cross

cross

Sunday, June 19, 2016

ကျားဟိန်းသံ

တကယ်တော့ ကျားဆိုတာ သားကောင်ဖမ်းတဲ့နေရာမှာ တဖက်ကမ်းခတ် တော်တဲ့ မုဆိုး တစ်မျိုးပါပဲ။ ကျားတွေ သားကောင် ဖမ်းတဲ့ နေရာမှာ ထူးခြားချက် တစ်ခု ရှိတယ်။ သားကောင် နားကို ချဉ်းကပ်ပြီ ဆိုတာနဲ့ ခုန်မအုပ်ခင်မှာ ကျယ်လောင်စွာ ဟိန်းသံ ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီတော့ ခင်ဗျားတို့က ထင်မယ်။

ဒီကောင်ကြီး ဟိန်းသံကြားတော့ သားကောင်က ထမပြေးပေဘူးလားပေါ့။ မပြေးဘူးဗျာ။ ဒီဟိန်းသံဟာ လေးတယ်။ နားထောင်လိုက်မိတဲ့ နားစည်ကနေ ကျောရိုးထိကို စိမ့်ကနဲ နေအောင် အေးထွက်သွား စေပြီးတော့ သားကောင်ဟာ လှုပ်လို့မရတော့ဘူး။ အဲဒီအချိန်မှာ ကျားရဲ့ အစာ ဖြစ် တော့တာပါပဲ။

ဒါဘာကြောင့်လဲ ဆိုတာကို မြောက်ကယ်ရိုလိုင်းနားက ဆက်သွယ်ရေး ဌာနတစ်ခုက သုတေသနပြု လုပ်ခဲ့တယ်။ သူတို့တွေ့ရှိချက်ကတော့ ကျားဟိန်းသံမှာ ပါတဲ့ infra sound အသံလှိုင်း (မကြား နိုင် သော နိမ့်သံတွေ) က အကြောက်လွန်ခြင်း အခြေအနေကို သားကောင်ရဲ့ ဦးနှောက်ထဲမှာ ဖန်တီး ယူလိုက်လို့ပဲ ဖြစ်တယ်။

ဒီလိုအချိန်မှာ ကြားလိုက်မိတဲ့ သားကောင် အဖို့ ဘာတစ်ခုမှ မလုပ်နိုင်တော့ပဲ အကြောက်လွန်လို့ ရပ်သွားရပြီးတော့ ကျားရဲ့ အစာ ဖြစ်ရတော့တာပဲ။

စဉ်းစားကြည့်ရင်လေ.. ကျွန်တော်တို့ လူသားတွေရဲ့ အကြောက်တရားဟာလည်း ထို့အတူပါပဲ။ အကြောက်တရားဟာ ကျွန်တော်တို့ကို ကတုန်ကယင်ဖြစ်လာစေတယ်။ မျက်ဝါးထင်ထင် ကိုယ့်ဆီ အန္တရာယ် လာနေတာကို ထမပြေးနိုင်လောက်တဲ့အထိ တုန်ယင်လို့ ထိုင်ကျသွားတဲ့ အခါမျိုး တွေ ရှိတတ်ကြတယ်။

ဒီအခါမှာ သိရမှာက အကြောက်တရား ဖြစ်ပေါ်နေတာဟာ ကျားဟိန်းသံကြားလိုက်ရတဲ့ သားကောင် လိုပါပဲ။ ကျွန်တော်တို့ ဦးနှောက်ထဲတင် ဖြစ်နေတာ မျိုးပါ။ ဒါ့ကြောင့် ဒီလို အချိန်မှာ ဒါကို တွန်းလှန်ဖို့ အတွက် ဆိုရင် စိတ်ကို စုစည်းပါ။ ဒီ အကြောက်တရားလှိုင်းကို ကျော်လွန်တဲ့အထိ စိတ်ကို သေချာ စူးစိုက် ပစ်လိုက်ပါ။ ဒါမှ အန္တရာယ်ကို ရင်ဆိုင်ဖို့ အားအင်တွေ ပြန်လည် လုပ်ယူလို့ ရလာပါလိမ့်မယ်။

- မှတ်စုကြမ်း #kyawnge

0 comments:

Post a Comment