cross

cross

Saturday, April 9, 2016

အမျိုးသမီးလစဉ်သုံးပစ္စည်း (Sanitary Pad) နှင့်ကင်ဆာရောဂါအန္တရာယ်

အမျိုးသမီးများသည် အပျိုဖော်ဝင်သည့်အချိန်မှစ၍ အသက်၎ဝကျော်သည့်တိုင် ဓမ္မတာလာခြင်းဆိုတာ ရှောင်လွှဲမရတဲ့အရာတစ်ခုပါပဲ။ယောနိမှထွက်သော သွေးများသည် ဝတ်ဆင်ထားသော ထဘီ၊စကတ်များကို ပေကျံခြင်းမဖြစ်စေရန် ယနေ့ခေတ် အမျိုးသမီးတို့သည် စုတ်ယူအားကောင်းသော အမျိုးသမီးလစဉ်သုံးပစ္စည်းကို အတွင်းခံဘောင်းဘီအတွင်း ကပ်ကာ ဝတ်ဆင်ကြရပါတယ်။ယခုဖော်ပြမှာကတော့ လစဉ်သုံးဂွမ်းထုတ်မှတစ်ဆင့် ကင်ဆာရောဂါဖြစ်စေနိုင်သည်ကို သမီးပျိုတို့ အသိပိုစေဖို့ ဖော်ပြလိုက်ရပါတယ်။
အိန္ဒိယနိုင်ငံ၊ကာလကတ္တားမြို့ရှိ တာတာကင်ဆာဆေးရုံ (Tata Cancer Hospital) သို့ သားအိမ်ကင်ဆာနှင့်ဆီးအိမ်ကင်ဆာဖြင့် လာရောက်ဆေးကုသမှုခံယူနေကြတဲ့အမျိုးသမီးများကို စစ်တမ်းကောက်ယူရာမှာ အများစုသည် ဓမ္မတာလာစဉ်တွင် လစဉ်သုံးပစ္စည်းကို ဘောင်းဘီအတွင်းတွင် အချိန်ကြာမြင့်စွာထားပြီး အသစ်လဲလှယ်လေ့မရှိသည်ကို တွေ့ရှိရပါသည်။ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှ ကပ်ထားတဲ့ လစဉ်သုံးပစ္စည်းသည် ပြင်ပအဝတ်အထည်များကို စိုစွတ်မှုမဖြစ်စေရန် စုတ်ယူထိန်းထားလေ့ရှိပါတယ်။လစဉ်သုံးပစ္စည်းသည် ဓာတုပစ္စည်းမျာဖြင့် ဖန်တီးထားခြင်းကြောင့် ရာသီသွေးများနှင့်အစိုဓာတ်တို့ကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းနိုင်ခြင်းဖြစ်ပါတယ်။အချိန်အကြာကြီး စုတ်ယူပြီးနောက်မှာ လစဉ်သုံးပစ္စည်းမှာပါတဲ့ ဓာတုပစ္စည်းများ ပျက်ပြယ်ကာ သွေးများကို ဓာတ်ပြောင်းလဲစေပြီး အနီရောင်အဖြစ်မှ အစိမ်းရောင်မှိုများအဖြစ် အံ့သြဖွယ်ပြောင်းလဲသွားပါတယ်။ ထိုမှိုများသည် ယောနိမှတစ်ဆင့် သားအိမ်နှင့်ဆီးလမ်းကြောင်းသို့ ပျံ့နှံ့သွားပြီး ဆီးအိမ်နှင့်သားအိမ်တို့ကို ကင်ဆာဖြစ်စေပါတယ်။
ထို့ကြောင့် လစဉ်သုံးပစ္စည်းကို အတွင်းခံဘောင်းဘီအတွင်းမှာ အကြာကြီးမထားဘဲ ၅နာရီကြာတိုင်း အသစ်လဲလှယ်ပေးသင့်ကြောင်း Tata Cancer Hospital က အကြံပြုထားပါတယ်။ ၂၀၁၃ခုနှစ် စက်တင်ဘာအလယ်ပိုင်းအထိ လစဉ်သုံးပစ္စည်းကို အချိန်အကြာကြီးသုံးစွဲမှုကြောင့် ကင်ဆာရောဂါဖြင့် ကွယ်လွန်သူ ၅၆ဦး ရှိလာပြီဖြစ်ကြောင်း Tata Cancer Hospital ရဲ့ ဆေးမှတ်တမ်းများအရ သိရပါတယ်။

www.snopes.com မှ sanitary pad warning ကို ဘာသာပြန်ပါတယ်။

0 comments:

Post a Comment