cross

cross

Tuesday, April 19, 2016

***သေခြင်းတရား***

သိုးတစ်ကောင်က သူ့နားမှာရှိတဲ့သိုးကိုမေးတယ်...
ငါတို့သေမယ့်နေ့ရောက်လာလို့ ဒီနေ့ငါတို့သေရမယ်
ဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ?...

အနားမှာရှိတဲ့သိုးကဖြေတယ်...သင့်ပိုင်ရှင်က သင့်ကို
ကောင်းကောင်းချစ်တဲ့နေ့ အစာကောင်းကောင်းကျွေးမယ့်နေ့
ရေကောင်းကောင်းတိုက်မယ်နေ့ရောက်လာရင်
သင်မှတ်ထားလိုက်ပါ ထိုနေ့က သင်သေရမယ့်နေ့ပဲ...

အလိုနဲ့ ပိုင်ရှင်က သိုးကိုအစာလဲကောင်းကောင်းကျွေးတယ်..
ရေလဲကောင်းကောင်းတိုက်တယ်..ပြီတာနဲ့ ၄င်းသိုးကို မြေပြင်ပေါ်မှာလဲချလိုက်တယ်...

အလွန်ထက်တဲ့ဓားတစ်ချောင်းကိုယူလိုက်တယ်...ဒါကိုမြင်ပြီး သိုးကဘာပြောလဲဆိုရင်...ငါ့ရဲ့အနားမှာရှိတဲ့သိုးရဲ့ပြောပြခဲ့တဲ့စကားက အခုလက်တွေ့တကယ်ဖြစ်လာပြီပဲ...ငါလဲ သေရတော့မှာပါလား...

သိုးကသူသေမယ်ဆိုတာကို သိလိုက်ရတယ်..သိုးကကြောက်ပြီးမျက်စိမှိတ်ထားလိုက်တယ်..
.အလိုနဲ့အချိန်အနည်းငယ်ကြာတော့ ပိုင်ရှင်က သိုးကိုမသတ်ပဲ သိုးရဲ့ခန္ဓာကိုယ်ပေါ်ကအမွှေးတွေကိုယူနေတော့...

သိုးကသေဘေးကလွှတ်မြောက်သွားလို့ အတိုင်းထက်အလွန်ပျော်ရွှင်သွားတယ်...အလိုနဲ့ပဲ
အချိန်တွေက သုံးလေးလကျော်သွားတိုင်း ပိုင်ရှင်က
သိုးမွှေးကိုယူတော့ သိုးကလည်း စိတ်ချလက်ချဖြစ်သွားတယ်..

ငါ့ကိုလဲချတိုင်း ငါ့ရဲ့အမွှေးတွေကိုပဲယူတယ် ငါ့ကိုမ
သတ်ဘူးဆိုတော့ သိုးကပျော်ရွှင်နေတယ်...သို့ပေမယ့်
တစ်နေ့ကျတော့ ပိုင်ရှင်ကသိုးကိုလဲချလိုက်တော့
သိုးကထင်ပြီးသားပဲ ငါ့ကိုသတ်မှာမဟုတ်ဘူး..

သေခြင်းတရားကိုရင်ဆိုင်ရဖို့အတွက် သိုးကအဆင့်
သင့်မဖြစ်ထားသေးတဲ့ချိန်မှာ ရုတ်တရက် ပိုင်ရှင်ဖြစ်သူက ပထမ
လိုပဲ အလွန်ထက်တဲ့ဓားကိုယူပြီး...သိုးကို ဇဗဟ်လုပ်လိုက်တော့ သိုးကသေသွားတယ်...ကျွန်တော်ဆိုလိုချင်တဲ့အပိုင်းရောက်လာပါပြီ...

ကျွန်တော်တို့လူသားတွေလည်း ဒီလိုပါပဲ...ကျွန်တော်တို့တွေ
အခက်အခဲဒုက္ခ ရောဂါဝေဒနာတွေနဲ့ ရင်ဆိုင်လာရပြီဆိုရင်
ကျွန်တော်တို့က ဒီဒုက္ခရောဂါဝေဒနာတွေကိုမခံစားနိုင်ပဲ
နောက်ဆုံး သေရမှာကို အရမ်းကြောက်ရွံ့ပြီး ငိုကြွေးကြပါတယ်...

ဒါပေမယ့် ရောဂါဝေဒနာနဲ့ အခက်အခဲတွေက
ကျွန်တော်တို့နဲ့ ဝေးကွာသွားပြီဆိုရင် ကျွန်တော်တို့ထင်နေတာက ဘာမှမဖြစ်လောက်ပါတော့ဘူး...ဘာမှမဖြစ်လောက်ပါဘူး...

ရပါတယ်...ဒီလိုပဲ ခဏခဏ ရောဂါဖြစ်နေကျ
အခက်အခဲဖြစ်နေကျ အေးဆေးပါပဲ...ပြီးရင်ခါတိုင်းလိုပဲ
ပြန်ကောင်းသွားမှာပါဆိုပြီး ထင်နေကြပါတယ်...

သို့ပေမယ့် ရုတ်တရက် သေခြင်းတရားကျ
ရောက်လာလို့ သေခြင်းတရားကိုမထင်မှတ်ပဲ ရင်ဆိုင်လာရမယ်ဆိုတဲ့အချိန်...ကျွန်တော်တို့တွေက အဆင်သစ်မဖြစ်သေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ...အဲ့ဒီချိန်မှ နောင်တရရင်ဘယ်လိုလုပ်မလဲ?...

ဒီတိုင်းလဲကျွန်တော်တို့တွေခဏခဏကြားဖူး ကြုံဖူးမှာပဲလေ
မနေ့ကပဲ ဟိုလူအကောင်းတိုင်း ဒီနေ့သေသွားတယ်..အလိုပဲ ရုတ်တရက်သေသွားတာတွေကိုလည်း ကြုံးဖူးကြားဖူးကြမှာပဲ...

နောင်တမရခင် အသက်ရှိတုန်းလေး ပြု ပြင်ပြောင်းလဲမှု အလ္လာဟ်နဲ့အလ္လာရစူလ်ရဲ့အမိန့်ကိုနာခံပြီး ကောင်းမှုအမလ်အေဗာဒသ်တွေလုပ်ပြီးမှ
အလ္လာဟ်နှစ်သက်တဲ့ဗန္ဒာဟ်အဖြစ်နဲ့ သေဆုံး
ရမယ်ဆိုရင် ကျွန်တော်တို့တွေရဲ့သေခြင်းက လှပနေမှာပါ
အလိုမဟုတ်ရင်တော့ အလ္လာဟ်သာလျှင်အသိဆုံးပါ...

အလ္လာဟ်အရှင်မြတ်ကောင်းသေားအစားပေးပါစေ....အာမီန်း...

                     

0 comments:

Post a Comment