပယ် ဖြစ်သည့်အတွက် စစ်တိုက်စရာမလိုတော့ကြောင်းလည်း သူမဟာ ဆိုပါတယ် ။ ထို့အပြင် ထူးခြားတဲ့ ယင်းယာဉ်ဟာ အချိန်များကိုပင် ပြောင်းလဲသွားစေနိုင်တဲ့အတွက် အချိန်စက်ယန္တရားတစ်ခုလည်း ဖြစ်ကြောင်း ဆိုပါတယ် ။ သူးလ် အဖွဲ့မှ အဖွဲ့ဝင်များဟာ ယင်း ယန္တရားကို အသုံးပြုပြီး အတိတ်ကာလ ဘုရားပွင့်သော အချိန်ထိ နောက်ကြောင်းပြန်သွားခဲ့ပြီး နာမ်ဝိညာဉ်ဆိုင်ရာ ကိစ္စများကိ ပိုမို နားလည်လိုကြတယ်လို့ ဆိုပါတယ် ။

လက်ဆောင်ရခဲ့တဲ့ နည်းပညာကို မည်သို့ အသုံးပြုရန် ရည်ရွယ်ခဲ့သည်ဖြစ်စေ သူးလ်အဖွဲ့ဟာ ၁၉၄၄ ခုနှစ်မှာ ဟော်နီဘူး ၁ မှ ၃ အစီအစဉ်အတိုင်း ယာဉ်ပျံများ ထုတ်လုပ်ခဲ့တယ်လို့ ဆိုကြပါတယ် ။ ယင်းယာဉ်ပျံများထဲမှ အလွန်ကြီးမားတဲ့ ချပ်ပြားပုံ ယာဉ်များ ပါဝင်ခဲ့ပြီး စစ်သား ၂၀၀ ဦးအထိ သယ်ဆောင်နိုင်တဲ့ ယာဉ်မျိုးဖြစ်တယ်လို့ ဆိုတယ် ။ ထို့ပြင် ဗီးလ် ( ၇ ) (Vril-7) အမည်ရှိ အာကာသခရီးသွားနိုင်သည့် ယာဉ်ပျံတစ်မျိုးကိုလည်း တီထွင်နိုင်ခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ် ။

နောက်ပိုင်း ဒုတိယစစ်အတွင်း နာဇီများ အရေးနိမ့်ကာ မဟာမိတ်တပ်များ အသာစီးရလာတဲ့ အခါမှာတော့ သူးလ်အဖွဲ့ဟာ သူတို့ရဲ့ ယာဉ်ပျံထုတ်လုပ်ရေး လုပ်ငန်းများအားလုံး ပိုလန်နိုင်ငံရှိ အလွန်နက်ရှိုင်းသော မိုင်းတွင်းတစ်ခုထဲမှာ ဖမ်းဆီးထားသော ကျွန်အလုပ်သမားများနဲ့ နောက်ဆုံးအချိန်အထိ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ် ။ စစ်ရှုံး၍ နောက်ဆုံးအချိန် ရောက်သည့်အခါမှာ ဆောက်လုပ်စဲနဲ့ ဆောက်လုပ်ပြီး ယာဉ်များအား မဟာမိတ်တပ်များ မသိမ်းပိုက်နိုင်အောင် ထိုမိုင်းတွင်းအ ရေလွှမ်းစေခဲ့တယ်လို့ ဆိုတယ် ။ ယနေ့ထက်တိုင်အောင်ပင် ယင်းဆိုက်နေရာတွင် အလွန်ကြီးမားသော လျှပ်စစ် ဒိုင်နမိုကြီး တည်ဆောက်ထားသည့် အုတ်မြစ်နေရာနဲ့ ယင်းမှ လျှပ်စစ်ကြိုးများ သွယ်တန်းဆက်သွယ်ထားသော အလွန်ကြီးမားသည့် ကွန်ကရိစင်ကြီးတစ်ခုကိုလည်း ယနေ့ထက်တိုင် တွေ့ရှိနိုင်ပါသေးတယ် ။

0 comments:

Post a Comment